Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၇.၉.၂၀၂၀

– ဆန္ခ်ဳိကို မရခဲ့လို တျခားပစ္မွတ္ေတြနဲ႔ ပရိသတ္ေတြကို ႏွစ္သိမ့္ခဲ့တာဆုိတဲ့ ေပါလ္မာဆန္ရဲ႕စကား ဘယ္ေလာက္မွန္သလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ရွိမွာလည္း ရီးရဲလ္မက္ဒရစ္ဘက္က စာခ်ဳပ္ဖ်က္သိမ္းေပးမယ္လို႔ ဆုိထားတဲ့ တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲရွင္ ဂါရက္သ္ ေဘးလ္ကို ေခၚယူဖို႔ ယူႏုိက္တက္တုိ႔ ခ်ိတ္ဆက္ေန။

– ဆာဂ်ီယို ရက္ဂီလြန္ရဲ႕ တုိက္စစ္မွာေရာ ခံစစ္မွာပါ ေျခစြမ္းျပေနတဲ့ စပိန္အသင္းရဲ႕ ပြဲစဥ္ေတြကို မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေစာင့္ၾကည့္ခဲ့ၾကၿပီး ေပါင္ ၁၈ သန္းတန္ ေနာက္ခံလူကို အျမန္ဆုံးေခၚယူေပးဖို႔ ေတာင္းဆုိမွဳေတြ ျပဳလုပ္ေန။

– ဆန္ခ်ဳိကို ရေအာင္ ေခၚယူေပးဖို႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားက ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ဆီ ေတာင္းဆုိထားၿပီး လက္ရွိေဆြးေႏြးမွဳေတြအရေတာ့ ယူႏုိက္တက္နဲ႔ ေဒါ့မြန္တုိ႔ၾကားမွာ ဒီအေျပာင္းအေရႊ႕အတြက္ တစ္ဖက္ကို တစ္ဖက္ ၾသဂုတ္လကလို မဟုတ္ဘဲ ေလးေလးစားစား ေဆြးေႏြးသြားၾကဖို႔ သေဘာတူညီမွဳရ။

– မန္ခ်က္စတာယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဒီမီတာ ဘာဘာေတာ့ဗ္ကေတာ့ ဆုိးလ္ရွားအေနနဲ႔ သူ႕ရဲ႕ ခံစစ္ပုိင္းကို ျပင္ဆင္ဖို႔အတြက္ ဟာရီ မက္ဂြဳိင္းယားကို ေထာက္ကူေပးႏုိင္မယ့္ လ်င္ျမန္တဲ့ ဗဟိုခံစစ္မွဴးတစ္ေယာက္ မျဖစ္မေန ေခၚယူသင့္တယ္လုိ႔ သတိေပး။

– ဒက္ကလန္ ႐ိုက္စ္ကို အလိုရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေျပာင္းေရႊ႕ေၾကးရွာေဖြဖုိ႔ ေရာင္းခ်သြားဖြယ္ရွိေနတဲ့ ေပါင္သန္း ၆၀ တန္ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ယူႏုိက္တက္ စိတ္ဝင္စားေနၿပီး ဆိုးလ္ရွားသေဘာက်တဲ့ ကြင္းလယ္လူျဖစ္လုိ႔ အေျခအေနကို ေစာင့္ၾကည့္ေနတယ္လို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဆန်ချိုကို မရခဲ့လို တခြားပစ်မှတ်တွေနဲ့ ပရိသတ်တွေကို နှစ်သိမ့်ခဲ့တာဆိုတဲ့ ပေါလ်မာဆန်ရဲ့စကား ဘယ်လောက်မှန်သလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိမှာလည်း ရီးရဲလ်မက်ဒရစ်ဘက်က စာချုပ်ဖျက်သိမ်းပေးမယ်လို့ ဆိုထားတဲ့ တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲရှင် ဂါရက်သ် ဘေးလ်ကို ခေါ်ယူဖို့ ယူနိုက်တက်တို့ ချိတ်ဆက်နေ။

– ဆာဂျီယို ရက်ဂီလွန်ရဲ့ တိုက်စစ်မှာရော ခံစစ်မှာပါ ခြေစွမ်းပြနေတဲ့ စပိန်အသင်းရဲ့ ပွဲစဉ်တွေကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ စောင့်ကြည့်ခဲ့ကြပြီး ပေါင် ၁၈ သန်းတန် နောက်ခံလူကို အမြန်ဆုံးခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေ။

– ဆန်ချိုကို ရအောင် ခေါ်ယူပေးဖို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်ဆီ တောင်းဆိုထားပြီး လက်ရှိဆွေးနွေးမှုတွေအရတော့ ယူနိုက်တက်နဲ့ ဒေါ့မွန်တို့ကြားမှာ ဒီအပြောင်းအရွှေ့အတွက် တစ်ဖက်ကို တစ်ဖက် သြဂုတ်လကလို မဟုတ်ဘဲ လေးလေးစားစား ဆွေးနွေးသွားကြဖို့ သဘောတူညီမှုရ။

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့ ခံစစ်ပိုင်းကို ပြင်ဆင်ဖို့အတွက် ဟာရီ မက်ဂွိုင်းယားကို ထောက်ကူပေးနိုင်မယ့် လျင်မြန်တဲ့ ဗဟိုခံစစ်မှူးတစ်ယောက် မဖြစ်မနေ ခေါ်ယူသင့်တယ်လို့ သတိပေး။

– ဒက်ကလန် ရိုက်စ်ကို အလိုရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးရှာဖွေဖို့ ရောင်းချသွားဖွယ်ရှိနေတဲ့ ပေါင်သန်း ၆၀ တန် ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ယူနိုက်တက် စိတ်ဝင်စားနေပြီး ဆိုးလ်ရှားသဘောကျတဲ့ ကွင်းလယ်လူဖြစ်လို့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.