Premier League Transfer News

လီဗာပူးလ် အာဆင်နယ်တို့ဆီက စုစည်းမှုတွေနဲ့ ငှက်ကျားတို့ရဲ့ တိုက်စစ်ရှာပုံတော်

Unicode: နယူးကာဆယ်လ်အသင်းဟာ အာဆင်နယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားနဲ့ လီဗာပူး ရှေ့တန်းလူ ရိုင်ယန် ဘရူးစတားတို့ကို ယခုနွေရာသီအတွင်း အငှားခေါ်ယူဖို့ ကြိုးစားနေပါတယ်။ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒွိုက် ဂိုင်းလ်ဟာလည်း ဒူးဒဏ်ရာကြောင့် ဒီဇင်ဘာအဆုံးပိုင်းလောက်ထိ နားရမှာဖြစ်ပြီး အန်ဒီ ကာရိုးလ်တစ်ဦးတည်းကပဲ နယူးကာဆယ်အတွက် လက်ရှိ ခြေစမ်းပွဲတွေမှာ ပွဲထွက်ကစားပေးထားတာဖြစ်ပါတယ်။

Sports Mail သတင်းရဲ့ တနင်္ဂနွေသတင်းတွေအရ ငှက်ကျားတို့အနေနဲ့ ဘုန်းမောက် တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်ကို သန်း ၂၀ နဲ့ဝယ်ယူဖို့ သဘောတူညီချက်ရရှိခဲ့ပြီးလို့ ဆိုပါတယ်။ နည်းပြအနေနဲ့လည်း အသင်းအင်အားကို တိုးချဲ့ချင်နေပြီး နကီးတီးယားနဲ့ ဘရူးစတားတို့ရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။

မန်နေဂျာ ဘရုစ်အနေနဲ့ အသင်းရဲ့ ရှေ့တန်းအားဖြည့်မှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဝီလ်ဆန်ကို အဓိကပစ်မှတ်ထားနေတာဖြစ်သလို ဂိုင်းလ်ရဲ့ ကာလကြာရှည် နားရမယ့် ဒဏ်ရာကြောင့်လည်း အသင်းလူအင်အားကို ထပ်ဖြည့်ဖို့ ဘရုစ်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိနေတာပါ။

နကီးတီးယားကတော့ အင်္ဂလန် ယူ ၂၁ အသင်းအတွက် ပုံမှန်ကစားနေရပြီး ကိုဆိုဗိုနဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီအသက် ၂၁ နှစ်ရွယ် တိုက်စစ်မှူးဟာ ချန်ပီယံရှစ်အသင်း လိဒ်ယူနိုက်တက်မှာ အငှားသွားရောက်ကစားခဲ့ရပြီး ဒုတိယရာသီဝက်မှာတော့ နည်းပြသစ်ဖြစ်လာတဲ့ အာတီတာရဲ့ အာဆင်နယ်မှာ ပြန်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။

ဘရူးစတားကတော့ လီဗာပူးအတွက် ရာသီကြိုပွဲတွေမှာ ၃ ပွဲကစား ၂ ဂိုးသွင်းတဲ့အထိ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့ပေမယ့် ပြိုင်ပွဲကြီးတွေမှာ ပါဝင်ကစားဖို့တော့ လိုအပ်ချက်တွေ ရှိနေသေးတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ ရာသီရဲ့ ဒုတိယတစ်ဝက်လောက်ကို ဆွမ်ဆီးအသင်းမှာ အငှားသွားရောက်ကစားခဲ့ရပြီး အသင်းအတွက် ၁၁ ဂိုး သွင်းယူပေးထားနိုင်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTO CREDITS TO THE OWNERS
SPORTS A2Z.

Zawgyi: နယူးကာဆယ္လ္အသင္းဟာ အာဆင္နယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားနဲ႔ လီဗာပူး ေရွ႕တန္းလူ ႐ိုင္ယန္ ဘ႐ူးစတားတို႔ကို ယခုေႏြရာသီအတြင္း အငွားေခၚယူဖို႔ ႀကဳိးစားေနပါတယ္။ တုိက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ဒြဳိက္ ဂိုင္းလ္ဟာလည္း ဒူးဒဏ္ရာေၾကာင့္ ဒီဇင္ဘာအဆုံးပိုင္းေလာက္ထိ နားရမွာျဖစ္ၿပီး အန္ဒီ ကာ႐ိုးလ္တစ္ဦးတည္းကပဲ နယူးကာဆယ္အတြက္ လက္ရွိ ေျခစမ္းပြဲေတြမွာ ပြဲထြက္ကစားေပးထားတာျဖစ္ပါတယ္။

Sports Mail သတင္းရဲ႕ တနဂၤေႏြသတင္းေတြအရ ငွက္က်ားတို႔အေနနဲ႔ ဘုန္းေမာက္ တိုက္စစ္မႉး ကယ္လမ္ ဝီလ္ဆန္ကို သန္း ၂၀ နဲ႔ဝယ္ယူဖို႔ သေဘာတူညီခ်က္ရရွိခဲ့ၿပီးလုိ႔ ဆုိပါတယ္။ နည္းျပအေနနဲ႔လည္း အသင္းအင္အားကို တိုးခ်ဲ႕ခ်င္ေနၿပီး နကီးတီးယားနဲ႔ ဘ႐ူးစတားတို႔ရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနခဲ့တာလည္းျဖစ္ပါတယ္။

မန္ေနဂ်ာ ဘ႐ုစ္အေနနဲ႔ အသင္းရဲ႕ ေရွ႕တန္းအားျဖည့္မႈအေပၚ စိတ္ပ်က္လက္ပ်က္ျဖစ္ေနၿပီး ဝီလ္ဆန္ကို အဓိကပစ္မွတ္ထားေနတာျဖစ္သလို ဂိုင္းလ္ရဲ႕ ကာလၾကာရွည္ နားရမယ့္ ဒဏ္ရာေၾကာင့္လည္း အသင္းလူအင္အားကို ထပ္ျဖည့္ဖို႔ ဘ႐ုစ္အေနနဲ႔ ဆက္လက္ေဆာင္႐ြက္သြားဖို႔ရွိေနတာပါ။

နကီးတီးယားကေတာ့ အဂၤလန္ ယူ ၂၁ အသင္းအတြက္ ပုံမွန္ကစားေနရၿပီး ကိုဆိုဗိုနဲ႔ပြဲမွာ အသင္းအတြက္ ဟက္ထရစ္သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီအသက္ ၂၁ ႏွစ္ရြယ္ တုိက္စစ္မွဴးဟာ ခ်န္ပီယံရွစ္အသင္း လိဒ္ယူႏိုက္တက္မွာ အငွားသြားေရာက္ကစားခဲ့ရၿပီး ဒုတိယရာသီဝက္မွာေတာ့ နည္းျပသစ္ျဖစ္လာတဲ့ အာတီတာရဲ႕ အာဆင္နယ္မွာ ျပန္ကစားခဲ့ရတာလည္းျဖစ္ပါတယ္။

ဘ႐ူးစတားကေတာ့ လီဗာပူးအတြက္ ရာသီႀကိဳပြဲေတြမွာ ၃ ပြဲကစား ၂ ဂိုးသြင္းတဲ့အထိ ရလဒ္ေကာင္းေတြ ပိုင္ဆုိင္ထားခဲ့ေပမယ့္ ၿပဳိင္ပြဲႀကီးေတြမွာ ပါဝင္ကစားဖို႔ေတာ့ လိုအပ္ခ်က္ေတြ ရွိေနေသးတာျဖစ္ပါတယ္။ သူ႕အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီရဲ႕ ဒုတိယတစ္ဝက္ေလာက္ကို ဆြမ္ဆီးအသင္းမွာ အငွားသြားေရာက္ကစားခဲ့ရၿပီး အသင္းအတြက္ ၁၁ ဂိုး သြင္းယူေပးထားႏုိင္ခဲ့တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTO CREDITS TO THE OWNERS
SPORTS A2Z.