Premier League

ေပါ့ဘာကို ေရာင္းထုတ္ၿပီး ကြင္းလယ္ကို ႀကီးႀကီးမားမား ေျပာင္းလဲဦးမယ့္ မန္ယူ

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ကြင္းလယ္ကစားသမား ေပါလ္ ေပါ့ဘာကို ေရာင္းထုတ္ၿပီး အဂၤလိပ္ကစားသမားသစ္ေတြနဲ႔ အသင္းရဲ႕ ကြင္းလယ္ပုိင္းကို ႀကီးႀကီးမားမား ေျပာင္းလဲျပင္ဆင္သြားဖို႔ ရွိေနတယ္လုိ႔ ဆုိပါတယ္။

ေပါ့ဘာကို ေရာင္းခ်ၿပီးရင္ တုိက္႐ိုက္ ျပန္လည္အစားထိုးမွဳအျဖစ္ ရွဳျမင္ထားတဲ့သူကေတာ့ အက္စတန္ဗီလာရဲ႕ အဂၤလန္ကြင္းလယ္လူ ဂ်က္ခ္ ဂရီးလစ္ရွ္ျဖစ္ၿပီး ေႏြရာသီမွာ ေပါင္သန္း ၄၀ ေလာက္နဲ႔ ရရွိႏုိင္တဲ့ ကစားသမားဟာ အသင္းသာ တန္းဆင္းသြားခဲ့ရင္ ေခၚယူဖို႔လည္း ပုိလြယ္ကူႏုိင္မွာ ျဖစ္ပါတယ္။

ကြင္းလယ္တုိက္စစ္အတြက္ကိုေတာ့ တိုက္စစ္မွဴးရဲ႕ေနာက္က လုိက္ကစားႏိုင္ၿပီး လက္စတာစီးတီးအသင္းမွာ ေျခစြမ္းျပေနတဲ့ အဂၤလန္သားပဲျဖစ္တဲ့ ဂ်ိမ္းစ္ မက္ဒီဆန္ကို ေခၚယူဖို႔ ရွိေနၿပီး ကစားသမားကေတာ့ အသင္းရဲ႕ ေျပာင္းလဲေနတဲ့ ပေရာဂ်က္ေတြအေပၚ ယုံၾကည္မွဳရွိလို႔ ေျပာင္းေရႊ႕လာခ်င္တယ္လုိ႔ ဝန္ခံထားသူလည္းျဖစ္ပါတယ္။

ေနာက္တစ္ဦးကေတာ့ အားလုံးေမွ်ာ္လင့္ေနၾကတဲ့ ေဒါ့မြန္အသင္းရဲ႕ လူငယ္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိပဲျဖစ္ၿပီး သူ႕ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္က အနီးဆုံးအေနအထားက ဦးေဆာင္ေနၿပီး လီဗာပူးလ္ရဲ႕ ၿပဳိင္ဆုိင္လာႏုိင္မွဳကိုေတာ့ ယွဥ္ၿပီးေခၚယူသြားရႏုိင္ပါတယ္။

ကစားသမားသစ္ေတြနဲ႔ အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ေဆာင္ဖို႔ ႀကံရြယ္ေနတဲ့ အသင္းနဲ႔ အနာဂတ္အတြက္ လွဳပ္ခတ္ေနသူကေတာ့ တစ္ဦးတည္းပဲ ရွိၿပီး အဲ့ဒါက နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားျဖစ္ေနသလို ေပါ့ဘာနဲ႔ သူ႕ေအးဂ်င့္ ႐ိုင္ယိုလာတုိ႔ကေတာ့ ဒီရာသီကုန္ ရလဒ္ကို ၾကည့္ၿပီး ယူ႐ို ၂၀၂၀ ၿပီးရင္ စကားေျပာမယ္လို႔ အသင္းေျပာင္းဖို႔ ေလသံပစ္ေနခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY STAR & METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာကို ရောင်းထုတ်ပြီး အင်္ဂလိပ်ကစားသမားသစ်တွေနဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ကြီးကြီးမားမား ပြောင်းလဲပြင်ဆင်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ပေါ့ဘာကို ရောင်းချပြီးရင် တိုက်ရိုက် ပြန်လည်အစားထိုးမှုအဖြစ် ရှုမြင်ထားတဲ့သူကတော့ အက်စတန်ဗီလာရဲ့ အင်္ဂလန်ကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ဖြစ်ပြီး နွေရာသီမှာ ပေါင်သန်း ၄၀ လောက်နဲ့ ရရှိနိုင်တဲ့ ကစားသမားဟာ အသင်းသာ တန်းဆင်းသွားခဲ့ရင် ခေါ်ယူဖို့လည်း ပိုလွယ်ကူနိုင်မှာ ဖြစ်ပါတယ်။

ကွင်းလယ်တိုက်စစ်အတွက်ကိုတော့ တိုက်စစ်မှူးရဲ့နောက်က လိုက်ကစားနိုင်ပြီး လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်သားပဲဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆန်ကို ခေါ်ယူဖို့ ရှိနေပြီး ကစားသမားကတော့ အသင်းရဲ့ ပြောင်းလဲနေတဲ့ ပရောဂျက်တွေအပေါ် ယုံကြည်မှုရှိလို့ ပြောင်းရွှေ့လာချင်တယ်လို့ ဝန်ခံထားသူလည်းဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ အားလုံးမျှော်လင့်နေကြတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုပဲဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်က အနီးဆုံးအနေအထားက ဦးဆောင်နေပြီး လီဗာပူးလ်ရဲ့ ပြိုင်ဆိုင်လာနိုင်မှုကိုတော့ ယှဉ်ပြီးခေါ်ယူသွားရနိုင်ပါတယ်။

ကစားသမားသစ်တွေနဲ့ အပြောင်းအလဲကြီးကြီးမားမားလုပ်ဆောင်ဖို့ ကြံရွယ်နေတဲ့ အသင်းနဲ့ အနာဂတ်အတွက် လှုပ်ခတ်နေသူကတော့ တစ်ဦးတည်းပဲ ရှိပြီး အဲ့ဒါက နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားဖြစ်နေသလို ပေါ့ဘာနဲ့ သူ့အေးဂျင့် ရိုင်ယိုလာတို့ကတော့ ဒီရာသီကုန် ရလဒ်ကို ကြည့်ပြီး ယူရို ၂၀၂၀ ပြီးရင် စကားပြောမယ်လို့ အသင်းပြောင်းဖို့ လေသံပစ်နေခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY STAR & METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.