La Liga Premier League

ဘလွန်ဒေါဆုရှင် ဘန်ဇီးမားကို ဂုဏ်မပြုဘဲ တိတ်ဆိတ်နေတဲ့ ရော်နယ်လ်ဒို

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားဟာ တနင်္လာနေ့ညက ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၂ ဘလွန်ဒေါဆုပေးပွဲမှာ အနိုင်ရရှိသူအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီးနောက် ရီးရဲလ်အသင်းဖော်ဟောင်း ရာဖေးလ် ဗာရွမ်းက ဂုဏ်ပြုစကားပြောကြားခဲ့ပေမယ့် ရော်နယ်လ်ဒိုကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီးနောက် ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်အတွက် ဆယ်စုနှစ် တစ်ခုကြာ ကစားပေးခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဗာရွမ်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလမှာတော့ ၅ ကြိမ်မြောက် ဥရောပဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟာ ဘလွန်ဒေါဆုရှင်အဖြစ် ပြင်သစ်တိုက်စစ်မှူးကို ကြေညာခဲ့ပြီးနောက်ပိုင်း ဘန်ဇီးမားနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို မျှဝေပြီး “ဂုဏ်ပြုပါတယ် ငါ့အစ်ကို။ ခင်ဗျား အဲဒီဆုရရှိဖို့အတွက် ထိုက်တန်ပါတယ်။ အရမ်းကောင်းတဲ့ ကစားသမား”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဇီးမားဟာ ၁၉၅၆ ခုနှစ်တုန်းက စတန်လီ မက်သရူးပြီးရင် ဘလွန်ဒေါဆုကို ရရှိတဲ့ အသက်အကြီးဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပြီး “အသက်အရွယ်ဆိုတာက ကိန်းဂဏန်းတစ်ခုပါပဲ”လို့ ပြင်သစ်တိုက်စစ်မှူးက ဇီဒန်းဆီကနေ ဘလွန်ဒေါဆုတံဆိပ်ကို လက်ခံရယူပြီးနောက် ပြောဆိုခဲ့ပါတယ်။

“လူတွေက အခုဆိုရင် သူတို့ရဲ့ နောက်ဆုံးနှစ်တွေအထိ ကစားနေကြပြီး ကျွန်တော်လည်း ဒီလောင်ကျွမ်းနေတဲ့ စိတ်ဆန္ဒမျိုး ရှိပါသေးတယ်။ အဲဒါက ကျွန်တော့်ကို ဆက်ကစားနေဖို့နဲ့ ကစားသမားဘဝကို လက်မလျှော့လိုက်ဖို့ မောင်းနှင်အားပါ။ အဲဒါက ဒီအိပ်မက်ကို အမှန်တကယ်ဖြစ်လာအောင် ထိန်းသိမ်းပေးခဲ့ပြီး ကျွန်တော့်နောက်မှာ တောက်လောင်နေတဲ့ မီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဖြစ်နိုင်ရင် အကောင်းဆုံးဆိုတာကို လုပ်သွားချင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၆ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီထဲက ၂၇ ဂိုးဟာ လာလီဂါမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ၅ ဂိုး သွင်းယူခဲ့ပြီးနောက် ၁၆ သင်းရှုံးထွက်အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် ပြန်လာနိုင်စေဖို့ ပီအက်စ်ဂျီအသင်းဘက်ကို ၁၇ မိနစ်အတွင်း အံ့အားသင့်ဖွယ် ဟက်ထရစ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ကွာတားဖိုင်နယ်အဆင့်မှာလည်း ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဟက်ထရစ် ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒုတိယအကျော့မှာလည်း ရီးရဲလ်မက်ဒရစ်ကို ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးနိုင်စေမယ့် နောက်ထပ်သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပြန်တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ၂ ကျော့စလုံးမှာ နောက်ထပ်သွင်းဂိုး ၃ ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာတော့ ဗင်နီးရှပ်စ် ဂျူနီယာက လီဗာပူးလ်ဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ်တဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့ညမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘလွန်ဒေါဆု ကိုင်မြှောက်ပြီးတဲ့နောက်ပိုင်းမှာတော့ တွစ်တာ၊ အင်စတာဂရမ် လူမှုကွန်ရက်မှာ ချီးကျူးဂုဏ်ပြုစကား ပြောကြားထားခြင်းမရှိဘဲ နယူးကာဆယ်လ်နဲ့ပွဲစဉ်မတိုင်မီ ဆာအဲလက်စ် ဖာဂူဆန်ဆီကနေ အမှတ်တရလက်ဆောင်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုသာ နောက်ဆုံးတင်ထားတာကို တွေ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၂ ခုနှစ်အတွက် ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ အဆင့် ၂၀ နေရာနဲ့သာ ပြီးဆုံးနိုင်ခဲ့တာဖြစ်ပြီး ၁၇ နှစ်တာကာလအတွင်း အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်ဖြစ်ခဲ့တာကြောင့် စိတ်ပျက်နေတာဖြစ်မယ်လို့ ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားဟာ တနလၤာေန႔ညက ပဲရစ္ၿမိဳ႕မွာ က်င္းပျပဳလုပ္ခဲ့တဲ့ ၂၀၂၂ ဘလြန္ေဒါဆုေပးပြဲမွာ အႏိုင္ရရွိသူအျဖစ္ ေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးေနာက္ ရီးရဲလ္အသင္းေဖာ္ေဟာင္း ရာေဖးလ္ ဗာ႐ြမ္းက ဂုဏ္ျပဳစကားေျပာၾကားခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုကေတာ့ တိတ္ဆိတ္ေနခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ေဘာလုံးေလာကရဲ႕ ဂုဏ္သိကၡာအႀကီးမားဆုံးတစ္ဦးခ်င္းဆုတံဆိပ္ကို ေပးအပ္ခ်ီးျမႇင့္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ရီးရဲလ္မက္ဒရစ္အတြက္ ဆယ္စုႏွစ္ တစ္ခုၾကာ ကစားေပးခဲ့ၿပီးေနာက္ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဗာ႐ြမ္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေမလမွာေတာ့ ၅ ႀကိမ္ေျမာက္ ဥေရာပဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားဟာ ဘလြန္ေဒါဆုရွင္အျဖစ္ ျပင္သစ္တိုက္စစ္မႉးကို ေၾကညာခဲ့ၿပီးေနာက္ပိုင္း ဘန္ဇီးမားနဲ႔အတူ တြဲ႐ိုက္ထားတဲ့ ဓာတ္ပုံကို မွ်ေဝၿပီး “ဂုဏ္ျပဳပါတယ္ ငါ့အစ္ကို။ ခင္ဗ်ား အဲဒီဆုရရွိဖို႔အတြက္ ထိုက္တန္ပါတယ္။ အရမ္းေကာင္းတဲ့ ကစားသမား”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘန္ဇီးမားဟာ ၁၉၅၆ ခုႏွစ္တုန္းက စတန္လီ မက္သ႐ူးၿပီးရင္ ဘလြန္ေဒါဆုကို ရရွိတဲ့ အသက္အႀကီးဆုံး ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ၿပီး “အသက္အ႐ြယ္ဆိုတာက ကိန္းဂဏန္းတစ္ခုပါပဲ”လို႔ ျပင္သစ္တိုက္စစ္မႉးက ဇီဒန္းဆီကေန ဘလြန္ေဒါဆုတံဆိပ္ကို လက္ခံရယူၿပီးေနာက္ ေျပာဆိုခဲ့ပါတယ္။

“လူေတြက အခုဆိုရင္ သူတို႔ရဲ႕ ေနာက္ဆုံးႏွစ္ေတြအထိ ကစားေနၾကၿပီး ကြၽန္ေတာ္လည္း ဒီေလာင္ကြၽမ္းေနတဲ့ စိတ္ဆႏၵမ်ိဳး ရွိပါေသးတယ္။ အဲဒါက ကြၽန္ေတာ့္ကို ဆက္ကစားေနဖို႔နဲ႔ ကစားသမားဘဝကို လက္မေလွ်ာ့လိုက္ဖို႔ ေမာင္းႏွင္အားပါ။ အဲဒါက ဒီအိပ္မက္ကို အမွန္တကယ္ျဖစ္လာေအာင္ ထိန္းသိမ္းေပးခဲ့ၿပီး ကြၽန္ေတာ့္ေနာက္မွာ ေတာက္ေလာင္ေနတဲ့ မီးတစ္ခု ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ ျဖစ္ႏိုင္ရင္ အေကာင္းဆုံးဆိုတာကို လုပ္သြားခ်င္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၄၆ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၄၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီထဲက ၂၇ ဂိုးဟာ လာလီဂါမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ ၅ ဂိုး သြင္းယူခဲ့ၿပီးေနာက္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ရီးရဲလ္မက္ဒရစ္ကို အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ေစဖို႔ ပီအက္စ္ဂ်ီအသင္းဘက္ကို ၁၇ မိနစ္အတြင္း အံ့အားသင့္ဖြယ္ ဟက္ထရစ္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ကြာတားဖိုင္နယ္အဆင့္မွာလည္း ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ဟက္ထရစ္ ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒုတိယအေက်ာ့မွာလည္း ရီးရဲလ္မက္ဒရစ္ကို ဆီမီးဖိုင္နယ္အဆင့္အထိ ပို႔ေဆာင္ေပးႏိုင္ေစမယ့္ ေနာက္ထပ္သြင္းဂိုးတစ္ဂိုးကို သြင္းယူေပးခဲ့ျပန္တာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ ၂ ေက်ာ့စလုံးမွာ ေနာက္ထပ္သြင္းဂိုး ၃ ဂိုး ထပ္မံ သြင္းယူႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲမွာေတာ့ ဗင္နီးရွပ္စ္ ဂ်ဴနီယာက လီဗာပူးလ္ဘက္ကို တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမားရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းလည္းျဖစ္တဲ့ အသင္းေဖာ္ေဟာင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ညမွာ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဘလြန္ေဒါဆု ကိုင္ေျမႇာက္ၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ တြစ္တာ၊ အင္စတာဂရမ္ လူမႈကြန္ရက္မွာ ခ်ီးက်ဴးဂုဏ္ျပဳစကား ေျပာၾကားထားျခင္းမရွိဘဲ နယူးကာဆယ္လ္နဲ႔ပြဲစဥ္မတိုင္မီ ဆာအဲလက္စ္ ဖာဂူဆန္ဆီကေန အမွတ္တရလက္ေဆာင္နဲ႔အတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကိုသာ ေနာက္ဆုံးတင္ထားတာကို ေတြ႕ရပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ခုႏွစ္အတြက္ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၂၀ ေနရာနဲ႔သာ ၿပီးဆုံးႏိုင္ခဲ့တာျဖစ္ၿပီး ၁၇ ႏွစ္တာကာလအတြင္း အနိမ့္ဆုံးအဆင့္သတ္မွတ္ခ်က္ျဖစ္ခဲ့တာေၾကာင့္ စိတ္ပ်က္ေနတာျဖစ္မယ္လို႔ ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.