Premier League

အက်ဇ်ပီကြောင့် ကွင်းလယ်ကြယ်ပွင့်နှစ်ဦးရဲ့ စာချုပ်သစ်အငြင်းခံလိုက်ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုဟာ အသင်းရဲ့ နောက်ဆုံး စာချုပ်သစ်မှုကို ငြင်းပယ်ခဲ့ပြီး အဲဒီအစား လစာပမာဏ ၂၅ ရာခိုင်နှုန်းဝန်းကျင် တိုးမြှင့်ပေးစေချင်တယ်လို့ သိရပါတယ်။

အီတလီကွင်းလယ်ကစားသမားဟာ ယခုရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ဆီကနေ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။ ဂျော်ဂျင်ညိုဟာ ၂၀၁၈ ခုနှစ်မှာ ပေါင် ၅၂ သန်းနဲ့ နာပိုလီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ကစားသမားဖြစ်ပြီး အဲဒီအချိန်တုန်းက မန်စီးတီးကခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် အီတလီလက်ရွေးစင်ကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ခက်ခဲတဲ့ အချိန်ကာလတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် လက်ရှိမှာတော့ ပရိသတ်အချစ်တော် ကစားသမားဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက အီတလီကွင်းလယ်လူကို ထိန်းသိမ်းချင်နေပေမယ့်လည်း လက်ရှိစာချုပ်သက်တမ်းကို သက်တမ်းတိုးဖို့သာ ကမ်းလှမ်းခဲ့တာဖြစ်တာကြောင့် ဂျော်ဂျင်ညိုဟာ လက်ရှိလစာအတိုင်းသာ ဆက်လက်ရရှိမယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်ပါတယ်။

Evening Standard ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုဟာ ဂျော်ဂျင်ညိုအတွက်တော့ ကောင်းသင့်သလောက် မကောင်းမွန်ခဲ့ဘဲ အီတလီကွင်းလယ်ကစားသမားဟာ မကြာသေးမီက စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ အက်ဇ်ပီလီကွေတာလိုမျိုး လစာတိုး စာချုပ်သစ် လိုချင်နေတာဖြစ်ပါတယ်။

စပိန်ဝါရင့်နောက်ခံကစားသမားဟာ လက်ရှိ ဂျော်ဂျင်ညို လိုချင်နေတဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ဝန်းကျင် လစာတိုးမြှင့်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးအသင်းဟာ အီတလီကွင်းလယ်ကစားသမားကို ပြည်ပကလပ်တွေနဲ့ ဆွေးနွေးခွင့်ရရှိသွားမယ့် ဇန်နဝါရီ ၁ ရက်နေ့မတိုင်ခင် စာချုပ်သစ် ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေရဲ့အချစ်တော် အန်ဂိုလို ကွန်တေလည်း ဂျော်ဂျင်ညိုနည်းတူ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ပြင်သစ်ကွင်းလယ်ကစားသမားဟာ ၃ နှစ်စာချုပ်သစ် လိုချင်နေချိန်မှာ ၂ နှစ်စာချုပ်သာ ကမ်းလှမ်းလာတာကြောင့် အသင်းရဲ့ နောက်ဆုံးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းဟာ ကွန်တေရဲ့ ဒဏ်ရာပြဿနာတွေကြောင့် စိုးရိမ်ပူပင်နေပြီး အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားကို ၂ နှစ်စာချုပ်ကိုသာ လက်ခံစေချင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳဟာ အသင္းရဲ႕ ေနာက္ဆုံး စာခ်ဳပ္သစ္မႈကို ျငင္းပယ္ခဲ့ၿပီး အဲဒီအစား လစာပမာဏ ၂၅ ရာခိုင္ႏႈန္းဝန္းက်င္ တိုးျမႇင့္ေပးေစခ်င္တယ္လို႔ သိရပါတယ္။

အီတလီကြင္းလယ္ကစားသမားဟာ ယခုရာသီမွာ ခ်ဲလ္ဆီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဘာစီလိုနာ၊ ဂ်ဴဗင္တပ္နဲ႔ ေအစီမီလန္တို႔ဆီကေန စိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳဟာ ၂၀၁၈ ခုႏွစ္မွာ ေပါင္ ၅၂ သန္းနဲ႔ နာပိုလီအသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့တဲ့ကစားသမားျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက မန္စီးတီးကေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ အီတလီလက္ေ႐ြးစင္ကစားသမားဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဒုတိယအသင္းေခါင္းေဆာင္ျဖစ္ၿပီး ပြဲဦးထြက္ရာသီမွာ ခက္ခဲတဲ့ အခ်ိန္ကာလေတြကို ရင္ဆိုင္ခဲ့ရၿပီးေနာက္ လက္ရွိမွာေတာ့ ပရိသတ္အခ်စ္ေတာ္ ကစားသမားျဖစ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းက အီတလီကြင္းလယ္လူကို ထိန္းသိမ္းခ်င္ေနေပမယ့္လည္း လက္ရွိစာခ်ဳပ္သက္တမ္းကို သက္တမ္းတိုးဖို႔သာ ကမ္းလွမ္းခဲ့တာျဖစ္တာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳဟာ လက္ရွိလစာအတိုင္းသာ ဆက္လက္ရရွိမယ္ဆိုတဲ့အဓိပၸာယ္ ျဖစ္ပါတယ္။

Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးအသင္းရဲ႕ ကမ္းလွမ္းမႈဟာ ေဂ်ာ္ဂ်င္ညိဳအတြက္ေတာ့ ေကာင္းသင့္သေလာက္ မေကာင္းမြန္ခဲ့ဘဲ အီတလီကြင္းလယ္ကစားသမားဟာ မၾကာေသးမီက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ အက္ဇ္ပီလီေကြတာလိုမ်ိဳး လစာတိုး စာခ်ဳပ္သစ္ လိုခ်င္ေနတာျဖစ္ပါတယ္။

စပိန္ဝါရင့္ေနာက္ခံကစားသမားဟာ လက္ရွိ ေဂ်ာ္ဂ်င္ညိဳ လိုခ်င္ေနတဲ့ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၅၀၀၀၀ ဝန္းက်င္ လစာတိုးျမႇင့္ေပးျခင္းခံခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဟာ အီတလီကြင္းလယ္ကစားသမားကို ျပည္ပကလပ္ေတြနဲ႔ ေဆြးေႏြးခြင့္ရရွိသြားမယ့္ ဇန္နဝါရီ ၁ ရက္ေန႔မတိုင္ခင္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕အခ်စ္ေတာ္ အန္ဂိုလို ကြန္ေတလည္း ေဂ်ာ္ဂ်င္ညိဳနည္းတူ အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး ျပင္သစ္ကြင္းလယ္ကစားသမားဟာ ၃ ႏွစ္စာခ်ဳပ္သစ္ လိုခ်င္ေနခ်ိန္မွာ ၂ ႏွစ္စာခ်ဳပ္သာ ကမ္းလွမ္းလာတာေၾကာင့္ အသင္းရဲ႕ ေနာက္ဆုံးကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းဟာ ကြန္ေတရဲ႕ ဒဏ္ရာျပႆနာေတြေၾကာင့္ စိုးရိမ္ပူပင္ေနၿပီး အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ကစားသမားကို ၂ ႏွစ္စာခ်ဳပ္ကိုသာ လက္ခံေစခ်င္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.