Analysis Match Preview Premier League

ပေါလ်မာဆန်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အတွက် ခန့်မှန်းချက်များ

ဘရိုက်တန်-နော့တင်ဟမ် ဖောရက်စ်
ကောင်းရှုံးကြီး လုပ်နေတဲ့ ဘရိုက်တန်တို့အတွက် ဒီပွဲမှ မနိုင်ရင်တော့ မဟုတ်တော့ဘူးလို့ ဆိုရတော့မှာပါ။ ဖောရက်စ်တို့ကတော့ ဘယ်လိုနေနေ ဘာတွေလုပ်လုပ် ပရီးမီးယားလိဂ်အဆင့်အတန်းမျိုး မဟုတ်သေးဘူးဆိုတာကို ပြသနေခဲ့ပြီး ဂိုးလည်း မသွင်းတတ်တော့လို့ ခံစစ်ကိုပဲ အာရုံစိုက်ပြီး ကစားနေရတာဖြစ်ပါတယ်။ ဘရိုက်တန်တို့ကတော့ စပါးစ်နဲ့ ဘရန့်ဖို့ဒ်တို့ကို နှစ်ပွဲဆက်ရှုံးထားတာကို အိမ်ကွင်းမှာ တုံ့ပြန်ပြဖို့ လိုအပ်နေပြီး ပိုကောင်းတဲ့ လူအင်အားနဲ့ သုံးမှတ်ရှာဖွေသွားနိုင်ဖို့ ရှိနေပါတယ်။ (ဘရိုက်တန် 2-0 ဖောရက်စ်)

ခရစ္စတယ်လ် ပဲလေ့စ်-ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်
ရလဒ်ဆိုးတွေကြောင့် နည်းပြ ဘရူနို လာဂျီကို ထုတ်ပယ်ထားခဲ့တဲ့ ဝုလ်ဗ်စ်တို့ကတော့ ရုန်းကန်နေခဲ့ရပေမယ့် ပရီးမီးယားလိဂ် ခရီးရှည်ကြီးမှာ ဘာမှ မယ်မယ်ရရ ရည်မှန်းချက်လည်း မရှိတာကြောင့် ရေစုန်မျှောလိုက်နေသလိုပါပဲ။ ခံစစ်ပိတ်ကစားပြီး ဂိုးရရင်သွင်းမယ်၊ အမှတ်ရှာမယ်၊ ဂိုးမရရင်တော့ သရေကျမယ်၊ ရှုံးမယ်ဆိုတဲ့ အတွေးအခေါ်လောက်နဲ့ နည်းပြမဲ့ ဆက်သွားနေခဲ့တာပါ။ ပဲလေ့စ်တို့ကတော့ ဒီနှစ်နှစ်မှာ ပက်ထရစ် ဗီယာရာနဲ့ အမြင့်ဆီကို ပိုမှန်းလာနေပြီး သူတို့တွေအနေနဲ့ အိမ်ကွင်းမှာ တစ်ဂိုးလောက် စသွင်းရင် ဝုလ်ဗ်စ်ကို အနိုင်ရသွားဖို့ ရှိနေပါတယ်။ (ပဲလေ့စ် 1-0 ဝုလ်ဗ်စ်)

ဘုန်းမောက်-ဆောက်သမ်တန်
ကစားပုံ လုံးဝတက်နေပြီး တစ်သင်းလုံး ကြိုးစားနေတဲ့ ဘုန်းမောက်ကို ဒီအချိန်မှာ ခြေကျနေသေးတဲ့ ဆောက်သမ်တန်တို့ အဝေးကွင်းမှာ လာကစားရမယ်ဆိုတာက ဆိုးရွားတဲ့ တွေ့ဆုံမှုဖြစ်မှာပါ။ ဖူလ်ဟမ်နဲ့ပွဲမှာလည်း ဘုန်းမောက်တို့ အကောင်းဆုံး ကစားထားနိုင်ခဲ့သလို ပင်နယ်တီကြောင့် သရေပြန်ပေးခဲ့ရတာဖြစ်ပြီး ဆောက်သမ်တန်တို့ကတော့ ဆိုးရွားတဲ့ အသင်းလိုက် ကစားပုံနဲ့ ကောင်းတယ်လည်း မဟုတ်၊ ဆိုးတယ်လည်း မဟုတ်ဖြစ်နေပြီး နိုင်ပွဲရဖို့ ခက်နေခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာတော့ အသင်းရဲ့ အမြဲတမ်းနည်းပြ ရာထူးအတွက် သက်သေပြဦးမယ့် ဂယ်ရီ အိုနီးလ်ရဲ့ ဘုန်းမောက်တို့ပဲ သာလွန်နိုင်မှာဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပေမယ့် အိမ်ရှင်တွေ ကပ်နိုင်သွားဖို့ ရှိနေပါတယ်။ (ဘုန်းမောက် 2-1 စိန့်)

လီဗာပူးလ်-ဝက်စ်ဟမ်းယူနိုက်တက်
မန်စီးတီးကို အိမ်ကွင်းမှာ ခေါ်ပြီး ချွတ်လိုက်တဲ့ လီဗာပူးလ်တို့အတွက်တော့ စိတ်ဓာတ်ခွန်အားနဲ့အတူ နိုင်ပွဲဆက်ဖို့ အချိန်ကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒဏ်ရာကစားသမားတွေ တဖြည်းဖြည်း ပြန်စုံလာနေပြီဖြစ်သလို မိုဟာမက် ဆာလားကလည်း ထိပ်တန်းခြေစွမ်းမျိုး ပြန်ရနေချိန်မှာ ဒါဝင် နူးညက်ဇ်ကိုပဲ မျှော်လင့်ထားသလောက် ဖြစ်လာဖို့ စောင့်နေရတာပါ။ ဝက်စ်ဟမ်းတို့ကတော့ လီဗာပူးလ်နဲ့တွေ့ရင် ဒုက္ခပေးလေ့ရှိတတ်ပေမယ့် ဒီရာသီမှာ သူတို့တွေ တိုင်ပတ်နေပြီး နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေမှာလည်း အမှတ်တွေ လျော့နေခဲ့လို့ ဇယားအောက်ပိုင်းမှာပဲ ကျင်လည်နေခဲ့ရတာပါ။ စီးတီးနဲ့ပွဲကလို လီဗာပူးလ်တို့ ထပ်ကစားနိုင်ရင် လွယ်ကူနိုင်ပေမယ့် ခံစစ်ပိတ်ကစားမယ့် ဟမ်းမားတွေကြောင့် ရလဒ်က ကျဉ်းမြောင်းနိုင်ပါတယ်။ (လီဗာပူးလ် 2-1 ဝက်စ်ဟမ်း)

ဘရန့်ဖို့ဒ်-ချဲလ်ဆီး
ကီပါရဲ့ လက်စွမ်းကောင်းပေမယ့် ဗီလာကို အနိုင်ရခဲ့တာဟာ သူတို့တွေ ပေးသင့်တဲ့ ဂိုးတွေ မပေးရသလို လွယ်ကူတဲ့ ဂိုးတွေ ရခဲ့လို့ နိုင်ပွဲ တစ်ပွဲကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ကံကောင်းခဲ့တာက ပိုတယ်လို့ ဆိုနိုင်ပါတယ်။ ဘရန့်ဖို့ဒ်ကတော့ ဘရိုက်တန်နဲ့ပွဲမှာ ပြန်လာခဲ့ပြီဖြစ်သလို အိုင်ဗန် တိုနီရဲ့ ဦးဆောင်မှုနဲ့ တိုက်ပွဲဝင်နေခဲ့ပြီး အိမ်ကွင်းမှာ ချဲလ်ဆီးကို ခပ်ကြမ်းကြမ်း ဧည့်ခံဖို့ အသင့်ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် ဂရေဟမ် ပေါ့တာအနေနဲ့ ဒီလိုပွဲမျိုးကို နိုင်မှ နည်းပြကောင်းလို့ ခေါ်နိုင်မှာဖြစ်သလို ပိုင်ရှင်သစ် ဘိုလီကို မျက်နှာပျက်ခံလို့ မရတာကြောင့် အနိုင်ယူဖို့ပဲ ကြိုးစားသွားမှာဖြစ်ပြီး ဗီလာနဲ့ပွဲမှာ ထူးချွန်ခဲ့တဲ့ ကီပါနဲ့ မေဆန်မောင့်တို့ရဲ့ အစွမ်းတွေနဲ့ပဲ သုံးမှတ်ရသွားနိုင်ပါတယ်။ (ဘရန့်ဖို့ဒ် 1-3 ချဲလ်ဆီး)

နယူးကာဆယ်လ်ယူနိုက်တက်-အဲဗာတန်
အဲဗာတန်နဲ့ လမ်းပတ်မှာ အတွေးအခေါ်တစ်ခုခု ရှိနေပေမယ့် ဒါကို ပွဲတွေနဲ့ အံဝင်အောင် သုံးနိုင်ဖို့တော့ ခက်ခဲနေပါတယ်။ စပါးစ်နဲ့ပွဲမှာ သူတို့တွေ ရလဒ်ကောင်းဖို့ ပြင်ဆင်လာခဲ့ပေမယ့် ကိုယ့်ဘာသာကိုယ် ပြိုလဲသွားခဲ့ပြီး ဟန်ချက်ညီအောင် မထိန်းသိမ်းနိုင်သေးဘူးလို့ပဲ ဆိုရမှာပါ။ ဒီအချိန်မှာ အက်ဒီဟောင်းနဲ့ နယူးကာဆယ်လ်တို့ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို ခြိမ်းခြောက်ပြပြီး တစ်မှတ်ခွဲယူနိုင်ခဲ့အပြီးမှာ ပိုမိုလွယ်ကူတဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်က ပွဲစဉ်မှာတော့ အဲဗာတန်တို့ဆီက သုံးမှတ်သိမ်းသွားဖို့ပဲ နီးစပ်နေပြီဖြစ်ပါတယ်။ (နယူးကာဆယ်လ် 2-0 အဲဗာတန်)

မန်ချက်စတာယူနိုက်တက်-တော့တင်ဟမ် ဟော့စပါး
ခန့်မှန်းဖို့ ခက်ခဲတဲ့ ပွဲမျိုးဖြစ်လာခဲ့ပါတယ်။ အိမ်ကွင်းမှာပေမယ့် ရုန်းကန်ရတတ်တဲ့ မန်ယူနဲ့ အဝေးကွင်းမှာဆို အသင်းကြီးတွေနဲ့တွေ့တိုင်း ပြိုလဲတတ်တဲ့ စပါးစ်တို့အတွက် ဘယ်သူက အနိုင်ရမလဲဆိုတာထက် ဘယ်သူက အရှုံးပေးသွားမလဲလို့ ခေါင်းစားရမလိုဖြစ်နေတာပါ။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ရော်နယ်လ်ဒိုတို့ကို သုံးပြီး ဆန်ချိုကို ချန်ထားခဲ့မယ်ဆိုရင်တော့ အိမ်ရှင်တွေအတွက် ရလဒ်က ပိုကောင်းနိုင်ပြီး ဒီနေ့ပွဲကို မနိုင်ခဲ့ရင်တော့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားရမယ့် ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ဝန်ထုပ်ဝန်ပိုးတွေ ပိုများလာတော့မှာဖြစ်ပါတယ်။

စပါးစ်တို့ကတော့ ကစားပုံ မကောင်းပေမယ့်လည်း ကောင်တာတစ်ပေါက် လျှမ်းလျှမ်းတောက်နေပြီး ဟာရီကိန်းကလည်း ဂိုးကံလား၊ ပင်နယ်တီကံလား မသိရအောင် ပရီးမီးယားလိဂ်မှာတော့ ဘာဆိုလားပဲ ဖြစ်နေခဲ့တာပါ။ ကွန်တီအနေနဲ့ ဒီပွဲကို မရှုံးဖို့ ကြိုးစားမှာဖြစ်သလို ဇယားထိပ်နဲ့ အမှတ်ကွာ မသွားအောင်လည်း ကြိုးပမ်းမှာဖြစ်ပြီး ပရီးမီးယားလိဂ် အတွေ့အကြုံ နည်းသေးတဲ့ တန်ဟတ်အတွက်တော့ တစ်မှတ်ရဖို့ပဲ များနေပါတယ်။ (မန်ယူ 1-1 စပါးစ်)

ဖူလ်ဟမ်-အက်စ်တန်ဗီလာ
အမှတ်လျော့တာ များနေတဲ့ ဖူလ်ဟမ်တို့အတွက်တော့ နိုင်ပွဲရဖို့ လိုအပ်နေချိန်မှာ အမှတ်လှူနေတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရတာက အခွင့်ကောင်းတစ်ခုပဲ ဖြစ်နိုင်ပါတယ်။ စတီဗင် ဂျရတ်ရဲ့ ဗီလာတို့အနေနဲ့ စုစည်းမှု ပျက်ပြားနေပြီး နည်းပြနဲ့ ကစားသမားတွေကြားမှာလည်း မဖော်ပြနိုင်တဲ့ အကြိတ်အခဲတွေ ရှိနေတယ်လို့ ထင်ရပါတယ်။ ဒီပွဲမှာလည်း မီထရိုဗစ်ချ်ကို ထိန်းရဦးမယ့် တိုင်ရုန်းမင်းစ်ကတော့ ရင်လေးစရာပဲဖြစ်ပြီး နည်းပြရဲ့ ရာထူးအတွက် နှစ်ပွဲသာ စောင့်ကြည့်တော့မယ်လို့ အသံထွက်နေချိန်မှာတော့ ရုန်းကန်ပြနိုင်ခြေတော့ ရှိနေနိုင်ပါတယ်။ ဖူလ်ဟမ်တို့ အိမ်ကွင်းမှာ အနိုင်ယူဖို့ ကြိုးစားမှာဖြစ်ပေမယ့် ဗီလာတိုက်စစ်ကလည်း မညံ့တာကြောင့် အမှတ်ခွဲယူသွားဖို့ပဲ များပါတယ်။ (ဖူလ်ဟမ် 1-1 ဗီလာ)

လက်စတာစီးတီး-လိဒ်စ်ယူနိုက်တက်
လိဒ်စ်တို့ကတော့ အာဆင်နယ်နဲ့ပွဲမှာ ကံမကောင်းလို့သာ အနိုင်မရခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ ခြေစွမ်းကောင်းပေမယ့် ရလဒ်ကောင်းတွေကို ပိုင်ဆိုင်မထားတဲ့ အသင်းအနေနဲ့ ဇယားအောက်ပိုင်းကို တဖြည်းဖြည်းချင်း ခရီးနှင်နေခဲ့ချိန်မှာ အဆင့် ၁၉ က လက်စတာနဲ့ ထိတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ပဲလေ့စ်နဲ့ပွဲက ကစားပုံထက် အာဆင်နယ်နဲ့ပွဲမှာ ပိုကောင်းလာနိုင်ခဲ့တဲ့ ဂျက်ဆီ မာ့ရှ်ရဲ့ အသင်းအနေနဲ့ ဂိုးသွင်းဖို့ကိုတော့ ရုန်းကန်နေရဆဲဖြစ်ပြီး လက်စတာကိုတော့ အဝေးကွင်းမှာ ရလဒ်ကောင်းနိုင်ပါ့မလားလို့ သံသယရှိစရာပါ။ ဇယားအောက်ခြေက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ အသင်းအနေနဲ့ ဒီနေ့မှာတော့ ဂိုးသွင်းနိုင်ဖို့ ရှိနေပြီး ဒါကလည်း အနိုင်ဂိုးတွေ ဖြစ်ပါလိမ့်မယ်။ (လက်စတာ 2-0 လိဒ်စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္-ေနာ့တင္ဟမ္ ေဖာရက္စ္
ေကာင္းရႈံးႀကီး လုပ္ေနတဲ့ ဘ႐ိုက္တန္တို႔အတြက္ ဒီပြဲမွ မႏိုင္ရင္ေတာ့ မဟုတ္ေတာ့ဘူးလို႔ ဆိုရေတာ့မွာပါ။ ေဖာရက္စ္တို႔ကေတာ့ ဘယ္လိုေနေန ဘာေတြလုပ္လုပ္ ပရီးမီးယားလိဂ္အဆင့္အတန္းမ်ိဳး မဟုတ္ေသးဘူးဆိုတာကို ျပသေနခဲ့ၿပီး ဂိုးလည္း မသြင္းတတ္ေတာ့လို႔ ခံစစ္ကိုပဲ အာ႐ုံစိုက္ၿပီး ကစားေနရတာျဖစ္ပါတယ္။ ဘ႐ိုက္တန္တို႔ကေတာ့ စပါးစ္နဲ႔ ဘရန႔္ဖို႔ဒ္တို႔ကို ႏွစ္ပြဲဆက္ရႈံးထားတာကို အိမ္ကြင္းမွာ တုံ႔ျပန္ျပဖို႔ လိုအပ္ေနၿပီး ပိုေကာင္းတဲ့ လူအင္အားနဲ႔ သုံးမွတ္ရွာေဖြသြားႏိုင္ဖို႔ ရွိေနပါတယ္။ (ဘ႐ိုက္တန္ 2-0 ေဖာရက္စ္)

ခရစၥတယ္လ္ ပဲေလ့စ္-ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္
ရလဒ္ဆိုးေတြေၾကာင့္ နည္းျပ ဘ႐ူႏို လာဂ်ီကို ထုတ္ပယ္ထားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ ႐ုန္းကန္ေနခဲ့ရေပမယ့္ ပရီးမီးယားလိဂ္ ခရီးရွည္ႀကီးမွာ ဘာမွ မယ္မယ္ရရ ရည္မွန္းခ်က္လည္း မရွိတာေၾကာင့္ ေရစုန္ေမွ်ာလိုက္ေနသလိုပါပဲ။ ခံစစ္ပိတ္ကစားၿပီး ဂိုးရရင္သြင္းမယ္၊ အမွတ္ရွာမယ္၊ ဂိုးမရရင္ေတာ့ သေရက်မယ္၊ ရႈံးမယ္ဆိုတဲ့ အေတြးအေခၚေလာက္နဲ႔ နည္းျပမဲ့ ဆက္သြားေနခဲ့တာပါ။ ပဲေလ့စ္တို႔ကေတာ့ ဒီႏွစ္ႏွစ္မွာ ပက္ထရစ္ ဗီယာရာနဲ႔ အျမင့္ဆီကို ပိုမွန္းလာေနၿပီး သူတို႔ေတြအေနနဲ႔ အိမ္ကြင္းမွာ တစ္ဂိုးေလာက္ စသြင္းရင္ ဝုလ္ဗ္စ္ကို အႏိုင္ရသြားဖို႔ ရွိေနပါတယ္။ (ပဲေလ့စ္ 1-0 ဝုလ္ဗ္စ္)

ဘုန္းေမာက္-ေဆာက္သမ္တန္
ကစားပုံ လုံးဝတက္ေနၿပီး တစ္သင္းလုံး ႀကိဳးစားေနတဲ့ ဘုန္းေမာက္ကို ဒီအခ်ိန္မွာ ေျခက်ေနေသးတဲ့ ေဆာက္သမ္တန္တို႔ အေဝးကြင္းမွာ လာကစားရမယ္ဆိုတာက ဆိုး႐ြားတဲ့ ေတြ႕ဆုံမႈျဖစ္မွာပါ။ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း ဘုန္းေမာက္တို႔ အေကာင္းဆုံး ကစားထားႏိုင္ခဲ့သလို ပင္နယ္တီေၾကာင့္ သေရျပန္ေပးခဲ့ရတာျဖစ္ၿပီး ေဆာက္သမ္တန္တို႔ကေတာ့ ဆိုး႐ြားတဲ့ အသင္းလိုက္ ကစားပုံနဲ႔ ေကာင္းတယ္လည္း မဟုတ္၊ ဆိုးတယ္လည္း မဟုတ္ျဖစ္ေနၿပီး ႏိုင္ပြဲရဖို႔ ခက္ေနခဲ့တာျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေတာ့ အသင္းရဲ႕ အၿမဲတမ္းနည္းျပ ရာထူးအတြက္ သက္ေသျပဦးမယ့္ ဂယ္ရီ အိုနီးလ္ရဲ႕ ဘုန္းေမာက္တို႔ပဲ သာလြန္ႏိုင္မွာျဖစ္ၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္ႏိုင္ေပမယ့္ အိမ္ရွင္ေတြ ကပ္ႏိုင္သြားဖို႔ ရွိေနပါတယ္။ (ဘုန္းေမာက္ 2-1 စိန႔္)

လီဗာပူးလ္-ဝက္စ္ဟမ္းယူႏိုက္တက္
မန္စီးတီးကို အိမ္ကြင္းမွာ ေခၚၿပီး ခြၽတ္လိုက္တဲ့ လီဗာပူးလ္တို႔အတြက္ေတာ့ စိတ္ဓာတ္ခြန္အားနဲ႔အတူ ႏိုင္ပြဲဆက္ဖို႔ အခ်ိန္ေကာင္းလို႔ ဆိုရမွာ ျဖစ္ပါတယ္။ ဒဏ္ရာကစားသမားေတြ တျဖည္းျဖည္း ျပန္စုံလာေနၿပီျဖစ္သလို မိုဟာမက္ ဆာလားကလည္း ထိပ္တန္းေျခစြမ္းမ်ိဳး ျပန္ရေနခ်ိန္မွာ ဒါဝင္ ႏူးညက္ဇ္ကိုပဲ ေမွ်ာ္လင့္ထားသေလာက္ ျဖစ္လာဖို႔ ေစာင့္ေနရတာပါ။ ဝက္စ္ဟမ္းတို႔ကေတာ့ လီဗာပူးလ္နဲ႔ေတြ႕ရင္ ဒုကၡေပးေလ့ရွိတတ္ေပမယ့္ ဒီရာသီမွာ သူတို႔ေတြ တိုင္ပတ္ေနၿပီး ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲေတြမွာလည္း အမွတ္ေတြ ေလ်ာ့ေနခဲ့လို႔ ဇယားေအာက္ပိုင္းမွာပဲ က်င္လည္ေနခဲ့ရတာပါ။ စီးတီးနဲ႔ပြဲကလို လီဗာပူးလ္တို႔ ထပ္ကစားႏိုင္ရင္ လြယ္ကူႏိုင္ေပမယ့္ ခံစစ္ပိတ္ကစားမယ့္ ဟမ္းမားေတြေၾကာင့္ ရလဒ္က က်ဥ္းေျမာင္းႏိုင္ပါတယ္။ (လီဗာပူးလ္ 2-1 ဝက္စ္ဟမ္း)

ဘရန႔္ဖို႔ဒ္-ခ်ဲလ္ဆီး
ကီပါရဲ႕ လက္စြမ္းေကာင္းေပမယ့္ ဗီလာကို အႏိုင္ရခဲ့တာဟာ သူတို႔ေတြ ေပးသင့္တဲ့ ဂိုးေတြ မေပးရသလို လြယ္ကူတဲ့ ဂိုးေတြ ရခဲ့လို႔ ႏိုင္ပြဲ တစ္ပြဲကို ဖန္တီးႏိုင္ခဲ့တာျဖစ္ၿပီး ကံေကာင္းခဲ့တာက ပိုတယ္လို႔ ဆိုႏိုင္ပါတယ္။ ဘရန႔္ဖို႔ဒ္ကေတာ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ျပန္လာခဲ့ၿပီျဖစ္သလို အိုင္ဗန္ တိုနီရဲ႕ ဦးေဆာင္မႈနဲ႔ တိုက္ပြဲဝင္ေနခဲ့ၿပီး အိမ္ကြင္းမွာ ခ်ဲလ္ဆီးကို ခပ္ၾကမ္းၾကမ္း ဧည့္ခံဖို႔ အသင့္ျဖစ္ေနေလာက္ပါၿပီ။ ဒါေပမယ့္ ဂေရဟမ္ ေပါ့တာအေနနဲ႔ ဒီလိုပြဲမ်ိဳးကို ႏိုင္မွ နည္းျပေကာင္းလို႔ ေခၚႏိုင္မွာျဖစ္သလို ပိုင္ရွင္သစ္ ဘိုလီကို မ်က္ႏွာပ်က္ခံလို႔ မရတာေၾကာင့္ အႏိုင္ယူဖို႔ပဲ ႀကိဳးစားသြားမွာျဖစ္ၿပီး ဗီလာနဲ႔ပြဲမွာ ထူးခြၽန္ခဲ့တဲ့ ကီပါနဲ႔ ေမဆန္ေမာင့္တို႔ရဲ႕ အစြမ္းေတြနဲ႔ပဲ သုံးမွတ္ရသြားႏိုင္ပါတယ္။ (ဘရန႔္ဖို႔ဒ္ 1-3 ခ်ဲလ္ဆီး)

နယူးကာဆယ္လ္ယူႏိုက္တက္-အဲဗာတန္
အဲဗာတန္နဲ႔ လမ္းပတ္မွာ အေတြးအေခၚတစ္ခုခု ရွိေနေပမယ့္ ဒါကို ပြဲေတြနဲ႔ အံဝင္ေအာင္ သုံးႏိုင္ဖို႔ေတာ့ ခက္ခဲေနပါတယ္။ စပါးစ္နဲ႔ပြဲမွာ သူတို႔ေတြ ရလဒ္ေကာင္းဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ ကိုယ့္ဘာသာကိုယ္ ၿပိဳလဲသြားခဲ့ၿပီး ဟန္ခ်က္ညီေအာင္ မထိန္းသိမ္းႏိုင္ေသးဘူးလို႔ပဲ ဆိုရမွာပါ။ ဒီအခ်ိန္မွာ အက္ဒီေဟာင္းနဲ႔ နယူးကာဆယ္လ္တို႔ကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူကို ၿခိမ္းေျခာက္ျပၿပီး တစ္မွတ္ခြဲယူႏိုင္ခဲ့အၿပီးမွာ ပိုမိုလြယ္ကူတဲ့ အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္က ပြဲစဥ္မွာေတာ့ အဲဗာတန္တို႔ဆီက သုံးမွတ္သိမ္းသြားဖို႔ပဲ နီးစပ္ေနၿပီျဖစ္ပါတယ္။ (နယူးကာဆယ္လ္ 2-0 အဲဗာတန္)

မန္ခ်က္စတာယူႏိုက္တက္-ေတာ့တင္ဟမ္ ေဟာ့စပါး
ခန႔္မွန္းဖို႔ ခက္ခဲတဲ့ ပြဲမ်ိဳးျဖစ္လာခဲ့ပါတယ္။ အိမ္ကြင္းမွာေပမယ့္ ႐ုန္းကန္ရတတ္တဲ့ မန္ယူနဲ႔ အေဝးကြင္းမွာဆို အသင္းႀကီးေတြနဲ႔ေတြ႕တိုင္း ၿပိဳလဲတတ္တဲ့ စပါးစ္တို႔အတြက္ ဘယ္သူက အႏိုင္ရမလဲဆိုတာထက္ ဘယ္သူက အရႈံးေပးသြားမလဲလို႔ ေခါင္းစားရမလိုျဖစ္ေနတာပါ။ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို သုံးၿပီး ဆန္ခ်ိဳကို ခ်န္ထားခဲ့မယ္ဆိုရင္ေတာ့ အိမ္ရွင္ေတြအတြက္ ရလဒ္က ပိုေကာင္းႏိုင္ၿပီး ဒီေန႔ပြဲကို မႏိုင္ခဲ့ရင္ေတာ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားရမယ့္ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္မွာ ဝန္ထုပ္ဝန္ပိုးေတြ ပိုမ်ားလာေတာ့မွာျဖစ္ပါတယ္။

စပါးစ္တို႔ကေတာ့ ကစားပုံ မေကာင္းေပမယ့္လည္း ေကာင္တာတစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ေနၿပီး ဟာရီကိန္းကလည္း ဂိုးကံလား၊ ပင္နယ္တီကံလား မသိရေအာင္ ပရီးမီးယားလိဂ္မွာေတာ့ ဘာဆိုလားပဲ ျဖစ္ေနခဲ့တာပါ။ ကြန္တီအေနနဲ႔ ဒီပြဲကို မရႈံးဖို႔ ႀကိဳးစားမွာျဖစ္သလို ဇယားထိပ္နဲ႔ အမွတ္ကြာ မသြားေအာင္လည္း ႀကိဳးပမ္းမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ အေတြ႕အႀကဳံ နည္းေသးတဲ့ တန္ဟတ္အတြက္ေတာ့ တစ္မွတ္ရဖို႔ပဲ မ်ားေနပါတယ္။ (မန္ယူ 1-1 စပါးစ္)

ဖူလ္ဟမ္-အက္စ္တန္ဗီလာ
အမွတ္ေလ်ာ့တာ မ်ားေနတဲ့ ဖူလ္ဟမ္တို႔အတြက္ေတာ့ ႏိုင္ပြဲရဖို႔ လိုအပ္ေနခ်ိန္မွာ အမွတ္လႉေနတဲ့ အသင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတာက အခြင့္ေကာင္းတစ္ခုပဲ ျဖစ္ႏိုင္ပါတယ္။ စတီဗင္ ဂ်ရတ္ရဲ႕ ဗီလာတို႔အေနနဲ႔ စုစည္းမႈ ပ်က္ျပားေနၿပီး နည္းျပနဲ႔ ကစားသမားေတြၾကားမွာလည္း မေဖာ္ျပႏိုင္တဲ့ အႀကိတ္အခဲေတြ ရွိေနတယ္လို႔ ထင္ရပါတယ္။ ဒီပြဲမွာလည္း မီထ႐ိုဗစ္ခ်္ကို ထိန္းရဦးမယ့္ တိုင္႐ုန္းမင္းစ္ကေတာ့ ရင္ေလးစရာပဲျဖစ္ၿပီး နည္းျပရဲ႕ ရာထူးအတြက္ ႏွစ္ပြဲသာ ေစာင့္ၾကည့္ေတာ့မယ္လို႔ အသံထြက္ေနခ်ိန္မွာေတာ့ ႐ုန္းကန္ျပႏိုင္ေျခေတာ့ ရွိေနႏိုင္ပါတယ္။ ဖူလ္ဟမ္တို႔ အိမ္ကြင္းမွာ အႏိုင္ယူဖို႔ ႀကိဳးစားမွာျဖစ္ေပမယ့္ ဗီလာတိုက္စစ္ကလည္း မညံ့တာေၾကာင့္ အမွတ္ခြဲယူသြားဖို႔ပဲ မ်ားပါတယ္။ (ဖူလ္ဟမ္ 1-1 ဗီလာ)

လက္စတာစီးတီး-လိဒ္စ္ယူႏိုက္တက္
လိဒ္စ္တို႔ကေတာ့ အာဆင္နယ္နဲ႔ပြဲမွာ ကံမေကာင္းလို႔သာ အႏိုင္မရခဲ့ဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာရမွာပါ။ ေျခစြမ္းေကာင္းေပမယ့္ ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္မထားတဲ့ အသင္းအေနနဲ႔ ဇယားေအာက္ပိုင္းကို တျဖည္းျဖည္းခ်င္း ခရီးႏွင္ေနခဲ့ခ်ိန္မွာ အဆင့္ ၁၉ က လက္စတာနဲ႔ ထိေတြ႕ဖို႔ ျဖစ္လာခဲ့ပါတယ္။ ပဲေလ့စ္နဲ႔ပြဲက ကစားပုံထက္ အာဆင္နယ္နဲ႔ပြဲမွာ ပိုေကာင္းလာႏိုင္ခဲ့တဲ့ ဂ်က္ဆီ မာ့ရွ္ရဲ႕ အသင္းအေနနဲ႔ ဂိုးသြင္းဖို႔ကိုေတာ့ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး လက္စတာကိုေတာ့ အေဝးကြင္းမွာ ရလဒ္ေကာင္းႏိုင္ပါ့မလားလို႔ သံသယရွိစရာပါ။ ဇယားေအာက္ေျခက ႐ုန္းထြက္ဖို႔ ႀကိဳးစားေနတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ အသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ဂိုးသြင္းႏိုင္ဖို႔ ရွိေနၿပီး ဒါကလည္း အႏိုင္ဂိုးေတြ ျဖစ္ပါလိမ့္မယ္။ (လက္စတာ 2-0 လိဒ္စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.