Analysis Article Premier League

မန်စီးတီး၊ ဂွါဒီယိုလာနဲ့ လီဗာပူးလ်ကို ရှုံးစေခဲ့တဲ့ မယားရ မနေနိုင်ခြင်း ပြဿနာ

ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အင်အားအကြီးဆုံးလို့ ဆိုရမယ့် မန်ချက်စတာစီးတီးတို့အနေနဲ့ တစ်ရာသီမှာ အနည်းဆုံးတစ်ကြိမ်ကနေ နှစ်ကြိမ်လောက်အထိ အမြဲတမ်း ထဖောက်လေ့ရှိပြီး သူတို့တွေအနေနဲ့ ဘာမှ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်နေတဲ့ အနေအထားမျိုးတွေကို နည်းပြ ဂွါဒီယိုလာက အလွယ်တကူပဲ ဖြိုချဖျက်ဆီးတတ်တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ အလုပ်ဖြစ်ခဲ့ပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်နဲ့ ပြင်လွန်းလို့ ဖင်ချွန်းချိန်မှာ ချန်ပီယံလိဂ်ဖလားကို မရဘဲ လမ်းခွဲခဲ့ရသလို မန်စီးတီးကို ရောက်ပြန်တော့လည်း အားလုံးထက်သာလွန်တဲ့ အင်အားနဲ့ ပရီးမီးယားလိဂ်ကို မကြာခဏ ယူပြနေခဲ့ပေမယ့် ချန်ပီယံလိဂ်လို နောက်က လိုက်ပြီး အဖတ်ဆယ်လို့ မရတဲ့ ပြိုင်ပွဲမျိုးမှာတော့ လှည့်ပြန်နေရဆဲပဲဖြစ်ပါတယ်။

ဘယ်လိုပဲ သူတို့တွေ ပြည်တွင်းမှာ ကံကောင်းနေနေ၊ ဥရောပမှာတော့ အထိုင်ကို ဖျက်လိုက်တာနဲ့ အရှုံးတွေ သရေတွေ ပေါ်လာခဲ့သလို ဒီရာသီမှာ ကြံ့ခိုင်မှု အပြည့်ရှိနေတဲ့ ဟားလန်းကို ခေါက်လိုခေါက်၊ အတွေ့အကြုံနုတဲ့ ကစားသမားတွေကို သုံးလိုသုံး၊ နည်းစနစ်ပိုင်းကို ကြိုက်သလို လှည့်လို့ ရပါတယ်ဆိုပြီး ပြိုင်ဘက်တွေကို အထင်သေးလိုသေးနဲ့ သိသာတဲ့ အချက်ကတော့ နော်ဝေသား ဂိုးသွင်းဖို့ ရုန်းကန်လာရတာပါပဲ။

ရာသီအစကနေ မန်ယူကို ခြောက်ဂိုးသွင်း၊ ကိုပင်ဟေဂင်ကို ငါးဂိုးသွင်းခဲ့တဲ့ ပွဲတွေအထိ ပုံမှန်ပွဲထွက်နေခဲ့တဲ့ ဂရီးလစ်ရှ်ကို အကြောင်းပြချက် မရှိဘဲနဲ့ အရန်ခုံကို ပို့ပြီး ဆောက်သမ်တန်နဲ့ပွဲကစလို့ ဖိုဒန်က ဘယ်ခြမ်း ထွက်ကစားခဲ့သလို မာရက်ဇ်က ညာတောင်ပံမှာဝင်လာခဲ့ပြီး ဘယ်ခြမ်းမှာ Inverted Winger ပျောက်သွားခဲ့ချိန်မှာ နည်းစနစ် ပြောင်းလဲမှုအတွက် ပုံမှန် နှစ်ဂိုး၊ သုံးဂိုးသွင်းနေတဲ့ ဟားလန်းက တစ်ဂိုးတောင် အနိုင်နိုင်ဖြစ်လာခဲ့ရပြီး ဒုက္ခနဲ့ လှလှ စတွေ့တော့တာပါ။

မော်ဒန်ဘောလုံးမှာ ဘယ်ညာတောင်ပံတိုက်စစ်တွေကို ဘယ်သန်ကို ညာ၊ ညာသန်ကို ဘယ် Inverted Winger အသုံးပြုကြတာ များပြီး သူတို့ကိုတော့ နောက်ကနေ တောင်ပံခံစစ်သမားတွေက ညာသန်ညာ၊ ဘယ်သန်ဘယ် Out Swing Cross တွေ ဖြတ်တင်ဖို့ ဝန်းရံလေ့ရှိပါတယ်။ ဒီအချိန်မှာ ရာသီအစက ဂရီးလစ်ရှ်+ကန်ဆယ်လိုအတွဲနဲ့ ဖိုဒန်+ဝေါ်လ်ကာအတွဲတို့ ဘယ်နဲ့ညာမှာ ကစားခဲ့ကြပြီး မန်စီးတီးတို့ ပုံမှန်အတိုင်း အလုပ်ဖြစ်နိုင်ခဲ့ပါတယ်။

ဝေါ်လ်ကာ ဒဏ်ရာရသွားချိန်မှာတော့ အာကန်ဂျီကို သုံးခဲ့ပေမယ့် ဆွစ်နောက်ခံလူက တိုက်စစ်လိုက်ပါမှု အားမကောင်းသလို အရန်အစွန်လူ အဖြစ်သုံးတဲ့ ဂျွန်စတုန်းစ်(ဒဏ်ရာရ)လောက်လည်း မကောင်းခဲ့တဲ့အတွက် ဂွါဒီယိုလာအနေနဲ့ ဂျိုကာနောက်ခံလူ ကန်ဆယ်လိုကို ဟိုဘက်သုံးရမလို ဒီဘက်သုံးရမလို ဖြစ်လာခဲ့ပြီး နည်းဗျူဟာ ရှုပ်ထွေးမှုတွေ များလာခဲ့တာပါ။

ကန်ဆယ်လိုကို ညာပို့ပြီး မာရက်ဇ်နဲ့တွဲ ဆာဂျီယို ဂိုမက်ဇ်ကို ဘယ်မှာထားပြီး ဂရီးလစ်ရှ်နဲ့ တွဲတဲ့ ကစားကွက်ကို ကိုပင်ဟေဂင်နဲ့ အဝေးကွင်း ပွဲစဉ်မှာ စမ်းသပ်ခဲ့ပေမယ့် စောစောစီးစီး အထုတ်ခံရတဲ့ စပိန်လူငယ်နောက်ခံလူကြောင့် ပွဲပျက်သွားခဲ့သလို ခြေစွမ်းမပြနိုင်တဲ့ မာရက်ဇ်ကြောင့် နောက်ပွဲတွေမှာ စမ်းသပ်ဖို့လည်း ခက်သွားခဲ့ပြီး လီဗာပူးလ်နဲ့ပွဲမှာတော့ ပိုရှုပ်ထွေးလာခဲ့ပါတယ်။

တကယ်တမ်းတော့ လက်ရှိအနေအထားမှာ ညံ့ဖျင်းလွန်းတဲ့ မာရက်ဇ်ကိုသာ ပယ်ထားရမှာဖြစ်ပြီး ဂရီးလစ်ရှ်ကို ပြန်သုံးရမယ့်အချိန်မှာ ဂွါဒီယိုလာအနေနဲ့ ခေါင်းမာခဲ့ပြီး လီဗာပူးလ်နဲ့ပွဲရဲ့ ဘယ်တောင်ပံမှာ ဖိုဒန်၊ ညာတောင်ပံမှာ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ကို Interchange ကစားစေခဲ့သလို ဘယ်ခြမ်းမှာတော့ ထုံးစံအတိုင်း ပိတ်ဆို့နေခဲ့လို့ ဟားလန်းဆီ ဘောလုံးမရောက်တော့ဘဲ ဆာလားရဲ့ ဂိုးနဲ့ အထိနာခဲ့တာပါ။

ဂွါဒီယိုလာအနေနဲ့ အထက်က ပြောခဲ့တဲ့ Inverted Winger တွေကို Full Back တွေနဲ့ လိုက်ထောက်ပေးရမယ့် ကစားကွက်ရိုးရိုးလေးကို ကစားဖို့ ပျက်ကွက်နေခဲ့ချိန်မှာ ကလော့ပ်ရဲ့ အောင်မြေဖြစ်တဲ့ အန်းဖီးလ်ကွင်းမှာ အရှက်ကွဲခဲ့ရပြီး ကောင်းလှပါတယ်ဆိုတဲ့ ဟားလန်းလည်း သူ့ဆီကို ဘောလုံး ရောက်မလာတော့ချိန်မှာ စိတ်ပျက်ရအောင် ဖြစ်သွားခဲ့ရပါတယ်။

ဒါက ညာနောက်ခံလူ တစ်ယောက်တည်း ဒဏ်ရာရနေတာကလွဲရင် ဘာအခက်အခဲမှ မရှိတဲ့ အသင်းကို ဂွါဒီယိုလာ ဖြိုချထားခဲ့တဲ့ မယားရ မနေနိုင် ပြဿနာကြောင့်လည်းဖြစ်ပြီး တကယ်လို့ အန်းဖီးလ်မှာသာ ဂရီးလစ်ရှ် ပွဲထွက်ခဲ့ရင် မန်စီးတီးတို့ ကစားကွက်က ပိုကောင်းနိုင်သလို Passing Option နဲ့ Feeding Lane တွေ ပိုပွင့်ပြီး ညာနောက်ခံကစားတဲ့ အဘိုးကြီး မီလ်နာ ဒုက္ခရောက်သွားနိုင်ခဲ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ့်မျက်ချေး ကိုယ်မမြင်တဲ့ ဂွါဒီယိုလာကတော့ နောက်ဆုံးအချိန်အထိ ဂရီးလစ်ရှ်ကို မလဲခဲ့ဘဲ ဂျေဆူးစ်နဲ့ စတာလင်တို့ကို ရောင်းထုတ်ထားခဲ့ချိန်မှာ တခြား ညာသန်ကစားသမားနဲ့ အစားထိုးဖို့လည်း မဖြစ်နိုင်တော့တာကြောင့် ပွဲပြီးတဲ့အထိ ပြန်လာဖို့ မဖြစ်နိုင်တော့ဘဲ လီဗာပူးလ်တို့ကို ရှုံးနိမ့်ခဲ့ရသလို ပရီးမီးယားလိဂ်ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရအပြီးမှာ လာမယ့်ပွဲတွေကိုရော အမိုက်ခံပြီး စမ်းသပ်ဦးမလား ဆိုတာကတော့ မန်စီးတီးပရိသတ်တွေ စိတ်ပျက်ပျက်နဲ့ပဲ စောင့်ကြည့်ရဦးမှာဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ အင္အားအႀကီးဆုံးလို႔ ဆိုရမယ့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ တစ္ရာသီမွာ အနည္းဆုံးတစ္ႀကိမ္ကေန ႏွစ္ႀကိမ္ေလာက္အထိ အၿမဲတမ္း ထေဖာက္ေလ့ရွိၿပီး သူတို႔ေတြအေနနဲ႔ ဘာမွ အျပစ္ေျပာစရာမရွိေအာင္ ေကာင္းမြန္ေနတဲ့ အေနအထားမ်ိဳးေတြကို နည္းျပ ဂြါဒီယိုလာက အလြယ္တကူပဲ ၿဖိဳခ်ဖ်က္ဆီးတတ္တာျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ အလုပ္ျဖစ္ခဲ့ၿပီးတဲ့ေနာက္ ဘိုင္ယန္ျမဴးနစ္နဲ႔ ျပင္လြန္းလို႔ ဖင္ခြၽန္းခ်ိန္မွာ ခ်န္ပီယံလိဂ္ဖလားကို မရဘဲ လမ္းခြဲခဲ့ရသလို မန္စီးတီးကို ေရာက္ျပန္ေတာ့လည္း အားလုံးထက္သာလြန္တဲ့ အင္အားနဲ႔ ပရီးမီးယားလိဂ္ကို မၾကာခဏ ယူျပေနခဲ့ေပမယ့္ ခ်န္ပီယံလိဂ္လို ေနာက္က လိုက္ၿပီး အဖတ္ဆယ္လို႔ မရတဲ့ ၿပိဳင္ပြဲမ်ိဳးမွာေတာ့ လွည့္ျပန္ေနရဆဲပဲျဖစ္ပါတယ္။

ဘယ္လိုပဲ သူတို႔ေတြ ျပည္တြင္းမွာ ကံေကာင္းေနေန၊ ဥေရာပမွာေတာ့ အထိုင္ကို ဖ်က္လိုက္တာနဲ႔ အရႈံးေတြ သေရေတြ ေပၚလာခဲ့သလို ဒီရာသီမွာ ႀကံ့ခိုင္မႈ အျပည့္ရွိေနတဲ့ ဟားလန္းကို ေခါက္လိုေခါက္၊ အေတြ႕အႀကဳံႏုတဲ့ ကစားသမားေတြကို သုံးလိုသုံး၊ နည္းစနစ္ပိုင္းကို ႀကိဳက္သလို လွည့္လို႔ ရပါတယ္ဆိုၿပီး ၿပိဳင္ဘက္ေတြကို အထင္ေသးလိုေသးနဲ႔ သိသာတဲ့ အခ်က္ကေတာ့ ေနာ္ေဝသား ဂိုးသြင္းဖို႔ ႐ုန္းကန္လာရတာပါပဲ။

ရာသီအစကေန မန္ယူကို ေျခာက္ဂိုးသြင္း၊ ကိုပင္ေဟဂင္ကို ငါးဂိုးသြင္းခဲ့တဲ့ ပြဲေတြအထိ ပုံမွန္ပြဲထြက္ေနခဲ့တဲ့ ဂရီးလစ္ရွ္ကို အေၾကာင္းျပခ်က္ မရွိဘဲနဲ႔ အရန္ခုံကို ပို႔ၿပီး ေဆာက္သမ္တန္နဲ႔ပြဲကစလို႔ ဖိုဒန္က ဘယ္ျခမ္း ထြက္ကစားခဲ့သလို မာရက္ဇ္က ညာေတာင္ပံမွာဝင္လာခဲ့ၿပီး ဘယ္ျခမ္းမွာ Inverted Winger ေပ်ာက္သြားခဲ့ခ်ိန္မွာ နည္းစနစ္ ေျပာင္းလဲမႈအတြက္ ပုံမွန္ ႏွစ္ဂိုး၊ သုံးဂိုးသြင္းေနတဲ့ ဟားလန္းက တစ္ဂိုးေတာင္ အႏိုင္ႏိုင္ျဖစ္လာခဲ့ရၿပီး ဒုကၡနဲ႔ လွလွ စေတြ႕ေတာ့တာပါ။

ေမာ္ဒန္ေဘာလုံးမွာ ဘယ္ညာေတာင္ပံတိုက္စစ္ေတြကို ဘယ္သန္ကို ညာ၊ ညာသန္ကို ဘယ္ Inverted Winger အသုံးျပဳၾကတာ မ်ားၿပီး သူတို႔ကိုေတာ့ ေနာက္ကေန ေတာင္ပံခံစစ္သမားေတြက ညာသန္ညာ၊ ဘယ္သန္ဘယ္ Out Swing Cross ေတြ ျဖတ္တင္ဖို႔ ဝန္းရံေလ့ရွိပါတယ္။ ဒီအခ်ိန္မွာ ရာသီအစက ဂရီးလစ္ရွ္+ကန္ဆယ္လိုအတြဲနဲ႔ ဖိုဒန္+ေဝၚလ္ကာအတြဲတို႔ ဘယ္နဲ႔ညာမွာ ကစားခဲ့ၾကၿပီး မန္စီးတီးတို႔ ပုံမွန္အတိုင္း အလုပ္ျဖစ္ႏိုင္ခဲ့ပါတယ္။

ေဝၚလ္ကာ ဒဏ္ရာရသြားခ်ိန္မွာေတာ့ အာကန္ဂ်ီကို သုံးခဲ့ေပမယ့္ ဆြစ္ေနာက္ခံလူက တိုက္စစ္လိုက္ပါမႈ အားမေကာင္းသလို အရန္အစြန္လူ အျဖစ္သုံးတဲ့ ဂြၽန္စတုန္းစ္(ဒဏ္ရာရ)ေလာက္လည္း မေကာင္းခဲ့တဲ့အတြက္ ဂြါဒီယိုလာအေနနဲ႔ ဂ်ိဳကာေနာက္ခံလူ ကန္ဆယ္လိုကို ဟိုဘက္သုံးရမလို ဒီဘက္သုံးရမလို ျဖစ္လာခဲ့ၿပီး နည္းဗ်ဴဟာ ရႈပ္ေထြးမႈေတြ မ်ားလာခဲ့တာပါ။

ကန္ဆယ္လိုကို ညာပို႔ၿပီး မာရက္ဇ္နဲ႔တြဲ ဆာဂ်ီယို ဂိုမက္ဇ္ကို ဘယ္မွာထားၿပီး ဂရီးလစ္ရွ္နဲ႔ တြဲတဲ့ ကစားကြက္ကို ကိုပင္ေဟဂင္နဲ႔ အေဝးကြင္း ပြဲစဥ္မွာ စမ္းသပ္ခဲ့ေပမယ့္ ေစာေစာစီးစီး အထုတ္ခံရတဲ့ စပိန္လူငယ္ေနာက္ခံလူေၾကာင့္ ပြဲပ်က္သြားခဲ့သလို ေျခစြမ္းမျပႏိုင္တဲ့ မာရက္ဇ္ေၾကာင့္ ေနာက္ပြဲေတြမွာ စမ္းသပ္ဖို႔လည္း ခက္သြားခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲမွာေတာ့ ပိုရႈပ္ေထြးလာခဲ့ပါတယ္။

တကယ္တမ္းေတာ့ လက္ရွိအေနအထားမွာ ညံ့ဖ်င္းလြန္းတဲ့ မာရက္ဇ္ကိုသာ ပယ္ထားရမွာျဖစ္ၿပီး ဂရီးလစ္ရွ္ကို ျပန္သုံးရမယ့္အခ်ိန္မွာ ဂြါဒီယိုလာအေနနဲ႔ ေခါင္းမာခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲရဲ႕ ဘယ္ေတာင္ပံမွာ ဖိုဒန္၊ ညာေတာင္ပံမွာ ဘာနာဒို ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔ကို Interchange ကစားေစခဲ့သလို ဘယ္ျခမ္းမွာေတာ့ ထုံးစံအတိုင္း ပိတ္ဆို႔ေနခဲ့လို႔ ဟားလန္းဆီ ေဘာလုံးမေရာက္ေတာ့ဘဲ ဆာလားရဲ႕ ဂိုးနဲ႔ အထိနာခဲ့တာပါ။

ဂြါဒီယိုလာအေနနဲ႔ အထက္က ေျပာခဲ့တဲ့ Inverted Winger ေတြကို Full Back ေတြနဲ႔ လိုက္ေထာက္ေပးရမယ့္ ကစားကြက္႐ိုး႐ိုးေလးကို ကစားဖို႔ ပ်က္ကြက္ေနခဲ့ခ်ိန္မွာ ကေလာ့ပ္ရဲ႕ ေအာင္ေျမျဖစ္တဲ့ အန္းဖီးလ္ကြင္းမွာ အရွက္ကြဲခဲ့ရၿပီး ေကာင္းလွပါတယ္ဆိုတဲ့ ဟားလန္းလည္း သူ႔ဆီကို ေဘာလုံး ေရာက္မလာေတာ့ခ်ိန္မွာ စိတ္ပ်က္ရေအာင္ ျဖစ္သြားခဲ့ရပါတယ္။

ဒါက ညာေနာက္ခံလူ တစ္ေယာက္တည္း ဒဏ္ရာရေနတာကလြဲရင္ ဘာအခက္အခဲမွ မရွိတဲ့ အသင္းကို ဂြါဒီယိုလာ ၿဖိဳခ်ထားခဲ့တဲ့ မယားရ မေနႏိုင္ ျပႆနာေၾကာင့္လည္းျဖစ္ၿပီး တကယ္လို႔ အန္းဖီးလ္မွာသာ ဂရီးလစ္ရွ္ ပြဲထြက္ခဲ့ရင္ မန္စီးတီးတို႔ ကစားကြက္က ပိုေကာင္းႏိုင္သလို Passing Option နဲ႔ Feeding Lane ေတြ ပိုပြင့္ၿပီး ညာေနာက္ခံကစားတဲ့ အဘိုးႀကီး မီလ္နာ ဒုကၡေရာက္သြားႏိုင္ခဲ့မွာျဖစ္ပါတယ္။

ဒါေပမယ့္ ကိုယ့္မ်က္ေခ်း ကိုယ္မျမင္တဲ့ ဂြါဒီယိုလာကေတာ့ ေနာက္ဆုံးအခ်ိန္အထိ ဂရီးလစ္ရွ္ကို မလဲခဲ့ဘဲ ေဂ်ဆူးစ္နဲ႔ စတာလင္တို႔ကို ေရာင္းထုတ္ထားခဲ့ခ်ိန္မွာ တျခား ညာသန္ကစားသမားနဲ႔ အစားထိုးဖို႔လည္း မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ပြဲၿပီးတဲ့အထိ ျပန္လာဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ လီဗာပူးလ္တို႔ကို ရႈံးနိမ့္ခဲ့ရသလို ပရီးမီးယားလိဂ္ပထမဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရအၿပီးမွာ လာမယ့္ပြဲေတြကိုေရာ အမိုက္ခံၿပီး စမ္းသပ္ဦးမလား ဆိုတာကေတာ့ မန္စီးတီးပရိသတ္ေတြ စိတ္ပ်က္ပ်က္နဲ႔ပဲ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.