Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၆.၉.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ လူငယ္ေနာက္ခံလူ နီကို ဝီလီယမ္စ္ကေတာ့ ၿပီးခဲ့တဲ့ ဖင္လန္နဲ႔ပြဲမွာ ႏိုင္ငံအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့သလို ဒီေန႔မွာေတာ့ ဒုတိယပုိင္းမွာ လူစားဝင္ကစားၿပီး အသင္းအတြက္ အႏုိင္ဂိုးကို နာက်င္အခ်ိန္ပုိ ၄ မိနစ္မွာ သြင္းယူေပးႏုိင္ခဲ့ၿပီး ေဝးလ္စ္နဲ႔ ႀကဳိးၾကာနီေတြအတြက္ ဂုဏ္ယူစရာျဖစ္ခဲ့။

– သီယာဂို အယ္လ္ကန္တာရာရဲ႕ လုပ္ခလစာေတာင္းဆုိမွဳဟာ ႀကီးျမင့္လြန္းတယ္လို႔ မန္ခ်က္စတာယူႏုိက္တက္ဘက္က သေဘာမက်ခဲ့ ၿပီးတဲ့ေနာက္ လီဗာပူးလ္တစ္သင္းသာ သူ႕အတြက္ ေဆြးေႏြးရေတာ့မွာျဖစ္ၿပီး ေရာက္လာဖို႔မ်ားတယ္လုိ႔ အသင္းေနာက္ခံလူေဟာင္း ကာေရဂါခန္႔မွန္း။

– လီဗာပူးလ္ပရိသတ္ေတြကေတာ့ နီကို ဝီလီယမ္စ္ကို ဝိုင္းဝန္းခ်ီးက်ဴးေနၾကၿပီး သူဟာ အသင္းရဲ႕ ဒုတိယအေကာင္းဆုံးနဲ႔ ကမာၻ႕ ဒုတိယ အေကာင္းဆုံး ညာေနာက္ခံလူလို႔ အလက္ဇန္းဒါး-အာႏုိးလ္ဒ္နဲ႔အတူ တြစ္တာမွာ ယွဥ္တြဲခ်ီးေျမႇာက္ေရးသားခဲ့ၾက။

– ဘာစီလိုနာအသင္းအေနနဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗုိင္နယ္လ္ဒြမ္အတြက္ ေပါင္ ၁၀ သန္းနဲ႔ ေခၚယူရရွိႏုိင္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး လီဗာပူးလ္အသင္းဘက္ကေတာ့ ေပါင္ ၁၅ သန္းလုိ႔ တုံ႔ျပန္ထားတဲ့အတြက္ လာမယ့္ရက္ပုိင္းအတြင္း ထပ္မံကမ္းလွမ္းသြားဖို႔ရွိေန။

– ကာရာေဘာင္းဖလား (လိဂ္ဖလားရဲ႕) တတိယအဆင့္ပြဲစဥ္ေတြ ေရးဆြဲမွဳ ျပဳလုပ္ခဲ့ရာမွာ လီဗာပူးလ္အသင္းအေနနဲ႔ ဘရက္ဖို႔ဒ္စီးတီးနဲ႔ လင္ကြန္းစီးတီးတုိ႔ႏွစ္သင္းအနက္က အႏုိင္ရတဲ့သူနဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားရဖို႔ ရွိေနၿပီး လက္စတာနဲ႔ အာဆင္နယ္တုိ႔ ပရီးမီးယားလိဂ္အသင္းႀကီးခ်င္း ေတြ႕ဆုံေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ လူငယ်နောက်ခံလူ နီကို ဝီလီယမ်စ်ကတော့ ပြီးခဲ့တဲ့ ဖင်လန်နဲ့ပွဲမှာ နိုင်ငံအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သလို ဒီနေ့မှာတော့ ဒုတိယပိုင်းမှာ လူစားဝင်ကစားပြီး အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပို ၄ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပြီး ဝေးလ်စ်နဲ့ ကြိုးကြာနီတွေအတွက် ဂုဏ်ယူစရာဖြစ်ခဲ့။

– သီယာဂို အယ်လ်ကန်တာရာရဲ့ လုပ်ခလစာတောင်းဆိုမှုဟာ ကြီးမြင့်လွန်းတယ်လို့ မန်ချက်စတာယူနိုက်တက်ဘက်က သဘောမကျခဲ့ ပြီးတဲ့နောက် လီဗာပူးလ်တစ်သင်းသာ သူ့အတွက် ဆွေးနွေးရတော့မှာဖြစ်ပြီး ရောက်လာဖို့များတယ်လို့ အသင်းနောက်ခံလူဟောင်း ကာရေဂါခန့်မှန်း။

– လီဗာပူးလ်ပရိသတ်တွေကတော့ နီကို ဝီလီယမ်စ်ကို ဝိုင်းဝန်းချီးကျူးနေကြပြီး သူဟာ အသင်းရဲ့ ဒုတိယအကောင်းဆုံးနဲ့ ကမ္ဘာ့ ဒုတိယ အကောင်းဆုံး ညာနောက်ခံလူလို့ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့အတူ တွစ်တာမှာ ယှဉ်တွဲချီးမြှောက်ရေးသားခဲ့ကြ။

– ဘာစီလိုနာအသင်းအနေနဲ့ ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်အတွက် ပေါင် ၁၀ သန်းနဲ့ ခေါ်ယူရရှိနိုင်မယ်လို့ မျှော်လင့်နေပြီး လီဗာပူးလ်အသင်းဘက်ကတော့ ပေါင် ၁၅ သန်းလို့ တုံ့ပြန်ထားတဲ့အတွက် လာမယ့်ရက်ပိုင်းအတွင်း ထပ်မံကမ်းလှမ်းသွားဖို့ရှိနေ။

– ကာရာဘောင်းဖလား (လိဂ်ဖလားရဲ့) တတိယအဆင့်ပွဲစဉ်တွေ ရေးဆွဲမှု ပြုလုပ်ခဲ့ရာမှာ လီဗာပူးလ်အသင်းအနေနဲ့ ဘရက်ဖို့ဒ်စီးတီးနဲ့ လင်ကွန်းစီးတီးတို့နှစ်သင်းအနက်က အနိုင်ရတဲ့သူနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရဖို့ ရှိနေပြီး လက်စတာနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ်အသင်းကြီးချင်း တွေ့ဆုံနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.