Premier League

ဟာဗတ်ဇ်ရောက်လာတာကြောင့် မပျော်မရွှင်ဖြစ်နေတဲ့ မေဆန်မောင့်

Unicode: ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်သူ မေဆန်မောင့်ဟာ ဟာဗတ်ဇ်ကို ခေါ်ယူလိုက်ခြင်းကြောင့် မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားနှစ်ယောက်ဟာ ကစားတဲ့နေရာချင်း ဆင်တူနေပြီး ဟာဗတ်စ်ဟာလည်း ပေါင် (၈၉) သန်းနဲ့ ရောက်ရှိလာတာဖြစ်တာဖြစ်လို့ မေဆန်မောင့်က ကြိမ်းသေပေါက် အရံခုံထိုင်ရတော့မှာပါ။

လေဗာကူဆင်အသင်းကနေ နည်းပြလမ်းပတ်ရဲ့ ပေါင်သန်း (၂၃၀) ကျော် သုံးစွဲမှုထဲမှာ တစ်ခု အပါအဝင်ဖြစ်ခဲ့တဲ့ ဟာဗတ်ဇ်ဟာ ချဲလ်ဆီးအသင်း ကစားကွက်ဖြစ်တဲ့ ၄-၃-၃ (သို့) ၄-၂-၃-၁ နေရာတွေရဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ မနှစ်က ကစားသမားဘဝရဲ့ ပွဲဦးထွက်ရာသီမှာ အမှတ်ပေးလိဂ် ပွဲစဥ်တိုင်းနီးပါး ပါဝင်ကစားခွင့်ရခဲ့တဲ့ မေဆန်မောင့်ရဲ့ နေရာကို အစားထိုးသွားမှာဖြစ်ပါတယ်။

ဂျာမန်သတင်းတွေအရ အဆိုပါ အသက် (၂၁) နှစ်အရွယ် မေဆန်မောင့်ဟာ နောက်ခံလူ သီယာဂိုဆေးလ်ဗား ပီအက်စ်ဂျီမှ ပြောင်းရွှေ့လာခဲ့ချိန်မှာ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှ ကြိုဆိုကြောင်း ပြောကြားခဲ့ပေမဲ့ ဟာဗတ်ဇ် ရောက်ရှိလာချိန်မှာတော့ ယခုချိန်ထိ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိသေးကြောင်း ဖော်ပြသွားခဲ့တာပါ။

ဟာဗတ်စ်အနေနဲ့လည်း ကွင်းလယ်တိုက်စစ်အပြင် ကွင်းလယ်ဘယ်တောင်ပံနဲ့ ညာတောက်ပံတွေမှာပါ ကစားနိုင်စွမ်းရှိနေပေမဲ့ ဘယ်တောင်ပံအတွက် ပူလီဆစ်နဲ့ ညာတောင်ပံအတွက် ဇီးယက်ချ် တို့ရှိနေတာကြောင့် မေဆန်မောင့်ရဲ့ ကွင်းလယ်တိုက်စစ်နေရာမှာပဲ နည်းပြလမ်းပတ်က အသုံးပြုသွားဖွယ်ရှိနေပါတယ်။

ဒါ့ကြောင့် နည်းပြလမ်းပတ်အနေနဲ့လည်း အသင်းတွင်း ဆက်ဆံရေးပိုင်းပြဿနာအချို့ကို ရင်ဆိုင်ကြုံတွေ့သွားရဖွယ် ရှိနေသလို ပြီးခဲ့တဲ့ရာသီက သူ့ရဲ့စိတ်ကြိုက် အသုံးတော်ခံခဲ့တဲ့ ခြေစွမ်းတက်နေတဲ့ မေဆန်မောင့်တစ်ယောက်ကိုလည်း ဖျောင်းဖျနားချသွားဖို့ လိုအပ်နေပါပြီ။

REF: DAILY MAIL
PHOTO CREDITS TO THE OWNERS
SPORTS A2Z.

Zawgyi: ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္သူ ေမဆန္ေမာင့္ဟာ ဟာဗတ္ဇ္ကို ေခၚယူလိုက္ျခင္းေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ကစားသမားႏွစ္ေယာက္ဟာ ကစားတဲ့ေနရာခ်င္း ဆင္တူေနၿပီး ဟာဗတ္စ္ဟာလည္း ေပါင္ (၈၉) သန္းနဲ႔ ေရာက္ရွိလာတာျဖစ္တာျဖစ္လို႔ ေမဆန္ေမာင့္က ႀကိမ္းေသေပါက္ အရံခုံထိုင္ရေတာ့မွာပါ။

ေလဗာကူဆင္အသင္းကေန နည္းျပလမ္းပတ္ရဲ႕ ေပါင္သန္း (၂၃၀) ေက်ာ္ သုံးစြဲမႈထဲမွာ တစ္ခု အပါအဝင္ျဖစ္ခဲ့တဲ့ ဟာဗတ္ဇ္ဟာ ခ်ဲလ္ဆီးအသင္း ကစားကြက္ျဖစ္တဲ့ ၄-၃-၃ (သို႔) ၄-၂-၃-၁ ေနရာေတြရဲ႕ ကြင္းလယ္တိုက္စစ္ေနရာေတြမွာ မႏွစ္က ကစားသမားဘဝရဲ႕ ပြဲဦးထြက္ရာသီမွာ အမွတ္ေပးလိဂ္ ပြဲစဥ္တိုင္းနီးပါး ပါဝင္ကစားခြင့္ရခဲ့တဲ့ ေမဆန္ေမာင့္ရဲ႕ ေနရာကို အစားထိုးသြားမွာျဖစ္ပါတယ္။

ဂ်ာမန္သတင္းေတြအရ အဆိုပါ အသက္ (၂၁) ႏွစ္အ႐ြယ္ ေမဆန္ေမာင့္ဟာ ေနာက္ခံလူ သီယာဂိုေဆးလ္ဗား ပီအက္စ္ဂ်ီမွ ေျပာင္းေ႐ႊ႕လာခဲ့ခ်ိန္မွာ သူ႔ရဲ႕ လူမႈကြန္ယက္ေပၚမွ ႀကိဳဆိုေၾကာင္း ေျပာၾကားခဲ့ေပမဲ့ ဟာဗတ္ဇ္ ေရာက္ရွိလာခ်ိန္မွာေတာ့ ယခုခ်ိန္ထိ တစ္စုံတစ္ရာ တုန႔္ျပန္မႈမရွိေသးေၾကာင္း ေဖာ္ျပသြားခဲ့တာပါ။

ဟာဗတ္စ္အေနနဲ႔လည္း ကြင္းလယ္တိုက္စစ္အျပင္ ကြင္းလယ္ဘယ္ေတာင္ပံနဲ႔ ညာေတာက္ပံေတြမွာပါ ကစားႏိုင္စြမ္းရွိေနေပမဲ့ ဘယ္ေတာင္ပံအတြက္ ပူလီဆစ္နဲ႔ ညာေတာင္ပံအတြက္ ဇီးယက္ခ်္ တို႔ရွိေနတာေၾကာင့္ ေမဆန္ေမာင့္ရဲ႕ ကြင္းလယ္တိုက္စစ္ေနရာမွာပဲ နည္းျပလမ္းပတ္က အသုံးျပဳသြားဖြယ္ရွိေနပါတယ္။

ဒါ့ေၾကာင့္ နည္းျပလမ္းပတ္အေနနဲ႔လည္း အသင္းတြင္း ဆက္ဆံေရးပိုင္းျပႆနာအခ်ိဳ႕ကို ရင္ဆိုင္ႀကဳံေတြ႕သြားရဖြယ္ ရွိေနသလို ၿပီးခဲ့တဲ့ရာသီက သူ႔ရဲ႕စိတ္ႀကိဳက္ အသုံးေတာ္ခံခဲ့တဲ့ ေျခစြမ္းတက္ေနတဲ့ ေမဆန္ေမာင့္တစ္ေယာက္ကိုလည္း ေဖ်ာင္းဖ်နားခ်သြားဖို႔ လိုအပ္ေနပါၿပီ။

REF: DAILY MAIL
PHOTO CREDITS TO THE OWNERS
SPORTS A2Z.