Premier League

ဟာဗတ်ဇ်ကြောင့်မေဆန်မောင့်မပျော်မရွှင်ဖြစ်နေခြင်းမဟုတ်ဟု မောင့်ရဲ့ဖခင်ငြင်းဆို

Unicode: မေဆန်မောင့်ရဲ့ဖခင်ဖြစ်သူဟာ ခိုင်ဟာဗတ်ဇ် ချဲလ်ဆီးအသင်းကို ရောက်ရှိလာတာနဲ့ ပတ်သက်ပြီး သူ့ရဲ့သား မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို အရေးမပါတဲ့ သတင်းတွေဖြစ်ကြောင်း မီဒီယာတွေကို ပြန်လည် တုန့်ပြန်ခဲ့ပြီး သတင်းအမှားတွေလို့ ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

ဟာဗတ်ဇ်ဟာ လေဗာကူဆင်အသင်းမှ ချဲလ်ဆီးအသင်းကို ပေါင် (၈၉) သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဆိုပါ အပြောင်းအရွှေ့ဟာ မေဆန်မောင့်အတွက် နေရာပျောက်ဆုံးစေမှာဖြစ်ပြီး မေဆန်မောင့်ကိုယ်တိုင်ကလည်း ထိုအပြောင်းအရွှေ့အတွက် မပျော်မရွှင်ဖြစ်နေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။

ဟာဗတ်ဇ်ဟာ လမ်းပတ်ရဲ့ ပေါင်သန်း (၂၃၀) ကျော်တွေထဲက သုံးစွဲမှုတစ်ခုအဖြစ် နည်းပြလမ်းပတ်ဟာ ချဲလ်ဆီးရဲ့ တိုက်စစ်အစုအဖွဲ့ကို အဆင့်မြှင့်တင်ခဲ့တာပါ။ သို့ပေမဲ့ ပြီးခဲ့တဲ့ရာသီက နည်းပြလမ်းပတ်ရဲ့ အမှန်ပေးလိဂ်ပွဲစဥ် အားလုံးနီးပါးမှာ ဝင်ကစားခဲ့ရတဲ့ မေဆန်မောင့်အတွက်တော့ ကွင်းလယ်တိုက်စစ်နေရာအတွက် ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဂျာမန်သတင်းတွေအရ မေဆန်မောင့်ဟာ ဟာဗတ်ဇ်ရဲ့ အပြောင်းအရွှေ့ကို ကြိုဆိုခဲ့ခြင်းမရှိတာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ဘောလုံးသုံးသပ်သူတစ်ဦးက ဖော်ပြထားခဲ့တဲ့အပေါ်မှာ မေဆန်မောင့်ရဲ့အဖေဖြစ်သူက “Bullshit” ဆိုတဲ့ အသုံးအနှုန်းနဲ့ တုန့်ပြန်သွားခဲ့ပါတယ်။

တိုက်စစ်မှူး တီမို ဗာနာဟာလည်း ဘယ်တောင်ပံမှာ ကစားနိုင်သလို ဟာဗတ်ဇ်ဟာလည်း တိုက်စစ်သုံးနေရာလုံးမှာ အကျွမ်းတဝင် ကစားနိုင်ပါတယ်။ ဒါပေမဲ့ လမ်းပတ်ရဲ့ နည်းဗျူဟာအရ ကွင်းလယ်တိုက်စစ်နေရာမှာ ဟာဗတ်ဇ်က ကစားရဖို့ရှိနေတာကြောင့် မနှစ်က ကွင်းလယ်တိုက်စစ်မှာသာ ကစားခဲ့ရတဲ့ မေဆန်မောင့်အတွက် ယခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

Zawgyi: ေမဆန္ေမာင့္ရဲ႕ဖခင္ျဖစ္သူဟာ ခိုင္ဟာဗတ္ဇ္ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိလာတာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕သား မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္ဆိုတဲ့ သတင္းေတြကို အေရးမပါတဲ့ သတင္းေတြျဖစ္ေၾကာင္း မီဒီယာေတြကို ျပန္လည္ တုန႔္ျပန္ခဲ့ၿပီး သတင္းအမွားေတြလို႔ ျပန္လည္ ေျဖရွင္းသြားခဲ့ပါတယ္။

ဟာဗတ္ဇ္ဟာ ေလဗာကူဆင္အသင္းမွ ခ်ဲလ္ဆီးအသင္းကို ေပါင္ (၈၉) သန္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အဆိုပါ အေျပာင္းအေ႐ႊ႕ဟာ ေမဆန္ေမာင့္အတြက္ ေနရာေပ်ာက္ဆုံးေစမွာျဖစ္ၿပီး ေမဆန္ေမာင့္ကိုယ္တိုင္ကလည္း ထိုအေျပာင္းအေ႐ႊ႕အတြက္ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကတာပါ။

ဟာဗတ္ဇ္ဟာ လမ္းပတ္ရဲ႕ ေပါင္သန္း (၂၃၀) ေက်ာ္ေတြထဲက သုံးစြဲမႈတစ္ခုအျဖစ္ နည္းျပလမ္းပတ္ဟာ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္အစုအဖြဲ႕ကို အဆင့္ျမႇင့္တင္ခဲ့တာပါ။ သို႔ေပမဲ့ ၿပီးခဲ့တဲ့ရာသီက နည္းျပလမ္းပတ္ရဲ႕ အမွန္ေပးလိဂ္ပြဲစဥ္ အားလုံးနီးပါးမွာ ဝင္ကစားခဲ့ရတဲ့ ေမဆန္ေမာင့္အတြက္ေတာ့ ကြင္းလယ္တိုက္စစ္ေနရာအတြက္ ၿပိဳင္ဆိုင္မႈေတြ ျဖစ္ေပၚလာႏိုင္တယ္လို႔ မီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဂ်ာမန္သတင္းေတြအရ ေမဆန္ေမာင့္ဟာ ဟာဗတ္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ကို ႀကိဳဆိုခဲ့ျခင္းမရွိတာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ေဘာလုံးသုံးသပ္သူတစ္ဦးက ေဖာ္ျပထားခဲ့တဲ့အေပၚမွာ ေမဆန္ေမာင့္ရဲ႕အေဖျဖစ္သူက “Bullshit” ဆိုတဲ့ အသုံးအႏႈန္းနဲ႔ တုန႔္ျပန္သြားခဲ့ပါတယ္။

တိုက္စစ္မႉး တီမို ဗာနာဟာလည္း ဘယ္ေတာင္ပံမွာ ကစားႏိုင္သလို ဟာဗတ္ဇ္ဟာလည္း တိုက္စစ္သုံးေနရာလုံးမွာ အကြၽမ္းတဝင္ ကစားႏိုင္ပါတယ္။ ဒါေပမဲ့ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာအရ ကြင္းလယ္တိုက္စစ္ေနရာမွာ ဟာဗတ္ဇ္က ကစားရဖို႔ရွိေနတာေၾကာင့္ မႏွစ္က ကြင္းလယ္တိုက္စစ္မွာသာ ကစားခဲ့ရတဲ့ ေမဆန္ေမာင့္အတြက္ ယခုလို သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.