Premier League Serie A

အီတလီဟာ ေပါ့ဘာရဲ႕ ဒုတိယအိမ္ပဲလို႔ ေျပာလုိက္တဲ့ ႐ိုင္ယိုလာ

ေဘာလုံးေလာကရဲ႕ ဆူပါေအးဂ်င့္တစ္ဦးျဖစ္တဲ့ အီတလီသား မီႏို ႐ိုင္ယိုလာက မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ေတာ့ အီတလီေျမဟာ ဒုတိယအိမ္ပဲျဖစ္တယ္လို႔ ဆုိလုိက္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ အာ႐ုံစိုက္ၿပီး ႀကဳိးစားေနတယ္လို႔ ဆုိထားတဲ့ ေပါ့ဘာရဲ႕ လက္ရွိေျပာင္းေရႊ႕ႏိုင္ေျခအတြက္ေတာ့ ဂ်ဴဗင္တပ္စ္အသင္းကရဲ႕ ဒုဥကၠဌ ပါဗယ္ နက္ဗက္က စုံစမ္းေနၿပီး ႐ိုင္ယိုလာကေတာ့ သူ႕ကို ဒီလိုမ်ဳိး မက္ေဆ့ျပန္ေပးခဲ့တာလည္း ျဖစ္ပါတယ္။

ယူႏုိက္တက္ ပရိသတ္ေတြအတြက္ေတာ့ ေပါ့ဘာရဲ႕ အသင္းေပၚထားတဲ့ စိတ္ဓာတ္၊ သူ႕ေအးဂ်င့္ ႐ုိင္ယိုလာရဲ႕ ကစားသမားဘက္ကပဲ လြန္လြန္ကဲကဲ ရပ္တည္တတ္မွဳနဲ႔ အမွဳေဆာင္ခ်ဳပ္ အက္ဒ္ ဝုဒ္ဝဒ္ရဲ႕ ညႇိႏွဳိင္းမွဳေတြမွာ မပါးနပ္မွဳေတြဟာ လက္ရွိမွာ သေဘာက်စရာမဟုတ္သလို ေပါင္းစပ္လို႔ရတဲ့ အရာေတြလည္း မဟုတ္လို႔ ကစားသမားရဲ႕ အနာဂတ္ကေတာ့ မေသမခ်ာလည္းျဖစ္ေနပါတယ္။

“အီတလီကေတာ့ ေပါ့ဘာအတြက္ ဒုတိယအိမ္လိုပါပဲ။ သူ႕အတြက္ ေလာေလာဆယ္ရေနတဲ့ ေမးခြန္းေတြကေတာ့ သူ႕အေနနဲ႔ ေပ်ာ္လား ဆုိတာပါပဲ။ ကၽြန္ေတာ့္အျမင္ေတာ့ အမွတ္ေပးခ်န္ပီယံဆုရယ္၊ ခ်န္ပီယံလိဂ္ရယ္ကို ၿပဳိင္ဆုိင္မေနရရင္ ေပါ့ဘာဟာ ေပ်ာ္မယ့္သူမ်ဳိး မဟုတ္ပါဘူး။ ဒါဟာ ထိပ္တန္းကစားသမားေတြရဲ႕ ရည္မွန္းခ်က္လည္းျဖစ္ၿပီး လာမယ့္ရာသီ မန္ယူခ်န္ပီယံလိဂ္မဝင္ရင္ ဘာေတြျဖစ္လာမလဲ ေစာင့္ၾကည့္ရမွာပါ”လို႔ ႐ိုင္ယိုလာက ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ သူ႕မွာ ေပါ့ဘာအတြက္ စုံစမ္းမွဳေတြ ရွိေနၿပီး ဒီေန႔ေခတ္ ေဘာလုံးမွာ မျဖစ္ႏုိင္ဆုိတာ ဘာမွ မရွိေၾကာင္း၊ အသင္းႏွစ္သင္းနဲ႔ ကစားသမား သုံးပါတီသေဘာတူညီရင္ ဘာမဆုိျဖစ္ႏုိင္တယ္ဆုိတာ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာစတဲ့အသင္းေတြက ျပသၿပီးျဖစ္ေၾကာင္း ႐ိုင္ယိုလာက စကိုင္းစပို႔စ္မွာ ေျပာၾကားသြားေၾကာင္း သိရွိရပါတယ္။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဘောလုံးလောကရဲ့ ဆူပါအေးဂျင့်တစ်ဦးဖြစ်တဲ့ အီတလီသား မီနို ရိုင်ယိုလာက မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက်တော့ အီတလီမြေဟာ ဒုတိယအိမ်ပဲဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အာရုံစိုက်ပြီး ကြိုးစားနေတယ်လို့ ဆိုထားတဲ့ ပေါ့ဘာရဲ့ လက်ရှိပြောင်းရွှေ့နိုင်ခြေအတွက်တော့ ဂျူဗင်တပ်စ်အသင်းကရဲ့ ဒုဥက္ကဌ ပါဗယ် နက်ဗက်က စုံစမ်းနေပြီး ရိုင်ယိုလာကတော့ သူ့ကို ဒီလိုမျိုး မက်ဆေ့ပြန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေအတွက်တော့ ပေါ့ဘာရဲ့ အသင်းပေါ်ထားတဲ့ စိတ်ဓာတ်၊ သူ့အေးဂျင့် ရိုင်ယိုလာရဲ့ ကစားသမားဘက်ကပဲ လွန်လွန်ကဲကဲ ရပ်တည်တတ်မှုနဲ့ အမှုဆောင်ချုပ် အက်ဒ် ဝုဒ်ဝဒ်ရဲ့ ညှိနှိုင်းမှုတွေမှာ မပါးနပ်မှုတွေဟာ လက်ရှိမှာ သဘောကျစရာမဟုတ်သလို ပေါင်းစပ်လို့ရတဲ့ အရာတွေလည်း မဟုတ်လို့ ကစားသမားရဲ့ အနာဂတ်ကတော့ မသေမချာလည်းဖြစ်နေပါတယ်။

“အီတလီကတော့ ပေါ့ဘာအတွက် ဒုတိယအိမ်လိုပါပဲ။ သူ့အတွက် လောလောဆယ်ရနေတဲ့ မေးခွန်းတွေကတော့ သူ့အနေနဲ့ ပျော်လား ဆိုတာပါပဲ။ ကျွန်တော့်အမြင်တော့ အမှတ်ပေးချန်ပီယံဆုရယ်၊ ချန်ပီယံလိဂ်ရယ်ကို ပြိုင်ဆိုင်မနေရရင် ပေါ့ဘာဟာ ပျော်မယ့်သူမျိုး မဟုတ်ပါဘူး။ ဒါဟာ ထိပ်တန်းကစားသမားတွေရဲ့ ရည်မှန်းချက်လည်းဖြစ်ပြီး လာမယ့်ရာသီ မန်ယူချန်ပီယံလိဂ်မဝင်ရင် ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ”လို့ ရိုင်ယိုလာက ပြောကြားသွားပါတယ်။

ဒါ့အပြင် သူ့မှာ ပေါ့ဘာအတွက် စုံစမ်းမှုတွေ ရှိနေပြီး ဒီနေ့ခေတ် ဘောလုံးမှာ မဖြစ်နိုင်ဆိုတာ ဘာမှ မရှိကြောင်း၊ အသင်းနှစ်သင်းနဲ့ ကစားသမား သုံးပါတီသဘောတူညီရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာစတဲ့အသင်းတွေက ပြသပြီးဖြစ်ကြောင်း ရိုင်ယိုလာက စကိုင်းစပို့စ်မှာ ပြောကြားသွားကြောင်း သိရှိရပါတယ်။

REF: SKY ITALIA
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.