Other Leagues Premier League

အညစ်ပတ်ဆုံး ကစားသမားက ရွိုင် ကီးန်မဟုတ်ဘူးဆိုတဲ့ ပီတာ ခရောက်ချ်

လီဗာပူးလ်ကြယ်ပွင့်ဟောင်း ပီတာ ခရောက်ချ်က ၎င်းရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝအတွင်း ကြောက်ရွံ့ခဲ့ရတဲ့ တစ်ဦးတည်းသော ကစားသမားနာမည်ကို တစ်ခါတုန်းက ပြောပြခဲ့ပါတယ်။

အဲဒီကစားသမားကတော့ အားလုံးထင်ထားတဲ့ ရွိုင် ကီးန်မဟုတ်ခဲ့ဘဲ ပရိသတ်တွေ တော်တော်များများ သိပ်မရင်းနှီးတဲ့ နာမည်တစ်ခုဖြစ်တဲ့ ကီဗင် မွတ်စ်ကတ် ဖြစ်ပြီး ပီတာ ခရောက်ချ် အပါအဝင် ၁၉၉၀ ပြည့်နှစ်ကာလတွေနဲ့ ၂၀၀၀ ပြည့်နှစ်ကာလတွေမှာ ကစားခဲ့တဲ့ ဘောလုံးသမားတော်တော်များများကတော့ သြစတြးလျနောက်ခံကစားသမားဟောင်းကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တာဖြစ်ပါတယ်။

မွတ်စ်ကတ်ဟာ ၁၉၉၆ ခုနှစ်မှာ သြစတြေးလျကို စွန့်ခွာခဲ့ပြီး ခရစ္စတယ် ပဲလေ့စ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဝုလ်ဗ်စ်၊ ရိန်းဂျားစ်တို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။

မွတ်စ်ကတ်ဟာ ၂၀၀၅ ခုနှစ်မှာ မွေးရပ်မြေကို မပြန်ခင် မီလ်ဝေါလ်မှာလည်း ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ၄၆ ပွဲမှာ ၁၀ ဂိုး သွင်းယူပေးခဲ့တဲ့ သြစတြေးလျလက်ရွေးစင်ဟောင်းဟာ ပြိုင်ဘက်တွေကို ၎င်းရဲ့ ကြမ်းတမ်းလှတဲ့ ခံစစ်ကစားပုံနဲ့အတူ ကြောက်ရွံ့စေခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ စပိန်ဘောလုံးဝက်ဘ်ဆိုက် El Gol Digital က မွတ်စ်ကတ်ကို ဘောလုံးသမိုင်းမှာ အညစ်ပတ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး အက်သလက်တစ် ဘီလ်ဘာအိုရဲ့ သားသတ်သမားလို့ နာမည်ကျော်တဲ့ အန်ဒိုနီ ဂွိုင်ကိုအဲချေယာကို ကျော်ဖြတ်ပြီး သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

“ကီဗင် မွတ်စ်ကတ်က ကျွန်တော့်ကို ကြောက်ရွံ့စေခဲ့တယ်။ ခင်ဗျား သိလား။ လူတွေက ပြောကြတယ်။ ‘မင်း ခြေထောက်တွေကို ငါ ရိုက်ချိုးပစ်တယ်’ပေါ့။ သူ ခင်ဗျားကို အဲဒီလိုမျိုး ပြောတဲ့အခါကျရင်တော့ သူ တကယ်လုပ်မယ်လို့ကို ခင်ဗျား ယုံကြည်သွားလိမ့်မယ်”လို့ ပီတာ ခရောက်ချ်က ၂၀၁၈ ခုနှစ်တုန်းက ၎င်းရဲ့ Podcast မှာ ဝန်ခံ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

ပီတာ ခရောက်ချ်ရဲ့ Podcast မှာ ပူးတွဲတင်ဆက်သူတွေထဲက တစ်ဦးက “ကျွန်တော့်ရဲ့ အသက် ၇ နှစ်သားအရွယ် သားဖြစ်သူက ဘောလုံးလောကရဲ့ တသက်တာ အညစ်ပတ်ဆုံးကစားသမားက ဘယ်သူလဲလို့ မေးခဲ့တ်။ ကျွန်တော် ချက်ချင်းပဲ YouTube ကို ဖွင့်ပြီး ကီဗင် မွတ်စ်ကတ်နာမည်ရိုက်ရှာပြီး သူ့ကို ဘယ်လောက်တောင် ဆိုးရွားလဲဆိုတာ ကြည့်ခိုင်းလိုက်တယ်။ သူလည်း နားလည်သွားခဲ့တယ်။ ခင်ဗျား ကီဗင် မွတ်စ်ကတ်ရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို တစ်ကြိမ်ပဲ ခံနိုင်မယ်။ ခင်ဗျား ကီဗင် မွတ်စ်ကတ်ရဲ့ အကောင်းဆုံးကို ရနိုင်တယ်။ အဲဒါက ကီဗင် မွတ်စ်ကတ်ရဲ့ အဆိုးရွားဆုံးအရာပေါ့။ အဲဒါက ကြောက်စရာကောင်းပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ရွိုင် ကီးန် ညစ်ပတ်တယ်ဆိုတာ အိပ်နေသလောက်ပဲ ရှိတဲ့ ကီဗင် မွတ်စ်ကတ်ဆိုတာ ဘယ်လို ကစားသမားမျိုးလဲ၊ ဘာကြောင့် ကွင်းထဲမှာ ပြိုင်ဘက်ကစားသမားတွေ အရမ်းကြောက်ရတဲ့ကစားသမားဖြစ်ခဲ့လဲဆိုတာကို အောက်မှာ ပါတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ဖို့ ပြောချင်ပါတယ်။

ပထမဆုံးအနေနဲ့ မဲလ်ဘုန်း ဗစ်တိုရီမှာ ကစားခဲ့တဲ့ ကာလအတွင်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ပစ်ဖို့ ထိုက်တန်ခဲ့တဲ့ တုန်လှုပ်ဖွယ် ဖျက်ထုတ်မှုကို တွေ့ရမှာဖြစ်ပြီး နောက်ဗီဒီယိုတစ်ခုကတော့ ကစားသမားဘဝ ဘာကြောင့် ၁၂ ကြိမ်အထိ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလဲဆိုတာကို ပြသထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ပီတာ ခေရာက္ခ်္က ၎ရဲ႕ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝအတြင္း ေၾကာက္႐ြံ႕ခဲ့ရတဲ့ တစ္ဦးတည္းေသာ ကစားသမားနာမည္ကို တစ္ခါတုန္းက ေျပာျပခဲ့ပါတယ္။

အဲဒီကစားသမားကေတာ့ အားလုံးထင္ထားတဲ့ ႐ြိဳင္ ကီးန္မဟုတ္ခဲ့ဘဲ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ား သိပ္မရင္းႏွီးတဲ့ နာမည္တစ္ခုျဖစ္တဲ့ ကီဗင္ မြတ္စ္ကတ္ ျဖစ္ၿပီး ပီတာ ခေရာက္ခ်္ အပါအဝင္ ၁၉၉၀ ျပည့္ႏွစ္ကာလေတြနဲ႔ ၂၀၀၀ ျပည့္ႏွစ္ကာလေတြမွာ ကစားခဲ့တဲ့ ေဘာလုံးသမားေတာ္ေတာ္မ်ားမ်ားကေတာ့ ၾသစၾတးလ်ေနာက္ခံကစားသမားေဟာင္းကို ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

မြတ္စ္ကတ္ဟာ ၁၉၉၆ ခုႏွစ္မွာ ၾသစေၾတးလ်ကို စြန႔္ခြာခဲ့ၿပီး ခရစၥတယ္ ပဲေလ့စ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဝုလ္ဗ္စ္၊ ရိန္းဂ်ားစ္တို႔မွာ ကစားသမားဘဝကို ျဖတ္သန္းခဲ့သူ ျဖစ္ပါတယ္။

မြတ္စ္ကတ္ဟာ ၂၀၀၅ ခုႏွစ္မွာ ေမြးရပ္ေျမကို မျပန္ခင္ မီလ္ေဝါလ္မွာလည္း ကစားေပးခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ ၄၆ ပြဲမွာ ၁၀ ဂိုး သြင္းယူေပးခဲ့တဲ့ ၾသစေၾတးလ်လက္ေ႐ြးစင္ေဟာင္းဟာ ၿပိဳင္ဘက္ေတြကို ၎ရဲ႕ ၾကမ္းတမ္းလွတဲ့ ခံစစ္ကစားပုံနဲ႔အတူ ေၾကာက္႐ြံ႕ေစခဲ့တာျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္မွာ စပိန္ေဘာလုံးဝက္ဘ္ဆိုက္ El Gol Digital က မြတ္စ္ကတ္ကို ေဘာလုံးသမိုင္းမွာ အညစ္ပတ္ဆုံး ကစားသမားအျဖစ္ သတ္မွတ္ခဲ့တာျဖစ္ၿပီး အက္သလက္တစ္ ဘီလ္ဘာအိုရဲ႕ သားသတ္သမားလို႔ နာမည္ေက်ာ္တဲ့ အန္ဒိုနီ ဂြိဳင္ကိုအဲေခ်ယာကို ေက်ာ္ျဖတ္ၿပီး သတ္မွတ္ခံခဲ့ရတာ ျဖစ္ပါတယ္။

“ကီဗင္ မြတ္စ္ကတ္က ကြၽန္ေတာ့္ကို ေၾကာက္႐ြံ႕ေစခဲ့တယ္။ ခင္ဗ်ား သိလား။ လူေတြက ေျပာၾကတယ္။ ‘မင္း ေျခေထာက္ေတြကို ငါ ႐ိုက္ခ်ိဳးပစ္တယ္’ေပါ့။ သူ ခင္ဗ်ားကို အဲဒီလိုမ်ိဳး ေျပာတဲ့အခါက်ရင္ေတာ့ သူ တကယ္လုပ္မယ္လို႔ကို ခင္ဗ်ား ယုံၾကည္သြားလိမ့္မယ္”လို႔ ပီတာ ခေရာက္ခ်္က ၂၀၁၈ ခုႏွစ္တုန္းက ၎ရဲ႕ Podcast မွာ ဝန္ခံ ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။

ပီတာ ခေရာက္ခ်္ရဲ႕ Podcast မွာ ပူးတြဲတင္ဆက္သူေတြထဲက တစ္ဦးက “ကြၽန္ေတာ့္ရဲ႕ အသက္ ၇ ႏွစ္သားအ႐ြယ္ သားျဖစ္သူက ေဘာလုံးေလာကရဲ႕ တသက္တာ အညစ္ပတ္ဆုံးကစားသမားက ဘယ္သူလဲလို႔ ေမးခဲ့တ္။ ကြၽန္ေတာ္ ခ်က္ခ်င္းပဲ YouTube ကို ဖြင့္ၿပီး ကီဗင္ မြတ္စ္ကတ္နာမည္႐ိုက္ရွာၿပီး သူ႔ကို ဘယ္ေလာက္ေတာင္ ဆိုး႐ြားလဲဆိုတာ ၾကည့္ခိုင္းလိုက္တယ္။ သူလည္း နားလည္သြားခဲ့တယ္။ ခင္ဗ်ား ကီဗင္ မြတ္စ္ကတ္ရဲ႕ ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈကို တစ္ႀကိမ္ပဲ ခံႏိုင္မယ္။ ခင္ဗ်ား ကီဗင္ မြတ္စ္ကတ္ရဲ႕ အေကာင္းဆုံးကို ရႏိုင္တယ္။ အဲဒါက ကီဗင္ မြတ္စ္ကတ္ရဲ႕ အဆိုး႐ြားဆုံးအရာေပါ့။ အဲဒါက ေၾကာက္စရာေကာင္းပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ ႐ြိဳင္ ကီးန္ ညစ္ပတ္တယ္ဆိုတာ အိပ္ေနသေလာက္ပဲ ရွိတဲ့ ကီဗင္ မြတ္စ္ကတ္ဆိုတာ ဘယ္လို ကစားသမားမ်ိဳးလဲ၊ ဘာေၾကာင့္ ကြင္းထဲမွာ ၿပိဳင္ဘက္ကစားသမားေတြ အရမ္းေၾကာက္ရတဲ့ကစားသမားျဖစ္ခဲ့လဲဆိုတာကို ေအာက္မွာ ပါတဲ့ ဗီဒီယိုဖိုင္ထဲမွာ ကိုယ္တိုင္ပဲ ၾကည့္ရႈလိုက္ဖို႔ ေျပာခ်င္ပါတယ္။

ပထမဆုံးအေနနဲ႔ မဲလ္ဘုန္း ဗစ္တိုရီမွာ ကစားခဲ့တဲ့ ကာလအတြင္း တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ပစ္ဖို႔ ထိုက္တန္ခဲ့တဲ့ တုန္လႈပ္ဖြယ္ ဖ်က္ထုတ္မႈကို ေတြ႕ရမွာျဖစ္ၿပီး ေနာက္ဗီဒီယိုတစ္ခုကေတာ့ ကစားသမားဘဝ ဘာေၾကာင့္ ၁၂ ႀကိမ္အထိ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရလဲဆိုတာကို ျပသထားတဲ့ ဗီဒီယိုျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.