Premier League

စီးတီးကို ယှဉ်လို့မရတာ အရမ်းကောင်းလွန်းလို့မဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် Financial Fair Play စည်းမျဉ်းတွေ ရှိနေပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက လုပ်ချင်သလို လုပ်နိုင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ရမှတ် ၁၃ မှတ်အထိ ဖြတ်ထားတဲ့ မန်ချက်စတာစီးတီးနဲ့ အရေးကြီးတဲ့ ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့ အန်းဖီးမှာ တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာအထိ ကွာဟနေတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီက စီးတီးကို လိုက်မီဖို့ ၁ မှတ်သာ လိုခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ တော်တော်လေး ကွာခြားနေတာဖြစ်ပြီး ဟာလန်းရောက်ရှိလာမှုက မန်စီးတီးကို ဒီရာသီမှာ နောက်တဆင့် မြင့်သွားစေခဲ့ပုံပေါ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီ မန်ချက်စတာစီးတီးအတွက် ပထမဆုံး ၉ ပွဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီးဖြစ်ပြီး ယာဂန် ကလော့ပ်က စီးတီးနဲ့ ဘဏ္ဍာရေးပိုင်းမှာ ယှဉ်ပြိုင်လားလို့ မေးမြန်းခံခဲ့ရတဲ့အချိန်မှာ FFP စည်းမျဉ်းနဲ့ အဓိကပြိုင်ဘက်အသင်းကို ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

“အိုး၊ ခင်ဗျား အဖြေကိုတော့ ကြိုက်လောက်မှာမဟုတ်ဘူး။ ခင်ဗျား အဖြေကို ကြိုက်မှာမဟုတ်ပါဘူး။ ခင်ဗျားတို့အားလုံးမှာ အဖြေက ရှိပြီးသားပါ။ အဲဒီအပိုင်းမှာတော့ စီးတီးကို ဘယ်သူမှ ယှဉ်လို့မရနိုင်ပါဘူး။ ခင်ဗျားမှာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းရှိပြီး ဈေးကွက်ထဲက အကောင်းဆုံး တိုက်စစ်မှူးကို အဲဒီအသင်းထဲ ထည့်လိုက်တယ်။ ဘယ်လောက်ပဲ ကုန်ကုန် ကိစ္စမရှိဘူး။ ခင်ဗျား အဲဒီအတိုင်း လုပ်လိုက်တယ်။ စီးတီးကတော့ အဲဒီလိုပြောတာကို ကြိုက်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော် သိတယ်”

“ဘယ်သူမှလည်း ကြိုက်မှာမဟုတ်ပါဘူး။ ခင်ဗျားက မေးခွန်းကို မေးခဲ့ပေမယ့် ခင်ဗျား အဖြေကို သိပြီးသားပါ။ လီဗာပူးလ်ကရော ဘာလုပ်လဲဆိုရင် ကျွန်တော်တို့ သူတို့လို မလုပ်နိုင်ဘူး။ အဲဒီလိုလုပ်ဖို့က မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ အဲဒါက ရှင်းလင်းနေပြီး ထပ်ပြောရရင် ခင်ဗျား အဖြေကို သိပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ ဘဏ္ဍာရေးပိုင်းနဲ့ပတ်သက်ပြီး သူတို့ လုပ်ချင်တာ လုပ်လို့ရတဲ့ အသင်း ၃ သင်းရှိနေတယ်။ အဲဒါက တရားဝင်ပြီး အရာအားလုံး အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့တွေ လုပ်ချင်တာလုပ်နိုင်တယ်”

“သူတို့တွေက ‘ဟုတ်တယ်လေ။ ဒါပေမယ့် ငါတို့မှာ လုပ်နိုင်တဲ့အနေအထားရှိတယ်’လို့ ပြောလိမ့်မယ်။ ဒါပေမယ့် အဲဒါက တကယ့်အမှန်တရားပဲ။ ကျွန်တော်တို့က အဲဒါကို ကြည့်ပြီး ‘ငါတို့လည်း အဲဒီလို လုပ်နိုင်ဖို့လိုတယ်။ ငါတို့လည်း လိုအပ်တယ်။ ကျွန်တော်တို့ အသင်းကို ကြည့်ပြီး ပိုပြီး ငယ်ရွယ်တဲ့အသင်းဖြစ်အောင်၊ အလားအလာရှိတဲ့ကစားသမားတွေရှိအောင်၊ အရည်အချင်းရှိတဲ့သူတွေရှိအောင် လုပ်နေပြီး အဲဒါက ခင်ဗျား လုပ်ရမယ့်ဟာပါ။ ပြီးတော့ ခင်ဗျား သူတို့နဲ့ ယှဉ်ပြိုင်ရတယ်”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ငွေကြေးသုံးစွဲနိုင်တဲ့ စွမ်းအားက လီဗာပူးလ်ထက် ပိုပြီးတော့ ကြီးမားကောင်း ကြီးမားနိုင်ပေမယ့် ကလော့ပ်က စီးတီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ၎င်းအသင်းရဲ့ မှတ်တမ်းကောင်းကို ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ယခုရာသီ ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို ၃-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပြီးဖြစ်ပြီး ဝင်ဘလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မတိုင်ခင် ၃ ပွဲမှာလည်း ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က မန္စီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္ခင္ Financial Fair Play စည္းမ်ဥ္းေတြ ရွိေနေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက လုပ္ခ်င္သလို လုပ္ႏိုင္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ရမွတ္ ၁၃ မွတ္အထိ ျဖတ္ထားတဲ့ မန္ခ်က္စတာစီးတီးနဲ႔ အေရးႀကီးတဲ့ ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔ အန္းဖီးမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာအထိ ကြာဟေနတာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့ရာသီက စီးတီးကို လိုက္မီဖို႔ ၁ မွတ္သာ လိုခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ ေတာ္ေတာ္ေလး ကြာျခားေနတာျဖစ္ၿပီး ဟာလန္းေရာက္ရွိလာမႈက မန္စီးတီးကို ဒီရာသီမွာ ေနာက္တဆင့္ ျမင့္သြားေစခဲ့ပုံေပၚပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ယခုရာသီ မန္ခ်က္စတာစီးတီးအတြက္ ပထမဆုံး ၉ ပြဲမွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၅ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ယာဂန္ ကေလာ့ပ္က စီးတီးနဲ႔ ဘ႑ာေရးပိုင္းမွာ ယွဥ္ၿပိဳင္လားလို႔ ေမးျမန္းခံခဲ့ရတဲ့အခ်ိန္မွာ FFP စည္းမ်ဥ္းနဲ႔ အဓိကၿပိဳင္ဘက္အသင္းကို ျပစ္တင္ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

“အိုး၊ ခင္ဗ်ား အေျဖကိုေတာ့ ႀကိဳက္ေလာက္မွာမဟုတ္ဘူး။ ခင္ဗ်ား အေျဖကို ႀကိဳက္မွာမဟုတ္ပါဘူး။ ခင္ဗ်ားတို႔အားလုံးမွာ အေျဖက ရွိၿပီးသားပါ။ အဲဒီအပိုင္းမွာေတာ့ စီးတီးကို ဘယ္သူမွ ယွဥ္လို႔မရႏိုင္ပါဘူး။ ခင္ဗ်ားမွာ ကမာၻေပၚက အေကာင္းဆုံးအသင္းရွိၿပီး ေဈးကြက္ထဲက အေကာင္းဆုံး တိုက္စစ္မႉးကို အဲဒီအသင္းထဲ ထည့္လိုက္တယ္။ ဘယ္ေလာက္ပဲ ကုန္ကုန္ ကိစၥမရွိဘူး။ ခင္ဗ်ား အဲဒီအတိုင္း လုပ္လိုက္တယ္။ စီးတီးကေတာ့ အဲဒီလိုေျပာတာကို ႀကိဳက္မွာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ သိတယ္”

“ဘယ္သူမွလည္း ႀကိဳက္မွာမဟုတ္ပါဘူး။ ခင္ဗ်ားက ေမးခြန္းကို ေမးခဲ့ေပမယ့္ ခင္ဗ်ား အေျဖကို သိၿပီးသားပါ။ လီဗာပူးလ္ကေရာ ဘာလုပ္လဲဆိုရင္ ကြၽန္ေတာ္တို႔ သူတို႔လို မလုပ္ႏိုင္ဘူး။ အဲဒီလိုလုပ္ဖို႔က မျဖစ္ႏိုင္ဘူး။ မျဖစ္ႏိုင္ပါဘူး။ အဲဒါက ရွင္းလင္းေနၿပီး ထပ္ေျပာရရင္ ခင္ဗ်ား အေျဖကို သိပါတယ္။ ကမာၻ႔ေဘာလုံးေလာကမွာ ဘ႑ာေရးပိုင္းနဲ႔ပတ္သက္ၿပီး သူတို႔ လုပ္ခ်င္တာ လုပ္လို႔ရတဲ့ အသင္း ၃ သင္းရွိေနတယ္။ အဲဒါက တရားဝင္ၿပီး အရာအားလုံး အဆင္ေျပပါတယ္။ ဒါေပမယ့္ သူတို႔ေတြ လုပ္ခ်င္တာလုပ္ႏိုင္တယ္”

“သူတို႔ေတြက ‘ဟုတ္တယ္ေလ။ ဒါေပမယ့္ ငါတို႔မွာ လုပ္ႏိုင္တဲ့အေနအထားရွိတယ္’လို႔ ေျပာလိမ့္မယ္။ ဒါေပမယ့္ အဲဒါက တကယ့္အမွန္တရားပဲ။ ကြၽန္ေတာ္တို႔က အဲဒါကို ၾကည့္ၿပီး ‘ငါတို႔လည္း အဲဒီလို လုပ္ႏိုင္ဖို႔လိုတယ္။ ငါတို႔လည္း လိုအပ္တယ္။ ကြၽန္ေတာ္တို႔ အသင္းကို ၾကည့္ၿပီး ပိုၿပီး ငယ္႐ြယ္တဲ့အသင္းျဖစ္ေအာင္၊ အလားအလာရွိတဲ့ကစားသမားေတြရွိေအာင္၊ အရည္အခ်င္းရွိတဲ့သူေတြရွိေအာင္ လုပ္ေနၿပီး အဲဒါက ခင္ဗ်ား လုပ္ရမယ့္ဟာပါ။ ၿပီးေတာ့ ခင္ဗ်ား သူတို႔နဲ႔ ယွဥ္ၿပိဳင္ရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေငြေၾကးသုံးစြဲႏိုင္တဲ့ စြမ္းအားက လီဗာပူးလ္ထက္ ပိုၿပီးေတာ့ ႀကီးမားေကာင္း ႀကီးမားႏိုင္ေပမယ့္ ကေလာ့ပ္က စီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲမွာ ၎အသင္းရဲ႕ မွတ္တမ္းေကာင္းကို ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ယခုရာသီ ကြန္ျမဴနတီဒိုင္းလုပြဲမွာ မန္စီးတီးကို ၃-၁ နဲ႔ အႏိုင္ယူႏိုင္ခဲ့ၿပီးျဖစ္ၿပီး ဝင္ဘေလမွာ ကစားခဲ့တဲ့ ပြဲစဥ္မတိုင္ခင္ ၃ ပြဲမွာလည္း ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.