Premier League Transfer News

အာဆင်နယ်ကင်းထောက်တွေကို အထင်ကြီးအောင် လုပ်ခဲ့တဲ့ ၅၅ ဂိုးရှင်ကြယ်ပွင့်

အာဆင်နယ်ပစ်မှတ် ကိုဒီ ဂတ်ခ်ပိုဟာ ယခုရာသီ ပီအက်စ်ဗွီအသင်းအတွက် ပြသနေတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ အာဆင်နယ်ကင်းထောက်အဖွဲ့ကို အထင်ကြီးစေခဲ့တယ်လို့ ဂျာနယ်လစ် ပိထ်တ် အိုရော့ခ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ငွေကြေးသုံးစွဲဖို့ လက်မတွန့်ခဲ့ဘဲ ပေါင်သန်း ၁၂၀ နီးပါး သုံးစွဲခဲ့ပေမယ့် နည်းပြ အာတီတာနဲ့ နည်းစနစ် ဒါရိုက်တာ အီဒူးတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ထပ် လူအင်အားဖြည့်တင်းသွားမှာဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ဂတ်ခ်ပိုရဲ့ တိုးတက်မှုအခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ပီအက်စ်ဗွီရဲ့ နှစ်သစ်အကူးအပြောင်းမှာ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်သွားမယ်လို့ သိရပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ မကြာသေးမီက နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၉ ပွဲပါဝင်ကစားပေးထားတဲ့ ကစားသမားနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားက အဲလန်း ရုဒ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့တယ်လို့ ယင်းသတင်းက ရီးရဲလ်မက်ဒရစ်ကလည်း နောက်ထပ်ပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်းအဖြစ် ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကလည်း ကိုဒီ ဂက်ခ်ပိုကို ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီးနောက် ဒတ်ချ်တောင်ပံကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့တယ်လို့ နားလည်ရပြီး ပီအက်စ်ဗွီကြယ်ပွင့်ဟာ အစပိုင်းတုန်းက အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးမှာ အလျင်စလို မပြောင်းရွှေ့ချင်ခဲ့တာဖြစ်ပါတယ်။

ဒတ်ချ်တောင်ပံကစားသမားဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေကြောင့် စွမ်းဆောင်ရည် ကျဆင်းမှာကို ခွင့်မပြုခဲ့ဘဲ ယခုရာသီမှာ ပီအက်စ်ဗွီအသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ဂတ်ခ်ပိုရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပေမယ့်လည်း လိဒ်စ်ယူနိုက်တက်အသင်းက ဒတ်ချ်တောင်ပံကစားသမားကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ဇန်နဝါရီလရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဂျာနယ်လစ် ပိထ်တ် အိုရော့ခ်က အာဆင်နယ်ဟာ ဂတ်ခ်ပိုကို အနီးကပ်စောင့်ကြည့်နေပြီး ယခုရာသီ ကွင်းအတွင်းက သွင်းဂိုးတွေကြောင့် ၎င်းတို့ရဲ့ စိတ်ဝင်စားမှုက ပိုမို ခိုင်မာလာခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

အိုရော့ခ်က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဒတ်ချ်တောင်ပံကစားသမားအတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် တကမ္ဘာလုံးရှေ့မှာ နောက်ထပ် အထင်ကြီးဖွယ် စွမ်းဆောင်ရည် ပြသနိုင်ဖို့အတွက် အခွင့်အရေးကောင်းဖြစ်တယ်လို့ ခံစားနေရပြီး ဒီရာသီမှာ ပီအက်စ်ဗွီကြယ်ပွင့်ရဲ့ စွမ်းဆောင်ရည်ကြောင့် ဘယ်အသင်းကြီးတွေက စိတ်လှုပ်ရှားခဲ့သလဲလို့ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“သူတို့တွေ စိတ်လှုပ်ရှားခဲ့မယ်ဆိုတာ ကျွန်တော် သေချာတယ်။ သူက ပြီးခဲ့တဲ့နွေရာသီမှာ ပစ်မှတ်ဖြစ်ခဲ့ပြီး သူတစ်ယောက်တည်းကပဲ အပြောင်းအရွှေ့ဈေးကွက်ပိတ်ပြီးကတည်းက အာဆင်နယ် ကစားသမားသစ်စုဆောင်းရေးအဖွဲ့ကို အထင်ကြီးအောင် လုပ်နိုင်ခဲ့တယ်။ ပီအက်စ်ဗွီမှာ ဆက်နေတာက သူ့အတွက် အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး”

“သူက ဒတ်ချ်လိဂ်မှာ ဂိုးတွေ ဆက်သွင်းယူနေပြီး ယူရိုပါလိဂ်မှာလည်း သွင်းယူနေပါတယ်။ အဲဒီတော့ သူက သူ့ရဲ့ ဂုဏ်သတင်းကို တကယ်ကို မြှင့်တင်နေပါတယ်။ သူက ကမ္ဘာ့ဖလားမှာလည်း နယ်သာလန်ရဲ့ တစိတ်တပိုင်းဖြစ်နေမှာဖြစ်ပြီး အဲဒီတော့ သူ့ရဲ့အရည်အချင်းတွေကို ပြသဖို့အတွက် အရမ်းကောင်းတဲ့အခွင့်အရေးရတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပစ္မွတ္ ကိုဒီ ဂတ္ခ္ပိုဟာ ယခုရာသီ ပီအက္စ္ဗြီအသင္းအတြက္ ျပသေနတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ အာဆင္နယ္ကင္းေထာက္အဖြဲ႕ကို အထင္ႀကီးေစခဲ့တယ္လို႔ ဂ်ာနယ္လစ္ ပိထ္တ္ အိုေရာ့ခ္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ေငြေၾကးသုံးစြဲဖို႔ လက္မတြန႔္ခဲ့ဘဲ ေပါင္သန္း ၁၂၀ နီးပါး သုံးစြဲခဲ့ေပမယ့္ နည္းျပ အာတီတာနဲ႔ နည္းစနစ္ ဒါ႐ိုက္တာ အီဒူးတို႔ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေနာက္ထပ္ လူအင္အားျဖည့္တင္းသြားမွာျဖစ္ပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ဂတ္ခ္ပိုရဲ႕ တိုးတက္မႈအေျခအေနကို ေစာင့္ၾကည့္ေနတဲ့ အသင္းေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ပီအက္စ္ဗြီရဲ႕ ႏွစ္သစ္အကူးအေျပာင္းမွာ ႀကံ့ႀကံ့ခံႏိုင္စြမ္းကို စမ္းသပ္သြားမယ္လို႔ သိရပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းဟာ မၾကာေသးမီက နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ ၉ ပြဲပါဝင္ကစားေပးထားတဲ့ ကစားသမားနဲ႔ သေဘာတူညီမႈ ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ကစားသမားက အဲလန္း ႐ုဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းပယ္ခဲ့တယ္လို႔ ယင္းသတင္းက ရီးရဲလ္မက္ဒရစ္ကလည္း ေနာက္ထပ္ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတဲ့အသင္းအျဖစ္ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကလည္း ကိုဒီ ဂက္ခ္ပိုကို ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ဒတ္ခ်္ေတာင္ပံကစားသမားနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရရွိခဲ့တယ္လို႔ နားလည္ရၿပီး ပီအက္စ္ဗြီၾကယ္ပြင့္ဟာ အစပိုင္းတုန္းက အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ေပမယ့္ ေဈးကြက္ပိတ္ခါနီးမွာ အလ်င္စလို မေျပာင္းေ႐ႊ႕ခ်င္ခဲ့တာျဖစ္ပါတယ္။

ဒတ္ခ်္ေတာင္ပံကစားသမားဟာ ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္တဲ့ ေကာလာဟလသတင္းေတြေၾကာင့္ စြမ္းေဆာင္ရည္ က်ဆင္းမွာကို ခြင့္မျပဳခဲ့ဘဲ ယခုရာသီမွာ ပီအက္စ္ဗြီအသင္းအတြက္ ၁၇ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက ဂတ္ခ္ပိုရဲ႕ ျငင္းပယ္ျခင္း ခံခဲ့ရေပမယ့္လည္း လိဒ္စ္ယူႏိုက္တက္အသင္းက ဒတ္ခ်္ေတာင္ပံကစားသမားကို စိတ္ဝင္စားေနဆဲျဖစ္ၿပီး ဇန္နဝါရီလရဲ႕ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားဆဲျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ာနယ္လစ္ ပိထ္တ္ အိုေရာ့ခ္က အာဆင္နယ္ဟာ ဂတ္ခ္ပိုကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ယခုရာသီ ကြင္းအတြင္းက သြင္းဂိုးေတြေၾကာင့္ ၎တို႔ရဲ႕ စိတ္ဝင္စားမႈက ပိုမို ခိုင္မာလာခဲ့တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

အိုေရာ့ခ္က လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ဒတ္ခ်္ေတာင္ပံကစားသမားအတြက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ တကမာၻလုံးေရွ႕မွာ ေနာက္ထပ္ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ ျပသႏိုင္ဖို႔အတြက္ အခြင့္အေရးေကာင္းျဖစ္တယ္လို႔ ခံစားေနရၿပီး ဒီရာသီမွာ ပီအက္စ္ဗြီၾကယ္ပြင့္ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ ဘယ္အသင္းႀကီးေတြက စိတ္လႈပ္ရွားခဲ့သလဲလို႔ ေမးျမန္းခဲ့ရာမွာ အခုလိုပဲ ေျပာၾကားသြားခဲ့ပါတယ္။

“သူတို႔ေတြ စိတ္လႈပ္ရွားခဲ့မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ သူက ၿပီးခဲ့တဲ့ေႏြရာသီမွာ ပစ္မွတ္ျဖစ္ခဲ့ၿပီး သူတစ္ေယာက္တည္းကပဲ အေျပာင္းအေ႐ႊ႕ေဈးကြက္ပိတ္ၿပီးကတည္းက အာဆင္နယ္ ကစားသမားသစ္စုေဆာင္းေရးအဖြဲ႕ကို အထင္ႀကီးေအာင္ လုပ္ႏိုင္ခဲ့တယ္။ ပီအက္စ္ဗြီမွာ ဆက္ေနတာက သူ႔အတြက္ အက်ိဳးသက္ေရာက္မႈမရွိခဲ့ပါဘူး”

“သူက ဒတ္ခ်္လိဂ္မွာ ဂိုးေတြ ဆက္သြင္းယူေနၿပီး ယူ႐ိုပါလိဂ္မွာလည္း သြင္းယူေနပါတယ္။ အဲဒီေတာ့ သူက သူ႔ရဲ႕ ဂုဏ္သတင္းကို တကယ္ကို ျမႇင့္တင္ေနပါတယ္။ သူက ကမာၻ႔ဖလားမွာလည္း နယ္သာလန္ရဲ႕ တစိတ္တပိုင္းျဖစ္ေနမွာျဖစ္ၿပီး အဲဒီေတာ့ သူ႔ရဲ႕အရည္အခ်င္းေတြကို ျပသဖို႔အတြက္ အရမ္းေကာင္းတဲ့အခြင့္အေရးရတာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.