Analysis Article Match Preview Premier League

ဂွါဒီယိုလာ ကလော့ပ်ကို နိုင်ချင်ရင် မယားဖို့ပဲလိုတဲ့ လီဗာပူး-မန်စီးတီး ပွဲကြိုသုံးသပ်မှု

လီဗာပူးလ်အသင်းက သူတို့ရဲ့ အကြီးဆုံး ပြိုင်ဘက်လို့ ပွဲကြိုမှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒါရိုက်ရှင် နှစ်ဖက်ရှိတဲ့ စကားနဲ့ ကြိုကာပြီး ပြောလိုက်တာလားလို့ မေးချင်စရာပါ။ ဒီစကားက တစ်ဖက်ကို မြှောက်ပေးလိုက်တာလည်းဖြစ်နိုင်သလို တကယ်လို ခြေချော်လက်ချော် ရှုံးသွားခဲ့ရင် အဆင်ပြေအောင် နှစ်ကျပ်ကွက်နင်းထားလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဂွါဒီယိုလာအနေနဲ့ ကလော့ပ်နဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိပြီး လီဗာပူးလ်တို့ရဲ့ Direct Attacking ဒဏ်ကို ပက်ပက်စက်စက် ခံခဲ့ရသလို Gegenpress ဆိုတာလည်း ဦးဂတုံးတစ်ယောက် မဖြေရှင်းနိုင်သေးတဲ့ ပုစ္ဆာဖြစ်ပြီး သူတို့နှစ်သင်းတွေ့တိုင်း မရှုံးဖို့အတွက် ဂိုးများများ သွင်းခဲ့ရချိန်မှာ ဘောလုံးလောင်းသူတွေ အလိုအရတော့ ဂိုးပေါ်တဲ့ပွဲတွေ ဖြစ်ခဲ့တာပါ။

လက်ရှိအနေအထားမှာတော့ နှစ်သင်းရဲ့ ရပ်တည်မှုက ကွာဟချက်ကြီးမားလွန်းနေပြီး အရင်ရာသီတွေကလို ဇယားထိပ်တိုက်ပွဲ မဟုတ်ဘဲ ဇယားထိပ်နဲ့ အဆင့် ၂ နဲ့ အဆင့် ၁၁ ရဲ့ တွေ့ဆုံမှုဖြစ်နေခဲ့ချိန်မှာ အားနည်းချက်ထက် အားသာချက်တွေက မန်စီးတီးတို့ဘက်မှာ ရှိနေပြီး လီဗာပူးလ်က အိမ်ကွင်း အန်းဖီးလ်မှာ အောက်သင်းအဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ကလော့ပ်အနေနဲ့ ဒဏ်ရာတွေကြောင့် ခေါင်းခဲနေရသလို အသင်းအတွက် ဒိုင်ခံရုန်းပေးနေတဲ့ လူးဝစ် ဒီယက်ဇ် အာဆင်နယ်နဲ့ပွဲမှာ သောမတ်စ် ပါတေး ကျွေးတာခံလိုက်ရပြီး နာသွားတာက ဘယ်တောင်ပံမှာ လုပ်အားနှုန်း လျော့ကျသွားစေသလို ဒါကို ဒီယိုဂို ဂျိုတာနဲ့ အန်ဒီ ရောဘတ်ဆန်တို့ ပူးပေါင်းဖြည့်ဆည်းပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဂွါဒီယိုလာကတော့ ဝေါ်လ်ကာရဲ့ ဒဏ်ရာကို ဖြည့်ဆည်းနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ကွင်းလယ်လူတွေ နည်းပါးနေချိန်မှာ ၄-၂-၄ ကစားကွက်ကို အသုံးပြုနေပြီး ရောဘတ်တို ဖာမီနို သို့မဟုတ် ဂျိုတာက အထောင်တိုက်စစ်မှူးနဲ့ ကွင်းလယ်ကြားမှာ လိုက်လံချိတ်ဆက်လေ့ရှိနေပြီး ဆာလားတစ်ယောက်ကတော့ ရုန်းကန်နေခဲ့ရချိန်မှာ ရိန်းဂျားစ်ကို ဟက်ထရစ် သွင်းယူခဲ့ပေမယ့် မန်စီးတီးဟာ ချန်ပီယံလိဂ်အသင်းလေး မဟုတ်ဘဲ ပရီးမီးယားလိဂ်အင်အားကြီးဆိုတာကိုတော့ သတိထားရဦးမှာပါ။

မန်စီးတီးတို့ကတော့ ဘယ်နောက်ခံလူ ဆာဂျီယို ဂိုမက်ဇ်ဟာ အတွေ့အကြုံ နုလွန်းသေးကြောင်း သိသာလွန်းနေခဲ့ပြီး လီဗာပူးလ်လို အသင်းမျိုးနဲ့ ပွဲမှာ ဆာလားကို ထိန်းဖို့ မယုံကြည်နိုင်သလို ညာနောက်ခံလူ ခိုင်လ် ဝေါ်လ်ကာ မရှိတော့ချိန်မှာ ဂျာအို ကန်ဆယ်လိုက ညာဘက်ပြောင်းကစားပြီး ဘယ်ခြမ်းကိုတော့ နေသန် အာကေနဲ့ အစားထိုးဖို့၊ ဒါမှ မဟုတ် ကန်ဆယ်လိုပဲ ဘယ်မှာ ကစားပြီး ညာခြမ်းမှာ အာကန်ဂျီကို သုံးဖို့ ဖြစ်လာနိုင်ပါတယ်။

အဓိကအားဖြင့်တော့ လူမစုံတဲ့ လီဗာပူးလ်တို့ထက် တိုက်စစ်မှာ လူတွေများနေပြီး သူများထက်ထူး နဖူး ဟိုဟာပေါက်နေတဲ့ ဂွါဒီယိုလာအနေနဲ့ ဒီလိုပွဲမျိုးမှာ မယားဖို့ကိုပဲ ဂရုစိုက်ရမှာပါ။ လူတွေ များတယ်ဆိုပြီး ဂျက်ခ် ဂရီးလစ်ရှ်၊ အာလင်း ဟားလန်းနဲ့ ဖီးလ် ဖိုဒန်တို့ရဲ့ တည်ငြိမ်နေတဲ့ တိုက်စစ်အတွဲအဖက်ကို ဖျက်ပြီး ရီယက် မာရက်ဇ်ကို ညာခြမ်းမှာ ထည့်သွင်းခဲ့ရာမှာ စိတ်ပျက်စရာဖြစ်ခဲ့တာကို အချိန်မီ ပြင်ဆင်နိုင်ဖို့လည်း လိုအပ်နေပါတယ်။

အယ်လ်ဂျီးရီးယားသားရဲ့ ခြေစွမ်းကျဆင်းနေပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ပုံစံက ဟားလန်းကို သွင်းဂိုးတွေ လျော့ကျစေခဲ့ပြီး ဖိုဒန်က ဘယ်ခြမ်း ထွက်ကစားရာမှာလည်း ဘောလုံးသိပ်မထွက်တော့လို့ နော်ဝေသား အထီးကျန်ပြီး ပြဿနာတက်ခဲ့သလို ဖန်တီးမှု ညံ့တဲ့ ဟူလီယန် အယ်လ်ဗာရက်ဇ်ကို တိုက်စစ်မှူးနောက်မှာ နေရာချထားခဲ့တာကလည်း ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများဆိုသလို ရှိနေခဲ့တာပါ။

ကွင်းလယ်အထိုင်မှာ အစ်လ်ကိုင်း ဂွန်ဒိုးဝမ်ပါတာနဲ့ မပါတာ သိသာလွန်းပြီး သူမပါရင် ဘာနာဒို ဆေးလ်ဗားနဲ့ ကီဗင် ဒီဘရိုင်းနားတို့ ဘောလုံး အဆင်သင့် မရဘဲ ရုန်းကန်ရသလို ရိုဒရီရဲ့ အဖျက်ကောင်းပေမယ့် ဘောလုံးအဖြန့်ပိုင်းမှာ အားနည်းတာတွေကလည်း သိသာနေလို့ ဂွါဒီယိုလာအနေနဲ့ ကွင်းလယ်သုံးယောက်မှာ ခံစစ်ကောင်းချင်ရင် ကစားကွက် ချောမွေ့မှုကို စွန့်လွှတ်ရမလိုဖြစ်နေခဲ့ပါတယ်။

စီးတီးတို့ရဲ့ ကွင်းလယ်သုံးဦး ရွေးချယ်မှုနဲ့ တိုက်စစ်သုံးဦး ရွေးချယ်မှုတွေက ဒီပွဲမှာ အဆုံးအဖြတ် ပေးသွားမယ့် အချက်တွေဖြစ်ပြီး လီဗာပူးလ်တို့ကတော့ Pressing ကောင်းကောင်းနဲ့ ဖိအားပေးဖို့ပဲ ကြိုးစားလာမှာဖြစ်သလို ဒဏ်ရာရထားတဲ့ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်အစား ဂျိုးဂိုမက်ဇ်ကို မဖြစ်မနေ ရွေးချယ်ရမှာကတော့ သူတို့အတွက် အဆိုးထဲက အကောင်းအဖြစ် ခံစစ်ကို ပိုမိုစိတ်ချရစေပါတယ်။

အန်းဖီးလ်က တနင်္ဂနွေည ပွဲစဉ်မှာ အပြောင်းအလဲလုပ်ခွင့် သိပ်မရှိတဲ့ ကလော့ပ်နဲ့ လူရွေးစရာတွေ များပြီး ငါးသိုင်းများ ဟင်းဟုန်နေတဲ့ ဂွါဒီယိုလာတို့ တွေ့ဆုံနေချိန်မှာ ခြေစွမ်းနဲ့ အင်အားအရ မန်စီးတီးတို့ သာလွန်နေပေမယ့် မတည်ငြိမ်တဲ့ လူရွေးချယ်မှုက သူတို့ကို အားလျော့စေသလို လီဗာပူးလ်တို့အတွက်တော့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တာပါ။

ဂွါဒီယိုလာရဲ့ အကောင်းဆုံး လူစာရင်းအနေနဲ့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ အာကေ၊ ကွင်းလယ်မှာ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ ဒီဘရိုင်းနား၊ တိုက်စစ်မှာ ဂရီးလစ်ရှ်၊ ဖိုဒန်နဲ့ ဟားလန်းတို့ကိုပဲ ရွေးချယ်လာတာ အသင့်တော်ဆုံးဖြစ်နိုင်ပြီး ရိုဒရီကို အသုံးပြုခဲ့ရင်တော့ ကွင်းလယ်လေးသွားနိုင်သလို မာရက်ဇ်ကို သုံးရင်တော့ တိုက်စစ်က အိုးနင်းခွက်နင်းဖြစ်သွားနိုင်ပါတယ်။

ကလော့ပ်ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ ဗန်ဒိုက်၊ ကိုနာတေ၊ ရောဘတ်ဆန်၊ ကွင်းလယ်မှာ ဟန်ဒါဆန်၊ သီယာဂို၊ တိုက်စစ်မှာ ဂျိုတာ၊ ဖာမီနို၊ ဆာလား၊ နူးညက်ဇ်တို့နဲ့ပဲ အထိုင်ချလာဖို့ များနေပြီး ဖာဘင်ညိုကိုတော့ ပွဲတွင်း အခြေအနေအပေါ် မူတည်ပြီး အရန်ခုံကနေ ထည့်သွင်းလာနိုင်တာပါ။

မန်စီးတီးတို့ အနိုင်ရမယ်လို့ အလေးပေး ခန့်မှန်းမှုတွေ များနေတဲ့ ပွဲမှာ အာဆင်နယ်ကိုတောင် ရုန်းကန်ခဲ့ရတဲ့ လီဗာပူးလ်တို့ အထင်ကြီး မခံရတာက သူတို့တွေ ဖိအားမဝင်ဘဲ ကစားနိုင်မယ့် အခွင့်အရေးကောင်းဖြစ်နေပေမယ့် လက်ရှိချန်ပီယံတွေကတော့ ထင်ထားတဲ့အတိုင်း နိုင်ပွဲ ယူနိုင်ဖို့ ဂွါဒီယိုလာအနေနဲ့ မာရက်ဇ်ကြီးကို ထည့်ပြီး ဟိုဒင်းမယားဖို့ တစ်ခုသာ လိုအပ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းက သူတို႔ရဲ႕ အႀကီးဆုံး ၿပိဳင္ဘက္လို႔ ပြဲႀကိဳမွာ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဒါ႐ိုက္ရွင္ ႏွစ္ဖက္ရွိတဲ့ စကားနဲ႔ ႀကိဳကာၿပီး ေျပာလိုက္တာလားလို႔ ေမးခ်င္စရာပါ။ ဒီစကားက တစ္ဖက္ကို ေျမႇာက္ေပးလိုက္တာလည္းျဖစ္ႏိုင္သလို တကယ္လို ေျခေခ်ာ္လက္ေခ်ာ္ ရႈံးသြားခဲ့ရင္ အဆင္ေျပေအာင္ ႏွစ္က်ပ္ကြက္နင္းထားလည္း ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။

ဂြါဒီယိုလာအေနနဲ႔ ကေလာ့ပ္နဲ႔ေတြ႕တိုင္း ႐ုန္းကန္ရေလ့ရွိၿပီး လီဗာပူးလ္တို႔ရဲ႕ Direct Attacking ဒဏ္ကို ပက္ပက္စက္စက္ ခံခဲ့ရသလို Gegenpress ဆိုတာလည္း ဦးဂတုံးတစ္ေယာက္ မေျဖရွင္းႏိုင္ေသးတဲ့ ပုစာၦျဖစ္ၿပီး သူတို႔ႏွစ္သင္းေတြ႕တိုင္း မရႈံးဖို႔အတြက္ ဂိုးမ်ားမ်ား သြင္းခဲ့ရခ်ိန္မွာ ေဘာလုံးေလာင္းသူေတြ အလိုအရေတာ့ ဂိုးေပၚတဲ့ပြဲေတြ ျဖစ္ခဲ့တာပါ။

လက္ရွိအေနအထားမွာေတာ့ ႏွစ္သင္းရဲ႕ ရပ္တည္မႈက ကြာဟခ်က္ႀကီးမားလြန္းေနၿပီး အရင္ရာသီေတြကလို ဇယားထိပ္တိုက္ပြဲ မဟုတ္ဘဲ ဇယားထိပ္နဲ႔ အဆင့္ ၂ နဲ႔ အဆင့္ ၁၁ ရဲ႕ ေတြ႕ဆုံမႈျဖစ္ေနခဲ့ခ်ိန္မွာ အားနည္းခ်က္ထက္ အားသာခ်က္ေတြက မန္စီးတီးတို႔ဘက္မွာ ရွိေနၿပီး လီဗာပူးလ္က အိမ္ကြင္း အန္းဖီးလ္မွာ ေအာက္သင္းအျဖစ္ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ကေလာ့ပ္အေနနဲ႔ ဒဏ္ရာေတြေၾကာင့္ ေခါင္းခဲေနရသလို အသင္းအတြက္ ဒိုင္ခံ႐ုန္းေပးေနတဲ့ လူးဝစ္ ဒီယက္ဇ္ အာဆင္နယ္နဲ႔ပြဲမွာ ေသာမတ္စ္ ပါေတး ေကြၽးတာခံလိုက္ရၿပီး နာသြားတာက ဘယ္ေတာင္ပံမွာ လုပ္အားႏႈန္း ေလ်ာ့က်သြားေစသလို ဒါကို ဒီယိုဂို ဂ်ိဳတာနဲ႔ အန္ဒီ ေရာဘတ္ဆန္တို႔ ပူးေပါင္းျဖည့္ဆည္းေပးႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဂြါဒီယိုလာကေတာ့ ေဝၚလ္ကာရဲ႕ ဒဏ္ရာကို ျဖည့္ဆည္းႏိုင္ဖို႔ လုပ္ေဆာင္ရမွာျဖစ္ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ကြင္းလယ္လူေတြ နည္းပါးေနခ်ိန္မွာ ၄-၂-၄ ကစားကြက္ကို အသုံးျပဳေနၿပီး ေရာဘတ္တို ဖာမီႏို သို႔မဟုတ္ ဂ်ိဳတာက အေထာင္တိုက္စစ္မႉးနဲ႔ ကြင္းလယ္ၾကားမွာ လိုက္လံခ်ိတ္ဆက္ေလ့ရွိေနၿပီး ဆာလားတစ္ေယာက္ကေတာ့ ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ ရိန္းဂ်ားစ္ကို ဟက္ထရစ္ သြင္းယူခဲ့ေပမယ့္ မန္စီးတီးဟာ ခ်န္ပီယံလိဂ္အသင္းေလး မဟုတ္ဘဲ ပရီးမီးယားလိဂ္အင္အားႀကီးဆိုတာကိုေတာ့ သတိထားရဦးမွာပါ။

မန္စီးတီးတို႔ကေတာ့ ဘယ္ေနာက္ခံလူ ဆာဂ်ီယို ဂိုမက္ဇ္ဟာ အေတြ႕အႀကဳံ ႏုလြန္းေသးေၾကာင္း သိသာလြန္းေနခဲ့ၿပီး လီဗာပူးလ္လို အသင္းမ်ိဳးနဲ႔ ပြဲမွာ ဆာလားကို ထိန္းဖို႔ မယုံၾကည္ႏိုင္သလို ညာေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာ မရွိေတာ့ခ်ိန္မွာ ဂ်ာအို ကန္ဆယ္လိုက ညာဘက္ေျပာင္းကစားၿပီး ဘယ္ျခမ္းကိုေတာ့ ေနသန္ အာေကနဲ႔ အစားထိုးဖို႔၊ ဒါမွ မဟုတ္ ကန္ဆယ္လိုပဲ ဘယ္မွာ ကစားၿပီး ညာျခမ္းမွာ အာကန္ဂ်ီကို သုံးဖို႔ ျဖစ္လာႏိုင္ပါတယ္။

အဓိကအားျဖင့္ေတာ့ လူမစုံတဲ့ လီဗာပူးလ္တို႔ထက္ တိုက္စစ္မွာ လူေတြမ်ားေနၿပီး သူမ်ားထက္ထူး နဖူး ဟိုဟာေပါက္ေနတဲ့ ဂြါဒီယိုလာအေနနဲ႔ ဒီလိုပြဲမ်ိဳးမွာ မယားဖို႔ကိုပဲ ဂ႐ုစိုက္ရမွာပါ။ လူေတြ မ်ားတယ္ဆိုၿပီး ဂ်က္ခ္ ဂရီးလစ္ရွ္၊ အာလင္း ဟားလန္းနဲ႔ ဖီးလ္ ဖိုဒန္တို႔ရဲ႕ တည္ၿငိမ္ေနတဲ့ တိုက္စစ္အတြဲအဖက္ကို ဖ်က္ၿပီး ရီယက္ မာရက္ဇ္ကို ညာျခမ္းမွာ ထည့္သြင္းခဲ့ရာမွာ စိတ္ပ်က္စရာျဖစ္ခဲ့တာကို အခ်ိန္မီ ျပင္ဆင္ႏိုင္ဖို႔လည္း လိုအပ္ေနပါတယ္။

အယ္လ္ဂ်ီးရီးယားသားရဲ႕ ေျခစြမ္းက်ဆင္းေနၿပီး တစ္ကိုယ္ေကာင္းဆန္တဲ့ ပုံစံက ဟားလန္းကို သြင္းဂိုးေတြ ေလ်ာ့က်ေစခဲ့ၿပီး ဖိုဒန္က ဘယ္ျခမ္း ထြက္ကစားရာမွာလည္း ေဘာလုံးသိပ္မထြက္ေတာ့လို႔ ေနာ္ေဝသား အထီးက်န္ၿပီး ျပႆနာတက္ခဲ့သလို ဖန္တီးမႈ ညံ့တဲ့ ဟူလီယန္ အယ္လ္ဗာရက္ဇ္ကို တိုက္စစ္မႉးေနာက္မွာ ေနရာခ်ထားခဲ့တာကလည္း ေဘးထြက္ဆိုးက်ိဳး အနည္းနဲ႔အမ်ားဆိုသလို ရွိေနခဲ့တာပါ။

ကြင္းလယ္အထိုင္မွာ အစ္လ္ကိုင္း ဂြန္ဒိုးဝမ္ပါတာနဲ႔ မပါတာ သိသာလြန္းၿပီး သူမပါရင္ ဘာနာဒို ေဆးလ္ဗားနဲ႔ ကီဗင္ ဒီဘ႐ိုင္းနားတို႔ ေဘာလုံး အဆင္သင့္ မရဘဲ ႐ုန္းကန္ရသလို ႐ိုဒရီရဲ႕ အဖ်က္ေကာင္းေပမယ့္ ေဘာလုံးအျဖန႔္ပိုင္းမွာ အားနည္းတာေတြကလည္း သိသာေနလို႔ ဂြါဒီယိုလာအေနနဲ႔ ကြင္းလယ္သုံးေယာက္မွာ ခံစစ္ေကာင္းခ်င္ရင္ ကစားကြက္ ေခ်ာေမြ႕မႈကို စြန႔္လႊတ္ရမလိုျဖစ္ေနခဲ့ပါတယ္။

စီးတီးတို႔ရဲ႕ ကြင္းလယ္သုံးဦး ေ႐ြးခ်ယ္မႈနဲ႔ တိုက္စစ္သုံးဦး ေ႐ြးခ်ယ္မႈေတြက ဒီပြဲမွာ အဆုံးအျဖတ္ ေပးသြားမယ့္ အခ်က္ေတြျဖစ္ၿပီး လီဗာပူးလ္တို႔ကေတာ့ Pressing ေကာင္းေကာင္းနဲ႔ ဖိအားေပးဖို႔ပဲ ႀကိဳးစားလာမွာျဖစ္သလို ဒဏ္ရာရထားတဲ့ ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္အစား ဂ်ိဳးဂိုမက္ဇ္ကို မျဖစ္မေန ေ႐ြးခ်ယ္ရမွာကေတာ့ သူတို႔အတြက္ အဆိုးထဲက အေကာင္းအျဖစ္ ခံစစ္ကို ပိုမိုစိတ္ခ်ရေစပါတယ္။

အန္းဖီးလ္က တနဂၤေႏြည ပြဲစဥ္မွာ အေျပာင္းအလဲလုပ္ခြင့္ သိပ္မရွိတဲ့ ကေလာ့ပ္နဲ႔ လူေ႐ြးစရာေတြ မ်ားၿပီး ငါးသိုင္းမ်ား ဟင္းဟုန္ေနတဲ့ ဂြါဒီယိုလာတို႔ ေတြ႕ဆုံေနခ်ိန္မွာ ေျခစြမ္းနဲ႔ အင္အားအရ မန္စီးတီးတို႔ သာလြန္ေနေပမယ့္ မတည္ၿငိမ္တဲ့ လူေ႐ြးခ်ယ္မႈက သူတို႔ကို အားေလ်ာ့ေစသလို လီဗာပူးလ္တို႔အတြက္ေတာ့ အခြင့္အေရးတစ္ခု ျဖစ္လာႏိုင္တာပါ။

ဂြါဒီယိုလာရဲ႕ အေကာင္းဆုံး လူစာရင္းအေနနဲ႔ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ကန္ဆယ္လို၊ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္၊ အာေက၊ ကြင္းလယ္မွာ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗား၊ ဒီဘ႐ိုင္းနား၊ တိုက္စစ္မွာ ဂရီးလစ္ရွ္၊ ဖိုဒန္နဲ႔ ဟားလန္းတို႔ကိုပဲ ေ႐ြးခ်ယ္လာတာ အသင့္ေတာ္ဆုံးျဖစ္ႏိုင္ၿပီး ႐ိုဒရီကို အသုံးျပဳခဲ့ရင္ေတာ့ ကြင္းလယ္ေလးသြားႏိုင္သလို မာရက္ဇ္ကို သုံးရင္ေတာ့ တိုက္စစ္က အိုးနင္းခြက္နင္းျဖစ္သြားႏိုင္ပါတယ္။

ကေလာ့ပ္ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဂ်ိဳးဂိုမက္ဇ္၊ ဗန္ဒိုက္၊ ကိုနာေတ၊ ေရာဘတ္ဆန္၊ ကြင္းလယ္မွာ ဟန္ဒါဆန္၊ သီယာဂို၊ တိုက္စစ္မွာ ဂ်ိဳတာ၊ ဖာမီႏို၊ ဆာလား၊ ႏူးညက္ဇ္တို႔နဲ႔ပဲ အထိုင္ခ်လာဖို႔ မ်ားေနၿပီး ဖာဘင္ညိဳကိုေတာ့ ပြဲတြင္း အေျခအေနအေပၚ မူတည္ၿပီး အရန္ခုံကေန ထည့္သြင္းလာႏိုင္တာပါ။

မန္စီးတီးတို႔ အႏိုင္ရမယ္လို႔ အေလးေပး ခန႔္မွန္းမႈေတြ မ်ားေနတဲ့ ပြဲမွာ အာဆင္နယ္ကိုေတာင္ ႐ုန္းကန္ခဲ့ရတဲ့ လီဗာပူးလ္တို႔ အထင္ႀကီး မခံရတာက သူတို႔ေတြ ဖိအားမဝင္ဘဲ ကစားႏိုင္မယ့္ အခြင့္အေရးေကာင္းျဖစ္ေနေပမယ့္ လက္ရွိခ်န္ပီယံေတြကေတာ့ ထင္ထားတဲ့အတိုင္း ႏိုင္ပြဲ ယူႏိုင္ဖို႔ ဂြါဒီယိုလာအေနနဲ႔ မာရက္ဇ္ႀကီးကို ထည့္ၿပီး ဟိုဒင္းမယားဖို႔ တစ္ခုသာ လိုအပ္ေနေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.