Premier League

ဂန်းနားတို့မှာ ဆာကာနောက်တစ်ယောက်ရှိနေပြီလို့ ပြောလိုက်တဲ့ အာဆင်နယ်ဂန္တဝင်

အာတီတာဟာ ဘိုဒို ဂလင့်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အလှည့်ကျ လူထုတ်ပုံအသုံးပြုခဲ့ပြီးနောက် ဆာကာနဲ့ နှိုင်းယှဉ်လို့ရတဲ့ ကစားသမား အသင်းမှာ ရှိနေပြီလို့ အာဆင်နယ်ဂန္တဝင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုဒို ဂလင့်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘရာဇီးလ်လူငယ်ကြယ်ပွင့် မာကင်ညို့စ်အပါအဝင် ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားအများအပြား ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လူငယ်ကစားသမားဟာ နော်ဝေမှာ ပွဲကစားချိန် မိနစ် ၂၀ သာ ကျန်တော့ချိန်မှာ အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဆာကာရဲ့ လမ်းကြောင်းပြောင်းပြီး ဝင်သွားတဲ့ သွင်းဂိုးကြောင့် ဘိုဒို ဂလင့်နဲ့ပွဲမှာ အနိုင် ၃ မှတ်အားလုံး ရယူနိုင်ခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ဥရောပနိုင်ပွဲနဲ့အတူ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား မာတင် ကီယွန်က မာကင်ညို့စ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး ပြောကြားခဲ့ပြီး ဘရာဇီးလ် ဆယ်ကျော်သက်ကစားသမားဟာ အနာဂတ်မှာ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူး ပြောဆိုခဲ့တာဖြစ်ပါတယ်။

“စနေ၊ တနင်္ဂနွေမှာ မကစားရတဲ့ တခြားကစားသမားတွေကလည်း တူညီတဲ့ စိတ်ကူးနဲ့ ပုံတူပွားမှုကို တကယ်ကို အကောင်အထည်ဖော်နိုင်ပါတယ်။ အားလုံးကို တူညီတဲ့ပုံစံနဲ့ ပုံဖော်ထားသလိုပဲ။ အဲဒါက တကယ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်”

“မာကင်ညို့စ်က ဒီည မကစားရပေမယ့် သူ ဥရောပမှာ ပထမဆုံးပွဲကို ထူးခြားကောင်းမွန်စွာ ကစားခဲ့ပါတယ်။ ဆာကာက အဲဒီတောင်ပံနေရာမှာ ရှိနေခဲ့သလိုပါပဲ။ တစ်ပုံစံတည်း မိတ္တူပွားထားတဲ့ စွမ်းဆောင်ရည်နီးနီးပါပဲ။ အဲဒါက ခင်ဗျား တကယ်တမ်း ရှာဖွေနေတဲ့အရာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်လူငယ်ကစားသမားဟာ ယခုရာသီ ယူရိုပါလိဂ် ၃ ပွဲစလုံးမှာ ပါဝင်ကစားပေးထားပြီး ဘိုဒို ဂလင့်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာသာ အရန်ခုံကနေ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာကင်ညို့စ်ဟာ ပရီးမီးယားလိဂ်မှာ တစ်မိနစ်သာ ပါဝင်ကစားပေးထားရသေးပြီး ဆာကာ၊ မာတီနယ်လီ၊ ရိစ် နယ်ဆင်၊ စမစ် ရိုးတို့နဲ့ တောင်ပံနေရာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာတီတာဟာ ဘိုဒို ဂလင့္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အလွည့္က် လူထုတ္ပုံအသုံးျပဳခဲ့ၿပီးေနာက္ ဆာကာနဲ႔ ႏႈိင္းယွဥ္လို႔ရတဲ့ ကစားသမား အသင္းမွာ ရွိေနၿပီလို႔ အာဆင္နယ္ဂႏၲဝင္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘိုဒို ဂလင့္နဲ႔ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ဘရာဇီးလ္လူငယ္ၾကယ္ပြင့္ မာကင္ညိဳ႕စ္အပါအဝင္ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ကစားသမားအမ်ားအျပား ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္လူငယ္ကစားသမားဟာ ေနာ္ေဝမွာ ပြဲကစားခ်ိန္ မိနစ္ ၂၀ သာ က်န္ေတာ့ခ်ိန္မွာ အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ဆာကာရဲ႕ လမ္းေၾကာင္းေျပာင္းၿပီး ဝင္သြားတဲ့ သြင္းဂိုးေၾကာင့္ ဘိုဒို ဂလင့္နဲ႔ပြဲမွာ အႏိုင္ ၃ မွတ္အားလုံး ရယူႏိုင္ခဲ့ၿပီး ၁၀၀ ရာခိုင္ႏႈန္း ဥေရာပႏိုင္ပြဲနဲ႔အတူ ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ေနာက္ခံကစားသမား မာတင္ ကီယြန္က မာကင္ညိဳ႕စ္ရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴး ေျပာၾကားခဲ့ၿပီး ဘရာဇီးလ္ ဆယ္ေက်ာ္သက္ကစားသမားဟာ အနာဂတ္မွာ ႀကီးမားတဲ့အရာေတြကို လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ ကစားသမားျဖစ္တယ္လို႔ ခ်ီးက်ဴး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“စေန၊ တနဂၤေႏြမွာ မကစားရတဲ့ တျခားကစားသမားေတြကလည္း တူညီတဲ့ စိတ္ကူးနဲ႔ ပုံတူပြားမႈကို တကယ္ကို အေကာင္အထည္ေဖာ္ႏိုင္ပါတယ္။ အားလုံးကို တူညီတဲ့ပုံစံနဲ႔ ပုံေဖာ္ထားသလိုပဲ။ အဲဒါက တကယ္ကို အထင္ႀကီးစရာေကာင္းခဲ့ပါတယ္”

“မာကင္ညိဳ႕စ္က ဒီည မကစားရေပမယ့္ သူ ဥေရာပမွာ ပထမဆုံးပြဲကို ထူးျခားေကာင္းမြန္စြာ ကစားခဲ့ပါတယ္။ ဆာကာက အဲဒီေတာင္ပံေနရာမွာ ရွိေနခဲ့သလိုပါပဲ။ တစ္ပုံစံတည္း မိတၱဴပြားထားတဲ့ စြမ္းေဆာင္ရည္နီးနီးပါပဲ။ အဲဒါက ခင္ဗ်ား တကယ္တမ္း ရွာေဖြေနတဲ့အရာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္လူငယ္ကစားသမားဟာ ယခုရာသီ ယူ႐ိုပါလိဂ္ ၃ ပြဲစလုံးမွာ ပါဝင္ကစားေပးထားၿပီး ဘိုဒို ဂလင့္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္မွာသာ အရန္ခုံကေန လူစားဝင္ကစားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာကင္ညိဳ႕စ္ဟာ ပရီးမီးယားလိဂ္မွာ တစ္မိနစ္သာ ပါဝင္ကစားေပးထားရေသးၿပီး ဆာကာ၊ မာတီနယ္လီ၊ ရိစ္ နယ္ဆင္၊ စမစ္ ႐ိုးတို႔နဲ႔ ေတာင္ပံေနရာ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္ေနရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.