International Premier League World Cup

နောက်ဆုံးပါဝင်ကစားတာဖြစ်နိုင်တဲ့ ကမ္ဘာ့ဖလားမှာ ကွန်တေပါဝင်နိုင်မှုကို အဖြေပေးခဲ့တဲ့ ပေါ့တား

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် အန်ဂိုလို ကွန်တေဟာ ကာတာမှာ ကျင်းပမယ့် ယခုဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ဒက်စ်ချမ့်ရဲ့ အသင်းမှာ ပထမဆုံးရွေးချယ်ခံရတဲ့ ကစားသမားတွေထဲက တစ်ဦး မကြာခဏ ဖြစ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးလေ့ကျင့်ရေးမှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ၃ လဝန်းကျင်လောက် အနားယူရတော့မှာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း လေ့ကျင့်ရေး ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် ကွန်တေအတွက်တော့ အခြေအနေကောင်းခဲ့ပုံပေါ်ခဲ့တာဖြစ်ပေမယ့် ချဲလ်ဆီးနည်းပြ ပေါ့တားက ပြင်သစ်ကွင်းလယ်လူအတွက် သတင်းကောင်းမဟုတ်ဘူးလို့အတည်ပြုခဲ့တာဖြစ်ပါတယ်။

“သူက ဒီအပတ်မှာ အတိုင်ပင်ခံတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အဲဒါက နှောင့်နှေးကြန့်ကြာမှုပါ။ အဲဒါက သတင်းကောင်းမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားကို ကျွန်တော် ဒီလိုအချိန်မှာ ဒီထက်ပိုပြီး ဘာမှ မပြောနိုင်ပါဘူး။ သမိုင်းကြောင်းအရဆိုရင် စိုးရိမ်စရာဖြစ်ခဲ့တဲ့အရာတွေ ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဘာတွေဖြစ်နေလဲဆိုတာကို သေချာသိရဖို့လိုပါတယ်။ ဒီပြန်လည်ထူထောင်ရေးအဆင့်မှာ ဒါက စိုးရိမ်စရာ နှောင့်နှေးကြန့်ကြာမှုပါ။ ဒါပေမယ့် ကျွန်တော်တို့လုပ်နိုင်သမျှက သင့်တော်တဲ့ စမ်းသပ်မှုတွေ လုပ်ဖို့၊ သင့်တော်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဖို့၊ သူ့ကို ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရအောင် ကူညီပြီး ဘောလုံးကစားနိုင်အောင် လုပ်ဖို့ပါပဲ”

ကွန်တေဟာ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်ကတော့ အန်ဂိုလို ကွန်တေရဲ့ ပါဝင်ကစားပေးနိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေကြောင့် ကြေကွဲနေတော့မှာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ပြီးခဲ့တဲ့နှစ် ယူရိုပြိုင်ပွဲမှာ အသင်းအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်နည်းပြက အသင်းလူစာရင်းရွေးချယ်ရာမှာ ပထမဆုံး နာမည်အဖြစ် ကွန်တေရဲ့ နာမည်ကို ချရေးခဲ့သူ ဖြစ်ပါတယ်။

“ကွင်းလယ်ကစားသမားက နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့သူပါ။ သူက မီဒီယာတွေရဲ့ အာရုံစိုက်မှုပေးခြင်းမခံခဲ့ရဘူး။ ဘာလို့လဲဆိုတော့ သူက အဆုံးအဖြတ်မဖြစ်ခဲ့လို့ပါ။ အချိန်ကြာလာတာနဲ့အမျှ အလင်းရောင်တွေက သူတို့အပေါ်မှာ တောက်ပလာတယ်။ အဲဒါက အခု ကွန်တေဖြစ်နေတဲ့ကိစ္စပါ။ သူက လေ့ကျင့်ရေးမှာ သူတို့အသင်းတွေအတွက် အသင်းဖော်တွေက ပထမဆုံးရွေးချယ်တဲ့ ကစားသမားပါ။ သူက နည်းပြ၊ လက်ရွေးစင်အသင်းမန်နေဂျာက ပွဲထွက် ၁၁ ဦးစာရင်းကို ဆုံးဖြတ်တဲ့အချိန်ကျရင် သိပ်စဉ်းစားမနေဘဲ တန်းပြီး ချရေးတဲ့နာမည်လည်း ဟုတ်ပါတယ်”လို့ ဒက်စ်ချမ့်က ၂၀၂၁ ခုနှစ် ဇွန်လတုန်းက El Pais ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကွန်တေရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး The Athletic ရဲ့သတင်းအပြင် ပြင်သစ်သတင်းဌာန L’Equipe ကလည်း ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်အနေနဲ့ ယခုဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပြီး ဒက်စ်ချမ့်ဟာ လာမယ့်နိုဝင်ဘာ ၉ ရက်နေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းကို တရားဝင်ကြေညာသွားရတော့မှာဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် သြစတြေးလျနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး အုပ်စု D မှာ သြစတြေးလျ၊ တူနီးရှား၊ ဒိန်းမတ်တို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္ အန္ဂိုလို ကြန္ေတဟာ ကာတာမွာ က်င္းပမယ့္ ယခုေဆာင္းရာသီ ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာ ဒက္စ္ခ်မ့္ရဲ႕ အသင္းမွာ ပထမဆုံးေ႐ြးခ်ယ္ခံရတဲ့ ကစားသမားေတြထဲက တစ္ဦး မၾကာခဏ ျဖစ္ခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးေလ့က်င့္ေရးမွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ၃ လဝန္းက်င္ေလာက္ အနားယူရေတာ့မွာျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာၿပီးေနာက္ပိုင္း ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ခဲ့ၿပီးေနာက္ ကြန္ေတအတြက္ေတာ့ အေျခအေနေကာင္းခဲ့ပုံေပၚခဲ့တာျဖစ္ေပမယ့္ ခ်ဲလ္ဆီးနည္းျပ ေပါ့တားက ျပင္သစ္ကြင္းလယ္လူအတြက္ သတင္းေကာင္းမဟုတ္ဘူးလို႔အတည္ျပဳခဲ့တာျဖစ္ပါတယ္။

“သူက ဒီအပတ္မွာ အတိုင္ပင္ခံေတြနဲ႔ ေတြ႕ဆုံဖို႔ စီစဥ္ထားပါတယ္။ အဲဒါက ေႏွာင့္ေႏွးၾကန႔္ၾကာမႈပါ။ အဲဒါက သတင္းေကာင္းမဟုတ္ပါဘူး။ ဒါေပမယ့္ ခင္ဗ်ားကို ကြၽန္ေတာ္ ဒီလိုအခ်ိန္မွာ ဒီထက္ပိုၿပီး ဘာမွ မေျပာႏိုင္ပါဘူး။ သမိုင္းေၾကာင္းအရဆိုရင္ စိုးရိမ္စရာျဖစ္ခဲ့တဲ့အရာေတြ ရွိေနပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဘာေတြျဖစ္ေနလဲဆိုတာကို ေသခ်ာသိရဖို႔လိုပါတယ္။ ဒီျပန္လည္ထူေထာင္ေရးအဆင့္မွာ ဒါက စိုးရိမ္စရာ ေႏွာင့္ေႏွးၾကန႔္ၾကာမႈပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လုပ္ႏိုင္သမွ်က သင့္ေတာ္တဲ့ စမ္းသပ္မႈေတြ လုပ္ဖို႔၊ သင့္ေတာ္တဲ့ တိုင္ပင္ေဆြးေႏြးမႈေတြ လုပ္ဖို႔၊ သူ႔ကို ႀကံ့ခိုင္မႈအျပည့္အဝ ျပန္ရေအာင္ ကူညီၿပီး ေဘာလုံးကစားႏိုင္ေအာင္ လုပ္ဖို႔ပါပဲ”

ကြန္ေတဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းက ခ်ဲလ္ဆီးအသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့သူျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္လက္ေ႐ြးစင္နည္းျပ ဒက္စ္ခ်မ့္ကေတာ့ အန္ဂိုလို ကြန္ေတရဲ႕ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနနဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့သတင္းေတြေၾကာင့္ ေၾကကြဲေနေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္ဟာ ၂၀၁၈ ကမာၻ႔ဖလားနဲ႔ ၿပီးခဲ့တဲ့ႏွစ္ ယူ႐ိုၿပိဳင္ပြဲမွာ အသင္းအတြက္ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္နည္းျပက အသင္းလူစာရင္းေ႐ြးခ်ယ္ရာမွာ ပထမဆုံး နာမည္အျဖစ္ ကြန္ေတရဲ႕ နာမည္ကို ခ်ေရးခဲ့သူ ျဖစ္ပါတယ္။

“ကြင္းလယ္ကစားသမားက ေနာက္ကြယ္ကေန အလုပ္လုပ္ေနတဲ့သူပါ။ သူက မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈေပးျခင္းမခံခဲ့ရဘူး။ ဘာလို႔လဲဆိုေတာ့ သူက အဆုံးအျဖတ္မျဖစ္ခဲ့လို႔ပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် အလင္းေရာင္ေတြက သူတို႔အေပၚမွာ ေတာက္ပလာတယ္။ အဲဒါက အခု ကြန္ေတျဖစ္ေနတဲ့ကိစၥပါ။ သူက ေလ့က်င့္ေရးမွာ သူတို႔အသင္းေတြအတြက္ အသင္းေဖာ္ေတြက ပထမဆုံးေ႐ြးခ်ယ္တဲ့ ကစားသမားပါ။ သူက နည္းျပ၊ လက္ေ႐ြးစင္အသင္းမန္ေနဂ်ာက ပြဲထြက္ ၁၁ ဦးစာရင္းကို ဆုံးျဖတ္တဲ့အခ်ိန္က်ရင္ သိပ္စဥ္းစားမေနဘဲ တန္းၿပီး ခ်ေရးတဲ့နာမည္လည္း ဟုတ္ပါတယ္”လို႔ ဒက္စ္ခ်မ့္က ၂၀၂၁ ခုႏွစ္ ဇြန္လတုန္းက El Pais ကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကြန္ေတရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး The Athletic ရဲ႕သတင္းအျပင္ ျပင္သစ္သတင္းဌာန L’Equipe ကလည္း ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္အေနနဲ႔ ယခုေဆာင္းရာသီ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီး ဒက္စ္ခ်မ့္ဟာ လာမယ့္ႏိုဝင္ဘာ ၉ ရက္ေန႔မွာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ျပင္သစ္လက္ေ႐ြးစင္အသင္းလူစာရင္းကို တရားဝင္ေၾကညာသြားရေတာ့မွာျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္အျဖစ္ ၾသစေၾတးလ်နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ၿပီး အုပ္စု D မွာ ၾသစေၾတးလ်၊ တူနီးရွား၊ ဒိန္းမတ္တို႔နဲ႔အတူ က်ေရာက္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.