La Liga Premier League Transfer News

ဘာစီလိုနာ ချန်ပီယံလိဂ်က ထွက်ရပါစေဆုတောင်းရတော့မယ့် မန်ယူနိုက်တက်

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရမယ်ဆိုရင် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီ ယုံးကို ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ပြီးဆုံးဖို့ ၂ ပွဲသာ လိုတော့တဲ့အချိန်မှာ ဒုတိယနေရာက အင်တာမီလန်နဲ့ ၃ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ယူရိုပါလိဂ်ကို ဆင်းကန်ရဖို့ များနေသလို ဝင်ငွေလည်း ကြီးကြီးမားမား ထိခိုက်ဖို့ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ ဒီ ယုံးကို ရောင်းထုတ်ဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပြီး အဲဒီလို ရောင်းထုတ်မှသာ ဟန်မပျက် ဆက်လက်လည်ပတ်ဖို့အတွက် ငွေကြေး များများစားစား ရရှိမှာဖြစ်တယ်လို့ The Express က ဖော်ပြခဲ့ပါတယ်။

ယော်ဒီ အယ်လ်ဘာ၊ ပီကေးနဲ့ ဆာဂီယို ဘူးစ်ကတ်တို့ကလည်း အသင်းကို စွန့်ခွာရတော့မှာဖြစ်ပေမယ့်လည်း အယ်လ်ဘာနဲ့ ပီကေးတို့ရဲ့ စာချုပ်ဟာ ၂၀၂၄ မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဘူးစ်ကတ်ကတော့ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒီ ယုံးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတို့ကြား ပေါင် ၇၂ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ဒတ်ချ်ကွင်းလယ်သူက နူးကမ့်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းကတည်းက ဖရန်ကီ ဒီ ယုံးဟာ ပြိုင်ပွဲစုံ ၄ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဂါဗီနဲ့ ပီဒရီတို့က ဒတ်ချ်ကွင်းလယ်ကစားသမားထက် ပွဲထွက်ကစားခွင့် ပိုမို ရရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ ယုံးဟာ လက်ရှိမန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်နဲ့အတူ အိုင်းယက်စ်အသင်းမှာတုန်းက အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးသူတွေဖြစ်ပြီး လာမယ့်နွေရာသီမှာတော့ ပြန်လည် ပေါင်းစည်းနိုင်ဖွယ်ရှိနေပုံ ပေါ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၃၂ သန်း သုံးစွဲခဲ့တာဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ရမယ်ဆိုရင် ဘဏ္ဍာရေး ထိခိုက်မှုကို ထိန်းညှိဖို့ လိုအပ်မှာဖြစ်တာကြောင့် ဒီ ယုံးကို မဖြစ်မနေ ရောင်းထုတ်သွားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန်ကီ ဒီ ယုံးဟာ ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ပွဲပေါင်း ၁၅၀ ကစားပေးထားရာမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရမယ္ဆိုရင္ ကြင္းလယ္ကစားသမား ဖရန္ကီ ဒီ ယုံးကို ေရာင္းခ်သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ၿပီးဆုံးဖို႔ ၂ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ ဒုတိယေနရာက အင္တာမီလန္နဲ႔ ၃ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ယူ႐ိုပါလိဂ္ကို ဆင္းကန္ရဖို႔ မ်ားေနသလို ဝင္ေငြလည္း ႀကီးႀကီးမားမား ထိခိုက္ဖို႔ ရွိေနတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ ဒီ ယုံးကို ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနၿပီး အဲဒီလို ေရာင္းထုတ္မွသာ ဟန္မပ်က္ ဆက္လက္လည္ပတ္ဖို႔အတြက္ ေငြေၾကး မ်ားမ်ားစားစား ရရွိမွာျဖစ္တယ္လို႔ The Express က ေဖာ္ျပခဲ့ပါတယ္။

ေယာ္ဒီ အယ္လ္ဘာ၊ ပီေကးနဲ႔ ဆာဂီယို ဘူးစ္ကတ္တို႔ကလည္း အသင္းကို စြန႔္ခြာရေတာ့မွာျဖစ္ေပမယ့္လည္း အယ္လ္ဘာနဲ႔ ပီေကးတို႔ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၄ မွ ကုန္ဆုံးမွာျဖစ္ေပမယ့္ ဘူးစ္ကတ္ကေတာ့ လာမယ့္ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

ဒီ ယုံးဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့သူျဖစ္ၿပီး ဘာစီလိုနာနဲ႔ ပရီးမီးယားလိဂ္ကလပ္အသင္းတို႔ၾကား ေပါင္ ၇၂ သန္းနဲ႔ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ဒတ္ခ်္ကြင္းလယ္သူက ႏူးကမ့္မွာပဲ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ပိုင္းကတည္းက ဖရန္ကီ ဒီ ယုံးဟာ ၿပိဳင္ပြဲစုံ ၄ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီး ဂါဗီနဲ႔ ပီဒရီတို႔က ဒတ္ခ်္ကြင္းလယ္ကစားသမားထက္ ပြဲထြက္ကစားခြင့္ ပိုမို ရရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီ ယုံးဟာ လက္ရွိမန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္နဲ႔အတူ အိုင္းယက္စ္အသင္းမွာတုန္းက အလုပ္အတူတူ တြဲလုပ္ခဲ့ၾကဖူးသူေတြျဖစ္ၿပီး လာမယ့္ေႏြရာသီမွာေတာ့ ျပန္လည္ ေပါင္းစည္းႏိုင္ဖြယ္ရွိေနပုံ ေပၚပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုေႏြရာသီမွာ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာတို႔လို ကစားသမားေတြကို ေခၚယူဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၃၂ သန္း သုံးစြဲခဲ့တာျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ရမယ္ဆိုရင္ ဘ႑ာေရး ထိခိုက္မႈကို ထိန္းညႇိဖို႔ လိုအပ္မွာျဖစ္တာေၾကာင့္ ဒီ ယုံးကို မျဖစ္မေန ေရာင္းထုတ္သြားဖို႔ လိုအပ္လာမွာ ျဖစ္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ဖရန္ကီ ဒီ ယုံးဟာ ၂၀၁၉ ခုႏွစ္မွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပြဲေပါင္း ၁၅၀ ကစားေပးထားရာမွာ သြင္းဂိုး ၁၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၈ ႀကိမ္ ျပဳလုပ္ထားသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.