Ligue1 Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒိုကို လိုသလို အကွက်ရွှေ့သွားမယ့် ပီအက်စ်ဂျီ

လိဂန်းထိပ်သီးအသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီဟာ လီယွန်နယ် မက်ဆီ အသင်းမှာ ဆက်နေဖို့ စာချုပ်သက်တမ်းတိုးချင်နေတယ်လို့ Le10Sport က ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ စာချုပ်သက်တမ်းတိုးမှုက ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ကို အဆုံးအဖြတ်ပေးသွားမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးစလုံးကို လစာတပြိုင်နက်တည်း ပေးချေဖို့ အင်အားမရှိတာကြောင့် ဖြစ်ပါတယ်။

အင်္ဂလိပ်မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ပီအက်စ်ဂျီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းကနေ အလွန်ခေါ်ယူချင်တဲ့ဆန္ဒရှိနေပြီး ရော်နယ်လ်ဒိုဟာ အိုးထရက်ဖို့ဒ်ကို အမြန်ဆုံးစွန့်ခွာဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ ပီအက်စ်ဂျီကို ရောက်ရှိမှုက ဘဏ္ဍာရေးအခြေအနေကြောင့် လီယွန်နယ် မက်ဆီ ထွက်ခွာသွားပြီးနောက်မှ ဖြစ်လာနိုင်တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

အဲဒါကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့မယ်ဆိုရင်တောင်မှာ ၂၀၂၃ ခုနှစ် ဇွန်လမှာ လီယွန်နယ် မက်ဆီရဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးမှသာ ဖြစ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီအားကစား ဒါရိုက်တာ လူးဝစ္စ ကမ်းပို့စ်က အာဂျင်တီးနားဂန္တဝင်ရဲ့ စာချုပ်ကို သက်တမ်းတိုးချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြသခဲ့တယ်လို့ Le10Sport က ဖော်ပြခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီရဲ့ စာချုပ်သစ်ဟာ အနည်းဆုံး ပဲရစ်မှာ နောက်ထပ် တစ်နှစ် သို့မဟုတ် ၂ နှစ်လောက်အထိ ဆက်လက်ရှိနေစေမှာဖြစ်တယ်လို့ သိရပြီး ပီအက်စ်ဂျီအသင်းဟာ ၂၀၂၁ ခုနှစ်ကတည်းက ဂျူဗင်တပ်ကနေ ရော်နယ်လ်ဒိုကို ခေါ်ယူလို့ရနိုင်ပေမယ့် အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးကိုသာ ခေါ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်း ထပ်လောင်း ဖော်ပြခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားခဲ့ပြီးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ ပြိုင်ပွဲစုံ ၁၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လိဂန္းထိပ္သီးအသင္းႀကီးျဖစ္တဲ့ ပီအက္စ္ဂ်ီဟာ လီယြန္နယ္ မက္ဆီ အသင္းမွာ ဆက္ေနဖို႔ စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတယ္လို႔ Le10Sport က ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ စာခ်ဳပ္သက္တမ္းတိုးမႈက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕ကို အဆုံးအျဖတ္ေပးသြားမွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းဟာ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးစလုံးကို လစာတၿပိဳင္နက္တည္း ေပးေခ်ဖို႔ အင္အားမရွိတာေၾကာင့္ ျဖစ္ပါတယ္။

အဂၤလိပ္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ ပီအက္စ္ဂ်ီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို မန္ခ်က္စတာယူႏိုက္တက္အသင္းကေန အလြန္ေခၚယူခ်င္တဲ့ဆႏၵရွိေနၿပီး ေရာ္နယ္လ္ဒိုဟာ အိုးထရက္ဖို႔ဒ္ကို အျမန္ဆုံးစြန႔္ခြာဖို႔ ဆႏၵျပင္းျပေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ႕ ပီအက္စ္ဂ်ီကို ေရာက္ရွိမႈက ဘ႑ာေရးအေျခအေနေၾကာင့္ လီယြန္နယ္ မက္ဆီ ထြက္ခြာသြားၿပီးေနာက္မွ ျဖစ္လာႏိုင္တယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

အဲဒါေၾကာင့္ ေရာ္နယ္လ္ဒိုအေနနဲ႔ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕မယ္ဆိုရင္ေတာင္မွာ ၂၀၂၃ ခုႏွစ္ ဇြန္လမွာ လီယြန္နယ္ မက္ဆီရဲ႕ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးမွသာ ျဖစ္လိမ့္မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီအားကစား ဒါ႐ိုက္တာ လူးဝစၥ ကမ္းပို႔စ္က အာဂ်င္တီးနားဂႏၲဝင္ရဲ႕ စာခ်ဳပ္ကို သက္တမ္းတိုးခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ျပသခဲ့တယ္လို႔ Le10Sport က ေဖာ္ျပခဲ့ပါတယ္။

ျပင္သစ္သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီရဲ႕ စာခ်ဳပ္သစ္ဟာ အနည္းဆုံး ပဲရစ္မွာ ေနာက္ထပ္ တစ္ႏွစ္ သို႔မဟုတ္ ၂ ႏွစ္ေလာက္အထိ ဆက္လက္ရွိေနေစမွာျဖစ္တယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီအသင္းဟာ ၂၀၂၁ ခုႏွစ္ကတည္းက ဂ်ဴဗင္တပ္ကေန ေရာ္နယ္လ္ဒိုကို ေခၚယူလို႔ရႏိုင္ေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးကိုသာ ေခၚယူဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔လည္း ထပ္ေလာင္း ေဖာ္ျပခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၃ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ေပးထားခဲ့ၿပီးျဖစ္ပါတယ္။ တစ္ဖက္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ယခုရာသီမွာ ပုံမွန္ပြဲထြက္ခြင့္မရခဲ့ဘဲ ၿပိဳင္ပြဲစုံ ၁၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္သာ ျပဳလုပ္ထားႏိုင္ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.