La Liga

ဘန်ဇီးမားနဲ့ပတ်သက်ပြီး ဝန်ခံခဲ့ပြီးနောက် ဘလွန်ဒေါကို ဝေဖန်လိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ယခုနှစ် ဘလွန်ဒေါဆုကို အနိုင်ရရှိဖို့အတွက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ရေပန်းအစားဆုံးဖြစ်တယ်လို့ ထင်မြင်နေပေမယ့်လည်း ဆုပေးပွဲ ကျင်းပသူတွေကို ရည်ရွယ်ပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဘလွန်ဒေါဆုရှင်ကို လာမယ့် တနင်္လာနေ့မှာ ကြေညာသွားတော့မှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားက ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ဆုရရှိသွားလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးက ၂၀၂၀ ခုနှစ်ဟာ ၎င်းရဲ့နှစ်အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ရေပန်းအစားဆုံး ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

France Football ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ဘလွန်ဒေါဆုပေးပွဲကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး ပိုလန်လက်ရွေးစင်တိုက်စစ်မှူးက ၂ နှစ်ကြာတဲ့အထိ အဲဒါကို နားမလည်နိုင်ဖြစ်နေသေးတာ ဖြစ်ပါတယ်။

“သူ(ဘန်ဇီးမား)က ဘလွန်ဒေါဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဟုတ်တာပေါ့။ သူတို့တွေသာ ဆုပေးပွဲကို မဖျက်ဘူးဆိုရင် သူ ဒီဘလွန်ဒေါဆုကို ရသွားမှာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ Movistar Plus ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၂၀၂၀ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါနဲ့ ချန်ပီယံလိဂ်အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး စုစုပေါင်းသွင်းဂိုး ၅၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုနဲ့ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတို့ကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပေမယ့် ပိုလန်တိုက်စစ်မှူးက ယခုရာသီ အယ်လ်ကလက်စီကို ပွဲစဉ်မတိုင်ခင် ၃ ရက်အလိုမှာ မှတ်ချက်ပေးခဲ့ပြီး ဘလွန်ဒေါဆုပေးပွဲကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားအနေနဲ့ ဆုရရှိခဲ့မယ်ဆိုရင် ဘလွန်ဒေါဆုကို အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုရဲ့ ရှေ့မှာ ဆုလက်ခံရယူသွားရမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ၂၀၁၇ ခုနှစ်မှာ ဘလွန်ဒေါဆုရရှိပြီးနောက် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁ ခုနှစ်တို့မှာ ဆုပေးပွဲ တက်ရောက်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယခုနှစ် ဘလွန်ဒေါဆုပေးပွဲကိုတော့ အသင်းဖော်ဟောင်း ကာရင် ဘန်ဇီးမားကို အားပေးထောက်ခံသွားချင်တာကြောင့် တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ၉ နှစ်တာကာလအတွင်း ပြင်သစ်တိုက်စစ်မှူးနဲ့ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူခဲ့ပြီးနောက် ယခုနှစ် ဘလွန်ဒေါဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး Le Parisien ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီကြယ်ပွင့်ကိုယ်တိုင် ၂၀၂၂ ခုနှစ် ဘလွန်ဒေါဆုကို ယူဆောင်လာပေးမှာဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ယခုႏွစ္ ဘလြန္ေဒါဆုကို အႏိုင္ရရွိဖို႔အတြက္ ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက ေရပန္းအစားဆုံးျဖစ္တယ္လို႔ ထင္ျမင္ေနေပမယ့္လည္း ဆုေပးပြဲ က်င္းပသူေတြကို ရည္႐ြယ္ၿပီး ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

၂၀၂၂ ခုႏွစ္ ဘလြန္ေဒါဆုရွင္ကို လာမယ့္ တနလၤာေန႔မွာ ေၾကညာသြားေတာ့မွာ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားက ကစားသမားဘဝတေလွ်ာက္ ပထမဆုံးအႀကိမ္ ဆုရရွိသြားလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ရာသီမွာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၄၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၄၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးက ၂၀၂၀ ခုႏွစ္ဟာ ၎ရဲ႕ႏွစ္အျဖစ္ သတ္မွတ္ခံခဲ့ရတာေၾကာင့္ ေရပန္းအစားဆုံး ခံစားခ်က္ကဘယ္လိုမ်ိဳးလဲဆိုတာကို သိရွိေနတာျဖစ္ပါတယ္။

France Football ဟာ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ဘလြန္ေဒါဆုေပးပြဲကို ဖ်က္သိမ္းခဲ့တာျဖစ္ၿပီး ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးက ၂ ႏွစ္ၾကာတဲ့အထိ အဲဒါကို နားမလည္ႏိုင္ျဖစ္ေနေသးတာ ျဖစ္ပါတယ္။

“သူ(ဘန္ဇီးမား)က ဘလြန္ေဒါဆုကို ရရွိဖို႔ ေရပန္းအစားဆုံး ကစားသမားေတြထဲက တစ္ဦးျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ ဟုတ္တာေပါ့။ သူတို႔ေတြသာ ဆုေပးပြဲကို မဖ်က္ဘူးဆိုရင္ သူ ဒီဘလြန္ေဒါဆုကို ရသြားမွာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”လို႔ Movistar Plus ကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၂၀၂၀ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ဘြန္ဒက္စ္လီဂါနဲ႔ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး စုစုေပါင္းသြင္းဂိုး ၅၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ၎ရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ဖီဖာရဲ႕ အေကာင္းဆုံးကစားသမားဆုနဲ႔ ယူအီးအက္ဖ္ေအရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုတို႔ကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ေပမယ့္ ပိုလန္တိုက္စစ္မႉးက ယခုရာသီ အယ္လ္ကလက္စီကို ပြဲစဥ္မတိုင္ခင္ ၃ ရက္အလိုမွာ မွတ္ခ်က္ေပးခဲ့ၿပီး ဘလြန္ေဒါဆုေပးပြဲကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားအေနနဲ႔ ဆုရရွိခဲ့မယ္ဆိုရင္ ဘလြန္ေဒါဆုကို အရင္းႏွီးဆုံးသူငယ္ခ်င္းလည္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ေရာ္နယ္လ္ဒိုရဲ႕ ေရွ႕မွာ ဆုလက္ခံရယူသြားရမွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၂၀၁၇ ခုႏွစ္မွာ ဘလြန္ေဒါဆုရရွိၿပီးေနာက္ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁ ခုႏွစ္တို႔မွာ ဆုေပးပြဲ တက္ေရာက္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယခုႏွစ္ ဘလြန္ေဒါဆုေပးပြဲကိုေတာ့ အသင္းေဖာ္ေဟာင္း ကာရင္ ဘန္ဇီးမားကို အားေပးေထာက္ခံသြားခ်င္တာေၾကာင့္ တက္ေရာက္သြားမွာျဖစ္တယ္လို႔ သိရၿပီး မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာ ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ၉ ႏွစ္တာကာလအတြင္း ျပင္သစ္တိုက္စစ္မႉးနဲ႔ အလြန္ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၂၄ ဂိုး သြင္းယူခဲ့ၿပီးေနာက္ ယခုႏွစ္ ဘလြန္ေဒါဆုေပးပြဲအတြက္ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ၿပီး Le Parisien ရဲ႕ ေဖာ္ျပခ်က္အရ ေပၚတူဂီၾကယ္ပြင့္ကိုယ္တိုင္ ၂၀၂၂ ခုႏွစ္ ဘလြန္ေဒါဆုကို ယူေဆာင္လာေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.