Premier League

၁၅.၂.၂၀၂၀ အတြက္ အာဆင္နယ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဗီလာရီးရဲလ္တိုက္စစ္မွဴး ခ်ဳခ္၀ီဇီနဲ႔ ဗဟိုေနာက္ခံလူ ပါအူး ေတာရက္စ္တို႔ကို အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနတယ္လို႔ အသင္းရဲ႕ ကစားသမားေဟာင္း စပိန္၀ါရင့္ကြင္းလယ္လူ ဆန္တီ ကာဇိုလာက ထုတ္ေျပာလိုက္ပါတယ္။

– ေဆာင္းရာသီအားလပ္ရက္အတြင္း ဒဏ္ရာျပႆနာေတြ ေတာ္ေတာ္ေလးေလ်ာ့လာတဲ့ အာဆင္နယ္အသင္းမွာ ဆာကာ၊ နယ္လ္ဆင္နဲ႔ ကိုလာစီနက္ခ်္တို႔ ၃ ေယာက္ကေတာ့ နယူးကာဆယ္လ္နဲ႔ပြဲမွာ ျပန္ပါလာဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ ေနာက္ခံလူ ပါဘလို မာရီလည္း အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းေနေပမယ့္ နယူးကာဆယ္လ္နဲ႔ပြဲထက္စာရင္ အိုလံပီယာေကာ့စ္နဲ႔ ယူရိုပါလိဂ္ပြဲမွ ပြဲထြက္ဖို႔ ပိုရာႏႈန္းမ်ားေနပါတယ္။

-အင္တာမီလန္အသင္းဟာ တိုက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ကို လက္လႊတ္ရရင္ အာဆင္နယ္တိုက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ေခၚယူဖို႔ အဓိက ပစ္မွတ္ထားေနပါတယ္။ ဒီႏွစ္ေယာက္ကို ဘာစီလိုနာက ဘယ္သူ႕ကို ေရြးမလဲဆုိတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

-တကယ္လို႔ ရာသီကုန္မွာ အာဆင္နယ္အသင္းအေနနဲ႔ အဆင့္ ၇ ပဲ ရခဲ့မယ္ဆိုရင္ ဇူလိုင္လ ၂၃ ရက္ေန႔ကတည္းက ယူရိုပါလိဂ္ေျခစစ္ပြဲေတြ စတင္ကစားရမွာေၾကာင့္ တျခားအသင္းေတြထက္ ပြဲပိုမ်ားကစားရမွာျဖစ္သလို အနားယူခ်ိန္လည္း ေလ်ာ့က်ဖြယ္ရွိပါတယ္။

-အာဆင္နယ္နဲ႔ ကစားမယ့္ နယူးကာဆယ္လ္အသင္းမွာ အန္ဒီ ကာရိုးလ္န႔ဲ ဂၽြန္ဂ်ဳိ ရွယ္လ္ဗီတို႔ပါမွာ မဟုတ္သလို မူတိုနဲ႔ ဒြိဳက္ဂိုင္းလ္တို႔လည္း ပါဖို႔ မေသခ်ာပါဘူး။ ဒါ့အျပင္ မန္ကြီလိုနဲ႔ ဒမ္းမက္တုိ႔လည္း ဒဏ္ရာအသီးသီးေၾကာင့္ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဗီလာရီးရဲလ်တိုက်စစ်မှူး ချုခ်ဝီဇီနဲ့ ဗဟိုနောက်ခံလူ ပါအူး တောရက်စ်တို့ကို အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အသင်းရဲ့ ကစားသမားဟောင်း စပိန်ဝါရင့်ကွင်းလယ်လူ ဆန်တီ ကာဇိုလာက ထုတ်ပြောလိုက်ပါတယ်။

– ဆောင်းရာသီအားလပ်ရက်အတွင်း ဒဏ်ရာပြဿနာတွေ တော်တော်လေးလျော့လာတဲ့ အာဆင်နယ်အသင်းမှာ ဆာကာ၊ နယ်လ်ဆင်နဲ့ ကိုလာစီနက်ချ်တို့ ၃ ယောက်ကတော့ နယူးကာဆယ်လ်နဲ့ပွဲမှာ ပြန်ပါလာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ နောက်ခံလူ ပါဘလို မာရီလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပေမယ့် နယူးကာဆယ်လ်နဲ့ပွဲထက်စာရင် အိုလံပီယာကော့စ်နဲ့ ယူရိုပါလိဂ်ပွဲမှ ပွဲထွက်ဖို့ ပိုရာနှုန်းများနေပါတယ်။

-အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို လက်လွှတ်ရရင် အာဆင်နယ်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပါတယ်။ ဒီနှစ်ယောက်ကို ဘာစီလိုနာက ဘယ်သူ့ကို ရွေးမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

-တကယ်လို့ ရာသီကုန်မှာ အာဆင်နယ်အသင်းအနေနဲ့ အဆင့် ၇ ပဲ ရခဲ့မယ်ဆိုရင် ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက ယူရိုပါလိဂ်ခြေစစ်ပွဲတွေ စတင်ကစားရမှာကြောင့် တခြားအသင်းတွေထက် ပွဲပိုများကစားရမှာဖြစ်သလို အနားယူချိန်လည်း လျော့ကျဖွယ်ရှိပါတယ်။

-အာဆင်နယ်နဲ့ ကစားမယ့် နယူးကာဆယ်လ်အသင်းမှာ အန်ဒီ ကာရိုးလ်နဲ့ ဂျွန်ဂျို ရှယ်လ်ဗီတို့ပါမှာ မဟုတ်သလို မူတိုနဲ့ ဒွိုက်ဂိုင်းလ်တို့လည်း ပါဖို့ မသေချာပါဘူး။ ဒါ့အပြင် မန်ကွီလိုနဲ့ ဒမ်းမက်တို့လည်း ဒဏ်ရာအသီးသီးကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.