Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၅.၉.၂၀၂၀

– ရီးရဲလ္မက္ဒရစ္အသင္းဆီ ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းထားတယ္လုိ႔ သတင္းေတြက ေဖာ္ျပထားခဲ့ၾကတဲ့ ဘယ္ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ဟာ စပိန္လက္ေရြးစင္အသင္းတာဝန္မွာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဂိုးသမား ေဒးဗစ္ ဒေဟးယားနဲ႔ ဓာတ္ပုံတြဲ႐ိုက္ခဲ့တာေၾကာင့္ ေျပာင္းေရႊ႕ဖို႔ ခန္႔မွန္းမွဳေတြ ပုိမိုျမင့္တက္လာ။

– စကိုင္းစပုိ႔စ္႐ုပ္သံတင္ဆက္သူ ေပါလ္မာဆင္က ဒြန္နီ ဗန္ဒဘိခ္ကို ေခၚယူခဲ့တာဟာ အသင္းအတြက္ လိုအပ္လြန္းလွဖို႔ မဟုတ္ဘဲ ဆန္ခ်ဳိကို မရခဲ့လို႔ ျဖစ္ေပၚေနတဲ့ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသေတြကို ေျဖေလွ်ာ့ဖို႔ ႏွစ္သိမ့္တဲ့ Panic Buy တစ္ခုလို႔ ေဝဖန္။

– အသင္းရဲ႕ ေနာက္တန္းမွာ ဘယ္လိုမွ အံမဝင္ဘဲျဖစ္ေနသလို အဂၤလိပ္ကစားဟန္မွာလည္း ႐ုန္းကန္ေနခဲ့ရတဲ့ ေနာက္ခံလူ မားကို႔စ္ ႐ိုဟိုကို မန္ခ်က္စတာယူႏုိက္တက္အသင္းက ယူ႐ို ၈ သန္း(ေပါင္ ၇.၁ သန္း)နဲ႔ ေရာင္းခ်သြားမွာျဖစ္ၿပီး လာဇီယိုက အလိုရွိေန။

– အဂၤလန္အသင္းရဲ႕ ပြဲစဥ္မွာ မေမွ်ာ္လင့္ဘဲ ပြဲထြက္လာႏုိင္တဲ့ ယူႏုိက္တက္လူငယ္ကစားသမား ေမဆန္ ဂရင္းဝုဒ္ရဲ႕ ေျခစြမ္းကို လက္ေရြးစင္အသင္းေခါင္းေဆာင္ တုိက္စစ္မွဴး ဟာရီကိန္းက ခ်ီးက်ဴးလုိက္ၿပီး ၿပီးျပည့္စုံတဲ့ အဆုံးသတ္သမားလို႔ဆို။

– ဆန္ခ်ဳိကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြ လက္မေလွ်ာ့ေသးဘဲ အေျပာင္းအေရႊ႕ မပိတ္ခင္အထိ ႀကဳိးစားသြားဖို႔ ရွိေနသလို ေက်ာနံပါတ္ ၇ ဂ်ာစီကိုလည္း အလြတ္ထားထားၿပီး ေဒါ့မြန္ကစားသမားကို မရခဲ့ရင္ေတာင္မွ ႀကီးမားတဲ့ ေခၚယူမွဳတစ္ခု ျပဳလုပ္ဖို႔ ျပင္ဆင္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ရီးရဲလ်မက်ဒရစ်အသင်းဆီ ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေက ဖော်ပြထားခဲ့ကြတဲ့ ဘယ်နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ဟာ စပိန်လက်ရွေးစင်အသင်းတာဝန်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာကြောင့် ပြောင်းရွှေ့ဖို့ ခန့်မှန်းမှုတွေ ပိုမိုမြင့်တက်လာ။

– စကိုင်းစပို့စ်ရုပ်သံတင်ဆက်သူ ပေါလ်မာဆင်က ဒွန်နီ ဗန်ဒဘိခ်ကို ခေါ်ယူခဲ့တာဟာ အသင်းအတွက် လိုအပ်လွန်းလှဖို့ မဟုတ်ဘဲ ဆန်ချိုကို မရခဲ့လို့ ဖြစ်ပေါ်နေတဲ့ ပရိသတ်တွေရဲ့ အမျက်ဒေါသတွေကို ဖြေလျှော့ဖို့ နှစ်သိမ့်တဲ့ Panic Buy တစ်ခုလို့ ဝေဖန်။

– အသင်းရဲ့ နောက်တန်းမှာ ဘယ်လိုမှ အံမဝင်ဘဲဖြစ်နေသလို အင်္ဂလိပ်ကစားဟန်မှာလည်း ရုန်းကန်နေခဲ့ရတဲ့ နောက်ခံလူ မားကို့စ် ရိုဟိုကို မန်ချက်စတာယူနိုက်တက်အသင်းက ယူရို ၈ သန်း(ပေါင် ၇.၁ သန်း)နဲ့ ရောင်းချသွားမှာဖြစ်ပြီး လာဇီယိုက အလိုရှိနေ။

– အင်္ဂလန်အသင်းရဲ့ ပွဲစဉ်မှာ မမျှော်လင့်ဘဲ ပွဲထွက်လာနိုင်တဲ့ ယူနိုက်တက်လူငယ်ကစားသမား မေဆန် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက ချီးကျူးလိုက်ပြီး ပြီးပြည့်စုံတဲ့ အဆုံးသတ်သမားလို့ဆို။

– ဆန်ချိုကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေ လက်မလျှော့သေးဘဲ အပြောင်းအရွှေ့ မပိတ်ခင်အထိ ကြိုးစားသွားဖို့ ရှိနေသလို ကျောနံပါတ် ၇ ဂျာစီကိုလည်း အလွတ်ထားထားပြီး ဒေါ့မွန်ကစားသမားကို မရခဲ့ရင်တောင်မှ ကြီးမားတဲ့ ခေါ်ယူမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.