Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၅.၉.၂၀၂၀

– လက္ရွိအာဆင္နယ္အသင္းရဲ႕ ကစားသမားအေျပာင္းအေရႊ႕ေဈးကြက္မွာ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ကၽြမ္းကၽြမ္းက်င္က်င္ စီမံခန္႔ခြဲတတ္မယ္ဆုိရင္ ေျပာင္းေရႊ႕ေၾကးနဲ႔ လုပ္ခလစာေတြကေန ေပါင္ ၁၁၈ သန္းအထိ ရရွိႏုိင္ၿပီး ေသာမတ္စ္ ပါေတးနဲ႔ ဟူဆင္းမ္ ေအာဝါကို အလြယ္တကူ ေခၚယူႏုိင္မယ္လို႔ ကၽြမ္းက်င္သူေတြ သုံးသပ္။

– ဂ်ဴဗင္တပ္စ္နဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ အာဆင္နယ္တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္ကို ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက အေျပာင္းအေရႊ႕အတြက္ လန္ဒန္ၿမဳိ႕တစ္ေနရာမွာ လွ်ဳိ႕ဝွက္ေတြ႕ဆုံခဲ့တယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ကြင္းလယ္လူ ဖလိပီ အန္ဒါဆန္ကို ေပါင္ ၅ သန္းေပးေခ်ၿပီး အငွားနဲ႔ ေခၚယူဖို႔ ၿမဳိ႕ခံၿပဳိင္ဘက္ ဝက္စ္ဟမ္းအသင္းက ကမ္းလွမ္းခဲ့ၿပီး နည္းျပ ေဒးဗစ္မြဳိက္စ္နဲ႔ ပြဲကစားခြင့္အတြက္ ျပႆနာရွိေနတဲ့ ဘရာဇီးလ္သားကို ေခၚယူဖို႔ အီဒူးကလည္း စိတ္ဝင္စားေန။

– သူ႕နဲ႔ လီဂူးဝမ္းမွာ ရင္ဆုိင္ကစားဖူးခဲ့တဲ့ ဝီလီယမ္ ဆာလီဘာဟာ ကစားသမားေကာင္းတစ္ဦးျဖစ္ၿပီး သူတို႔မွာ ျပင္သစ္ေျမကေန ေရာက္လာတာမ်ဳိး တူညီတဲ့ အခ်က္ေတြ ရွိေနတာေၾကာင့္ အာဆင္နယ္မွာ မေတြ႕ခင္ကကို သူငယ္ခ်င္းတစ္ေယာက္လုိ႔ သတ္မွတ္ထားတယ္လို႔ ကစားသမားသစ္ ဂါဘရီယယ္လ္ မာဂါလုိင္စ္ေျပာၾကား။

– PFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး လူငယ္ကစားသမား ဆန္ကာတင္စာရင္းမွာ အာဆင္နယ္အသင္းရဲ႕ ဒီရာသီ ဖန္တီးမွဳဘုရင္ ဘူကာယို ဆာကာ ပါဝင္လာခဲ့ၿပီး အမ်ဳိးသမီးေတြျဖစ္ၾကတဲ့ မီဒမ္မာနဲ႔ လစ္တဲလ္တုိ႔ကလြဲရင္ PFA ဆုေတြမွာ လ်ာထားခံရတဲ့ တစ္ဦးတည္းေသာ အာဆင္နယ္ကစားသမားလည္းျဖစ္ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လက်ရှိအာဆင်နယ်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် စီမံခန့်ခွဲတတ်မယ်ဆိုရင် ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေကနေ ပေါင် ၁၁၈ သန်းအထိ ရရှိနိုင်ပြီး သောမတ်စ် ပါတေးနဲ့ ဟူဆင်းမ် အောဝါကို အလွယ်တကူ ခေါ်ယူနိုင်မယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အပြောင်းအရွှေ့အတွက် လန်ဒန်မြို့တစ်နေရာမှာ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ဖော်ပြ။

– ကွင်းလယ်လူ ဖလိပီ အန်ဒါဆန်ကို ပေါင် ၅ သန်းပေးချေပြီး အငှားနဲ့ ခေါ်ယူဖို့ မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းက ကမ်းလှမ်းခဲ့ပြီး နည်းပြ ဒေးဗစ်မွိုက်စ်နဲ့ ပွဲကစားခွင့်အတွက် ပြဿနာရှိနေတဲ့ ဘရာဇီးလ်သားကို ခေါ်ယူဖို့ အီဒူးကလည်း စိတ်ဝင်စားနေ။

– သူ့နဲ့ လီဂူးဝမ်းမှာ ရင်ဆိုင်ကစားဖူးခဲ့တဲ့ ဝီလီယမ် ဆာလီဘာဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပြီး သူတို့မှာ ပြင်သစ်မြေကနေ ရောက်လာတာမျိုး တူညီတဲ့ အချက်တွေ ရှိနေတာကြောင့် အာဆင်နယ်မှာ မတွေ့ခင်ကကို သူငယ်ချင်းတစ်ယောက်လို့ သတ်မှတ်ထားတယ်လို့ ကစားသမားသစ် ဂါဘရီယယ်လ် မာဂါလိုင်စ်ပြောကြား။

– PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား ဆန်ကာတင်စာရင်းမှာ အာဆင်နယ်အသင်းရဲ့ ဒီရာသီ ဖန်တီးမှုဘုရင် ဘူကာယို ဆာကာ ပါဝင်လာခဲ့ပြီး အမျိုးသမီးတွေဖြစ်ကြတဲ့ မီဒမ်မာနဲ့ လစ်တဲလ်တို့ကလွဲရင် PFA ဆုတွေမှာ လျာထားခံရတဲ့ တစ်ဦးတည်းသော အာဆင်နယ်ကစားသမားလည်းဖြစ်ခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.