Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၅.၉.၂၀၂၀ (Havertz Special)

– ေပါင္သန္း ၉၀ နဲ႔ ေခၚယူဖို႔ သေဘာတူညီမွဳရခဲ့တဲ့ ဟာဗတ္ဇ္ကို ခ်ဲလ္ဆီးအသင္းက ဂ်ာမနီကေန ေရာက္လာလာခ်င္းပဲ အျမန္ဆုံး အၿပီးသတ္ ေဆးစစ္မွဳနဲ႔ တရားဝင္ ေၾကျငာမွဳေတြ လုပ္ေဆာင္သြားခဲ့ၿပီး ထင္ထားတာထက္ ျမန္ျမန္ မိတ္ဆက္လုိက္ပါတယ္။

– ေလဗာကူဆင္အသင္းက ခ်ဲလ္ဆီးအသင္းဆီ ဟာဗတ္ဇ္ကို ေရာင္းခ်ရာမွာ သူတုိ႔ရဲ႕ ေနာက္ခံလူသစ္ မာလန္းဆားရ္ကို ျပန္လည္အငွားခ်ေပးဖို႔ ေတာင္းဆုိခဲ့တယ္လုိ႔ သိရၿပီး ဒီအတြက္ ေဆြးေႏြးေနခဲ့ၾကသလို ဂ်ာမန္သားရဲ႕ အေျပာင္းအေရႊ႕ထဲမွာ ပါဝင္တဲ့ သေဘာတူညီမွဳလား သီးျခားလားေတာ့ မသိရေသးဘူးလို႔ သတင္းေတြ ေဖာ္ျပ။

– ဟာဗတ္ဇ္အတြက္ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကးအေသးစိတ္က ဒီေန႔မွာ ထြက္ေပၚလာခဲ့ၿပီး အသင္းရဲ႕ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး မျဖစ္ခဲ့ဘဲ ကနဦးမွာ ေပါင္ ၆၂ သန္းသာ ေပးေခ်ခဲ့ရတယ္ဆုိလို႔ အသင္းရဲ႕ အေျပာင္းအေရႊ႕တာဝန္ခံ မာရီနာ ဂရာေနာ့ဗ္စကားယာရဲ႕ ထက္ျမက္မွဳကို ပရိသတ္ေတြ တအံ့တၾသခ်ီးက်ဴးေနၾကၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ သူ႕ရဲ႕႐ုပ္တုထားဖို႔ သင့္ေနၿပီလို႔ ဆုိေနၾက။

– ဟာဗတ္ဇ္ကို ေခၚယူခဲ့အၿပီးမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လိုအပ္ခ်က္အေပၚ မူတည္ၿပီး ကစားသမားႏွစ္ဦး အနည္းဆုံး ေခၚယူသြားမယ္လုိ႔ ဆုိခဲ့ၿပီး ဂိုးသမားသစ္တစ္ဦး ေခၚယူမွာျဖစ္သလို အသင္းရဲ႕ ပုိလွ်ံအင္အားထဲက ကြင္းလယ္လူ တီမူး ဘာကာယိုကိုကိုေတာ့ ေအစီမီလန္အသင္းဆီ တစ္ႏွစ္အငွား ယူ႐ို ၃ သန္း၊ ရာသီကုန္မွာ ယူ႐ုိသန္း ၃၀ နဲ႔ ေခၚယူခြင့္ကို ထည့္သြင္းၿပီး အငွားခ်။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အပယ္ခံ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုကို အက္စတန္ဗီလာအသင္းနဲ႔ သေဘာတူညီမွဳ အၿပီးမသတ္ခင္ ၾကားျဖတ္ေခၚယူႏုိင္ဖို႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ စီစဥ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပေါင်သန်း ၉၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ ဟာဗတ်ဇ်ကို ချဲလ်ဆီးအသင်းက ဂျာမနီကနေ ရောက်လာလာချင်းပဲ အမြန်ဆုံး အပြီးသတ် ဆေးစစ်မှုနဲ့ တရားဝင် ကြေငြာမှုတွေ လုပ်ဆောင်သွားခဲ့ပြီး ထင်ထားတာထက် မြန်မြန် မိတ်ဆက်လိုက်ပါတယ်။

– လေဗာကူဆင်အသင်းက ချဲလ်ဆီးအသင်းဆီ ဟာဗတ်ဇ်ကို ရောင်းချရာမှာ သူတို့ရဲ့ နောက်ခံလူသစ် မာလန်းဆားရ်ကို ပြန်လည်အငှားချပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး ဒီအတွက် ဆွေးနွေးနေခဲ့ကြသလို ဂျာမန်သားရဲ့ အပြောင်းအရွှေ့ထဲမှာ ပါဝင်တဲ့ သဘောတူညီမှုလား သီးခြားလားတော့ မသိရသေးဘူးလို့ သတင်းတွေ ဖော်ပြ။

– ဟာဗတ်ဇ်အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးအသေးစိတ်က ဒီနေ့မှာ ထွက်ပေါ်လာခဲ့ပြီး အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး မဖြစ်ခဲ့ဘဲ ကနဦးမှာ ပေါင် ၆၂ သန်းသာ ပေးချေခဲ့ရတယ်ဆိုလို့ အသင်းရဲ့ အပြောင်းအရွှေ့တာဝန်ခံ မာရီနာ ဂရာနော့ဗ်စကားယာရဲ့ ထက်မြက်မှုကို ပရိသတ်တွေ တအံ့တသြချီးကျူးနေကြပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ သူ့ရဲ့ရုပ်တုထားဖို့ သင့်နေပြီလို့ ဆိုနေကြ။

– ဟာဗတ်ဇ်ကို ခေါ်ယူခဲ့အပြီးမှာ ချဲလ်ဆီးအသင်းအနေနဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ကစားသမားနှစ်ဦး အနည်းဆုံး ခေါ်ယူသွားမယ်လို့ ဆိုခဲ့ပြီး ဂိုးသမားသစ်တစ်ဦး ခေါ်ယူမှာဖြစ်သလို အသင်းရဲ့ ပိုလျှံအင်အားထဲက ကွင်းလယ်လူ တီမူး ဘာကာယိုကိုကိုတော့ အေစီမီလန်အသင်းဆီ တစ်နှစ်အငှား ယူရို ၃ သန်း၊ ရာသီကုန်မှာ ယူရိုသန်း ၃၀ နဲ့ ခေါ်ယူခွင့်ကို ထည့်သွင်းပြီး အငှားချ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အပယ်ခံ ဂိုးသမား ဆာဂျီယို ရိုမဲရိုကို အက်စတန်ဗီလာအသင်းနဲ့ သဘောတူညီမှု အပြီးမသတ်ခင် ကြားဖြတ်ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေ စီစဉ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.