Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၅.၉.၂၀၂၀

– လီဗာပူးလ္အသင္းရဲ႕ အသင္းႀကီးလူစာရင္းကို ယာဂန္ ကေလာ့ပ္အေနနဲ႔ ထပ္ၿပီး လက္ေရြးစင္ ေရြးထုတ္သြားဖို႔ ရွိေနၿပီး ရာသီမစခင္မွာ ကစားသမား ၁၀ ဦးအထိကို အငွား၊ အေရာင္းေတြနဲ႔ အသီးသီး အနာဂတ္ေတြ ရွာေဖြခုိင္းသြားဖို႔ရွိေန။

– ဘာစီလိုနာအသင္းမွာ တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီတစ္ေယာက္ ဆက္ရွိမယ္လုိ႔ ေျပာၾကားသြားတဲ့အတြက္ လီဗာပူးလ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ေတာင္ပံကစားသမား ဆာဒီယို မာေနးကို ထိန္းသိမ္းသြားႏိုင္ဖို႔ ရွိေနၿပီး အုိရီဂီေနရာအတြက္ပဲ အားျဖည့္သြားရဖြယ္ရွိ။

– အသင္းအတြက္ ကြင္းလယ္မွာသာမက ခံစစ္ဗဟိုကိုပါ ဝင္ေရာက္ကစားေပးႏုိင္တဲ့ ဖာဘင္ညဳိဟာ ဒီရာသီအတြက္ နည္းျပ ကေလာ့ပ္ရဲ႕ အဓိက ကစားသမားျဖစ္လာဖြယ္ရွိေနၿပီး သူနဲ႔ က်န္တဲ့ ကစားသမားေတြကို ဟန္ခ်က္ညီညီ အသုံးျပဳတည္ေဆာက္လာႏုိင္။

– ဗိုင္နယ္လ္ဒြမ္ကို ေရာင္းထုတ္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာနဲ႔ အစားထိုးသြားဖို႔ ရွိေပမယ့္ ကြင္းလယ္လူရဲ႕ ဘုိင္ယန္ဟာ ကၽြန္ေတာ့္အိမ္ျဖစ္ၿပီး တျခားအေၾကာင္းအရာေတြကို မစဥ္းစားေသးဘူးလုိ႔ဆုိတာက လီဗာပူးလ္အတြက္ အခက္ေတြ႕စရာျဖစ္လာ။

– လီဗာပူးလ္နဲ႔ အသံထြက္ေနခဲ့တဲ့ ဆဲလ္တစ္ရဲ႕ ခရစၥတိုဖာ အာေယးအတြက္ ေဆာက္သမ္တန္အသင္းကပါ ၾကားဝင္လာခဲ့ၿပီး ဗန္ဒိုက္လိုမ်ဳိး လမ္းစဥ္လုိက္ၿပီး ေတာင္ပုိင္းကမ္းေျခအသင္းမွာ ကစားၿပီးမွ အန္းဖီးလ္ကို ေရာက္လာမွာလားလို႔ ပရိသတ္ေတြ ထင္ျမင္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းရဲ့ အသင်းကြီးလူစာရင်းကို ယာဂန် ကလော့ပ်အနေနဲ့ ထပ်ပြီး လက်ရွေးစင် ရွေးထုတ်သွားဖို့ ရှိနေပြီး ရာသီမစခင်မှာ ကစားသမား ၁၀ ဦးအထိကို အငှား၊ အရောင်းတွေနဲ့ အသီးသီး အနာဂတ်တွေ ရှာဖွေခိုင်းသွားဖို့ရှိနေ။

– ဘာစီလိုနာအသင်းမှာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီတစ်ယောက် ဆက်ရှိမယ်လို့ ပြောကြားသွားတဲ့အတွက် လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးကို ထိန်းသိမ်းသွားနိုင်ဖို့ ရှိနေပြီး အိုရီဂီနေရာအတွက်ပဲ အားဖြည့်သွားရဖွယ်ရှိ။

– အသင်းအတွက် ကွင်းလယ်မှာသာမက ခံစစ်ဗဟိုကိုပါ ဝင်ရောက်ကစားပေးနိုင်တဲ့ ဖာဘင်ညိုဟာ ဒီရာသီအတွက် နည်းပြ ကလော့ပ်ရဲ့ အဓိက ကစားသမားဖြစ်လာဖွယ်ရှိနေပြီး သူနဲ့ ကျန်တဲ့ ကစားသမားတွေကို ဟန်ချက်ညီညီ အသုံးပြုတည်ဆောက်လာနိုင်။

– ဗိုင်နယ်လ်ဒွမ်ကို ရောင်းထုတ်ခဲ့ရင် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာနဲ့ အစားထိုးသွားဖို့ ရှိပေမယ့် ကွင်းလယ်လူရဲ့ ဘိုင်ယန်ဟာ ကျွန်တော့်အိမ်ဖြစ်ပြီး တခြားအကြောင်းအရာတွေကို မစဉ်းစားသေးဘူးလို့ဆိုတာက လီဗာပူးလ်အတွက် အခက်တွေ့စရာဖြစ်လာ။

– လီဗာပူးလ်နဲ့ အသံထွက်နေခဲ့တဲ့ ဆဲလ်တစ်ရဲ့ ခရစ္စတိုဖာ အာယေးအတွက် ဆောက်သမ်တန်အသင်းကပါ ကြားဝင်လာခဲ့ပြီး ဗန်ဒိုက်လိုမျိုး လမ်းစဉ်လိုက်ပြီး တောင်ပိုင်းကမ်းခြေအသင်းမှာ ကစားပြီးမှ အန်းဖီးလ်ကို ရောက်လာမှာလားလို့ ပရိသတ်တွေ ထင်မြင်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.