Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– မန္စီးတီးရဲ႕ ေတာင္ပံကစားသမားသစ္ ဖယ္ရန္ ေတာရက္စ္ဟာ အသင္းက ထြက္ခြာသြားတဲ့ လီရြဳိင္း ဆာေနးကို အစားထိုးႏုိင္ၿပီလို႔ သူတုိ႔ႏွစ္ဦး ထိပ္တုိက္ေတြ႕ဆုံခဲ့ၾကတဲ့ ဂ်ာမနီ-စပိန္ပြဲစဥ္အၿပီးမွာ ပရိသတ္ေတြက ခ်ီးက်ဴးသြားခဲ့ၾက။

– အသင္းမွာ နည္းျပ ဂြါဒီယိုလာက သူ႕ရဲ႕အေၾကာင္းကို ေကာင္းေကာင္းသိေနတဲ့အျပင္ ခံစစ္ဗဟိုနဲ႔ ဘယ္ျခမ္းမွာသာမက ကြင္းလယ္အဖ်က္ကိုပါ ကစားခိုင္းေစမယ့္ အရိပ္အေယာင္ကို ျပသထားခဲ့လို႔ ကစားသမားသစ္ နာသန္ ေအကီ အံ့အားသင့္ေန။

– ကူလီေဘလီကို ေခၚယူဖို႔အတြက္ နာပုိလီပုိင္ရွင္ ဒီေလာ္ရန္တီးစ္ကို ေဂ်ာ္ဂ်င္ညဳိရဲ႕ ကိစၥမွာကတည္းက စိတ္ပ်က္ေနခဲ့တဲ့ မန္ခ်က္စတာ စီးတီးအသင္းတာဝန္ရွိသူေတြဟာ ေအးဂ်င့္ေတြဆီက တစ္ဆင့္သာ စာပုိ႔လုပ္ေဆာင္ေနတယ္လုိ႔ဆို။

– မန္ခ်က္စတာစီးတီးအသင္းကို သူေရာက္လာကတည္းက ေဒးဗစ္ ေဆးလ္ဗားကို ႏွစ္သက္အားက်ခဲ့ရတာျဖစ္ၿပီး အသင္းေခါင္းေဆာင္ေဟာင္းကို တစ္ေန႔မွာ အစ္တီဟတ္ကို ျပန္လာၿပီး နည္းျပအဖြဲ႕ထဲမွာ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္တယ္လုိ႔ ဖီးလ္ ဖိုဒန္ ေျပာၾကား။

– မန္ခ်က္စတာစီးတီးအသင္းက ကူလီေဘလီရဲ႕ အရန္အစီအစဥ္အျဖစ္ ေစာင့္ၾကည့္ေနခဲ့တဲ့ ဆီဗီလာေနာက္ခံလူ ဒီေယဂို ကားလို႔စ္အတြက္ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္နဲ႔ လီဗာပူးလ္အသင္းေတြကပါ ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်စီးတီးရဲ့ တောင်ပံကစားသမားသစ် ဖယ်ရန် တောရက်စ်ဟာ အသင်းက ထွက်ခွာသွားတဲ့ လီရွိုင်း ဆာနေးကို အစားထိုးနိုင်ပြီလို့ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ ဂျာမနီ-စပိန်ပွဲစဉ်အပြီးမှာ ပရိသတ်တွေက ချီးကျူးသွားခဲ့ကြ။

– အသင်းမှာ နည်းပြ ဂွါဒီယိုလာက သူ့ရဲ့အကြောင်းကို ကောင်းကောင်းသိနေတဲ့အပြင် ခံစစ်ဗဟိုနဲ့ ဘယ်ခြမ်းမှာသာမက ကွင်းလယ်အဖျက်ကိုပါ ကစားခိုင်းစေမယ့် အရိပ်အယောင်ကို ပြသထားခဲ့လို့ ကစားသမားသစ် နာသန် အေကီ အံ့အားသင့်နေ။

– ကူလီဘေလီကို ခေါ်ယူဖို့အတွက် နာပိုလီပိုင်ရှင် ဒီလော်ရန်တီးစ်ကို ဂျော်ဂျင်ညိုရဲ့ ကိစ္စမှာကတည်းက စိတ်ပျက်နေခဲ့တဲ့ မန်ချက်စတာ စီးတီးအသင်းတာဝန်ရှိသူတွေဟာ အေးဂျင့်တွေဆီက တစ်ဆင့်သာ စာပို့လုပ်ဆောင်နေတယ်လို့ဆို။

– မန်ချက်စတာစီးတီးအသင်းကို သူရောက်လာကတည်းက ဒေးဗစ် ဆေးလ်ဗားကို နှစ်သက်အားကျခဲ့ရတာဖြစ်ပြီး အသင်းခေါင်းဆောင်ဟောင်းကို တစ်နေ့မှာ အစ်တီဟတ်ကို ပြန်လာပြီး နည်းပြအဖွဲ့ထဲမှာ မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ ဖီးလ် ဖိုဒန် ပြောကြား။

– မန်ချက်စတာစီးတီးအသင်းက ကူလီဘေလီရဲ့ အရန်အစီအစဉ်အဖြစ် စောင့်ကြည့်နေခဲ့တဲ့ ဆီဗီလာနောက်ခံလူ ဒီယေဂို ကားလို့စ်အတွက် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်အသင်းတွေကပါ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.