Analysis Article Premier League

လမ်းပတ်ရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးခံစစ်နဲ့ မြင့်တက်လာဦးမယ့် အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ရာသီအစက အဖွင့်ပွဲ ၂ ပွဲကို ရှုံးနိမ့်ခဲ့ပြီး ၄ ပွဲကစားပြီးချိန်မှာ ၂ မှတ်၊ ၆ ပွဲကစားပြီးတဲ့ အချိန်အထိ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ ၄ မှတ်သာ ရရှိထားခဲ့အချိန်မှာ နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ပြီးခဲ့တဲ့ ရာသီက တန်းဆင်းဇုန်းက သေပြေးရှင်ပြေး ရုန်းခဲ့ရပုံနဲ့ဆိုရင် ရာထူးပြုတ်ဖို့ နီးစပ်နေပြီလို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲစဉ် ၆ မှာ လီဗာပူးလ်ကို ဂိုးမရှိသရေ ကစားနိုင်ခဲ့တာက သူတို့အတွက် စိတ်ဓာတ်အင်အားကို တိုးပွားစေခဲ့တယ်လို့ ယူဆရအပြီးမှာတော့ နောက်ထပ်နှစ်ပွဲကို ဆက်လက်ကစားခဲ့ရာမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး သူတို့ရဲ့ မှတ်တမ်းက ၈ ပွဲအပြီးမှာ ၂ ပွဲနိုင် ၄ ပွဲသရေ ၂ ပွဲရှုံးနဲ့ ၁၀ မှတ် စုဆောင်းပြီး ဆိုးဆိုးရွားရွားအနေအထားကနေ မဆိုးဘူးလို့ မှတ်ချက်ပေးရမယ့် အကောင်းဘက် အနေအထားကို ဦးတည်လာခဲ့တာပါ။

တော်ဖီတွေအနေနဲ့ ၆ ပွဲအထိ ဆိုးရွားနေတဲ့ မှတ်တမ်းနဲ့ အဆင့် ၁၆ ကနေ ပွဲစဉ် ၇ နဲ့ ၈ မှာ ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့ကို အနိုင်ယူပြီး အဆင့် ၁၁ Mid-Table အထိ တက်လှမ်းလာနိုင်ခဲ့စေတာကတော့ သူတို့ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကြောင့်ဖြစ်ပြီး ဒီ ၈ ပွဲမှာ ၇ ဂိုးသာ ပေးခဲ့ရသလို ဗီလာကို ရှုံးတဲ့ ပွဲမှာသာ ချဲလ်ဆီးကွင်းလယ်လူနည်းပြဟောင်းရဲ့ နောက်တန်းက တစ်ဂိုးထက် ပိုပေးခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီမှာ သုံးဂိုး အလှူပေးခဲ့တာကြောင့် ပေးဂိုး ၉ ဂိုးအထိ ရှိသွားခဲ့ချိန်မှာ လမ်းပတ်ရဲ့ လူတွေအနေနဲ့ ပေးဂိုး အနည်းဆုံးစံချိန်ကိုလည်း ပရီးမီးယားလိဂ်မှာ ရရှိသွားခဲ့ပြီး သူတို့နဲ့ အနီးဆုံးမှာ ရပ်တည်နိုင်တာဆိုလို့ အဆင့် ၁ က အာဆင်နယ်၊ အဆင့် ၄ က ဘရိုက်တန်နဲ့ အဆင့် ၇ က နယူးကာဆယ်လ်တို့သာ ရှိနေတာပါ။

ရစ်ချာလစ်ဆန်ကို လက်လွှတ်လိုက်ရတဲ့ တိုက်စစ်ပိုင်းက သိပ်အထင်ကြီးစရာ မရှိသေးပေမယ့် အဲဗာတန်တို့ရဲ့ ခံစစ်ပိုင်းက သူတို့ကို ရလဒ်ကောင်းတွေ ရှာဖွေရာမှာ ထောက်ကူပေးထားပြီး တစ်ဂိုးရလိုက်တာနဲ့ အတော်လေး အလုပ်ဖြစ်စေသလို နှစ်ဂိုးဆိုရင် နိုင်ပွဲသေချာတဲ့အထိ ဒီရာသီမှာ ခေါ်ယူထားတဲ့ လူသစ်တွေနဲ့ လမ်းပတ်တစ်ယောက် တည်ဆောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်လေကနေ အလွတ်ပြောင်းလာတဲ့ ဂျိမ်းစ် တာကော့ဗ်စကီးနဲ့ ဝုလ်ဗ်စ်ကနေ အငှားခေါ်ထားတဲ့ ကွန်နာ ကိုဒီတို့လို ၂၉ နှစ်သား ဝါရင့်နှစ်ဦးက တစ်ယောက်ကို ယူရိုသန်း ၃၀ လောက် ပေးထားရတဲ့ ယယ်ရီ မီနာ၊ မိုက်ကယ် ကီးန်နဲ့ ဘင် ဂေါ့ဖရီတို့တွေ ဒဏ်ရာရနေ၊ အရန်ခုံ ထိုင်နေရတာတောင် မလွမ်းလောက်တဲ့ အခြေအနေကို ပြသထားနိုင်ခဲ့ပြီး ဒီလို ပေးဂိုးနည်းမှုမှာ လမ်းပတ်ရဲ့ အသစ်တည်ဆောက်ခဲ့တဲ့ ကွင်းလယ်ကလည်း ဆရာကျခဲ့တာပါ။

ပီအက်စ်ဂျီကို ယူရို ၃၂ သန်းနဲ့ ထွက်ခွာသွားခဲ့တဲ့ ဆီနီဂေါသား အီဒရစ်ဆာ ဂါနီ ဂေးယီကို အသက် ၃၃ နှစ်အရွယ်မှာ ယူရို ၁၀ သန်းနဲ့ ပြန်ပြီး ခေါ်ယူလိုက်နိုင်တာနဲ့ လီလ်ရဲ့ အရှည်ကြီး အန်ဒရီ အိုနာနာကို ယူရို ၃၅ သန်းနဲ့ ခေါ်လိုက်နိုင်တာတွေက လမ်းပတ်ရဲ့ ကွင်းလယ်သစ်ကို ပြောင်းလဲလာခဲ့တဲ့ အဲလက်စ် အီဝိုဘီ၊ အက်ဘ်ဒူလာယေး ဒူကူရေးတို့နဲ့ ဒေါင်ဒေါင်မြည်စေသလို တွမ် ဒေးဗီးစ်နဲ့ ဂျိမ်းစ် ဂါနာတို့ကလည်း အင်အားတောင့်တင်းစေခဲ့ပါတယ်။

ကွင်းလယ်မှာ လုပ်အားနှုန်းကောင်းတဲ့ ဂေးယီ၊ အိုနာနာ၊ အီဝိုဘီတို့ သုံးယောက်တွဲက ယက်ကန်းယှယ်သလို ကစားထားနိုင်ခဲ့ပြီး တောင်ပံတွေက ဒီမာရိုင် ဂရေးနဲ့ အန်တိုနီ ဂေါ်ဒန်တို့ကလည်း ခံစစ်တွေကို လိုက်ပါကူညီပေးနိုင်လို့ အဲဗာတန်ခံစစ်က ဒီရာသီမှာ ပိုမိုအားကောင်းခဲ့တာဖြစ်သလို ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ် မပါဘဲ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ အက်စ်မီယာ ဘီဂိုဗစ်ချ် ဝင်ဖမ်းရင်းတောင် Clean Sheet ရခဲ့သေးတာပါ။

လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာတော့ ပြီးခဲ့တဲ့ ရာသီကုန်က ဒဏ်ရာရသွားခဲ့ပြီး ဒီရာသီမှာ တစ်ပွဲမှ မကစားနိုင်သေးတဲ့ တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်လည်း ပြန်ပါလာတော့မှာဖြစ်လို့ အဲဗာတန်တို့ ပိုမိုအင်အားတောင့်တင်းလာဖို့ ရှိနေချိန်မှာ ရှေ့လာမယ့်ပွဲတွေကို တော်ဖီပရိသတ်တွေအနေနဲ့ ရလဒ်ကောင်းတွေနဲ့ တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်ဖို့ မျှော်လင့်ချက်တွေ ကြီးထွားနေကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲဗာတန္အသင္းအေနနဲ႔ ရာသီအစက အဖြင့္ပြဲ ၂ ပြဲကို ရႈံးနိမ့္ခဲ့ၿပီး ၄ ပြဲကစားၿပီးခ်ိန္မွာ ၂ မွတ္၊ ၆ ပြဲကစားၿပီးတဲ့ အခ်ိန္အထိ ႏိုင္ပြဲတစ္ပြဲမွ မရေသးဘဲ ၄ မွတ္သာ ရရွိထားခဲ့အခ်ိန္မွာ နည္းျပ ဖရန႔္ လမ္းပတ္အတြက္ေတာ့ ၿပီးခဲ့တဲ့ ရာသီက တန္းဆင္းဇုန္းက ေသေျပးရွင္ေျပး ႐ုန္းခဲ့ရပုံနဲ႔ဆိုရင္ ရာထူးျပဳတ္ဖို႔ နီးစပ္ေနၿပီလို႔ ထင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲစဥ္ ၆ မွာ လီဗာပူးလ္ကို ဂိုးမရွိသေရ ကစားႏိုင္ခဲ့တာက သူတို႔အတြက္ စိတ္ဓာတ္အင္အားကို တိုးပြားေစခဲ့တယ္လို႔ ယူဆရအၿပီးမွာေတာ့ ေနာက္ထပ္ႏွစ္ပြဲကို ဆက္လက္ကစားခဲ့ရာမွာ ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ မွတ္တမ္းက ၈ ပြဲအၿပီးမွာ ၂ ပြဲႏိုင္ ၄ ပြဲသေရ ၂ ပြဲရႈံးနဲ႔ ၁၀ မွတ္ စုေဆာင္းၿပီး ဆိုးဆိုး႐ြား႐ြားအေနအထားကေန မဆိုးဘူးလို႔ မွတ္ခ်က္ေပးရမယ့္ အေကာင္းဘက္ အေနအထားကို ဦးတည္လာခဲ့တာပါ။

ေတာ္ဖီေတြအေနနဲ႔ ၆ ပြဲအထိ ဆိုး႐ြားေနတဲ့ မွတ္တမ္းနဲ႔ အဆင့္ ၁၆ ကေန ပြဲစဥ္ ၇ နဲ႔ ၈ မွာ ဝက္စ္ဟမ္းနဲ႔ ေဆာက္သမ္တန္တို႔ကို အႏိုင္ယူၿပီး အဆင့္ ၁၁ Mid-Table အထိ တက္လွမ္းလာႏိုင္ခဲ့ေစတာကေတာ့ သူတို႔ရဲ႕ က်စ္လ်စ္တဲ့ ခံစစ္ေၾကာင့္ျဖစ္ၿပီး ဒီ ၈ ပြဲမွာ ၇ ဂိုးသာ ေပးခဲ့ရသလို ဗီလာကို ရႈံးတဲ့ ပြဲမွာသာ ခ်ဲလ္ဆီးကြင္းလယ္လူနည္းျပေဟာင္းရဲ႕ ေနာက္တန္းက တစ္ဂိုးထက္ ပိုေပးခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးတို႔ရဲ႕ မန္ခ်က္စတာဒါဘီမွာ သုံးဂိုး အလႉေပးခဲ့တာေၾကာင့္ ေပးဂိုး ၉ ဂိုးအထိ ရွိသြားခဲ့ခ်ိန္မွာ လမ္းပတ္ရဲ႕ လူေတြအေနနဲ႔ ေပးဂိုး အနည္းဆုံးစံခ်ိန္ကိုလည္း ပရီးမီးယားလိဂ္မွာ ရရွိသြားခဲ့ၿပီး သူတို႔နဲ႔ အနီးဆုံးမွာ ရပ္တည္ႏိုင္တာဆိုလို႔ အဆင့္ ၁ က အာဆင္နယ္၊ အဆင့္ ၄ က ဘ႐ိုက္တန္နဲ႔ အဆင့္ ၇ က နယူးကာဆယ္လ္တို႔သာ ရွိေနတာပါ။

ရစ္ခ်ာလစ္ဆန္ကို လက္လႊတ္လိုက္ရတဲ့ တိုက္စစ္ပိုင္းက သိပ္အထင္ႀကီးစရာ မရွိေသးေပမယ့္ အဲဗာတန္တို႔ရဲ႕ ခံစစ္ပိုင္းက သူတို႔ကို ရလဒ္ေကာင္းေတြ ရွာေဖြရာမွာ ေထာက္ကူေပးထားၿပီး တစ္ဂိုးရလိုက္တာနဲ႔ အေတာ္ေလး အလုပ္ျဖစ္ေစသလို ႏွစ္ဂိုးဆိုရင္ ႏိုင္ပြဲေသခ်ာတဲ့အထိ ဒီရာသီမွာ ေခၚယူထားတဲ့ လူသစ္ေတြနဲ႔ လမ္းပတ္တစ္ေယာက္ တည္ေဆာက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘန္ေလကေန အလြတ္ေျပာင္းလာတဲ့ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးနဲ႔ ဝုလ္ဗ္စ္ကေန အငွားေခၚထားတဲ့ ကြန္နာ ကိုဒီတို႔လို ၂၉ ႏွစ္သား ဝါရင့္ႏွစ္ဦးက တစ္ေယာက္ကို ယူ႐ိုသန္း ၃၀ ေလာက္ ေပးထားရတဲ့ ယယ္ရီ မီနာ၊ မိုက္ကယ္ ကီးန္နဲ႔ ဘင္ ေဂါ့ဖရီတို႔ေတြ ဒဏ္ရာရေန၊ အရန္ခုံ ထိုင္ေနရတာေတာင္ မလြမ္းေလာက္တဲ့ အေျခအေနကို ျပသထားႏိုင္ခဲ့ၿပီး ဒီလို ေပးဂိုးနည္းမႈမွာ လမ္းပတ္ရဲ႕ အသစ္တည္ေဆာက္ခဲ့တဲ့ ကြင္းလယ္ကလည္း ဆရာက်ခဲ့တာပါ။

ပီအက္စ္ဂ်ီကို ယူ႐ို ၃၂ သန္းနဲ႔ ထြက္ခြာသြားခဲ့တဲ့ ဆီနီေဂါသား အီဒရစ္ဆာ ဂါနီ ေဂးယီကို အသက္ ၃၃ ႏွစ္အ႐ြယ္မွာ ယူ႐ို ၁၀ သန္းနဲ႔ ျပန္ၿပီး ေခၚယူလိုက္ႏိုင္တာနဲ႔ လီလ္ရဲ႕ အရွည္ႀကီး အန္ဒရီ အိုနာနာကို ယူ႐ို ၃၅ သန္းနဲ႔ ေခၚလိုက္ႏိုင္တာေတြက လမ္းပတ္ရဲ႕ ကြင္းလယ္သစ္ကို ေျပာင္းလဲလာခဲ့တဲ့ အဲလက္စ္ အီဝိုဘီ၊ အက္ဘ္ဒူလာေယး ဒူကူေရးတို႔နဲ႔ ေဒါင္ေဒါင္ျမည္ေစသလို တြမ္ ေဒးဗီးစ္နဲ႔ ဂ်ိမ္းစ္ ဂါနာတို႔ကလည္း အင္အားေတာင့္တင္းေစခဲ့ပါတယ္။

ကြင္းလယ္မွာ လုပ္အားႏႈန္းေကာင္းတဲ့ ေဂးယီ၊ အိုနာနာ၊ အီဝိုဘီတို႔ သုံးေယာက္တြဲက ယက္ကန္းယွယ္သလို ကစားထားႏိုင္ခဲ့ၿပီး ေတာင္ပံေတြက ဒီမာ႐ိုင္ ဂေရးနဲ႔ အန္တိုနီ ေဂၚဒန္တို႔ကလည္း ခံစစ္ေတြကို လိုက္ပါကူညီေပးႏိုင္လို႔ အဲဗာတန္ခံစစ္က ဒီရာသီမွာ ပိုမိုအားေကာင္းခဲ့တာျဖစ္သလို ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္ မပါဘဲ ကစားခဲ့တဲ့ ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ အက္စ္မီယာ ဘီဂိုဗစ္ခ်္ ဝင္ဖမ္းရင္းေတာင္ Clean Sheet ရခဲ့ေသးတာပါ။

လာမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲစဥ္မွာေတာ့ ၿပီးခဲ့တဲ့ ရာသီကုန္က ဒဏ္ရာရသြားခဲ့ၿပီး ဒီရာသီမွာ တစ္ပြဲမွ မကစားႏိုင္ေသးတဲ့ တိုက္စစ္မႉး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္လည္း ျပန္ပါလာေတာ့မွာျဖစ္လို႔ အဲဗာတန္တို႔ ပိုမိုအင္အားေတာင့္တင္းလာဖို႔ ရွိေနခ်ိန္မွာ ေရွ႕လာမယ့္ပြဲေတြကို ေတာ္ဖီပရိသတ္ေတြအေနနဲ႔ ရလဒ္ေကာင္းေတြနဲ႔ တစ္ဆင့္ထက္တစ္ဆင့္ ျမင့္သထက္ျမင့္ဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးထြားေနၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.