Premier League Serie A

ဟားလန်းကို တားနိုင်မယ့် လျှို့ဝှက်ချက်ကို ပြောပြလိုက်တဲ့ ခံစစ်မှူးကြီး နက်စတာ

အီတလီဂန္တဝင်ခံစစ်မှူးကြီး အလက်ဆန်ဒရို နက်စတာက ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒို နာဇာရီယိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကြောင့် ဟာလန်းကို ၎င်းသာဆိုရင် တားဆီးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယခုနွေရာသီမှာ အစ်တီဟတ်ကို ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို တစ်စစီ စုတ်ဖြဲနေခဲ့တာဖြစ်ပြီး ဟက်ထရစ် ၃ ကြိမ်ကို အမြန်ဆုံးရရှိတဲ့ကစားသမားအဖြစ် ၈ ပွဲသာ ကစားရသေးချိန်မှာ စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အေစီမီလန်နဲ့ အီတလီဂန္တဝင် ခံစစ်မှူးကြီး နက်စတာကတော့ ၎င်းသာ ဒီနေ့ခေတ် ဘောလုံးလောကမှာရှိနေသေးရင် ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒို နာဇာရီယိုကို ရင်ဆိုင်ခဲ့ဖူးတဲ့အတွေ့အကြုံကြောင့် နော်ဝေတိုက်စစ်မှူးကို ကောင်းကောင်း ရပ်တန့်နိုင်မှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် ကစားနိုင်တယ်။ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဘရာဇီးလ်ဂန္တဝင် ရော်နယ်လ်ဒိုနဲ့ ရင်ဆိုင်ကစားခဲ့ရလို့ပဲ။ ဟာလန်းက အရမ်းကောင်းမွန်ပါတယ်။ ဒါပေမယ့် ရိုနယ်လ်ဒိုကတော့ ကွဲပြားခြားနားတဲ့ တစ်စုံတရာပါပဲ”

“ကျွန်တော် မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်တို့နဲ့ ရင်ဆိုင်ကစားခဲ့ရပေမယ့်လည်း ဘရာဇီးလ် ရိုနယ်လ်ဒိုကတော့ ကျွန်တော့်အတွက် လုံးဝကို ကွဲပြားခြားနားခဲ့ပါတယ်”လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အီတလီခံစစ်ကျောက်ဆောင်ကြီး နက်စတာက လက်ရှိ ပရီးမီးယားလိဂ်မှာ ဟာလန်းကြောင့် ဒုက္ခရောက်နေတဲ့ ဘဝတူ နောက်ခံကစားသမားတွေအတွက် မန်စီးတီးကြယ်ပွင့်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကိုပါ စေတနာ ရှေ့ထားပြီး ပြောပြသွားခဲ့ပါသေးတယ်။

“ကျွန်တော်ဆိုရင် သူနဲ့ အနီးအနားမှာပဲ နေမယ်။ သူ စပြီး ပြေးဖို့ ကြိုးပမ်းတဲ့အချိန်ကျရင် ကျွန်တော် သူ့ကို ပြေးလမ်းကြောင်း ပိတ်ဆို့ထားမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ကို နေရာလွတ်အများကြီး သွားပေးရင် ခင်ဗျား သေပြီလို့သာ မှတ်လိုက်ပေတော့”လို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် ၂ ပွဲအတွင်း ဟက်ထရစ်တစ်ကြိမ် အပါအဝင် ၅ ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ယနေ့ည ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာလည်း နောက်ထပ် သွင်းဂိုးတွေ သွင်းယူဖို့အတွက် ဆာလောင်နေဦးမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီတလီဂႏၲဝင္ခံစစ္မႉးႀကီး အလက္ဆန္ဒ႐ို နက္စတာက ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒို နာဇာရီယိုနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ အေတြ႕အႀကဳံေၾကာင့္ ဟာလန္းကို ၎သာဆိုရင္ တားဆီးႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းဟာ ယခုေႏြရာသီမွာ အစ္တီဟတ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္ကလပ္အသင္းေတြကို တစ္စစီ စုတ္ၿဖဲေနခဲ့တာျဖစ္ၿပီး ဟက္ထရစ္ ၃ ႀကိမ္ကို အျမန္ဆုံးရရွိတဲ့ကစားသမားအျဖစ္ ၈ ပြဲသာ ကစားရေသးခ်ိန္မွာ စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေအစီမီလန္နဲ႔ အီတလီဂႏၲဝင္ ခံစစ္မႉးႀကီး နက္စတာကေတာ့ ၎သာ ဒီေန႔ေခတ္ ေဘာလုံးေလာကမွာရွိေနေသးရင္ ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒို နာဇာရီယိုကို ရင္ဆိုင္ခဲ့ဖူးတဲ့အေတြ႕အႀကဳံေၾကာင့္ ေနာ္ေဝတိုက္စစ္မႉးကို ေကာင္းေကာင္း ရပ္တန႔္ႏိုင္မွာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ကစားႏိုင္တယ္။ ဟုတ္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ဘရာဇီးလ္ဂႏၲဝင္ ေရာ္နယ္လ္ဒိုနဲ႔ ရင္ဆိုင္ကစားခဲ့ရလို႔ပဲ။ ဟာလန္းက အရမ္းေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ႐ိုနယ္လ္ဒိုကေတာ့ ကြဲျပားျခားနားတဲ့ တစ္စုံတရာပါပဲ”

“ကြၽန္ေတာ္ မက္ဆီ၊ ခရစၥတီယာႏို ေရာ္နယ္လ္တို႔နဲ႔ ရင္ဆိုင္ကစားခဲ့ရေပမယ့္လည္း ဘရာဇီးလ္ ႐ိုနယ္လ္ဒိုကေတာ့ ကြၽန္ေတာ့္အတြက္ လုံးဝကို ကြဲျပားျခားနားခဲ့ပါတယ္”လို႔ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

အီတလီခံစစ္ေက်ာက္ေဆာင္ႀကီး နက္စတာက လက္ရွိ ပရီးမီးယားလိဂ္မွာ ဟာလန္းေၾကာင့္ ဒုကၡေရာက္ေနတဲ့ ဘဝတူ ေနာက္ခံကစားသမားေတြအတြက္ မန္စီးတီးၾကယ္ပြင့္ကို ဘယ္လို ကိုင္တြယ္ေျဖရွင္းရမလဲဆိုတာကိုပါ ေစတနာ ေရွ႕ထားၿပီး ေျပာျပသြားခဲ့ပါေသးတယ္။

“ကြၽန္ေတာ္ဆိုရင္ သူနဲ႔ အနီးအနားမွာပဲ ေနမယ္။ သူ စၿပီး ေျပးဖို႔ ႀကိဳးပမ္းတဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္ သူ႔ကို ေျပးလမ္းေၾကာင္း ပိတ္ဆို႔ထားမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ သူ႔ကို ေနရာလြတ္အမ်ားႀကီး သြားေပးရင္ ခင္ဗ်ား ေသၿပီလို႔သာ မွတ္လိုက္ေပေတာ့”လို႔ အႀကံေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ပြဲစဥ္ ၂ ပြဲအတြင္း ဟက္ထရစ္တစ္ႀကိမ္ အပါအဝင္ ၅ ဂိုး အထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ယေန႔ည ေဆာက္သမ္တန္ကို အိမ္ကြင္းမွာ ရင္ဆိုင္ရမယ့္ပြဲစဥ္မွာလည္း ေနာက္ထပ္ သြင္းဂိုးေတြ သြင္းယူဖို႔အတြက္ ဆာေလာင္ေနဦးမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.