Bundesliga Ligue1 Premier League

Forbes က ထုတ်ပြန်ခဲ့တဲ့ လစာအများဆုံးထိပ်တန်းကစားသမား ၁၀ ဦးစာရင်း

Forbes မဂ္ဂဇင်းက ၂၀၂၂ ခုနှစ်အတွက် လစာအများဆုံး ရရှိနေတဲ့ ကစားသမား စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ခီလီယန် အမ်ဘာပေက လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေစေမယ့် မက်မောလောက်ဖွယ် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားဂန္တဝင် မက်ဆီကို ကျော်ဖြတ်နိုင်ခဲ့တာကို မြင်တွေ့ရတာက သိပ်တော့ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆင့် သတ်မှတ်ချက်ထုတ်ပြန်ခဲ့ရာမှာတော့ အံ့အားသင့်စရာအနည်းငယ်တော့ ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမားအများအပြား စာရင်းထဲ ပါဝင်ခဲ့ပေမယ့် အခုမှ ပရီးမီးယားလိဂ်ကို ရောက်ရှိလာတဲ့ နော်ဝေတိုက်စစ်မှူးက ထိပ်ဆုံး ၆ ဦးထဲ ပါဝင်နေခဲ့တာဖြစ်ပါတယ်။

၁၀။ ကီဗင် ဒီဘရိုင်းနား-ပေါင် ၂၆.၅ သန်း
ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် အခိုင်အမာ သက်သေပြသထားသူဖြစ်တာကြောင့် သိသာထင်ရှားတဲ့ လစာပမာဏလည်း ရရှိနေတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ်က ကွင်းအတွင်းဝင်ငွေ ပေါင် ၂၂.၅ သန်းအထိ ရရှိခဲ့ပြီး Nike အပါအဝင် အခြား အမှတ်တံဆိပ် ၁၁ ခုနဲ့ သဘောတူညီမှုကြောင့် နောက်ထပ် ပေါင် ၄ သန်းလည်း ရရှိခဲ့တာဖြစ်ပါတယ်။

၉။ အင်နီယေစတာ-ပေါင် ၂၇ သန်း
ဘာစီလိုနာကို စွန့်ခွာပြီးကတည်းက အင်နီယေစတာဟာ ဂျပန်မှာ ကစားနေသူဖြစ်ပြီး နောက်ဆုံး စီးပွားရေးလုပ်ငန်းအဖြစ်နဲ့ ဂျပန်ဈေးကွက်အတွက် ရည်ရွယ်ပြီး ကိုယ်ပိုင်ဘောလုံးကန်ဖိနပ် ထုတ်ဖော်မိတ်ဆက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်မှာ ကွင်းပြင်ပ ဝင်ငွေ ပေါင် ၄.၅ သန်း ရရှိခဲ့ပါတယ်။ စပိန်ကွင်းလယ်ကစားသမားဟာ ဗစ်ဆယ် ကိုဘေးအသင်းအတွက် ပုံမှန်ကစားပေးနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ကွင်းအတွင်းဝင်ငွေ ပေါင် ၂၂.၅ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

၈။ အီဒင် ဟာဇက်- ပေါင် ၂၈ သန်း
ချဲလ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက် ပွဲကစားချိန် အကန့်အသတ်သာ ရရှိနေပေမယ့်လည်း ဟာဇက်ဟာ ဘောလုံးလောကမှာ ထိပ်တန်းလစာရရှိနေတဲ့ ကစားသမား ၁၀ ဦးထဲမှာတော့ ပါဝင်နေဆဲဖြစ်ပါတယ်။ အီဒင် ဟာဇက်ဟာ ကွင်းအတွင်းက သဘောတူညီမှုစာချုပ်တွေကနေ ပေါင် ၂၄ သန်းအထိ ရရှိနေပြီး ကွင်းပြင်ပ စီးပွားရေးတွေကနေ ဝင်ငွေ ပေါင် ၄ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

၇။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး-ပေါင် ၃၁ သန်း
လီဗန်ဒေါ့ဗ်စကီဟာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီမှာ နာမည်ကြီး အပြောင်းအရွှေ့တွေထဲက တစ်ခုဖြစ်ခဲ့ပြီး ပိုလန်တိုက်စစ်မှူးဟာ Nike ရဲ့ စပွန်ဆာသဘောတူညီမှုနဲ့ ၎င်းရဲ့ ကိုယ်ပိုင်အဝတ်အထည် အမှတ်တံဆိပ် ‘RL9’တို့ကနေ ကွင်းပြင်ပဝင်ငွေ ပေါင် ၇ သန်းအထိ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကွင်းအတွင်းဝင်ငွေက ပေါင် ၂၄ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

၆။ အာလင်း ဟာလန်း-ပေါင် ၃၅ သန်း
ပရီးမီးယားလိဂ်မှာ ဒီနှစ်မှာ စကစားနေတဲ့ ဟာလန်းဟာ လာမယ့်နှစ်မှာ အခု ရရှိထားတဲ့ ဝင်ငွေထက် အများကြီး ပိုမိုမြင့်မားလာမှာ သေချာသလောက် ရှိပါတယ်။ ဆမ်ဆောင်းလိုမျိုး ကုမ္ပဏီနဲ့ သဘောတူညီမှုတွေကြောင့် ဟာလန်းဟာ ကွင်းပြင်ပကနေ ပေါင် ၄ သန်းအထိ ရရှိနေပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ၎င်းရဲ့ ဘောလုံးကန်ဖိနပ်သဘောတူညီမှုအသစ်တစ်ခုတည်းနဲ့တင် ပေါင် ၁၆ သန်းဝန်းကျင်ရရှိမယ်လို့ သိရပါတယ်။ ဟာလန်းရဲ့ ကွင်းအတွင်း ဝင်ငွေဟာ ပေါင် ၃၁ သန်းအထိ ရရှိခဲ့ပြီး ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

၅။ မိုဟာမက် ဆာလား-ပေါင် ၄၇ သန်း
ဆာလားဟာ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ အန်းဖီးမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ရလဒ်အနေနဲ့ ကွင်းအတွင်းဝင်ငွေ ပေါင် ၃၁ သန်းအထိ ရရှိခဲ့ပြီး ကွင်းပြင်ပမှာလည်း Adidas ရဲ့ လူသိအများဆုံး ကမ္ဘာကျော်ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တာကြောင့် စပွန်ဆာသဘောတူညီမှုနေ ပေါင် ၁၆ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

၄။ နေမာ-ပေါင် ၇၈ သန်း
၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့နေမာဟာ လိဂန်းအသင်းကြီးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ကမ္ဘာပေါ်က လစာအများဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ ကွင်းအတွင်းဝင်ငွေ ပေါင်သန်း ၅၀ အထိ ရရှိနေပြီး ပူးမားနဲ့ အော်ရီဒူးအုပ်စုတို့နဲ့ သဘောတူညီမှုကနေလည်း ကွင်းပြင်ပဝင်ငွေ ပေါင် ၂၈ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို-ပေါင်သန်း ၉၀
ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ ကွင်းပြင်ပကနေ ဝင်ငွေအများဆုံးရရှိနေတဲ့ ကစားသမားဖြစ်ပြီး Nike၊ Herbalifeနဲ့ Livescore တို့လို ကုမ္ပဏီတွေနဲ့ သဘောတူညီမှုကြောင့် တစ်နှစ်ကို ပေါင်သန်း ၆၀ ဝန်းကျင် ရရှိနေပြီး ကွင်းအတွင်းဝင်ငွေကလည်း ပေါင် ၃၆ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့အထင်ကြီးစရာအကောင်းဆုံးကိန်းဂဏန်းက အင်စတာဂရမ်က ပရိသတ်ဦးရေဖြစ်ကောင်းဖြစ်နိုင်ပြီး ပရိသတ်ပေါင်း ၄၈၆ သန်းအထိ ရရှိထားတာဖြစ်ပါတယ်။

၂။ လီယွန်နယ် မက်ဆီ-ပေါင် ၁၀၈ သန်း
ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့လစာအမြင့်မားဆုံးကစားသမားဖြစ်ခဲ့တဲ့ မက်ဆီဟာ မျက်လုံးပြူးလောက်စရာ ဝင်ငွေကို ရရှိနေဆဲဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်ဟာ ဝင်ငွေစုစုပေါင်းရဲ့ တဝက်(ပေါင် ၄၉.၅ သန်း)ကို ကွင်းပြင်ပ စပွန်ဆာတွေဆီကနေ ရရှိနေတာဖြစ်ပြီး ကွင်းတွင်းကနေ ပေါင် ၅၈.၅ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

၁။ ခီလီယန် အမ်ဘာပေ-ပေါင် ၁၁၅ သန်း
အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၅ ခုနှစ်အထိ ဆက်ရှိနေစေမယ့် မက်မောလောက်ဖွယ်စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးဟာ ကြောက်မက်ဖွယ် ဝင်ငွေကို ရရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လအတွင်း ပြင်သစ်တိုက်စစ်မှူးဟာ ကွင်းအတွင်း စွမ်းဆောင်ရည်အတွက် ပေါင် ၉၉ သန်းအထိ မယုံနိုင်ဖွယ် ရရှိခဲ့တာဖြစ်ပြီး EA ၊ Nike တို့နဲ့ သဘောတူညီမှုတွေကနေလည်း ပေါင် ၁၆ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Forbes မဂၢဇင္းက ၂၀၂၂ ခုႏွစ္အတြက္ လစာအမ်ားဆုံး ရရွိေနတဲ့ ကစားသမား စာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာမွာ ခီလီယန္ အမ္ဘာေပက လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးက ရပ္တည္ႏိုင္ခဲ့ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနေစမယ့္ မက္ေမာေလာက္ဖြယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားဂႏၲဝင္ မက္ဆီကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာကို ျမင္ေတြ႕ရတာက သိပ္ေတာ့ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဆင့္ သတ္မွတ္ခ်က္ထုတ္ျပန္ခဲ့ရာမွာေတာ့ အံ့အားသင့္စရာအနည္းငယ္ေတာ့ ရွိေနခဲ့ၿပီး ပရီးမီးယားလိဂ္ကစားသမားအမ်ားအျပား စာရင္းထဲ ပါဝင္ခဲ့ေပမယ့္ အခုမွ ပရီးမီးယားလိဂ္ကို ေရာက္ရွိလာတဲ့ ေနာ္ေဝတိုက္စစ္မႉးက ထိပ္ဆုံး ၆ ဦးထဲ ပါဝင္ေနခဲ့တာျဖစ္ပါတယ္။

၁၀။ ကီဗင္ ဒီဘ႐ိုင္းနား-ေပါင္ ၂၆.၅ သန္း
ဒီဘ႐ိုင္းနားဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ အခိုင္အမာ သက္ေသျပသထားသူျဖစ္တာေၾကာင့္ သိသာထင္ရွားတဲ့ လစာပမာဏလည္း ရရွိေနတာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ႏွစ္က ကြင္းအတြင္းဝင္ေငြ ေပါင္ ၂၂.၅ သန္းအထိ ရရွိခဲ့ၿပီး Nike အပါအဝင္ အျခား အမွတ္တံဆိပ္ ၁၁ ခုနဲ႔ သေဘာတူညီမႈေၾကာင့္ ေနာက္ထပ္ ေပါင္ ၄ သန္းလည္း ရရွိခဲ့တာျဖစ္ပါတယ္။

၉။ အင္နီေယစတာ-ေပါင္ ၂၇ သန္း
ဘာစီလိုနာကို စြန႔္ခြာၿပီးကတည္းက အင္နီေယစတာဟာ ဂ်ပန္မွာ ကစားေနသူျဖစ္ၿပီး ေနာက္ဆုံး စီးပြားေရးလုပ္ငန္းအျဖစ္နဲ႔ ဂ်ပန္ေဈးကြက္အတြက္ ရည္႐ြယ္ၿပီး ကိုယ္ပိုင္ေဘာလုံးကန္ဖိနပ္ ထုတ္ေဖာ္မိတ္ဆက္ခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္မွာ ကြင္းျပင္ပ ဝင္ေငြ ေပါင္ ၄.၅ သန္း ရရွိခဲ့ပါတယ္။ စပိန္ကြင္းလယ္ကစားသမားဟာ ဗစ္ဆယ္ ကိုေဘးအသင္းအတြက္ ပုံမွန္ကစားေပးေနဆဲျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ကြင္းအတြင္းဝင္ေငြ ေပါင္ ၂၂.၅ သန္း ရရွိခဲ့တာျဖစ္ပါတယ္။

၈။ အီဒင္ ဟာဇက္- ေပါင္ ၂၈ သန္း
ခ်ဲလ္ဆီးကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ၿပီးေနာက္ ပြဲကစားခ်ိန္ အကန႔္အသတ္သာ ရရွိေနေပမယ့္လည္း ဟာဇက္ဟာ ေဘာလုံးေလာကမွာ ထိပ္တန္းလစာရရွိေနတဲ့ ကစားသမား ၁၀ ဦးထဲမွာေတာ့ ပါဝင္ေနဆဲျဖစ္ပါတယ္။ အီဒင္ ဟာဇက္ဟာ ကြင္းအတြင္းက သေဘာတူညီမႈစာခ်ဳပ္ေတြကေန ေပါင္ ၂၄ သန္းအထိ ရရွိေနၿပီး ကြင္းျပင္ပ စီးပြားေရးေတြကေန ဝင္ေငြ ေပါင္ ၄ သန္း ရရွိခဲ့တာျဖစ္ပါတယ္။

၇။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး-ေပါင္ ၃၁ သန္း
လီဗန္ေဒါ့ဗ္စကီဟာ ဘိုင္ယန္ျမဴးနစ္ကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ နာမည္ႀကီး အေျပာင္းအေ႐ႊ႕ေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး ပိုလန္တိုက္စစ္မႉးဟာ Nike ရဲ႕ စပြန္ဆာသေဘာတူညီမႈနဲ႔ ၎ရဲ႕ ကိုယ္ပိုင္အဝတ္အထည္ အမွတ္တံဆိပ္ ‘RL9’တို႔ကေန ကြင္းျပင္ပဝင္ေငြ ေပါင္ ၇ သန္းအထိ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ ကြင္းအတြင္းဝင္ေငြက ေပါင္ ၂၄ သန္း ရရွိခဲ့တာျဖစ္ပါတယ္။

၆။ အာလင္း ဟာလန္း-ေပါင္ ၃၅ သန္း
ပရီးမီးယားလိဂ္မွာ ဒီႏွစ္မွာ စကစားေနတဲ့ ဟာလန္းဟာ လာမယ့္ႏွစ္မွာ အခု ရရွိထားတဲ့ ဝင္ေငြထက္ အမ်ားႀကီး ပိုမိုျမင့္မားလာမွာ ေသခ်ာသေလာက္ ရွိပါတယ္။ ဆမ္ေဆာင္းလိုမ်ိဳး ကုမၸဏီနဲ႔ သေဘာတူညီမႈေတြေၾကာင့္ ဟာလန္းဟာ ကြင္းျပင္ပကေန ေပါင္ ၄ သန္းအထိ ရရွိေနၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ၎ရဲ႕ ေဘာလုံးကန္ဖိနပ္သေဘာတူညီမႈအသစ္တစ္ခုတည္းနဲ႔တင္ ေပါင္ ၁၆ သန္းဝန္းက်င္ရရွိမယ္လို႔ သိရပါတယ္။ ဟာလန္းရဲ႕ ကြင္းအတြင္း ဝင္ေငြဟာ ေပါင္ ၃၁ သန္းအထိ ရရွိခဲ့ၿပီး ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

၅။ မိုဟာမက္ ဆာလား-ေပါင္ ၄၇ သန္း
ဆာလားဟာ ေနာက္ဆုံးမွာေတာ့ ၿပီးခဲ့တဲ့ေႏြရာသီမွာ လီဗာပူးလ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး ၂၀၂၅ ခုႏွစ္အထိ အန္းဖီးမွာ ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။ အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ရလဒ္အေနနဲ႔ ကြင္းအတြင္းဝင္ေငြ ေပါင္ ၃၁ သန္းအထိ ရရွိခဲ့ၿပီး ကြင္းျပင္ပမွာလည္း Adidas ရဲ႕ လူသိအမ်ားဆုံး ကမာၻေက်ာ္ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္တာေၾကာင့္ စပြန္ဆာသေဘာတူညီမႈေန ေပါင္ ၁၆ သန္းအထိ ရရွိခဲ့တာျဖစ္ပါတယ္။

၄။ ေနမာ-ေပါင္ ၇၈ သန္း
၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ေနမာဟာ လိဂန္းအသင္းႀကီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ ကမာၻေပၚက လစာအမ်ားဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ ကြင္းအတြင္းဝင္ေငြ ေပါင္သန္း ၅၀ အထိ ရရွိေနၿပီး ပူးမားနဲ႔ ေအာ္ရီဒူးအုပ္စုတို႔နဲ႔ သေဘာတူညီမႈကေနလည္း ကြင္းျပင္ပဝင္ေငြ ေပါင္ ၂၈ သန္းအထိ ရရွိခဲ့တာျဖစ္ပါတယ္။

၃။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို-ေပါင္သန္း ၉၀
ေရာ္နယ္လ္ဒိုဟာ ကမာၻေပၚမွာ ကြင္းျပင္ပကေန ဝင္ေငြအမ်ားဆုံးရရွိေနတဲ့ ကစားသမားျဖစ္ၿပီး Nike၊ Herbalifeနဲ႔ Livescore တို႔လို ကုမၸဏီေတြနဲ႔ သေဘာတူညီမႈေၾကာင့္ တစ္ႏွစ္ကို ေပါင္သန္း ၆၀ ဝန္းက်င္ ရရွိေနၿပီး ကြင္းအတြင္းဝင္ေငြကလည္း ေပါင္ ၃၆ သန္းအထိ ရရွိခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ႕အထင္ႀကီးစရာအေကာင္းဆုံးကိန္းဂဏန္းက အင္စတာဂရမ္က ပရိသတ္ဦးေရျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ပရိသတ္ေပါင္း ၄၈၆ သန္းအထိ ရရွိထားတာျဖစ္ပါတယ္။

၂။ လီယြန္နယ္ မက္ဆီ-ေပါင္ ၁၀၈ သန္းၿပီးခဲ့တဲ့ႏွစ္က ကမာၻ႔လစာအျမင့္မားဆုံးကစားသမားျဖစ္ခဲ့တဲ့ မက္ဆီဟာ မ်က္လုံးျပဴးေလာက္စရာ ဝင္ေငြကို ရရွိေနဆဲျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ဝင္ေငြစုစုေပါင္းရဲ႕ တဝက္(ေပါင္ ၄၉.၅ သန္း)ကို ကြင္းျပင္ပ စပြန္ဆာေတြဆီကေန ရရွိေနတာျဖစ္ၿပီး ကြင္းတြင္းကေန ေပါင္ ၅၈.၅ သန္းအထိ ရရွိခဲ့တာျဖစ္ပါတယ္။

၁။ ခီလီယန္ အမ္ဘာေပ-ေပါင္ ၁၁၅ သန္း
အမ္ဘာေပဟာ ပီအက္စ္ဂ်ီနဲ႔ ၂၀၂၅ ခုႏွစ္အထိ ဆက္ရွိေနေစမယ့္ မက္ေမာေလာက္ဖြယ္စာခ်ဳပ္သစ္ကို ခ်ဳပ္ဆိုခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးဟာ ေၾကာက္မက္ဖြယ္ ဝင္ေငြကို ရရွိေနခဲ့ၿပီး ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၁၂ လအတြင္း ျပင္သစ္တိုက္စစ္မႉးဟာ ကြင္းအတြင္း စြမ္းေဆာင္ရည္အတြက္ ေပါင္ ၉၉ သန္းအထိ မယုံႏိုင္ဖြယ္ ရရွိခဲ့တာျဖစ္ၿပီး EA ၊ Nike တို႔နဲ႔ သေဘာတူညီမႈေတြကေနလည္း ေပါင္ ၁၆ သန္းအထိ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.