Premier League

အသင်းဟောင်းထက် ဆရာပတ်ရဲ့အဲဗာတန်ကိုပဲ အထင်ကြီးနေတဲ့ မန်ယူနိုက်တက်ဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် နောက်ခံကစားသမား ပက်ထရစ် အီဗရာက တနင်္ဂနွေနေ့ည ကစားသွားမယ့် အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် ဟောကိန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးရဲ့ ၆-၃ နဲ့ အပြတ်အသတ် အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး ယခုအပတ်မှာတော့ လမ်းပတ်ရဲ့ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆင် ပါ့ခ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပုံမှန်အားဖြင့် အဲဗာတန်အသင်း အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရတဲ့အခါတိုင်း ရုန်းကန်ရလေ့ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သွားရောက်ရမှာဆိုရင် ပိုလို့တောင် ဆိုးရွားတဲ့အခြေအနေ ဖြစ်လာနိုင်စရာ ရှိနေတာ ဖြစ်ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ်က မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရတဲ့ ဂန္တဝင်နောက်ခံကစားသမား ပက်ထရစ် အီဗရာအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာကြောင့် ယနေ့ညနေပွဲစဉ်မှာ အသင်းဟောင်းဘက်ကနေ ထောက်ခံပြောဆိုခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး လမ်းပတ်ရဲ့အသင်းကပဲ အနိုင်ရရှိသွားလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။

“ဒီပွဲက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်မှာပါ။ မေးခွန်းထုတ်စရာရှိတာက မန်ယူနိုက်တက်အနေနဲ့ ဒါဘီပွဲစဉ်ကနေ ပြန်လည်ကုစားနိုင်ခဲ့ပြီလားဆိုတာပဲ။ အဲဗာတန်နဲ့ ကစားရတာက အမြဲတမ်း ခက်ခဲခဲ့ပါတယ်။ ဒီပွဲက အမြဲတမ်း ခက်ခဲတဲ့ပွဲဖြစ်နေမှာပါ”

“ဂွတ်ဒီဆင်ပါ့ခ်က အခုအချိန်မှာ မန်ယူနိုက်တက်ကို ကျွန်တော် သွားစေချင်တဲ့ နေရာမဟုတ်ပါဘူး။ ကံဆိုးစွာနဲ့ပဲ အဲဗာတန်အသင်းကပဲ အနိုင်ရသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ယူနိုက်တက်က စီးတီးနဲ့ပွဲမှာ ကျွန်တော့်ကို အများကြီး စိတ်ပျက်စေခဲ့တယ်။ သူတို့တွေက ဆိုးရွားတဲ့အမှတ်တရအချို့ကို ပြန်လည်ယူဆောင်ပေးခဲ့တယ်”

“ဒီအသင်းက အဲဒါကို လျင်လျင်မြန်မြန်နဲ့ ပြန်လည်ကုစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိပါ့မလား။ ကျွန်တော် မသိပါဘူး။ ကစားသမားတွေနဲ့ နည်းပြတွေက ဒါဘီပွဲအပြီးမှာ ယုံကြည်မှုအနည်းငယ် ပျောက်ဆုံးခဲ့မယ်လို့ ကျွန်တော် ထင်ပြီး ကစားသမားအချို့က ပွဲအပြီးမှာ နည်းပြက သူတို့ကို ခေါ်ရင်တောင် အပြစ်တင်ခံရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ထိခိုက်လွယ်နေကြပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၆ ပွဲအတွင်း ရှုံးပွဲမရှိခဲ့ဘဲ ဆက်တိုက် နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပြီး ၇ ဂိုးသာ ခွင့်ပြုပေးထားရတာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်ပိုင်းကိုလည်း ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ မန်ချက်စတာဒါဘီပွဲစဉ်အပြီး ကြာသပတေးနေ့ညက နောက်ထပ် ရှုံးပွဲတစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ တော်တော်လေး နီးစပ်ခဲ့ပြီး လူစားဝင်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကြောင့်သာ ဆိုက်ပရပ်စ်မှာ အိုမိုးနီးယား နီကိုးရှားကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း ပက်ထရစ် အီဗရာကတော့ ယနေ့ညနေပွဲစဉ်မှာ အိမ်ရှင် အဲဗာတန်အသင်းက မန်ချက်စတာယူနိုက်တက်အသင်းကို ၁-၀ နဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရယူသွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေနာက္ခံကစားသမား ပက္ထရစ္ အီဗရာက တနဂၤေႏြေန႔ည ကစားသြားမယ့္ အဲဗာတန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္နဲ႔ပတ္သက္ၿပီး အံ့အားသင့္ဖြယ္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာစီးတီးရဲ႕ ၆-၃ နဲ႔ အျပတ္အသတ္ အႏိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ယခုအပတ္မွာေတာ့ လမ္းပတ္ရဲ႕ အဲဗာတန္အသင္းနဲ႔ ဂြတ္ဒီဆင္ ပါ့ခ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပုံမွန္အားျဖင့္ အဲဗာတန္အသင္း အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရတဲ့အခါတိုင္း ႐ုန္းကန္ရေလ့ရွိတာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ သြားေရာက္ရမွာဆိုရင္ ပိုလို႔ေတာင္ ဆိုး႐ြားတဲ့အေျခအေန ျဖစ္လာႏိုင္စရာ ရွိေနတာ ျဖစ္ပါတယ္။

မန္ခ်က္စတာဒါဘီပြဲစဥ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စိတ္ပ်က္ဖြယ္စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရတဲ့ ဂႏၲဝင္ေနာက္ခံကစားသမား ပက္ထရစ္ အီဗရာအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာေၾကာင့္ ယေန႔ညေနပြဲစဥ္မွာ အသင္းေဟာင္းဘက္ကေန ေထာက္ခံေျပာဆိုခဲ့ျခင္းမရွိခဲ့တာျဖစ္ၿပီး လမ္းပတ္ရဲ႕အသင္းကပဲ အႏိုင္ရရွိသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္တာျဖစ္ပါတယ္။

“ဒီပြဲက ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္မွာပါ။ ေမးခြန္းထုတ္စရာရွိတာက မန္ယူႏိုက္တက္အေနနဲ႔ ဒါဘီပြဲစဥ္ကေန ျပန္လည္ကုစားႏိုင္ခဲ့ၿပီလားဆိုတာပဲ။ အဲဗာတန္နဲ႔ ကစားရတာက အၿမဲတမ္း ခက္ခဲခဲ့ပါတယ္။ ဒီပြဲက အၿမဲတမ္း ခက္ခဲတဲ့ပြဲျဖစ္ေနမွာပါ”

“ဂြတ္ဒီဆင္ပါ့ခ္က အခုအခ်ိန္မွာ မန္ယူႏိုက္တက္ကို ကြၽန္ေတာ္ သြားေစခ်င္တဲ့ ေနရာမဟုတ္ပါဘူး။ ကံဆိုးစြာနဲ႔ပဲ အဲဗာတန္အသင္းကပဲ အႏိုင္ရသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ယူႏိုက္တက္က စီးတီးနဲ႔ပြဲမွာ ကြၽန္ေတာ့္ကို အမ်ားႀကီး စိတ္ပ်က္ေစခဲ့တယ္။ သူတို႔ေတြက ဆိုး႐ြားတဲ့အမွတ္တရအခ်ိဳ႕ကို ျပန္လည္ယူေဆာင္ေပးခဲ့တယ္”

“ဒီအသင္းက အဲဒါကို လ်င္လ်င္ျမန္ျမန္နဲ႔ ျပန္လည္ကုစားဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ ရွိပါ့မလား။ ကြၽန္ေတာ္ မသိပါဘူး။ ကစားသမားေတြနဲ႔ နည္းျပေတြက ဒါဘီပြဲအၿပီးမွာ ယုံၾကည္မႈအနည္းငယ္ ေပ်ာက္ဆုံးခဲ့မယ္လို႔ ကြၽန္ေတာ္ ထင္ၿပီး ကစားသမားအခ်ိဳ႕က ပြဲအၿပီးမွာ နည္းျပက သူတို႔ကို ေခၚရင္ေတာင္ အျပစ္တင္ခံရေတာ့မယ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ထိခိုက္လြယ္ေနၾကပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္အသင္းဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၆ ပြဲအတြင္း ရႈံးပြဲမရွိခဲ့ဘဲ ဆက္တိုက္ ႏိုင္ပြဲေတြ ရယူထားႏိုင္ခဲ့ၿပီး ၇ ဂိုးသာ ခြင့္ျပဳေပးထားရတာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးခံစစ္ပိုင္းကိုလည္း ပိုင္ဆိုင္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ မန္ခ်က္စတာဒါဘီပြဲစဥ္အၿပီး ၾကာသပေတးေန႔ညက ေနာက္ထပ္ ရႈံးပြဲတစ္ပြဲနဲ႔ ရင္ဆိုင္ရဖို႔ ေတာ္ေတာ္ေလး နီးစပ္ခဲ့ၿပီး လူစားဝင္ကစားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ေၾကာင့္သာ ဆိုက္ပရပ္စ္မွာ အိုမိုးနီးယား နီကိုးရွားကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားေဟာင္း ပက္ထရစ္ အီဗရာကေတာ့ ယေန႔ညေနပြဲစဥ္မွာ အိမ္ရွင္ အဲဗာတန္အသင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းကို ၁-၀ နဲ႔ က်ဥ္းေျမာင္းတဲ့ ရလဒ္နဲ႔ပဲ အႏိုင္ရယူသြားႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.