Analysis Article Match Preview Premier League

ဘာအားနည်းချက်မှ မရှိဘဲ လီဗာပူးလ်ကို အိမ်ကွင်းမှာ ချေမှုန်းသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်တိုင်း အဖက်ဖက်က အားနည်းမှုတွေနဲ့ ဒုက္ခရောက်ခဲ့ရသလို သရေရအောင် မနည်းကစားခဲ့ရပြီး ယာဂန် ကလော့ပ်ရဲ့ Gegenpress System မှာ အနိုင်ကျင့်ခံခဲ့ရပေမယ့် ဒီနှစ်မှာတော့ ဒါတွေအားလုံးကို မေ့ပစ်ပြီး လက်တုံ့ပြန်နိုင်မယ့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အဝေးကွင်းမှာ မန်ယူကို ရှုံးခဲ့တာကလွဲလို့ ကျန်တဲ့ ပွဲတွေမှာ မြို့ခံပြိုင်ဘက် စပါးစ်ကိုပါ တီးထားနိုင်တဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကို ပြန်ကစားချင်ရင် နိုင်သင့်နိုင်ထိုက်တဲ့ အိမ်ကွင်းပွဲစဉ်တွေကို နိုင်ရမှာဖြစ်ပြီး အရင်ကလို မန်စီးတီးနဲ့ လီဗာပူးလ်တို့နဲ့တွေ့တိုင်း အမှတ်လျော့နေလို့ မရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် တနင်္ဂနွေနေ့ညမှာ လီဗာပူးလ်တို့ကို အနိုင်ယူဖို့က လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်နေပြီး ဒီရာသီမှာ ပုံစံကောင်းရနေတဲ့ အသင်းအနေနဲ့ အဖက်ဖက်က တိုးတက်လာခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာရဲ့ System က ပွဲတစ်ပွဲကို စိုးမိုးထိန်းချုပ်နိုင်စွမ်း ရှိနေချိန်မှာ ဂန်းနားတွေ အမ်းမရိတ်မှာ အနိုင်ရသွားနိုင်တဲ့ အချက်တွေ များစွာ ရှိနေပါတယ်။

ပထမတစ်ချက်ကတော့ သူတို့တွေ အကြောက်ဆုံးဖြစ်ပြီး တုံ့ပြန်ဖို့ ဘာမှ မတတ်နိုင်ခဲ့တဲ့ ဒဏ်ရာ ပြဿနာကနေ ကင်းစင်နေတာပါ။ အသင်းရဲ့ ကွင်းလယ်မှာ နီးလျက်နဲ့ ဝေးပြီး ကောင်းကောင်းမသုံးခဲ့ရတဲ့ သောမတ်စ် ပါတေးအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်ရဲ့ သဘောသဘာဝကို နားလည်ပြီး ကြံ့ခိုင်မှုက အပြည့်မဟုတ်ရင်တောင် ဒဏ်ရာကို ဘယ်လို ရှောင်ရမယ်ဆိုတာ သိလာချိန်မှာ ကီရန် တီယာနီကလည်း ပိုကြံ့ခိုင်လာပါပြီ။

ဇင်ချန်ကို,ကို ဒီပွဲအတွက် အပြည့်အဝ အနားပေးထားချိန်မှာ အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ Single Pivot ပါတေးနဲ့ Attacking No.8 တွေ ဖြစ်ကြတဲ့ ချာကာ၊ အော်ဒီဂွါဒ်တို့ဟာ ဒီရာသီမှာ ခြေစွမ်းကျဆင်းနေတဲ့ ဟန်ဒါဆန်၊ သီယာဂိုနဲ့ ဖာဘင်ညိုတို့ကို ကောင်းကောင်းစိုးမိုးနိုင်ဖို့ ရှိနေပြီး သူတို့ ကစားနေကျ ပုံစံအတိုင်း အမ်းမရိတ်မှာ စိုးမိုးလာနိုင်တာဖြစ်ပါတယ်။

သူတို့ကို ဒုက္ခပေးနေကျ လီဗာပူးလ်တို့ရဲ့ Quick Counter Long Ball တွေနဲ့ ခံစစ်တန်းပေါ် ကျော်တင်တဲ့ ပုံစံကို တားဆီးဖို့အတွက်တော့ ခံစစ်မှာ ဆာလီဘာက အကောင်းဆုံး ခြေစွမ်းပြနေပြီး သူ့ရဲ့ သွက်လက်မှုက မြန်နှုန်းမြင့်ဆိုတဲ့ တိုက်စစ်မှူးတွေနဲ့ ယှဉ်ကစားနိုင်သလို မြောက်လန်ဒန်ဒါဘီမှာ အစမ်းသပ်ခံနိုင်ခဲ့တဲ့ တည်ငြိမ်တဲ့ ပုံစံနဲ့ ဂုဏ်ထူးထွက်အပြီးမှာ အမှတ်ပြည့်ရနိုင်ဖို့ ဒီပွဲမှာ ဆက်လက်ခြေစွမ်းပြလာနိုင်တာပါ။

ဘယ်တောင်ပံမှာ ပြီးခဲ့တဲ့ နှစ်ကတည်းက မာတီနယ်လီကို မနိုင်တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဒီနေ့ပွဲမှာလည်း ပြဿနာ ပေါ်မှာပဲဖြစ်ပြီး အရင်နှစ်တွေက ဆာကာကို အတွေ့အကြုံနဲ့ ခပ်ညစ်ညစ် ထိန်းချုပ်သွားတဲ့ ရောဘတ်ဆန် မပါဝင်နိုင်ဘဲ ဆီမီကတ်စ်ပဲ ကစားရမှာက အာဆင်နယ်တို့ရဲ့ တိုက်စစ်ပိုင်းက နောက်ထပ် အားသာချက်တွေလည်းဖြစ်နေပါတယ်။

တိုက်စစ်မှူးနေရာမှာ ကစားနေပေမယ့် တောင်ပံတွေကို ထွက်ကစားလေ့ရှိပြီး Quick Feet Dribbling တွေ လုပ်လေ့ရှိတဲ့ ဂျေဆူးစ်ဟာ ပြီးခဲ့တဲ့ စပါးစ်နဲ့ပွဲမှာ အဲ့လိုပုံစံတွေက ဂိုးရဖို့ နီးစပ်ခဲ့သလို ဘိုဒို/ဂလင့်မ်နဲ့ ပွဲမှာတော့ ဘယ်တောင်ပံကနေ ခံစစ်သမားနှစ်ဦးကို ဖြတ်ကျော်ပြီး ဗီယာရာအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်လို့ သူပိုမိုလှုပ်ရှားတတ်တဲ့ ဘယ်တောင်ပံနဲ့ ခံစစ်ညံ့တဲ့ အာနိုးလ်ဒ်တို့ကတော့ ပွဲပဲလို့ ပြောရတော့မှာပါ။

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ အနိုင်ရဖို့ အားသာချက်တွေ များပြားနေချိန်မှာ အဝေးကွင်းလာကစားမယ့် ဧည့်သည် လီဗာပူးလ်တို့အနေနဲ့ သူတို့ချင်း တွေ့ဆုံတိုင်း ခြေစွမ်းပြတတ်တဲ့ တိုက်စစ် ဖာမီနို၊ ဆာလား၊ ဂျိုတာတို့ သုံးယောက်နဲ့ ဗန်ဒိုက်၊ မာတစ်ပ်တို့ ခံစစ်ဗဟိုနှစ်ဦးကိုသာ မျှော်လင့်ချက် ထားရမှာဖြစ်ပြီး သူတို့တွေ မရှုံးအောင် ကစားနိုင်မလားပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပေါလ်မာဆန်က အိမ်ရှင်တွေဘက်ကနေ နှစ်ဂိုး-ဂိုးမရှိ၊ ပယ်ထရိစ် အီဗရာက သုံးဂိုး-နှစ်ဂိုး၊ ခရစ္စ ဆပ်တန်က လေးဂိုး-တစ်ဂိုးနဲ့ ဝီလီယမ် ဂါးလက်စ်က သုံးဂိုး-တစ်ဂိုးလို့ ခန့်မှန်းထားကြပြီး လောင်းကစားဝက်ဘ်ဆိုက်တချို့ကသာ သရေလို့ ခန့်မှန်းထားကြတာကြောင့် ပွဲမတိုင်ခင်မှာ ဂန်းနား ပရိသတ်တွေ စိတ်ဓာတ်တက်ကြွနေကြပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် စိန်ခေါ်သူပြန်ဖြစ်ဖို့ အနိုင်ယူလိမ့်မယ်လို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ လီဗာပူးလ္အသင္းနဲ႔ ရင္ဆိုင္တိုင္း အဖက္ဖက္က အားနည္းမႈေတြနဲ႔ ဒုကၡေရာက္ခဲ့ရသလို သေရရေအာင္ မနည္းကစားခဲ့ရၿပီး ယာဂန္ ကေလာ့ပ္ရဲ႕ Gegenpress System မွာ အႏိုင္က်င့္ခံခဲ့ရေပမယ့္ ဒီႏွစ္မွာေတာ့ ဒါေတြအားလုံးကို ေမ့ပစ္ၿပီး လက္တုံ႔ျပန္ႏိုင္မယ့္အခ်ိန္ကို ေရာက္ရွိလာၿပီျဖစ္ပါတယ္။

အေဝးကြင္းမွာ မန္ယူကို ရႈံးခဲ့တာကလြဲလို႔ က်န္တဲ့ ပြဲေတြမွာ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္ကိုပါ တီးထားႏိုင္တဲ့ အာဆင္နယ္ဟာ ခ်န္ပီယံလိဂ္ကို ျပန္ကစားခ်င္ရင္ ႏိုင္သင့္ႏိုင္ထိုက္တဲ့ အိမ္ကြင္းပြဲစဥ္ေတြကို ႏိုင္ရမွာျဖစ္ၿပီး အရင္ကလို မန္စီးတီးနဲ႔ လီဗာပူးလ္တို႔နဲ႔ေတြ႕တိုင္း အမွတ္ေလ်ာ့ေနလို႔ မရတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ တနဂၤေႏြေန႔ညမွာ လီဗာပူးလ္တို႔ကို အႏိုင္ယူဖို႔က လုပ္သင့္လုပ္ထိုက္တဲ့အရာျဖစ္ေနၿပီး ဒီရာသီမွာ ပုံစံေကာင္းရေနတဲ့ အသင္းအေနနဲ႔ အဖက္ဖက္က တိုးတက္လာခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာရဲ႕ System က ပြဲတစ္ပြဲကို စိုးမိုးထိန္းခ်ဳပ္ႏိုင္စြမ္း ရွိေနခ်ိန္မွာ ဂန္းနားေတြ အမ္းမရိတ္မွာ အႏိုင္ရသြားႏိုင္တဲ့ အခ်က္ေတြ မ်ားစြာ ရွိေနပါတယ္။

ပထမတစ္ခ်က္ကေတာ့ သူတို႔ေတြ အေၾကာက္ဆုံးျဖစ္ၿပီး တုံ႔ျပန္ဖို႔ ဘာမွ မတတ္ႏိုင္ခဲ့တဲ့ ဒဏ္ရာ ျပႆနာကေန ကင္းစင္ေနတာပါ။ အသင္းရဲ႕ ကြင္းလယ္မွာ နီးလ်က္နဲ႔ ေဝးၿပီး ေကာင္းေကာင္းမသုံးခဲ့ရတဲ့ ေသာမတ္စ္ ပါေတးအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ အဂၤလန္ရဲ႕ သေဘာသဘာဝကို နားလည္ၿပီး ႀကံ့ခိုင္မႈက အျပည့္မဟုတ္ရင္ေတာင္ ဒဏ္ရာကို ဘယ္လို ေရွာင္ရမယ္ဆိုတာ သိလာခ်ိန္မွာ ကီရန္ တီယာနီကလည္း ပိုႀကံ့ခိုင္လာပါၿပီ။

ဇင္ခ်န္ကို,ကို ဒီပြဲအတြက္ အျပည့္အဝ အနားေပးထားခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ Single Pivot ပါေတးနဲ႔ Attacking No.8 ေတြ ျဖစ္ၾကတဲ့ ခ်ာကာ၊ ေအာ္ဒီဂြါဒ္တို႔ဟာ ဒီရာသီမွာ ေျခစြမ္းက်ဆင္းေနတဲ့ ဟန္ဒါဆန္၊ သီယာဂိုနဲ႔ ဖာဘင္ညိဳတို႔ကို ေကာင္းေကာင္းစိုးမိုးႏိုင္ဖို႔ ရွိေနၿပီး သူတို႔ ကစားေနက် ပုံစံအတိုင္း အမ္းမရိတ္မွာ စိုးမိုးလာႏိုင္တာျဖစ္ပါတယ္။

သူတို႔ကို ဒုကၡေပးေနက် လီဗာပူးလ္တို႔ရဲ႕ Quick Counter Long Ball ေတြနဲ႔ ခံစစ္တန္းေပၚ ေက်ာ္တင္တဲ့ ပုံစံကို တားဆီးဖို႔အတြက္ေတာ့ ခံစစ္မွာ ဆာလီဘာက အေကာင္းဆုံး ေျခစြမ္းျပေနၿပီး သူ႔ရဲ႕ သြက္လက္မႈက ျမန္ႏႈန္းျမင့္ဆိုတဲ့ တိုက္စစ္မႉးေတြနဲ႔ ယွဥ္ကစားႏိုင္သလို ေျမာက္လန္ဒန္ဒါဘီမွာ အစမ္းသပ္ခံႏိုင္ခဲ့တဲ့ တည္ၿငိမ္တဲ့ ပုံစံနဲ႔ ဂုဏ္ထူးထြက္အၿပီးမွာ အမွတ္ျပည့္ရႏိုင္ဖို႔ ဒီပြဲမွာ ဆက္လက္ေျခစြမ္းျပလာႏိုင္တာပါ။

ဘယ္ေတာင္ပံမွာ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက မာတီနယ္လီကို မႏိုင္တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဒီေန႔ပြဲမွာလည္း ျပႆနာ ေပၚမွာပဲျဖစ္ၿပီး အရင္ႏွစ္ေတြက ဆာကာကို အေတြ႕အႀကဳံနဲ႔ ခပ္ညစ္ညစ္ ထိန္းခ်ဳပ္သြားတဲ့ ေရာဘတ္ဆန္ မပါဝင္ႏိုင္ဘဲ ဆီမီကတ္စ္ပဲ ကစားရမွာက အာဆင္နယ္တို႔ရဲ႕ တိုက္စစ္ပိုင္းက ေနာက္ထပ္ အားသာခ်က္ေတြလည္းျဖစ္ေနပါတယ္။

တိုက္စစ္မႉးေနရာမွာ ကစားေနေပမယ့္ ေတာင္ပံေတြကို ထြက္ကစားေလ့ရွိၿပီး Quick Feet Dribbling ေတြ လုပ္ေလ့ရွိတဲ့ ေဂ်ဆူးစ္ဟာ ၿပီးခဲ့တဲ့ စပါးစ္နဲ႔ပြဲမွာ အဲ့လိုပုံစံေတြက ဂိုးရဖို႔ နီးစပ္ခဲ့သလို ဘိုဒို/ဂလင့္မ္နဲ႔ ပြဲမွာေတာ့ ဘယ္ေတာင္ပံကေန ခံစစ္သမားႏွစ္ဦးကို ျဖတ္ေက်ာ္ၿပီး ဗီယာရာအတြက္ ဂိုးဖန္တီးေပးႏိုင္ခဲ့တာျဖစ္လို႔ သူပိုမိုလႈပ္ရွားတတ္တဲ့ ဘယ္ေတာင္ပံနဲ႔ ခံစစ္ညံ့တဲ့ အာႏိုးလ္ဒ္တို႔ကေတာ့ ပြဲပဲလို႔ ေျပာရေတာ့မွာပါ။

အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အႏိုင္ရဖို႔ အားသာခ်က္ေတြ မ်ားျပားေနခ်ိန္မွာ အေဝးကြင္းလာကစားမယ့္ ဧည့္သည္ လီဗာပူးလ္တို႔အေနနဲ႔ သူတို႔ခ်င္း ေတြ႕ဆုံတိုင္း ေျခစြမ္းျပတတ္တဲ့ တိုက္စစ္ ဖာမီႏို၊ ဆာလား၊ ဂ်ိဳတာတို႔ သုံးေယာက္နဲ႔ ဗန္ဒိုက္၊ မာတစ္ပ္တို႔ ခံစစ္ဗဟိုႏွစ္ဦးကိုသာ ေမွ်ာ္လင့္ခ်က္ ထားရမွာျဖစ္ၿပီး သူတို႔ေတြ မရႈံးေအာင္ ကစားႏိုင္မလားပဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ေပါလ္မာဆန္က အိမ္ရွင္ေတြဘက္ကေန ႏွစ္ဂိုး-ဂိုးမရွိ၊ ပယ္ထရိစ္ အီဗရာက သုံးဂိုး-ႏွစ္ဂိုး၊ ခရစၥ ဆပ္တန္က ေလးဂိုး-တစ္ဂိုးနဲ႔ ဝီလီယမ္ ဂါးလက္စ္က သုံးဂိုး-တစ္ဂိုးလို႔ ခန႔္မွန္းထားၾကၿပီး ေလာင္းကစားဝက္ဘ္ဆိုက္တခ်ိဳ႕ကသာ သေရလို႔ ခန႔္မွန္းထားၾကတာေၾကာင့္ ပြဲမတိုင္ခင္မွာ ဂန္းနား ပရိသတ္ေတြ စိတ္ဓာတ္တက္ႂကြေနၾကၿပီး ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ စိန္ေခၚသူျပန္ျဖစ္ဖို႔ အႏိုင္ယူလိမ့္မယ္လို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.