Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– ဗန္ဒဘိခ္ကို ရရွိခဲ့ၿပီးတဲ့ေနာက္ ဂရီးလစ္ရွ္အတြက္ ေသြးေအးသြားတဲ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ေဒါ့မြန္ရဲ႕ ဆန္ခ်ဳိကို ျပန္လည္ ကမ္းလွမ္းဖို႔ ရွိလာၿပီး ကလပ္အသင္းခ်င္း တုိက္႐ိုက္စတင္ ေဆြးေႏြးဖို႔ထက္ ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ အရင္ဆုံး ညႇိႏွဳိင္းေနတယ္လို႔ သတင္းထြက္ေပၚလာ။

– တန္းဆင္း ဘုန္းေမာက္အသင္းကေန ထြက္ခြာဖို႔ ရွိေနတဲ့ တုိက္စစ္မွဴး ဂ်ဳိရွဴအာကင္းဟာ သူ႕ရဲ႕ လူငယ္ဘဝအသင္းျဖစ္တဲ့ မန္ခ်က္စတာ ယူႏုိက္တက္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ႏုိင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ဆိုးလ္ရွားရဲ႕ ေခၚယူမွဳကို ေစာင့္ေနတယ္လုိ႔ဆို။

– ေမာ္ရင္ညဳိလက္ထက္က မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေခၚယူမွဳျဖစ္ခဲ့တဲ့ အလက္ဆစ္ ဆန္ခ်က္ဇ္ဟာ အသင္းေျပာင္းေရႊ႕ခဲ့မိတာ မွားတယ္လို႔ ဝန္ခံလုိက္ၿပီး ပထမဆုံး ထရိန္နင္အၿပီးမွာ အာဆင္နယ္ကို ျပန္လို႔ရေသးလားလို႔ ေအးဂ်င့္ကို ေမးခဲ့တယ္လို႔ သိရ။

– အက္စ္တန္ဗီလာအသင္းအေနနဲ႔ ယူႏိုက္တက္ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးကို အဲဗာတန္အသင္းနဲ႔ အၿပဳိင္ေခၚယူရာမွာ ေအာင္ျမင္မွဳရခဲ့ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၇.၁ သန္း (ယူ႐ို ၈ သန္း)နဲ႔ ရရွိႏိုင္ေတာ့မွာျဖစ္သလို အသင္းရဲ႕ ပထမဂိုးသမားအျဖစ္ ေနရာေပးဖို႔ ရွိေန။

– ဖာဂူဆန္လက္ထက္မွာ အသင္းရဲ႕ တုိက္စစ္နည္းျပျဖစ္ခဲ့တဲ့ ဒတ္ခ်္လူမ်ဳိး ရီေနး မူလန္စတင္းက ဗန္ဒဘိခ္နဲ႔ ေပါ့ဘာဟာ ကစားပုံခ်င္း တူညီမွဳ မရွိတဲ့အတြက္ အတူတူ တြဲကစားႏုိင္ၿပီး ျပင္သစ္သားအေနနဲ႔ အသင္းက ထြက္ခြာဖို႔ ခန္႔မွန္းမွဳေတြက မျဖစ္ႏုိင္ေၾကာင္းဆုိ။

– ဗန္ဒဘိခ္အတြက္ ေပးပုိ႔လိုက္တဲ့ ဗန္ဒါဆားရဲ႕ အိတ္ဖြင့္ေပးစာအတြက္ ပရိသတ္ေတြက နက္နက္နဲနဲ ခံစားခ်ီးက်ဴးခဲ့ၾကၿပီး တစ္ေန႔မွာ အုိးလ္ထရက္ဖို႔ဒ္ကို လက္ရွိအုိင္းယက္စ္က ရာထူးနဲ႔ ညီမွ်တဲ့ စီအီးအို၊ ဒါမွမဟုတ္ အားကစားဒါ႐ိုက္တာအျဖစ္ ေရာက္လာေစခ်င္တယ္လုိ႔ ဆုိေနၾက။

– Smalldini လို႔ အီတလီမွာ ခ်ီးက်ဴးေနၾကတဲ့ ခရစၥ စေမာလင္းနဲ႔ ႐ိုးမားတုိ႔ အၿပီးသတ္စာခ်ဳပ္ႏုိင္ဖို႔ ေဆြးေႏြးေနသလို ယူႏိုက္တက္ရဲ႕ အပယ္ခံ ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဖီးလ္ ဂ်ဳံးစ္ကိုလည္း ရွင္းထုတ္ႏုိင္ဖို႔ အခြင့္အေရးရွိလာၿပီး နယူးကာဆယ္လ္အသင္းက ေခၚယူဖို႔ အလုိရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဗန်ဒဘိခ်ကို ရရှိခဲ့ပြီးတဲ့နောက် ဂရီးလစ်ရှ်အတွက် သွေးအေးသွားတဲ့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒေါ့မွန်ရဲ့ ဆန်ချိုကို ပြန်လည် ကမ်းလှမ်းဖို့ ရှိလာပြီး ကလပ်အသင်းချင်း တိုက်ရိုက်စတင် ဆွေးနွေးဖို့ထက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ အရင်ဆုံး ညှိနှိုင်းနေတယ်လို့ သတင်းထွက်ပေါ်လာ။

– တန်းဆင်း ဘုန်းမောက်အသင်းကနေ ထွက်ခွာဖို့ ရှိနေတဲ့ တိုက်စစ်မှူး ဂျိုရှူအာကင်းဟာ သူ့ရဲ့ လူငယ်ဘဝအသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေပြီး ဆိုးလ်ရှားရဲ့ ခေါ်ယူမှုကို စောင့်နေတယ်လို့ဆို။

– မော်ရင်ညိုလက်ထက်က မန်ချက်စတာယူနိုက်တက်ရဲ့ ခေါ်ယူမှုဖြစ်ခဲ့တဲ့ အလက်ဆစ် ဆန်ချက်ဇ်ဟာ အသင်းပြောင်းရွှေ့ခဲ့မိတာ မှားတယ်လို့ ဝန်ခံလိုက်ပြီး ပထမဆုံး ထရိန်နင်အပြီးမှာ အာဆင်နယ်ကို ပြန်လို့ရသေးလားလို့ အေးဂျင့်ကို မေးခဲ့တယ်လို့ သိရ။

– အက်စ်တန်ဗီလာအသင်းအနေနဲ့ ယူနိုက်တက်ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို အဲဗာတန်အသင်းနဲ့ အပြိုင်ခေါ်ယူရာမှာ အောင်မြင်မှုရခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၇.၁ သန်း (ယူရို ၈ သန်း)နဲ့ ရရှိနိုင်တော့မှာဖြစ်သလို အသင်းရဲ့ ပထမဂိုးသမားအဖြစ် နေရာပေးဖို့ ရှိနေ။

– ဖာဂူဆန်လက်ထက်မှာ အသင်းရဲ့ တိုက်စစ်နည်းပြဖြစ်ခဲ့တဲ့ ဒတ်ချ်လူမျိုး ရီနေး မူလန်စတင်းက ဗန်ဒဘိခ်နဲ့ ပေါ့ဘာဟာ ကစားပုံချင်း တူညီမှု မရှိတဲ့အတွက် အတူတူ တွဲကစားနိုင်ပြီး ပြင်သစ်သားအနေနဲ့ အသင်းက ထွက်ခွာဖို့ ခန့်မှန်းမှုတွေက မဖြစ်နိုင်ကြောင်းဆို။

– ဗန်ဒဘိခ်အတွက် ပေးပို့လိုက်တဲ့ ဗန်ဒါဆားရဲ့ အိတ်ဖွင့်ပေးစာအတွက် ပရိသတ်တွေက နက်နက်နဲနဲ ခံစားချီးကျူးခဲ့ကြပြီး တစ်နေ့မှာ အိုးလ်ထရက်ဖို့ဒ်ကို လက်ရှိအိုင်းယက်စ်က ရာထူးနဲ့ ညီမျှတဲ့ စီအီးအို၊ ဒါမှမဟုတ် အားကစားဒါရိုက်တာအဖြစ် ရောက်လာစေချင်တယ်လို့ ဆိုနေကြ။

– Smalldini လို့ အီတလီမှာ ချီးကျူးနေကြတဲ့ ခရစ္စ စမောလင်းနဲ့ ရိုးမားတို့ အပြီးသတ်စာချုပ်နိုင်ဖို့ ဆွေးနွေးနေသလို ယူနိုက်တက်ရဲ့ အပယ်ခံ နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖီးလ် ဂျုံးစ်ကိုလည်း ရှင်းထုတ်နိုင်ဖို့ အခွင့်အရေးရှိလာပြီး နယူးကာဆယ်လ်အသင်းက ခေါ်ယူဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.