Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– ဝက္စ္ဟမ္းအသင္းကို လာဇီယို ေျပာင္းေရႊ႕လာခဲ့ၿပီး ပထမရာသီမွာ ေျခစြမ္းျပခဲ့ေပမယ့္ ဒုတိယရာသီမွာ ေျခစြမ္းေပ်ာက္ဆုံးခဲ့တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဖလိပီ အန္ဒါဆန္ကို အာဆင္နယ္အသင္းက အငွားနဲ႔ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လုိ႔ သတင္းေတြ ေဖာ္ျပ။

– အာဆင္နယ္၊ မန္ယူအသင္းေတြနဲ႔ ခ်ိတ္ဆက္မွဳရွိထားတဲ့ ျပင္သစ္ေနာက္ခံလူ ဆင္ျမဴယယ္လ္ အမ္တီတီအတြက္ ေခၚယူလိုတဲ့အသင္း ရွိမယ္ဆုိရင္ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ အဆင္သင့္ပဲလို႔ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြ ေၾကျငာသြားခဲ့။

– အာဆင္နယ္ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို အသင္းကေန ထြက္ခြာေတာ့မယ့္ ခါလီဒူး ကူလီေဘလီေနရာမွာ အစားထိုးဖို႔အတြက္ ႀကဳိးစားေနတာဟာ မွန္ကန္ေၾကာင္း နာပုိလီဥကၠဌ ဒီေလာ္ရန္တီးစ္ေျပာၾကား။

– ေသာမတ္စ္ ပါေတးကို အက္သလက္တီကို မက္ဒရစ္ဆီက ေခၚယူႏုိင္ဖို႔ အာဆင္နယ္တုိ႔ ဆက္လက္လုပ္ေဆာင္ေနၿပီး ကစားသမား ၇ ဦးကို ေရာင္းခ်ၿပီး ရန္ပုံေငြ ရွာေဖြသြားဖို႔ ရွိေနသလို ေတာ္ရဲရားရဲ႕ ဖီအုိရင္တီးနားနဲ႔ အေျပာင္းအေရႊ႕ နီးစပ္လာ။

– လက္စြမ္းျပေနတဲ့ ဂိုးသမား မာတီနက္ဇ္ရဲ႕ နံပါတ္တစ္ေနရာအတြက္ ေတာင္းဆုိမွဳက ပုိမိုျပင္းထန္လာၿပီး လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔၊ ဖူလ္ဟမ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အရန္ခုံထုိင္ရတာနဲ႔ အသင္းကေန ထြက္ဖို႔ ရွိေနတယ္လို႔ Goal.com က သုံးသပ္ထား။

– အာဆင္နယ္အသင္းရဲ႕ နည္းျပအဖြဲ႕ထဲကို ျပန္လာၿပီး နည္းျပ မီခယ္လ္ အာတီတာနဲ႔ လက္တြဲလုပ္ေဆာင္သြားခ်င္ေနတယ္လုိ႔ အသင္းရဲ႕ Invincible ဂႏၴဝင္ေနာက္ခံလူ ဆိုးလ္ ကမ္းဘဲလ္ ေျပာၾကား။

– ရာသီႀကဳိ ကြန္ျမဴနတီဒိုင္းပြဲစဥ္မွာ ေျခစြမ္းျပခဲ့ေပမယ့္ ဒါနီ စီဘာေယာ့စ္နဲ႔ ကြင္းလယ္လူသစ္ေတြကို ထပ္ခံေခၚယူဦးမယ့္ အေျခအေနေၾကာင့္ အသင္းရဲ႕ အီဂ်စ္ကြင္းလယ္လူ အယ္လ္နန္နီကို ေရာင္းထုတ္သြားဖို႔ အာဆင္နယ္ စီစဥ္ေန။

UNICODE:

– ဝက်စ်ဟမ်းအသင်းကို လာဇီယို ပြောင်းရွှေ့လာခဲ့ပြီး ပထမရာသီမှာ ခြေစွမ်းပြခဲ့ပေမယ့် ဒုတိယရာသီမှာ ခြေစွမ်းပျောက်ဆုံးခဲ့တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖလိပီ အန်ဒါဆန်ကို အာဆင်နယ်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေ ဖော်ပြ။

– အာဆင်နယ်၊ မန်ယူအသင်းတွေနဲ့ ချိတ်ဆက်မှုရှိထားတဲ့ ပြင်သစ်နောက်ခံလူ ဆင်မြူယယ်လ် အမ်တီတီအတွက် ခေါ်ယူလိုတဲ့အသင်း ရှိမယ်ဆိုရင် စာချုပ်ဖျက်သိမ်းပေးဖို့ အဆင်သင့်ပဲလို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေ ကြေငြာသွားခဲ့။

– အာဆင်နယ်နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို အသင်းကနေ ထွက်ခွာတော့မယ့် ခါလီဒူး ကူလီဘေလီနေရာမှာ အစားထိုးဖို့အတွက် ကြိုးစားနေတာဟာ မှန်ကန်ကြောင်း နာပိုလီဥက္ကဌ ဒီလော်ရန်တီးစ်ပြောကြား။

– သောမတ်စ် ပါတေးကို အက်သလက်တီကို မက်ဒရစ်ဆီက ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ ဆက်လက်လုပ်ဆောင်နေပြီး ကစားသမား ၇ ဦးကို ရောင်းချပြီး ရန်ပုံငွေ ရှာဖွေသွားဖို့ ရှိနေသလို တော်ရဲရားရဲ့ ဖီအိုရင်တီးနားနဲ့ အပြောင်းအရွှေ့ နီးစပ်လာ။

– လက်စွမ်းပြနေတဲ့ ဂိုးသမား မာတီနက်ဇ်ရဲ့ နံပါတ်တစ်နေရာအတွက် တောင်းဆိုမှုက ပိုမိုပြင်းထန်လာပြီး လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့၊ ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရန်ခုံထိုင်ရတာနဲ့ အသင်းကနေ ထွက်ဖို့ ရှိနေတယ်လို့ Goal.com က သုံးသပ်ထား။

– အာဆင်နယ်အသင်းရဲ့ နည်းပြအဖွဲ့ထဲကို ပြန်လာပြီး နည်းပြ မီခယ်လ် အာတီတာနဲ့ လက်တွဲလုပ်ဆောင်သွားချင်နေတယ်လို့ အသင်းရဲ့ Invincible ဂန္ထဝင်နောက်ခံလူ ဆိုးလ် ကမ်းဘဲလ် ပြောကြား။

– ရာသီကြို ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပေမယ့် ဒါနီ စီဘာယော့စ်နဲ့ ကွင်းလယ်လူသစ်တွေကို ထပ်ခံခေါ်ယူဦးမယ့် အခြေအနေကြောင့် အသင်းရဲ့ အီဂျစ်ကွင်းလယ်လူ အယ်လ်နန်နီကို ရောင်းထုတ်သွားဖို့ အာဆင်နယ် စီစဉ်နေ။