Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕သတင္းမ်ား စုစည္းမွဳ – ၄.၉.၂၀၂၀

– ၿပီးခဲ့တဲ့ ရာသီတုန္းက ဆီဗီလာအသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္အတြက္ မန္ခ်က္စတာယူႏုိက္တက္ အသင္းက ယူ႐ိုသန္း ၃၀ နဲ႔ ကမ္းလွမ္းမွဳ ျပဳလုပ္ထားၿပီး ႀကံ့ခိုင္မွဳ မျပည့္ဝေသးတဲ့ လုခ္ ေရွာေနရာမွာ အသုံးျပဳဖို႔ ရည္ရြယ္။

– ညာျခမ္းမွာသာမက ဘယ္ျခမ္းမွာပါ ကစားႏုိင္တဲ့ ဘယ္လ္ဂ်ီယံေနာက္ခံလူ တီမိုသီ ကက္စတာညီကို အတၱလန္တာအသင္းကေန ေပါင္ ၂၁.၅ သန္းနဲ႔ လက္စတာအသင္းက ေခၚယူခဲ့ၿပီး ေခ်းလ္ဝဲလ္ ထြက္ခြာသြားတဲ့ ကြက္လပ္အတြက္ ျပန္လည္အစားထိုးႏုိင္ခဲ့။

– အက္စတန္ဗီလာအသင္းအေနနဲ႔ ထုံးစံအတုိင္းပဲ အဂၤလန္သား ငယ္ေမြးျခံေပါက္ ကစားသမားေတြအတြက္ဆုိရင္ အသုံးျပဳရေလ့ရွိတဲ့ မ်ားျပားတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေနာ့တင္ဟမ္ေဖာရက္စ္ ညာေနာက္ခံလူ မက္တီ ကတ္ရွ္ကို ေပါင္ ၁၆ သန္းနဲ႔ ေခၚယူ။

– လူငယ္ေတာင္ပံကစားသမား ဂရာဒီ ဒီယန္ဂါနာကို ေရာင္းခ်လို႔ရတဲ့ ေငြေၾကးနဲ႔ ဘရန္႔ဖို႔ဒ္ေတာင္ပံကစားသမား ဆာအိဒ္ ဘင္ရာမာကို ေခၚယူဖို႔ ဝက္စ္ဟမ္းယူႏုိက္တက္အသင္း ႀကဳိးစားေနၿပီး အသင္းႀကီးေတြရဲ႕ လွဳပ္ရွားမွဳကိုေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိေန။

– အဲဗာတန္အသင္းကို ေျပာင္းေရႊ႕မယ့္ ဟားမက္စ္ ႐ိုဒရီးရက္ဇ္အေနနဲ႔ ဒီေန႔မွာ လန္ဒန္ကို ေရာက္ရွိလာခဲ့ၿပီး ညပုိင္းမွာ ေမဖဲရ္အရပ္က အီတာလ်ံ စားေသာက္ဆုိင္တစ္ခုကို ေရာက္ရွိေနတာကို ေတြ႕ျမင္ခဲ့ရသလို အသင္းရဲ႕ ကစားသမားသစ္ျဖစ္လာဖို႔ လက္တစ္ကမ္းအလိုကို ေရာက္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ပြီးခဲ့တဲ့ ရာသီတုန်းက ဆီဗီလာအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်အတွက် မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ လုခ် ရှောနေရာမှာ အသုံးပြုဖို့ ရည်ရွယ်။

– ညာခြမ်းမှာသာမက ဘယ်ခြမ်းမှာပါ ကစားနိုင်တဲ့ ဘယ်လ်ဂျီယံနောက်ခံလူ တီမိုသီ ကက်စတာညီကို အတ္တလန်တာအသင်းကနေ ပေါင် ၂၁.၅ သန်းနဲ့ လက်စတာအသင်းက ခေါ်ယူခဲ့ပြီး ချေးလ်ဝဲလ် ထွက်ခွာသွားတဲ့ ကွက်လပ်အတွက် ပြန်လည်အစားထိုးနိုင်ခဲ့။

– အက်စတန်ဗီလာအသင်းအနေနဲ့ ထုံးစံအတိုင်းပဲ အင်္ဂလန်သား ငယ်မွေးခြံပေါက် ကစားသမားတွေအတွက်ဆိုရင် အသုံးပြုရလေ့ရှိတဲ့ များပြားတဲ့ ပြောင်းရွှေ့ကြေးနဲ့ နော့တင်ဟမ်ဖောရက်စ် ညာနောက်ခံလူ မက်တီ ကတ်ရှ်ကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူ။

– လူငယ်တောင်ပံကစားသမား ဂရာဒီ ဒီယန်ဂါနာကို ရောင်းချလို့ရတဲ့ ငွေကြေးနဲ့ ဘရန့်ဖို့ဒ်တောင်ပံကစားသမား ဆာအိဒ် ဘင်ရာမာကို ခေါ်ယူဖို့ ဝက်စ်ဟမ်းယူနိုက်တက်အသင်း ကြိုးစားနေပြီး အသင်းကြီးတွေရဲ့ လှုပ်ရှားမှုကိုတော့ စောင့်ကြည့်ရဖို့ ရှိနေ။

– အဲဗာတန်အသင်းကို ပြောင်းရွှေ့မယ့် ဟားမက်စ် ရိုဒရီးရက်ဇ်အနေနဲ့ ဒီနေ့မှာ လန်ဒန်ကို ရောက်ရှိလာခဲ့ပြီး ညပိုင်းမှာ မေဖဲရ်အရပ်က အီတာလျံ စားသောက်ဆိုင်တစ်ခုကို ရောက်ရှိနေတာကို တွေ့မြင်ခဲ့ရသလို အသင်းရဲ့ ကစားသမားသစ်ဖြစ်လာဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.