Premier League

၁၅.၂.၂၀၂၀ အတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– လက္စတာစီးတီးကြင္းလယ္လူ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ အသစ္ျပန္လည္တည္ေဆာက္မယ့္ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ အစီအစဥ္ကို စိတ္၀င္စားတာေၾကာင့္ လာမယ့္ေႏြရာသီမွာ အုိးလ္ထရက္ဖို႔ဒ္ကို ေျပာင္းဖို႔ ဆႏၵရွိေနပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္အသင္းပိုင္ရွင္ ဂေလဇာမိသားစုက ေပါင္ ၁ ဘီလ်ံရမွ အသင္းကို ထုတ္ေရာင္းမယ္လို႔ ဆံုးျဖတ္ထားေပမယ့္ တကယ္တမ္း ေရာင္းျဖစ္ခဲ့ရင္ေတာင္ ရွယ္ယာအားလံုးရဲ႕ ၂၀ ရာခိုင္ႏႈန္းေလာက္ပဲ ေရာင္းခ်င္တယ္လို႔ သတင္းထြက္လာပါတယ္။

– ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က ေပၚတူဂီကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ကို မန္ခ်က္စတာယူႏုိက္တက္အသင္းက အရေခၚယူႏိုင္ခဲ့တာဟာ အဆင့္ ၄ အတြင္း ၀င္ေရာက္ႏိုင္ဖို႔ ခြန္အားမ်ားစြာ ျဖစ္ေစခဲ့တယ္လို႔ ယံုၾကည္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

– လာမယ့္ ေႏြရာသီမွာ အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအတြက္ ေပါင္ ၈၃ သန္း ျပန္ရရင္ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ထုတ္ေရာင္းသြားဖို႔ရွိၿပီး အသင္းမွာ မေပ်ာ္ေတာ့တဲ့ သူ႕ကို ဆက္ထိန္းထားဖို႔ အစီအစဥ္မရွိေတာ့ဘူးလို႔ ဆိုပါတယ္။

– မန္ခ်က္စတာယူႏိုက္တက္ဂႏၴ၀င္ကစားသမားေဟာင္း ေပါလ္ စခိုးလ္စ္က တကယ္လို႔ နည္းျပေဟာင္းႀကီး ဆာအဲလက္စ္ ဖာဂူဆန္သာဆိုရင္ အခု ဆိုးလ္ရွားလုပ္ေဆာင္ေနသလိုမ်ဳိး ေပါ့ဘာကို အသင္းနဲ႔အတူ မဟုတ္ဘဲ သီးျခားေလ့က်င့္တာမ်ိဳးကို လက္ခံမွာမဟုတ္ဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– လက်စတာစီးတီးကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင်ဟာ အသစ်ပြန်လည်တည်ဆောက်မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အစီအစဉ်ကို စိတ်ဝင်စားတာကြောင့် လာမယ့်နွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းဖို့ ဆန္ဒရှိနေပါတယ်။

– မန်ချက်စတာယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုက ပေါင် ၁ ဘီလျံရမှ အသင်းကို ထုတ်ရောင်းမယ်လို့ ဆုံးဖြတ်ထားပေမယ့် တကယ်တမ်း ရောင်းဖြစ်ခဲ့ရင်တောင် ရှယ်ယာအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရောင်းချင်တယ်လို့ သတင်းထွက်လာပါတယ်။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို မန်ချက်စတာယူနိုက်တက်အသင်းက အရခေါ်ယူနိုင်ခဲ့တာဟာ အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ဖို့ ခွန်အားများစွာ ဖြစ်စေခဲ့တယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

– လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအတွက် ပေါင် ၈၃ သန်း ပြန်ရရင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ထုတ်ရောင်းသွားဖို့ရှိပြီး အသင်းမှာ မပျော်တော့တဲ့ သူ့ကို ဆက်ထိန်းထားဖို့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။

– မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ပေါလ် စခိုးလ်စ်က တကယ်လို့ နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်သာဆိုရင် အခု ဆိုးလ်ရှားလုပ်ဆောင်နေသလိုမျိုး ပေါ့ဘာကို အသင်းနဲ့အတူ မဟုတ်ဘဲ သီးခြားလေ့ကျင့်တာမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.