La Liga UCL&UEL

ရော်နယ်လ်ဒင်ညိုအကွက်နဲ့ ရှက်တာဒိုးနတ်ကစားသမား ၂ ဦးကို အရူးလုပ်ခဲ့တဲ့ ဗင်နီးရှပ်စ်

အလွန်လှပတဲ့ အလိမ်အခေါက် အနုပညာပိုင်းရောက်လာတဲ့အခါကျရင် ဗင်နီးရှပ်စ် ဂျူနီယာထက် ပိုမိုသာလွန်တဲ့ ကစားသမားဆိုလို့ ဘောလုံးလောကမှာ ကစားသမားအနည်းငယ်သာရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တိုက်စစ်မှူး ဗင်နီးရှပ်စ် ဂျူနီယာဟာ ၎င်းရဲ့ ခြေထောက်ထဲမှာ ဘောလုံးသာရှိနေရင် လျှပ်ပြက်သလို အရှိန်အဟုန်နဲ့ နောက်ခံကစားသမားသအများအပြားကို သားကောင်ဖြစ်စေခဲ့သူဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးရဲ့ မေးခွန်းထုတ်စရာမရှိတဲ့ စွမ်းရည်တွေကို အရင်တုန်းကလည်း မကြာခဏ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဗင်နီးရှပ်စ်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို ၎င်းရဲ့ တောက်ပတဲ့ကစားသမားဘဝထဲကို ဖြည့်စွက်ခဲ့ပေမယ့်လည်း အရမ်းကောင်းတဲ့အလိမ်အခေါက်တွေနဲ့ စွမ်းရည်ပြသတဲ့ လှုပ်ရှားမှုတွေဟာ ပရိသတ်တွေအတွက်တော့ ရင်သပ်ရှုမောစရာတွေ ပေးစွမ်းနေဆဲဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေခဲ့တာဖြစ်ပြီး အဲဒါက ဗုဒ္ဓဟူးညနေက ရှက်တာဒိုးနတ်နဲ့ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာလည်း မပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာဟာ ရီးရဲလ်မက်ဒရစ်ကို ၂-၀ ဦးဆောင်နိုင်အောင် ဂိုးသွင်းယူပေးခဲ့ပြီးနောက် ဖလာမင်ဂိုတောင်ပံကြယ်ပွင့်ဟောင်းဟာ ရော်နယ်လ်ဒင်ညိုအကောင်းဆုံးအချိန်ကပုံစံကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပုံပေါ်ပြီး ပင်နယ်တီဧရိယာအစွန်မှာ ရှက်တာဒိုးနတ်ကစားသမား ၂ ဦးကြားက လှလှပပ ထွက်ပြခဲ့တာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်အသင်းကစားသမား ၂ ဦးဟာ ဗင်နီးရှပ်စ် ဂျူနီယာကို နှစ်ယောက်တစ်ယောက်အနေအထားဖြစ်တာကြောင့် ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပုံပေါ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးရဲ့ ခြေထောက်ဟာ အလွန်လျင်မြန်လွန်းပြီး ရုပ်သံအနှေးပြကွက်မှာ အနီးကပ်ပြန်လည်မြင်တွေ့ရချိန်မှာ ဘောလုံးစွမ်းရည်က တော်တော်လေး ရင်သပ်ရှုမောဖွယ်ကောင်းခဲ့တာဖြစ်ပါတယ်။

ရှက်တာဒိုးနတ်ကစားသမား ၂ ယောက်ဟာ မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကြောင့် ကြက်သေ သေခဲ့ရပြီး ဘရာဇီးလ်ကြယ်ပွင့်ကတော့ ပြိုင်ဘက်ကစားသမား ၂ ဦးကို နောက်မှာ ထားခဲ့ပြီး ဂိုးပေါက်ကို ခြိမ်းခြောက်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ရိုဒရီဂိုက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် သိပ်မကြာခင်မှာ ဗင်နီးရှပ်စ် ဂျူနီယာက နောက်ထပ် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလြန္လွပတဲ့ အလိမ္အေခါက္ အႏုပညာပိုင္းေရာက္လာတဲ့အခါက်ရင္ ဗင္နီးရွပ္စ္ ဂ်ဴနီယာထက္ ပိုမိုသာလြန္တဲ့ ကစားသမားဆိုလို႔ ေဘာလုံးေလာကမွာ ကစားသမားအနည္းငယ္သာရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္တိုက္စစ္မႉး ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ၎ရဲ႕ ေျခေထာက္ထဲမွာ ေဘာလုံးသာရွိေနရင္ လွ်ပ္ျပက္သလို အရွိန္အဟုန္နဲ႔ ေနာက္ခံကစားသမားသအမ်ားအျပားကို သားေကာင္ျဖစ္ေစခဲ့သူျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ေမးခြန္းထုတ္စရာမရွိတဲ့ စြမ္းရည္ေတြကို အရင္တုန္းကလည္း မၾကာခဏ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ဟာ ၿပီးခဲ့တဲ့ ၁၂ လအတြင္းမွာ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြကို ၎ရဲ႕ ေတာက္ပတဲ့ကစားသမားဘဝထဲကို ျဖည့္စြက္ခဲ့ေပမယ့္လည္း အရမ္းေကာင္းတဲ့အလိမ္အေခါက္ေတြနဲ႔ စြမ္းရည္ျပသတဲ့ လႈပ္ရွားမႈေတြဟာ ပရိသတ္ေတြအတြက္ေတာ့ ရင္သပ္ရႈေမာစရာေတြ ေပးစြမ္းေနဆဲျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုရာသီမွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနခဲ့တာျဖစ္ၿပီး အဲဒါက ဗုဒၶဟူးညေနက ရွက္တာဒိုးနတ္နဲ႔ ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္မွာလည္း မေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာဟာ ရီးရဲလ္မက္ဒရစ္ကို ၂-၀ ဦးေဆာင္ႏိုင္ေအာင္ ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ဖလာမင္ဂိုေတာင္ပံၾကယ္ပြင့္ေဟာင္းဟာ ေရာ္နယ္လ္ဒင္ညိဳအေကာင္းဆုံးအခ်ိန္ကပုံစံကို ေျပာင္းလဲဖို႔ ဆုံးျဖတ္လိုက္ပုံေပၚၿပီး ပင္နယ္တီဧရိယာအစြန္မွာ ရွက္တာဒိုးနတ္ကစားသမား ၂ ဦးၾကားက လွလွပပ ထြက္ျပခဲ့တာ ျဖစ္ပါတယ္။

ရွက္တာဒိုးနတ္အသင္းကစားသမား ၂ ဦးဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာကို ႏွစ္ေယာက္တစ္ေယာက္အေနအထားျဖစ္တာေၾကာင့္ ရပ္တန႔္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခဲ့ပုံေပၚေပမယ့္လည္း ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးရဲ႕ ေျခေထာက္ဟာ အလြန္လ်င္ျမန္လြန္းၿပီး ႐ုပ္သံအေႏွးျပကြက္မွာ အနီးကပ္ျပန္လည္ျမင္ေတြ႕ရခ်ိန္မွာ ေဘာလုံးစြမ္းရည္က ေတာ္ေတာ္ေလး ရင္သပ္ရႈေမာဖြယ္ေကာင္းခဲ့တာျဖစ္ပါတယ္။

ရွက္တာဒိုးနတ္ကစားသမား ၂ ေယာက္ဟာ မ်က္စိတစ္မွိတ္အတြင္းမွာ ျဖစ္ပ်က္သြားတဲ့အျဖစ္အပ်က္ေၾကာင့္ ၾကက္ေသ ေသခဲ့ရၿပီး ဘရာဇီးလ္ၾကယ္ပြင့္ကေတာ့ ၿပိဳင္ဘက္ကစားသမား ၂ ဦးကို ေနာက္မွာ ထားခဲ့ၿပီး ဂိုးေပါက္ကို ၿခိမ္းေျခာက္သြားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ႐ိုဒရီဂိုက အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ သိပ္မၾကာခင္မွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာက ေနာက္ထပ္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.