La Liga Ligue1

မက်ဆီရဲ့သတင်းကြောင့် အုံးအုံးကျက်ကျက်ဖြစ်နေကြတဲ့ ဘာစီလိုနာပရိသတ်များ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ၎င်းသာ ဆန္ဒရှိမယ်ဆိုရင် ဇန်နဝါရီလမှာ ပီအက်စ်ဂျီကို စွန့်ခွာခွင့်ပေးဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားတယ်လို့ AS သတင်းထောက် မာနူ စိန့်ဇ်ရဲ့ပြောကြားချက်အရ သိရပါတယ်။

ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ လီယွန်နယ် မက်ဆီကို ပြန်လည် ခေါ်ယူချင်တဲ့ဆန္ဒရှိနေတာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်နဲ့ ထိုက်တန်တဲ့ ဂုဏ်ပြု နှုတ်ဆက်ပွဲမျိုး ကျင်းပပေးချင်နေကြတာဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ကတ်တလန်အသင်းကြီးရဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် နူးကမ့်ကို စွန့်ခွာခဲ့ရတာဖြစ်ပေမယ့်လည်း လာမယ့်အပြောင်းအရွှေ့ကာလ ၂ ခုအတွင်း ဘာစီလိုနာကို ပြန်ဖို့သတင်းတွေကို ငြင်းပယ်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်နေတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးကို ပဲရစ်မှာ ယခုရာသီထက် ကျော်လွန်ပြီး ဆက်ရှိနေစေချင်တယ်လို့ နားလည်ရပေမယ့်လည်း ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးအကြပ်အတည်းကို အထိုက်အလျောက်ပြေလည်အောင် လုပ်ဆောင်ထားပြီးဖြစ်တာကြောင့် ဂန္တဝင်ကစားသမားကို ပြန်လည်ကြိုဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ ဂျူးစ် ကွန်ဒေတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက် ယူရို ၁၃၇ သန်းအထိ သုံးစွဲခဲ့တာဖြစ်ပြီး ခရစ္စတင်ဆန်၊ ဖရန့်ခ် ကက်ဆီတို့လို ကစားသမားတွေကို အလွတ်နဲ့ ခေါ်ယူခဲ့သလို ဒမ်ဘီလီရဲ့ စာချုပ်သက်တမ်းကိုလည်း ၂၀၂၄ ခုနှစ်အထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်နိုင်အောင်နဲ့ ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်အောင် စီးပွားရေး မောင်းတံ ၄ ခုအထိ အသက်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့ ကြီးမားတဲ့ လစာ ပမာဏကို ပေးချေနိုင်လောက်တဲ့ အင်အား အမှန်တကယ် ရှိနေပြီလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Goal ရဲ့ ဖော်ပြချက်အရ လီယွန်နယ် မက်ဆီဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းနဲ့ ပြန်လည် ပေါင်းစည်းဖို့ အလားအလာရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ရခြင်း မရှိသေးဘူးလို့ သိရပြီး အာဂျင်တီးနားဂန္တဝင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်မှာသာ လက်ရှိမှာ အာရုံစိုက်နေပြီး ပြိုင်ပွဲပြီးမှသာ ပဲရစ်က အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

တစ်ဦးချင်းနဲ့ အသင်းလိုက် ဆုတံဆိပ်တွေ တောင်ပံရာပုံရရှိထားတဲ့ လီယွန်နယ် မက်ဆီအတွက် ကမ္ဘာ့ဖလားဟာ ရယူဖို့ ကျန်ရှိနေသေးတဲ့ အဓိက ဆုဖလားကြီးဖြစ်ပြီး ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ဂျာမနီကို အချိန်ပိုမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်မတင်လေး လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ၎သာ ဆႏၵရွိမယ္ဆိုရင္ ဇန္နဝါရီလမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာခြင့္ေပးဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရရွိထားတယ္လို႔ AS သတင္းေထာက္ မာႏူ စိန႔္ဇ္ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ဘာစီလိုနာအသင္းတာဝန္ရွိသူေတြဟာ လီယြန္နယ္ မက္ဆီကို ျပန္လည္ ေခၚယူခ်င္တဲ့ဆႏၵရွိေနတာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္နဲ႔ ထိုက္တန္တဲ့ ဂုဏ္ျပဳ ႏႈတ္ဆက္ပြဲမ်ိဳး က်င္းပေပးခ်င္ေနၾကတာျဖစ္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာ ကတ္တလန္အသင္းႀကီးရဲ႕ ဘ႑ာေရးအေျခအေနေတြေၾကာင့္ ႏူးကမ့္ကို စြန႔္ခြာခဲ့ရတာျဖစ္ေပမယ့္လည္း လာမယ့္အေျပာင္းအေ႐ႊ႕ကာလ ၂ ခုအတြင္း ဘာစီလိုနာကို ျပန္ဖို႔သတင္းေတြကို ျငင္းပယ္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

မက္ဆီရဲ႕ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခြင့္ ပါဝင္ေနတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ပဲရစ္မွာ ယခုရာသီထက္ ေက်ာ္လြန္ၿပီး ဆက္ရွိေနေစခ်င္တယ္လို႔ နားလည္ရေပမယ့္လည္း ဘာစီလိုနာအသင္းကလည္း ဘ႑ာေရးအၾကပ္အတည္းကို အထိုက္အေလ်ာက္ေျပလည္ေအာင္ လုပ္ေဆာင္ထားၿပီးျဖစ္တာေၾကာင့္ ဂႏၲဝင္ကစားသမားကို ျပန္လည္ႀကိဳဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာ၊ ဂ်ဴးစ္ ကြန္ေဒတို႔လို ကစားသမားေတြကို ေခၚယူဖို႔အတြက္ ယူ႐ို ၁၃၇ သန္းအထိ သုံးစြဲခဲ့တာျဖစ္ၿပီး ခရစၥတင္ဆန္၊ ဖရန႔္ခ္ ကက္ဆီတို႔လို ကစားသမားေတြကို အလြတ္နဲ႔ ေခၚယူခဲ့သလို ဒမ္ဘီလီရဲ႕ စာခ်ဳပ္သက္တမ္းကိုလည္း ၂၀၂၄ ခုႏွစ္အထိ တိုးျမႇင့္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ယခုေႏြရာသီမွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္ႏိုင္ေအာင္နဲ႔ ကစားသမားသစ္ေတြ မွတ္ပုံတင္ႏိုင္ေအာင္ စီးပြားေရး ေမာင္းတံ ၄ ခုအထိ အသက္သြင္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ႕ ႀကီးမားတဲ့ လစာ ပမာဏကို ေပးေခ်ႏိုင္ေလာက္တဲ့ အင္အား အမွန္တကယ္ ရွိေနၿပီလားဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

Goal ရဲ႕ ေဖာ္ျပခ်က္အရ လီယြန္နယ္ မက္ဆီဟာ လာမယ့္ေႏြရာသီမွာ ဘာစီလိုနာအသင္းနဲ႔ ျပန္လည္ ေပါင္းစည္းဖို႔ အလားအလာရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္ရျခင္း မရွိေသးဘူးလို႔ သိရၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအေပၚမွာသာ လက္ရွိမွာ အာ႐ုံစိုက္ေနၿပီး ၿပိဳင္ပြဲၿပီးမွသာ ပဲရစ္က အနာဂတ္ကို ဆုံးျဖတ္သြားမွာျဖစ္ပါတယ္။

တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ ဆုတံဆိပ္ေတြ ေတာင္ပံရာပုံရရွိထားတဲ့ လီယြန္နယ္ မက္ဆီအတြက္ ကမာၻ႔ဖလားဟာ ရယူဖို႔ က်န္ရွိေနေသးတဲ့ အဓိက ဆုဖလားႀကီးျဖစ္ၿပီး ၂၀၁၄ ဘရာဇီးလ္ ကမာၻ႔ဖလားတုန္းက ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း ဂ်ာမနီကို အခ်ိန္ပိုမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ လက္မတင္ေလး လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.