Premier League UCL&UEL

ဟာလန်းကြောင့် ကိုပင်ဟေဂင်ဂိုးသမား စိတ်ပျက်လက်ပျက်ညည်းညူခဲ့တာ ကြားခဲ့ရတဲ့ ဂရီးလစ်ရှ်

မန်ချက်စတာစီးတီးအသင်းက အစ်တီဟတ်မှာ ဗုဒ္ဓဟူးနေ့ညက ကိုပင်ဟေဂင်အသင်းကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ကိုပင်ဟေဂင်ဂိုးသမားက ဟာလန်းကို အဲဒီကောင် လူမဟုတ်တော့ဘူးလို့ ပြောခဲ့တာကို ကြားခဲ့ရကြောင်း ဂရီးလစ်ရှ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဗုဒ္ဓဟူးနေ့ညက ဒိန်းမတ်အသင်းဖြစ်တဲ့ ကိုပင်ဟေဂင်ကို ၅-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် နောက်ထပ် ၂ ဂိုးသွင်းယူပေးပြီး စိတ်လှုပ်ရှားဖွယ် ပုံစံကောင်းကို ဆက်လက် ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဂွါဒီယိုလာရဲ့အသင်းအတွက် ပထမဆုံး ၁၂ ပွဲမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ကိုပင်ဟေဂင်နဲ့ပွဲ ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်း မခံရခင် ယခုရာသီ တတိယမြောက် ဟက်ထရစ်ကို ရယူသွားနိုင်တော့မယ့်ပုံ ပေါ်နေခဲ့တာဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် အဲဒါက မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီလိုမျိုး ဘဝမှာ တစ်ခါမှ မမြင်တွေ့ဖူးပါဘူး။ ပထမဆုံးဂိုးနဲ့ ဒုတိယဂိုးအတွက် ကျွန်တော် ရယ်ပဲ ရယ်နေမိခဲ့ပါတယ်။ သူက အမြဲတမ်း ဂိုးသွင်းဖို့ ရောက်နေတယ်။ ဂိုးသမား(ဂရာဘာရာ)က ကျွန်တော် ကွင်းလယ်ကို ပြန်လျှောက်နေတဲ့အချိန်မှာ ကျွန်တော့်ကို တစ်ခုခု လှမ်းပြောခဲ့တယ်။ သူ ပြောတာက ‘အဲဒီကောင်က လူမဟုတ်တော့ဘူး’တဲ့။ ကျွန်တော်က ‘ခင်ဗျား ကျွန်တော့်ကို ပြောနေတာလား’လို့ ပြန်ပြောခဲ့တယ်။ သူ့အနေနဲ့ ဒီပုံစံကို ဆက်သယ်ဆောင်သွားပြီး ကျွန်တော်တို့ကို အောင်မြင်မှုဆီ ယူဆောင်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ဂရီးလစ်ရှ်က ပြောကြားခဲ့ပါတယ်။

အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးရဲ့ ယခုရာသီ တတိယမြောက် ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃၂ မိနစ်အတွင်း ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပြီး ခိုချိုလာဗာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့် ကိုပင်ဟေဂင်ဟာ ပထမပိုင်းအပြီးမှာ ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။ မာရက်ဇ်နဲ့ ယူလီယန် အဲဗားရက်ဇ်တို့ဟာ ဒုတိယပိုင်းမှာ မန်ချက်စတာစီးတီးအသင်းအတွက် ဂိုးပေါက်အသီးသီး ရှာတွေ့ခဲ့ကြပြီး ချန်ပီယံလိဂ် အုပ်စု G မှာ ၃ ပွဲကစားထားရာမှာ ၃ ပွဲစလုံး အနိုင်ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော် အဲဒါကို နှစ်သက်မိတယ်။ အစ်တီဟတ်မှာ ချန်ပီယံလိဂ်ပွဲကစားရတာက အမြဲတမ်းကောင်းမွန်ပါတယ်။ ၃ ပွဲမှာ ၃ ပွဲအနိုင်ရပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်။ အရမ်းကောင်းတဲ့ညတစ်ညဖြစ်ခဲ့တယ်။ ကျွန်တော် အဲဒါကို နှစ်သက်ပါတယ်။ ကျွန်တေ့်ရဲ့ နောက်ဆုံး ၃ ပွဲ ဒါမှမဟုတ် ၄ ပွဲမှာ ကိုယ့်ဘာသာကိုယ်ပြန်ခံစားမိတယ်။ ကျွန်တော် ပိုပြီး လွတ်လွတ်လပ်လပ်၊ ယုံကြည်ချက်ရှိရှိနဲ့ ကစားနေတယ်။ ကျွန်တော်သာ ဂိုးသွင်းတဲ့သူစာရင်းထဲပါရင် အဲဒါက အကူအညီဖြစ်ပါလိမ့်မယ်။ ကျွန်တော် ဒီည တကယ်ကို ဂိုးသွင်းချင်နေခဲ့တာပါ။ ဒါပေမယ့် ပျော်ရွှင်ခံစားဖို့နဲ့ အနိုင်ရဖို့ကပဲ အရေးကြီးတာပါ”

“ကျွန်တော် သိပ်မကြာသေးခင်မှာ ပွဲတွေအများကြီး ကစားခဲ့တယ်။ အဲဒီတော့ အဲဒီလိုကစားခွင့်ပေးခဲ့တဲ့အတွက် နည်းပြကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်မျက်နှာပေါ်မှာ အပြုံးတွေနဲ့ ကစားနေခဲ့ပြီး အခု ကျွန်တော် အခြေကျနေသလိုမျိုး ခံစားနေရပါပြီ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းက အစ္တီဟတ္မွာ ဗုဒၶဟူးေန႔ညက ကိုပင္ေဟဂင္အသင္းကို ၅-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ကိုပင္ေဟဂင္ဂိုးသမားက ဟာလန္းကို အဲဒီေကာင္ လူမဟုတ္ေတာ့ဘူးလို႔ ေျပာခဲ့တာကို ၾကားခဲ့ရေၾကာင္း ဂရီးလစ္ရွ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ဗုဒၶဟူးေန႔ညက ဒိန္းမတ္အသင္းျဖစ္တဲ့ ကိုပင္ေဟဂင္ကို ၅-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ေနာက္ထပ္ ၂ ဂိုးသြင္းယူေပးၿပီး စိတ္လႈပ္ရွားဖြယ္ ပုံစံေကာင္းကို ဆက္လက္ ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ ဂြါဒီယိုလာရဲ႕အသင္းအတြက္ ပထမဆုံး ၁၂ ပြဲမွာ ၁၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကိုပင္ေဟဂင္နဲ႔ပြဲ ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္း မခံရခင္ ယခုရာသီ တတိယေျမာက္ ဟက္ထရစ္ကို ရယူသြားႏိုင္ေတာ့မယ့္ပုံ ေပၚေနခဲ့တာျဖစ္ပါတယ္။

“႐ိုး႐ိုးသားသားေျပာရရင္ အဲဒါက မယုံႏိုင္စရာပါပဲ။ ကြၽန္ေတာ္ ဒီလိုမ်ိဳး ဘဝမွာ တစ္ခါမွ မျမင္ေတြ႕ဖူးပါဘူး။ ပထမဆုံးဂိုးနဲ႔ ဒုတိယဂိုးအတြက္ ကြၽန္ေတာ္ ရယ္ပဲ ရယ္ေနမိခဲ့ပါတယ္။ သူက အၿမဲတမ္း ဂိုးသြင္းဖို႔ ေရာက္ေနတယ္။ ဂိုးသမား(ဂရာဘာရာ)က ကြၽန္ေတာ္ ကြင္းလယ္ကို ျပန္ေလွ်ာက္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ကို တစ္ခုခု လွမ္းေျပာခဲ့တယ္။ သူ ေျပာတာက ‘အဲဒီေကာင္က လူမဟုတ္ေတာ့ဘူး’တဲ့။ ကြၽန္ေတာ္က ‘ခင္ဗ်ား ကြၽန္ေတာ့္ကို ေျပာေနတာလား’လို႔ ျပန္ေျပာခဲ့တယ္။ သူ႔အေနနဲ႔ ဒီပုံစံကို ဆက္သယ္ေဆာင္သြားၿပီး ကြၽန္ေတာ္တို႔ကို ေအာင္ျမင္မႈဆီ ယူေဆာင္ေပးႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္”လို႔ ဂရီးလစ္ရွ္က ေျပာၾကားခဲ့ပါတယ္။

အာလင္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးရဲ႕ ယခုရာသီ တတိယေျမာက္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၃၂ မိနစ္အတြင္း ၂ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ၿပီး ခိုခ်ိဳလာဗာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးေၾကာင့္ ကိုပင္ေဟဂင္ဟာ ပထမပိုင္းအၿပီးမွာ ၃-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ မာရက္ဇ္နဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ဟာ ဒုတိယပိုင္းမွာ မန္ခ်က္စတာစီးတီးအသင္းအတြက္ ဂိုးေပါက္အသီးသီး ရွာေတြ႕ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ အုပ္စု G မွာ ၃ ပြဲကစားထားရာမွာ ၃ ပြဲစလုံး အႏိုင္ရရွိထားခဲ့ၿပီ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ အဲဒါကို ႏွစ္သက္မိတယ္။ အစ္တီဟတ္မွာ ခ်န္ပီယံလိဂ္ပြဲကစားရတာက အၿမဲတမ္းေကာင္းမြန္ပါတယ္။ ၃ ပြဲမွာ ၃ ပြဲအႏိုင္ရၿပီး အုပ္စုထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့တယ္။ အရမ္းေကာင္းတဲ့ညတစ္ညျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို ႏွစ္သက္ပါတယ္။ ကြၽန္ေတ့္ရဲ႕ ေနာက္ဆုံး ၃ ပြဲ ဒါမွမဟုတ္ ၄ ပြဲမွာ ကိုယ့္ဘာသာကိုယ္ျပန္ခံစားမိတယ္။ ကြၽန္ေတာ္ ပိုၿပီး လြတ္လြတ္လပ္လပ္၊ ယုံၾကည္ခ်က္ရွိရွိနဲ႔ ကစားေနတယ္။ ကြၽန္ေတာ္သာ ဂိုးသြင္းတဲ့သူစာရင္းထဲပါရင္ အဲဒါက အကူအညီျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ ဒီည တကယ္ကို ဂိုးသြင္းခ်င္ေနခဲ့တာပါ။ ဒါေပမယ့္ ေပ်ာ္႐ႊင္ခံစားဖို႔နဲ႔ အႏိုင္ရဖို႔ကပဲ အေရးႀကီးတာပါ”

“ကြၽန္ေတာ္ သိပ္မၾကာေသးခင္မွာ ပြဲေတြအမ်ားႀကီး ကစားခဲ့တယ္။ အဲဒီေတာ့ အဲဒီလိုကစားခြင့္ေပးခဲ့တဲ့အတြက္ နည္းျပကို ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္မ်က္ႏွာေပၚမွာ အၿပဳံးေတြနဲ႔ ကစားေနခဲ့ၿပီး အခု ကြၽန္ေတာ္ အေျခက်ေနသလိုမ်ိဳး ခံစားေနရပါၿပီ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.