International Ligue1 World Cup

မက်ဆီ ကမ္ဘာ့ဖလားကိုင်သွားတာမြင်ချင်လို့ အင်္ဂလန်မရရင်နေပါစေဆိုတဲ့ အင်္ဂလန်ဂန္တဝင်

အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါက လီယွန်နယ် မက်ဆီအနေနဲ့ ဘောလုံးစကားခဲ့ဖူးသမျှထဲမှာ တသက်တာ အကောင်းဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာ မှတ်ကျောက်တင်သွားနိုင်ဖို့ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ဗိုလ်စွဲစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝတလျှောက်လုံးမှာ တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ အသင်းလိုက် ဆုဖလားပေါင်းများစွာကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပေမယ့်လည်း နိုင်ငံတကာအဆင့်မှာတော့ အောင်မြင်မှုရရှိဖို့က အများကြီး ပိုမို ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

မက်ဆီအတွက် အာဂျင်တီးနားအသင်းနဲ့အတူ ပထမဆုံး နိုင်ငံအဆင့် ဆုဖလားကြီး ရရှိဖို့အတွက် ၂၀၂၁ ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ၃ ကြိမ်အထိ ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ ကိုပါအမေရိကဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီဟာ ဘယ်တုန်းကမှ ကမ္ဘာ့ဖလားကို ရရှိခဲ့ခြင်းမရှိဘဲ ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားအသင်းဟာ ဗိုလ်လုပွဲမှာ ဂျာမနီအသင်းရဲ့ နောက်ဆုံးမိနစ်မှာ အသည်းခွဲခြင်းကို ခံခဲ့ရတာက အနီးစပ်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ယခုလာမယ့် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လီယွန်နယ် မက်ဆီအတွက်တော့ ကစားသမားတစ်ယောက်အနေနဲ့ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ပရိသတ်တွေနဲ့ ဘောလုံးလောကအကျော်အမော်တွေက အာဂျင်တီးနားဂန္တဝင်ကို ကမ္ဘာ့ဖလားကိုင်မြှောက်သွားတာကို မြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။

အဲဒီအထဲမှာ အင်္ဂလန်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါလည်း အပါအဝင်ဖြစ်ပြီး လီယွန်နယ် မက်ဆီအနေနဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာ မှတ်တမ်းတင်နိုင်အောင် အင်္ဂလန်အသင်းအစား အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရသွားတာကို ပိုပြီး မြင်တွေ့ချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက အကောင်းဆုံးကစားသမားပါ။ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ၃ ယောက်စလုံး မြင်ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ခင်ဗျား အရင်တုန်းက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေ တွေ့ဖူးမယ်။ ယိုဟန် ခရိုက်ဖ်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့အားလုံး မာရာဒိုနာကို မြင်တွေ့ခဲ့ရတာ ဟုတ်ပါတယ်”

“ဒါပေမယ့် လီယွန်နယ် မက်ဆီက ဘောလုံးကစားဖူးသမျှထဲမှာ အကြီးကျယ်ဆုံး ကစားသမားလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အဲဒါက အားလုံးသဘောတူချင်မှ တူပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အားလုံးနဲ့ ဆက်စပ်နေလို့ပါ။ ခင်ဗျား ကမ္ဘာ့ဖလားကို အနိုင်ရရမယ်။ ကျွန်တော် ကာတာမှာ အာဂျင်တီးနားနဲ့ မက်ဆီတို့ ကမ္ဘာ့ဖလားရသွားတာထက်ပိုပြီး နှစ်သက်မိမှာ ရှိတော့မှာမဟုတ်ပါဘူး။ သူ့ကို ကမ္ဘာ့အကောင်းဆုံးဆိုတာ ခိုင်မာသွားစေချင်တာပါ။ ကျွန်တော် သူ့ကို အဲဒီလိုမြင်ထားတာပါ။ ဒါပေမယ့် အားလုံးရဲ့ မျက်လုံးတွေထဲမှာ သူက ဘောလုံးပြိုင်ပွဲမှာ ကစားဖူးသမျှထဲက အကြီးကျယ်အခမ်းနားဆုံး ကစားသမားအဖြစ် ရှိနေပါတယ်”လို့ ကာရေဂါက အတူ ဆွေးနွေးနေတဲ့ မီကာ ရစ်ချက်နဲ့ အွန်နရီတို့ကို ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အကောင်းဆုံးပုံစံမှာ ရှိနေပြီး မကြာသေးမီက အာဂျင်တီးနားရဲ့ ခြေစမ်းပွဲစဉ် ၂ ပွဲမှာ ၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို ဗုဒ္ဓဟူးနေ့ညက ဘင်ဖီကာနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလည်း ပင်နယ်တီဧရိယာအပြင်ဘက်ကနေ အလွန်လှပသေသပ်တဲ့ အဝေးကန်သွင်းချက်နဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ လက်ရှိမှာတော့ ယခုရာသီ ပီအက်စ်ဂျီအသင်းအတွက် ၁၃ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်လမှာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိအောင်လည်း ဦးဆောင်သွားနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက လီယြန္နယ္ မက္ဆီအေနနဲ႔ ေဘာလုံးစကားခဲ့ဖူးသမွ်ထဲမွာ တသက္တာ အေကာင္းဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို အခိုင္အမာ မွတ္ေက်ာက္တင္သြားႏိုင္ဖို႔ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ဗိုလ္စြဲေစခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီယြန္နယ္ မက္ဆီဟာ ၎ရဲ႕ ေတာက္ပတဲ့ ကစားသမားဘဝတေလွ်ာက္လုံးမွာ တစ္ဦးခ်င္းဆုတံဆိပ္ေတြနဲ႔ အသင္းလိုက္ ဆုဖလားေပါင္းမ်ားစြာကို ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ေပမယ့္လည္း ႏိုင္ငံတကာအဆင့္မွာေတာ့ ေအာင္ျမင္မႈရရွိဖို႔က အမ်ားႀကီး ပိုမို ခက္ခဲေနခဲ့တာ ျဖစ္ပါတယ္။

မက္ဆီအတြက္ အာဂ်င္တီးနားအသင္းနဲ႔အတူ ပထမဆုံး ႏိုင္ငံအဆင့္ ဆုဖလားႀကီး ရရွိဖို႔အတြက္ ၂၀၂၁ ခုႏွစ္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ၃ ႀကိမ္အထိ ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ကိုပါအေမရိကဖလားကို ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မက္ဆီဟာ ဘယ္တုန္းကမွ ကမာၻ႔ဖလားကို ရရွိခဲ့ျခင္းမရွိဘဲ ၂၀၁၄ ကမာၻ႔ဖလားတုန္းက အာဂ်င္တီးနားအသင္းဟာ ဗိုလ္လုပြဲမွာ ဂ်ာမနီအသင္းရဲ႕ ေနာက္ဆုံးမိနစ္မွာ အသည္းခြဲျခင္းကို ခံခဲ့ရတာက အနီးစပ္ဆုံး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ယခုလာမယ့္ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ လီယြန္နယ္ မက္ဆီအတြက္ေတာ့ ကစားသမားတစ္ေယာက္အေနနဲ႔ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔အတြက္ ေနာက္ဆုံးအခြင့္အေရး ျဖစ္ေကာင္းျဖစ္ႏိုင္တာေၾကာင့္ ပရိသတ္ေတြနဲ႔ ေဘာလုံးေလာကအေက်ာ္အေမာ္ေတြက အာဂ်င္တီးနားဂႏၲဝင္ကို ကမာၻ႔ဖလားကိုင္ေျမႇာက္သြားတာကို ျမင္ေတြ႕ခ်င္ေနၾကတာျဖစ္ပါတယ္။

အဲဒီအထဲမွာ အဂၤလန္ဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါလည္း အပါအဝင္ျဖစ္ၿပီး လီယြန္နယ္ မက္ဆီအေနနဲ႔ ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားဆိုတဲ့ ဂုဏ္ပုဒ္ကို အခိုင္အမာ မွတ္တမ္းတင္ႏိုင္ေအာင္ အဂၤလန္အသင္းအစား အာဂ်င္တီးနားအသင္း ကမာၻ႔ဖလားရသြားတာကို ပိုၿပီး ျမင္ေတြ႕ခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက အေကာင္းဆုံးကစားသမားပါ။ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ၃ ေယာက္စလုံး ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။ ခင္ဗ်ား အရင္တုန္းက ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားေတြ ေတြ႕ဖူးမယ္။ ယိုဟန္ ခ႐ိုက္ဖ္ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔အားလုံး မာရာဒိုနာကို ျမင္ေတြ႕ခဲ့ရတာ ဟုတ္ပါတယ္”

“ဒါေပမယ့္ လီယြန္နယ္ မက္ဆီက ေဘာလုံးကစားဖူးသမွ်ထဲမွာ အႀကီးက်ယ္ဆုံး ကစားသမားလို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ အဲဒါက အားလုံးသေဘာတူခ်င္မွ တူပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အားလုံးနဲ႔ ဆက္စပ္ေနလို႔ပါ။ ခင္ဗ်ား ကမာၻ႔ဖလားကို အႏိုင္ရရမယ္။ ကြၽန္ေတာ္ ကာတာမွာ အာဂ်င္တီးနားနဲ႔ မက္ဆီတို႔ ကမာၻ႔ဖလားရသြားတာထက္ပိုၿပီး ႏွစ္သက္မိမွာ ရွိေတာ့မွာမဟုတ္ပါဘူး။ သူ႔ကို ကမာၻ႔အေကာင္းဆုံးဆိုတာ ခိုင္မာသြားေစခ်င္တာပါ။ ကြၽန္ေတာ္ သူ႔ကို အဲဒီလိုျမင္ထားတာပါ။ ဒါေပမယ့္ အားလုံးရဲ႕ မ်က္လုံးေတြထဲမွာ သူက ေဘာလုံးၿပိဳင္ပြဲမွာ ကစားဖူးသမွ်ထဲက အႀကီးက်ယ္အခမ္းနားဆုံး ကစားသမားအျဖစ္ ရွိေနပါတယ္”လို႔ ကာေရဂါက အတူ ေဆြးေႏြးေနတဲ့ မီကာ ရစ္ခ်က္နဲ႔ အြန္နရီတို႔ကို ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ အေကာင္းဆုံးပုံစံမွာ ရွိေနၿပီး မၾကာေသးမီက အာဂ်င္တီးနားရဲ႕ ေျခစမ္းပြဲစဥ္ ၂ ပြဲမွာ ၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့သလို ဗုဒၶဟူးေန႔ညက ဘင္ဖီကာနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာလည္း ပင္နယ္တီဧရိယာအျပင္ဘက္ကေန အလြန္လွပေသသပ္တဲ့ အေဝးကန္သြင္းခ်က္နဲ႔ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ လက္ရွိမွာေတာ့ ယခုရာသီ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၃ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္လမွာ အာဂ်င္တီးနားအသင္းကို ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ ရရွိေအာင္လည္း ဦးေဆာင္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.