Ligue1 Match Report UCL&UEL

မက်ဆီ ပုံမှန်ဂိုးသွင်းပေးနေပေမယ့် တခြားလူတွေ မကောင်းလို့ သရေသာရတဲ့ PSG

ပီအက်စ်ဂျီအသင်းအနေနဲ့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်နဲ့ ဒါနီလို ပါရဲရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ဗီတင်ညာ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘင်ဖီကာတို့ကတော့ ဂိုးသမား ဗလက်ချိုဒီမော့စ်၊ ခံစစ်မှာ အော့တာမန်ဒီ၊ အန်တိုနီယို ဆေးလ်ဗား၊ ဘားနဲ့ အဲလက်စ် ဂရီမယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ အင်ဇို ဖာနန်ဒက်ဇ်၊ ဖလော်ရင်တီနို၊ ရာဖာ ဆေးလ်ဗား၊ ဂျာအို မာရီယိုနဲ့ ဒေးဗစ် နီရက်စ်တို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂွန်ဆာလို ရာမို့စ်တစ်ဉီးတည်း တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဒါနီလိုတစ်ယောက် အိုးနင်းခွက်နင်းဖြစ်နေခဲ့တဲ့ ခံစစ်ကို အိမ်ရှင်တွေရဲ့ လျင်မြန်တဲ့ တိုက်စစ်က ဖိအားပေးနိုင်ခဲ့ကြပြီး ရာမို့စ်နဲ့ နီရက်စ်တို့ရဲ့ အခွင့်အရေးတွေကို ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ဒီခံစစ်နဲ့ ကစားဖို့ကတော့ သံသယ ဝင်စရာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မက်ဆီက ညာခြမ်းကနေ ဘောလုံးရယူခဲ့ပြီး အတွင်းကို ချိုးဝင်ခဲ့ပြီးမှ အမ်ဘာပေ၊ နေမာတို့နဲ့ လှမ်းတွဲပြီး ပြန်ရလာတဲ့ ဘောလုံးကို ဧရိယာအစပ်ကနေ အဝေးတိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ နေမာရော အမ်ဘာပေပါ ခြေပျက်နေခဲ့လို့ ပီအက်စ်ဂျီတိုက်စစ်က အီနေခဲ့ပြီး ဘင်ဖီကာနောက်တန်းကို ကျော်ဖို့ ခဲယဉ်းနေခဲ့သလို ပွဲချိန် ၃၇ မိနစ်မှာတော့ ဧရိယာအတွင်းကနေ အိမ်ရှင်နောက်ခံလူ အန်တိုနီယို ဆေးလ်ဗားရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ လက်စွမ်းပြပြီး ပုတ်ထုတ်ခဲ့ရပြန်တာပါ။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဘင်ဖီကာတို့ ချေပဂိုး ပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အင်ဇို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို တိုက်စစ်မှူး ရာမို့စ် ခေါင်းတိုက်ရာမှာ မထိဘဲ လွဲချော်သွားခဲ့ပေမယ့် နောက်ကနေ ပြေးဝင်လာတဲ့ ပီအက်စ်ဂျီနောက်ခံလူ ဒါနီလိုနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ပီအက်စ်ဂျီတို့ ဖိကစားခဲ့ပေမယ့် ကွင်းလယ်ပိုင်း မတောင့်တင်းမှုကြောင့် တိုက်စစ်သမားတွေနဲ့ တောင်ပံသမားတွေချည်း ရုန်းနေခဲ့ရသလို ဟာကီမီ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ ကန်ချက်တွေကိုလည်း ဂိုးသမား ဗလက်ချိုဒီမော့စ် လက်စွမ်းပြ ကာကွယ်သွားခဲ့ပြီး ရာဖာ ဆေးလ်ဗားရဲ့ အနီးကပ် ကန်ချက်ကိုတော့ ဒွန်နာရမ်မာ ကာကွယ်သွားနိုင်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ နူနို မန်ဒက်စ်၊ မက်ဆီနဲ့ ဗီတင်ညာတို့အစား ဘားနတ်၊ ဆာရားဘီးယားနဲ့ ဖာဘီယန် ရူးဝီးဇ်တို့ကို ပီအက်စ်ဂျီတို့ ထည့်ခဲ့ပေမယ့် ဘာမှ ပိုထူးမလာခဲ့သလို အိမ်ကွင်းမှာတဲ့ ဘင်ဖီကာတို့ကို အမှားကျူးလွန်ခဲ့မှုတွေနဲ့အတူ ပေါ်တူဂီမြေမှာ တစ်ဂိုးစီသရေနဲ့ပဲ တစ်မှတ်စီ ခွဲယူခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ အုပ်စု(H)ကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခွင့်ကို လက်လွှတ်လိုက်ရပြီး ဘင်ဖီကာနဲ့ ရမှတ် ၇ မှတ်စီ တူညီနေချိန်မှာ ဂိုးကွာခြားချက်နဲ့သာ ပထမနေရာကို ရယူထားနိုင်ခဲ့သလို ဒီတစ်ပတ်မှာ နိုင်ပွဲရခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ ဖိအားပေးမှုနဲ့ပါ ရင်ဆိုင်ရတော့မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဒါနီလို ပါရဲရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗာရက္တီ၊ ဗီတင္ညာ၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကိုပဲ ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘင္ဖီကာတို႔ကေတာ့ ဂိုးသမား ဗလက္ခ်ိဳဒီေမာ့စ္၊ ခံစစ္မွာ ေအာ့တာမန္ဒီ၊ အန္တိုနီယို ေဆးလ္ဗား၊ ဘားနဲ႔ အဲလက္စ္ ဂရီမယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အင္ဇို ဖာနန္ဒက္ဇ္၊ ဖေလာ္ရင္တီႏို၊ ရာဖာ ေဆးလ္ဗား၊ ဂ်ာအို မာရီယိုနဲ႔ ေဒးဗစ္ နီရက္စ္တို႔ကို စုဖြဲ႕ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂြန္ဆာလို ရာမို႔စ္တစ္ဉီးတည္း တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဒါနီလိုတစ္ေယာက္ အိုးနင္းခြက္နင္းျဖစ္ေနခဲ့တဲ့ ခံစစ္ကို အိမ္ရွင္ေတြရဲ႕ လ်င္ျမန္တဲ့ တိုက္စစ္က ဖိအားေပးႏိုင္ခဲ့ၾကၿပီး ရာမို႔စ္နဲ႔ နီရက္စ္တို႔ရဲ႕ အခြင့္အေရးေတြကို ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္ႏိုင္ခဲ့လို႔သာ ေစာေစာစီးစီး ဂိုးမေပးခဲ့ရတာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ဒီခံစစ္နဲ႔ ကစားဖို႔ကေတာ့ သံသယ ဝင္စရာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မက္ဆီက ညာျခမ္းကေန ေဘာလုံးရယူခဲ့ၿပီး အတြင္းကို ခ်ိဳးဝင္ခဲ့ၿပီးမွ အမ္ဘာေပ၊ ေနမာတို႔နဲ႔ လွမ္းတြဲၿပီး ျပန္ရလာတဲ့ ေဘာလုံးကို ဧရိယာအစပ္ကေန အေဝးတိုင္ေထာင့္ကို ေဝ့ဝိုက္ကန္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီေန႔မွာ ေနမာေရာ အမ္ဘာေပပါ ေျခပ်က္ေနခဲ့လို႔ ပီအက္စ္ဂ်ီတိုက္စစ္က အီေနခဲ့ၿပီး ဘင္ဖီကာေနာက္တန္းကို ေက်ာ္ဖို႔ ခဲယဥ္းေနခဲ့သလို ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ဧရိယာအတြင္းကေန အိမ္ရွင္ေနာက္ခံလူ အန္တိုနီယို ေဆးလ္ဗားရဲ႕ ကန္ခ်က္ကို ဒြန္နာရမ္မာ လက္စြမ္းျပၿပီး ပုတ္ထုတ္ခဲ့ရျပန္တာပါ။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဘင္ဖီကာတို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အင္ဇို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို တိုက္စစ္မႉး ရာမို႔စ္ ေခါင္းတိုက္ရာမွာ မထိဘဲ လြဲေခ်ာ္သြားခဲ့ေပမယ့္ ေနာက္ကေန ေျပးဝင္လာတဲ့ ပီအက္စ္ဂ်ီေနာက္ခံလူ ဒါနီလိုနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ပီအက္စ္ဂ်ီတို႔ ဖိကစားခဲ့ေပမယ့္ ကြင္းလယ္ပိုင္း မေတာင့္တင္းမႈေၾကာင့္ တိုက္စစ္သမားေတြနဲ႔ ေတာင္ပံသမားေတြခ်ည္း ႐ုန္းေနခဲ့ရသလို ဟာကီမီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ရဲ႕ ကန္ခ်က္ေတြကိုလည္း ဂိုးသမား ဗလက္ခ်ိဳဒီေမာ့စ္ လက္စြမ္းျပ ကာကြယ္သြားခဲ့ၿပီး ရာဖာ ေဆးလ္ဗားရဲ႕ အနီးကပ္ ကန္ခ်က္ကိုေတာ့ ဒြန္နာရမ္မာ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ႏူႏို မန္ဒက္စ္၊ မက္ဆီနဲ႔ ဗီတင္ညာတို႔အစား ဘားနတ္၊ ဆာရားဘီးယားနဲ႔ ဖာဘီယန္ ႐ူးဝီးဇ္တို႔ကို ပီအက္စ္ဂ်ီတို႔ ထည့္ခဲ့ေပမယ့္ ဘာမွ ပိုထူးမလာခဲ့သလို အိမ္ကြင္းမွာတဲ့ ဘင္ဖီကာတို႔ကို အမွားက်ဴးလြန္ခဲ့မႈေတြနဲ႔အတူ ေပၚတူဂီေျမမွာ တစ္ဂိုးစီသေရနဲ႔ပဲ တစ္မွတ္စီ ခြဲယူခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ အုပ္စု(H)ကို ျပတ္ျပတ္သားသား ဦးေဆာင္ႏိုင္ခြင့္ကို လက္လႊတ္လိုက္ရၿပီး ဘင္ဖီကာနဲ႔ ရမွတ္ ၇ မွတ္စီ တူညီေနခ်ိန္မွာ ဂိုးကြာျခားခ်က္နဲ႔သာ ပထမေနရာကို ရယူထားႏိုင္ခဲ့သလို ဒီတစ္ပတ္မွာ ႏိုင္ပြဲရခဲ့တဲ့ ဂ်ဴဗင္တပ္စ္ရဲ႕ ဖိအားေပးမႈနဲ႔ပါ ရင္ဆိုင္ရေတာ့မွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.