Match Report Premier League UCL&UEL

၄၅ မိနစ်ပဲ ကစားပြီး ၂ ဂိုးသွင်းတဲ့ ဟားလန်းနဲ့ လွယ်ကူတဲ့ နိုင်ပွဲဖန်တီးတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ ဆာဂျီ ဂိုမက်ဇ်နဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ အယ်လ်ဗာရက်ဇ်တို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ကိုပင်ဟေဂင်တို့ကတော့ ဂိုးသမား ဂရာဘာရာ၊ ခံစစ်မှာ ဗာဗရို၊ ခိုချိုလာဗာ၊ ဒိုက်ခ်နဲ့ ခရစ္စတီယန်ဆန်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ယိုဟန်နက်ဆန်၊ လီရာဂါ၊ စတာမင်နစ်ခ်တို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဒါရာမီ၊ ကာရာမိုကိုနဲ့ ကလာ့စ်ဆန်တို့ကို ထားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ကန်ဆယ်လို တောက်လျှောက် ဆွဲယူလာပြီး တောင်ပံကနေ ဖြတ်တင်ပေးခဲ့တာက ကိုပင်ဟေဂင်ခံစစ်နဲ့ထိပြီး ကျလာခဲ့တာကို ဟားလန်းက ညာခြေနဲ့ မဆိုင်းမတွ ကန်သွင်းပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၇၀ ကျော် ရရှိခဲ့ကြပြီး ကိုပင်ဟေဂင်တို့ကို ကန်ခွင့် တစ်ကြိမ်မှ မရအောင် ထိန်းချုပ်နိုင်ခဲ့သလို အိမ်ရှင်တို့ရဲ့ တိုက်စစ်တွေက ဟားလန်းနဲ့ ဂရီးလစ်ရှ်တို့ရဲ့ တဒိုင်းဒိုင်း ကန်သွင်းမှုတွေကိုတော့ ဧည့်သည်အသင်းရဲ့ ပိုလန်ဂိုးသမား ဂရာဘာရာက လက်စွမ်းပြ ကာကွယ်နေခဲ့လို့ ဂိုးထပ်ရဖို့ တော်တော်လေး စောင့်ဆိုင်းခဲ့ရတာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကလည်း ဟားလန်းကပဲ သွင်းယူနိုင်ခဲ့သလို မာရက်ဇ်ရဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ခံလူ ဆာဂျီ ဂိုမက်ဇ်က အပြင်းကန်သွင်းခဲ့တာကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို နော်ဝေတိုက်စစ်မှူးက အနီးကပ် ပြေးပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီတစ်ခါမှာတော့ ဟားလန်းရော သူ့အသင်းဖော်တွေပါ မသွင်းလိုက်ရဘဲ ဂိုးဖြစ်သွားခဲ့သလို ဒီဂိုးကိုတော့ ဆာဂျီ ဂိုမက်ဇ်က ဂိုးရှေ့ဖြတ်ပို့တဲ့ အနိမ့်ဘောကို ကိုပင်ဟေဂင်နောက်ခံလူတွေ တားဆီးရာမှာ ဟားလန်းဆီ ရောက်လုရောက်ခင်မှာ ဝင်ဖျက်တဲ့ ခိုချိုလာဗာက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။

ပထမပိုင်းမှာ မန်စီးတီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ စနေနေ့ ကစားရမယ့် ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲအတွက် ဟားလန်းကို အနားပေးသွားခဲ့သလို ကွင်းလယ်လူ ပါးလ်မားနဲ့ လဲကစားသွားခဲ့ပြီး တိုက်စစ်ကိုတော့ ပွဲအစမှာ နောက်ချန်ကစားနေတဲ့ အယ်လ်ဗာရက်ဇ်ကို တက်ကစားစေခဲ့ပြီး နည်းပြ ဂွါဒီယိုလာက သူ့ရဲ့ လုပ်နေကျပုံစံကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ မန်စီးတီးတို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ လာပေါ့တ်ကို ကိုပင်ဟေဂင်ဘက်က စတာမင်နစ်ခ်က အင်္ကျီဆွဲထားခဲ့လို့ ရရှိခဲ့တဲ့ ပင်နယ်တီကို မာရက်ဇ်က ကန်နေကျ ညာခြမ်းကို မကန်ဘဲ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းပြီး သူ့ရဲ့ အသင်းနဲ့ ပွဲ ၂၀၀ ပြည့်ကို သွင်းဂိုးနဲ့ မှတ်တမ်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ငါးဂိုးမြောက် သွင်းဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ အီဒါဆန်ရဲ့ ပေးပို့မှုကတစ်ဆင့် ရသွားတဲ့ ဂရီးလစ်ရှစ်က ကွင်းလယ်တောက်လျှောက် ဆွဲပြေးပြီး ညာခြမ်းကို ချပေးရာမှာ ဧရိယာထဲမှာ ရသွားခဲ့တဲ့ မာရက်ဇ်က မကန်ပဲ ချိုးပေးခဲ့တာကို အယ်လ်ဗာရက်ဇ်က ပြေးဝင်ပိတ်ပြီး သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဂိုးရသင့်နေတဲ့ ဂရီးလစ်ရှ်တစ်ယောက် ခြေစွမ်းပြနိုင်သလောက် အခွင့်အရေးတွေ လွဲချော်မှုတွေနဲ့ ကံမကောင်းခဲ့လို့ မန်စီးတီးတို့ ငါးဂိုးနဲ့ပဲ ကျေနပ်ခဲ့ရသလို ကိုပင်ဟေဂင်တို့ကတော့ အိမ်ရှင်တွေရဲ့ ကစားကွက်မှာ ဂိုးပေါက်တစ်ကြိမ်မှ တည့်အောင် မကန်နိုင်ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

အိမ်ကွင်း အစ်တီဟတ်မှာ ကိုပင်ဟေဂင်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ ချန်ပီယံလိဂ်အုပ်စု(G)ကို ဆက်လက်ဦးဆောင်ခဲ့သလို သုံးပွဲဆက်တိုက် နိုင်ပွဲရယူပြီး ရမှတ် ၉ မှတ်နဲ့ ဒေါ့မွန်နဲ့အတူ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္၊ ဆာဂ်ီ ဂိုမက္ဇ္နဲ႔ ကန္ဆယ္လိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ အယ္လ္ဗာရက္ဇ္တို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ကိုပင္ေဟဂင္တို႔ကေတာ့ ဂိုးသမား ဂရာဘာရာ၊ ခံစစ္မွာ ဗာဗ႐ို၊ ခိုခ်ိဳလာဗာ၊ ဒိုက္ခ္နဲ႔ ခရစၥတီယန္ဆန္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယိုဟန္နက္ဆန္၊ လီရာဂါ၊ စတာမင္နစ္ခ္တို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဒါရာမီ၊ ကာရာမိုကိုနဲ႔ ကလာ့စ္ဆန္တို႔ကို ထားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ကန္ဆယ္လို ေတာက္ေလွ်ာက္ ဆြဲယူလာၿပီး ေတာင္ပံကေန ျဖတ္တင္ေပးခဲ့တာက ကိုပင္ေဟဂင္ခံစစ္နဲ႔ထိၿပီး က်လာခဲ့တာကို ဟားလန္းက ညာေျခနဲ႔ မဆိုင္းမတြ ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးတို႔ ေဘာလုံးပိုင္ဆိုင္မႈ ရာခိုင္ႏႈန္း ၇၀ ေက်ာ္ ရရွိခဲ့ၾကၿပီး ကိုပင္ေဟဂင္တို႔ကို ကန္ခြင့္ တစ္ႀကိမ္မွ မရေအာင္ ထိန္းခ်ဳပ္ႏိုင္ခဲ့သလို အိမ္ရွင္တို႔ရဲ႕ တိုက္စစ္ေတြက ဟားလန္းနဲ႔ ဂရီးလစ္ရွ္တို႔ရဲ႕ တဒိုင္းဒိုင္း ကန္သြင္းမႈေတြကိုေတာ့ ဧည့္သည္အသင္းရဲ႕ ပိုလန္ဂိုးသမား ဂရာဘာရာက လက္စြမ္းျပ ကာကြယ္ေနခဲ့လို႔ ဂိုးထပ္ရဖို႔ ေတာ္ေတာ္ေလး ေစာင့္ဆိုင္းခဲ့ရတာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကလည္း ဟားလန္းကပဲ သြင္းယူႏိုင္ခဲ့သလို မာရက္ဇ္ရဲ႕ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ခံလူ ဆာဂ်ီ ဂိုမက္ဇ္က အျပင္းကန္သြင္းခဲ့တာကို ဂိုးသမား ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ေနာ္ေဝတိုက္စစ္မႉးက အနီးကပ္ ေျပးပိတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီတစ္ခါမွာေတာ့ ဟားလန္းေရာ သူ႔အသင္းေဖာ္ေတြပါ မသြင္းလိုက္ရဘဲ ဂိုးျဖစ္သြားခဲ့သလို ဒီဂိုးကိုေတာ့ ဆာဂ်ီ ဂိုမက္ဇ္က ဂိုးေရွ႕ျဖတ္ပို႔တဲ့ အနိမ့္ေဘာကို ကိုပင္ေဟဂင္ေနာက္ခံလူေတြ တားဆီးရာမွာ ဟားလန္းဆီ ေရာက္လုေရာက္ခင္မွာ ဝင္ဖ်က္တဲ့ ခိုခ်ိဳလာဗာက ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။

ပထမပိုင္းမွာ မန္စီးတီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ စေနေန႔ ကစားရမယ့္ ေဆာက္သမ္တန္နဲ႔ ပရီးမီးယားလိဂ္ပြဲအတြက္ ဟားလန္းကို အနားေပးသြားခဲ့သလို ကြင္းလယ္လူ ပါးလ္မားနဲ႔ လဲကစားသြားခဲ့ၿပီး တိုက္စစ္ကိုေတာ့ ပြဲအစမွာ ေနာက္ခ်န္ကစားေနတဲ့ အယ္လ္ဗာရက္ဇ္ကို တက္ကစားေစခဲ့ၿပီး နည္းျပ ဂြါဒီယိုလာက သူ႔ရဲ႕ လုပ္ေနက်ပုံစံကို ထုတ္သုံးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ လာေပါ့တ္ကို ကိုပင္ေဟဂင္ဘက္က စတာမင္နစ္ခ္က အက်ႌဆြဲထားခဲ့လို႔ ရရွိခဲ့တဲ့ ပင္နယ္တီကို မာရက္ဇ္က ကန္ေနက် ညာျခမ္းကို မကန္ဘဲ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းၿပီး သူ႔ရဲ႕ အသင္းနဲ႔ ပြဲ ၂၀၀ ျပည့္ကို သြင္းဂိုးနဲ႔ မွတ္တမ္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ငါးဂိုးေျမာက္ သြင္းဂိုးကို ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ အီဒါဆန္ရဲ႕ ေပးပို႔မႈကတစ္ဆင့္ ရသြားတဲ့ ဂရီးလစ္ရွစ္က ကြင္းလယ္ေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ညာျခမ္းကို ခ်ေပးရာမွာ ဧရိယာထဲမွာ ရသြားခဲ့တဲ့ မာရက္ဇ္က မကန္ပဲ ခ်ိဳးေပးခဲ့တာကို အယ္လ္ဗာရက္ဇ္က ေျပးဝင္ပိတ္ၿပီး သူ႔ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးကို ရယူသြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဂိုးရသင့္ေနတဲ့ ဂရီးလစ္ရွ္တစ္ေယာက္ ေျခစြမ္းျပႏိုင္သေလာက္ အခြင့္အေရးေတြ လြဲေခ်ာ္မႈေတြနဲ႔ ကံမေကာင္းခဲ့လို႔ မန္စီးတီးတို႔ ငါးဂိုးနဲ႔ပဲ ေက်နပ္ခဲ့ရသလို ကိုပင္ေဟဂင္တို႔ကေတာ့ အိမ္ရွင္ေတြရဲ႕ ကစားကြက္မွာ ဂိုးေပါက္တစ္ႀကိမ္မွ တည့္ေအာင္ မကန္ႏိုင္ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

အိမ္ကြင္း အစ္တီဟတ္မွာ ကိုပင္ေဟဂင္ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ခ်န္ပီယံလိဂ္အုပ္စု(G)ကို ဆက္လက္ဦးေဆာင္ခဲ့သလို သုံးပြဲဆက္တိုက္ ႏိုင္ပြဲရယူၿပီး ရမွတ္ ၉ မွတ္နဲ႔ ေဒါ့မြန္နဲ႔အတူ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.