Match Report Premier League Serie A UCL&UEL

အိမ်ကွင်းပုံစံကောင်းနဲ့ ချန်ပီယံလိဂ် ပထမဆုံးနိုင်ပွဲကို မီလန်ဆီက ရရှိခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီနဲ့ ဖိုဖာနာတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကိုဗာချစ်နဲ့ လော့ဖ်တပ်စ်-ချိခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မေဆန်မောင့်၊ စတာလင်နဲ့ အူဘာမီယန်းတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အေစီမီလန်တို့ကတော့ ဂိုးသမား တာတာရူဆာနူး၊ ခံစစ်မှာ ကာလူးလူး၊ တိုမိုရီ၊ ဒက်စ်နဲ့ ဘယ်လို တိုရေးတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘင်နာဆာ၊ တိုနာလီ၊ ခရူးနစ်ချ်နဲ့ ရာဖယ်လ် လီယာအိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အထောင်တိုက်စစ်မှူး ဂျီရူးရဲ့ နောက်ကနေ ဒီကက်တယ်လာရေးက လိုက်ကစားလာခဲ့တာပါ။

အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်ဆုံတဲ့ ဂျီရူးတစ်ယောက် အလုပ်မဖြစ်ချိန်မှာ သူ့လိုပဲ အသင်းဟောင်း မီလန်နဲ့ ပြန်တွေ့တဲ့ အူဘာမီယန်းကတော့ လှုပ်လှုပ်ရှားရှားနဲ့ ခြေစွမ်း ပုံမှန်နီးပါး ပြန်ရခဲ့တယ်လို့ ဆိုနိုင်ပြီး အိမ်ရှင်တွေရဲ့ တိုက်စစ်မှာ ဦးဆောင်မှု ပေးနိုင်ခဲ့သလို ပွဲချိန် ၄ မိနစ်မှာ သူ့ရဲ့ ဖန်တီးမှုကနေ မေဆန်မောင့်ရဲ့ ကန်ချက်ကို ဂိုးသမား တာတာရူဆာနူး မနည်း ပုတ်ထုတ်သွားခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖရီးကစ်ကို သီယာဂို ဆေးလ်ဗား ခေါင်းတိုက်ရာမှာ ဂိုးသမား ပုတ်ထုတ်လို့ ရတဲ့ ထောင့်ကန်ဘောကနေ ချေးလ်ဝဲလ် ကန်တင်ပေးတာကို ဘရာဇီးလ်သားကြီးကပဲ နောက်တစ်ကြိမ် ခေါင်းတိုက်ခဲ့တာကနေ ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ရှုပ်ယှက်ခတ်နေတဲ့ကြားက ဖိုဖာနာက ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

အေစီမီလန်တို့ရဲ့ ခံစစ်ကတော့ စီးရီးအေလောက်သာ အလုပ်ဖြစ်ပြီး ချန်ပီယံလိဂ်အဆင့် မရှိသေးတာကို တွေ့ရသလို ချဲလ်ဆီးလူဟောင်း တိုမိုရီရော ပီအက်စ်ဂျီထွက် ကာလူးလူးတို့ပါ တစ်ဦးနဲ့တစ်ဦး အတွဲမညီဘဲ ရှင်းထုတ်ပုံတွေနဲ့ တစ်ဖက်တိုက်စစ်ကို ထိန်းချုပ်ပုံတွေမှာ ကလေးသာသာ ဖြစ်နေခဲ့တာကို တွေ့ခဲ့ရပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ ဒဏ်ရရသွားတဲ့ ဂိုးသွင်းရှင် ဖိုဖာနာကို ချာလိုဘာနဲ့ လဲကစားခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာ စတာလင်ရဲ့ ထိုးဖောက်မှုကို အေစီမီလန်ခံစစ်က ကာကွယ်သွားနိုင်ခဲ့သလို သိပ်မကြာခင်မှာပဲ လီယာအိုရဲ့ ထိုးဖောက်မှုကနေ ကန်ခွင့်ပြန်ရတာကို ဂိုးသမား ကီပါ ပိတ်ဆို့နေရာယူပြီး ပုတ်ထုတ်သွားနိုင်ခဲ့လို့ နှစ်ဖက်စလုံး ဂိုးထပ်မရခဲ့ဘဲ ပထမပိုင်းကို ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်မှု များသွားတာကို ရီးစ် ဂျိမ်းစ်က ညာခြမ်းက ပြန်ချိုးပေးရာမှာ ဆင်မယဉ်သာနဲ့ မင်းသမီးက,ကနေတဲ့ အေစီမီလန်ခံစစ်ကစားသမားတွေရဲ့ နှေးကွေးမှုနဲ့ နောက်ခံလူ ဘယ်လို တိုရေး မဖျက်နိုင်ဘဲ လွတ်ထွက်လာတဲ့ ဘောလုံးကို အူဘာမီယန်းက ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ အေစီမီလန်နောက်ခံလူ ကာလူးလူး လူပေးမှားတာကနေ ဂိုးရှေ့မှာ ဘောလုံးပြန်ရလာခဲ့တဲ့ စတာလင်ကို ညာခြမ်းကို ခင်းပေးရာမှာ ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ခဲ့တဲ့ ရီးစ် ဂျိမ်းစ်က ထောင့်ကျဉ်းထဲကို အပြင်းကန်သွင်းပြီး တိုက်စစ်မှူးတစ်ယောက်ရဲ့ ကွာလတီနဲ့ အဆုံးသတ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အူဘာမီယန်း၊ ကိုဗာချစ်၊ မေဆန်မောင့်နဲ့ စတာလင်တို့အစား ဂါလာဂါ၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်နဲ့ ဘရိုယာတို့ကို ချဲလ်ဆီးတို့ လူစားလဲကစားသွားခဲ့ကြပြီး စနေနေ့မှာ ကစားရမယ့် ဝုလ်ဗ်စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အင်အားချွေတာသွားခဲ့သလို အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာ‌တော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲကို နည်းပြသစ် ဂရေဟမ် ပေါ့တာနဲ့အတူ ရယူနိုင်ခဲ့ကြသလို သုံးပွဲကစား တစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် လေးမှတ်နဲ့ အုပ်စု ဒုတိယနေရာကို ဆာ့လ်ဇ်ဘတ်နောက် တစ်မှတ်အကွာနဲ့ ရပ်တည်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ကူလီေဘလီနဲ႔ ဖိုဖာနာတို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရီးစ္ ဂ်ိမ္းစ္၊ ေခ်းလ္ဝဲလ္၊ ကိုဗာခ်စ္နဲ႔ ေလာ့ဖ္တပ္စ္-ခ်ိခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေမဆန္ေမာင့္၊ စတာလင္နဲ႔ အူဘာမီယန္းတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေအစီမီလန္တို႔ကေတာ့ ဂိုးသမား တာတာ႐ူဆာႏူး၊ ခံစစ္မွာ ကာလူးလူး၊ တိုမိုရီ၊ ဒက္စ္နဲ႔ ဘယ္လို တိုေရးတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘင္နာဆာ၊ တိုနာလီ၊ ခ႐ူးနစ္ခ်္နဲ႔ ရာဖယ္လ္ လီယာအိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အေထာင္တိုက္စစ္မႉး ဂ်ီ႐ူးရဲ႕ ေနာက္ကေန ဒီကက္တယ္လာေရးက လိုက္ကစားလာခဲ့တာပါ။

အသင္းေဟာင္း ခ်ဲလ္ဆီးနဲ႔ ျပန္ဆုံတဲ့ ဂ်ီ႐ူးတစ္ေယာက္ အလုပ္မျဖစ္ခ်ိန္မွာ သူ႔လိုပဲ အသင္းေဟာင္း မီလန္နဲ႔ ျပန္ေတြ႕တဲ့ အူဘာမီယန္းကေတာ့ လႈပ္လႈပ္ရွားရွားနဲ႔ ေျခစြမ္း ပုံမွန္နီးပါး ျပန္ရခဲ့တယ္လို႔ ဆိုႏိုင္ၿပီး အိမ္ရွင္ေတြရဲ႕ တိုက္စစ္မွာ ဦးေဆာင္မႈ ေပးႏိုင္ခဲ့သလို ပြဲခ်ိန္ ၄ မိနစ္မွာ သူ႔ရဲ႕ ဖန္တီးမႈကေန ေမဆန္ေမာင့္ရဲ႕ ကန္ခ်က္ကို ဂိုးသမား တာတာ႐ူဆာႏူး မနည္း ပုတ္ထုတ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ဖရီးကစ္ကို သီယာဂို ေဆးလ္ဗား ေခါင္းတိုက္ရာမွာ ဂိုးသမား ပုတ္ထုတ္လို႔ ရတဲ့ ေထာင့္ကန္ေဘာကေန ေခ်းလ္ဝဲလ္ ကန္တင္ေပးတာကို ဘရာဇီးလ္သားႀကီးကပဲ ေနာက္တစ္ႀကိမ္ ေခါင္းတိုက္ခဲ့တာကေန ဂိုးသမား ပုတ္ထုတ္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ဖိုဖာနာက ကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ေအစီမီလန္တို႔ရဲ႕ ခံစစ္ကေတာ့ စီးရီးေအေလာက္သာ အလုပ္ျဖစ္ၿပီး ခ်န္ပီယံလိဂ္အဆင့္ မရွိေသးတာကို ေတြ႕ရသလို ခ်ဲလ္ဆီးလူေဟာင္း တိုမိုရီေရာ ပီအက္စ္ဂ်ီထြက္ ကာလူးလူးတို႔ပါ တစ္ဦးနဲ႔တစ္ဦး အတြဲမညီဘဲ ရွင္းထုတ္ပုံေတြနဲ႔ တစ္ဖက္တိုက္စစ္ကို ထိန္းခ်ဳပ္ပုံေတြမွာ ကေလးသာသာ ျဖစ္ေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဒဏ္ရရသြားတဲ့ ဂိုးသြင္းရွင္ ဖိုဖာနာကို ခ်ာလိုဘာနဲ႔ လဲကစားခဲ့ရပါတယ္။

နာက်င္အခ်ိန္ပိုမွာ စတာလင္ရဲ႕ ထိုးေဖာက္မႈကို ေအစီမီလန္ခံစစ္က ကာကြယ္သြားႏိုင္ခဲ့သလို သိပ္မၾကာခင္မွာပဲ လီယာအိုရဲ႕ ထိုးေဖာက္မႈကေန ကန္ခြင့္ျပန္ရတာကို ဂိုးသမား ကီပါ ပိတ္ဆို႔ေနရာယူၿပီး ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ ႏွစ္ဖက္စလုံး ဂိုးထပ္မရခဲ့ဘဲ ပထမပိုင္းကို ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေခ်းလ္ဝဲလ္ရဲ႕ ျဖတ္တင္မႈ မ်ားသြားတာကို ရီးစ္ ဂ်ိမ္းစ္က ညာျခမ္းက ျပန္ခ်ိဳးေပးရာမွာ ဆင္မယဥ္သာနဲ႔ မင္းသမီးက,ကေနတဲ့ ေအစီမီလန္ခံစစ္ကစားသမားေတြရဲ႕ ေႏွးေကြးမႈနဲ႔ ေနာက္ခံလူ ဘယ္လို တိုေရး မဖ်က္ႏိုင္ဘဲ လြတ္ထြက္လာတဲ့ ေဘာလုံးကို အူဘာမီယန္းက ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေအစီမီလန္ေနာက္ခံလူ ကာလူးလူး လူေပးမွားတာကေန ဂိုးေရွ႕မွာ ေဘာလုံးျပန္ရလာခဲ့တဲ့ စတာလင္ကို ညာျခမ္းကို ခင္းေပးရာမွာ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ေတြ႕ခဲ့တဲ့ ရီးစ္ ဂ်ိမ္းစ္က ေထာင့္က်ဥ္းထဲကို အျပင္းကန္သြင္းၿပီး တိုက္စစ္မႉးတစ္ေယာက္ရဲ႕ ကြာလတီနဲ႔ အဆုံးသတ္သြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အူဘာမီယန္း၊ ကိုဗာခ်စ္၊ ေမဆန္ေမာင့္နဲ႔ စတာလင္တို႔အစား ဂါလာဂါ၊ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္နဲ႔ ဘ႐ိုယာတို႔ကို ခ်ဲလ္ဆီးတို႔ လူစားလဲကစားသြားခဲ့ၾကၿပီး စေနေန႔မွာ ကစားရမယ့္ ဝုလ္ဗ္စ္နဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္အတြက္ အင္အားေခြၽတာသြားခဲ့သလို အႏိုင္ရလဒ္ကို ထိန္းသိမ္းသြားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာ‌ေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပထမဆုံးႏိုင္ပြဲကို နည္းျပသစ္ ဂေရဟမ္ ေပါ့တာနဲ႔အတူ ရယူႏိုင္ခဲ့ၾကသလို သုံးပြဲကစား တစ္ပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ေလးမွတ္နဲ႔ အုပ္စု ဒုတိယေနရာကို ဆာ့လ္ဇ္ဘတ္ေနာက္ တစ္မွတ္အကြာနဲ႔ ရပ္တည္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.