Premier League

လေ့ကျင့်ရေးမှာ မာတီနက်ဇ်ကို စကေးပြပြီး အိုင်းယက်စ်ပြန်ပို့လိုက်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ယနေ့နံနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အသင်းဖော် လီဆန်ဒရို မာတီနက်ဇ်ကို လှလှပပ စကေးပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ တနင်္ဂနွေနေ့က အစ်တီဟတ်မှာ မန်စီးတီးကို ၆-၃ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း လူစားဝင်ကစားသမားအဖြစ် ကစားခွင့်မရခဲ့ဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ကင်မရာတွေကလည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ သုန်မှုန်နေတဲ့ မျက်နှာကို အနီးကပ် ရိုက်ပြခဲ့ပြီး ရော်နယ်လ်ဒိုအနေနဲ့ ကြာသပတေးနေ့ ဆိုက်ပရပ်စ်ကို သွားရောက်ပြီး အိုမိုးနီးယား နီကိုးရှားနဲ့ ကစားရမယ့်ပွဲမှာ ပွဲထွက်ခွင့်ရကောင်း ရရှိနိုင်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ လက်ရှိ အသင်းမှာ ရင်ဆိုင်နေရတဲ့ အခန်းကဏ္ဍကြောင့် မပျော်မရွှင်ဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို နည်းပြ တန်ဟက်က ငြင်းပယ်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပျော်ရွှင်နေတယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ မပျော်မရွှင်ဖြစ်နေတာ ကျွန်တော် မတွေ့မိပါဘူး။ သူက ပျော်နေပါတယ်။ သူက ကောင်းကောင်း လေ့ကျင့်နေပြီး သူ ပျော်ရွှင်နေပါတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ ဇန်နဝါရီ ဒါမှမဟုတ် လာမယ့်နှစ်မှာ ဘာဖြစ်မလဲ မသိဘူး”

“သူက တနင်္ဂနွေနေ့မှာ မကစားခဲ့ရလို့ မပျော်ရွှင်ဘူး။ ဒါပေမယ့် မေးစရာရှိတာက သူ့ရဲ့ လေ့ကျင့်ရေးက စိတ်ခံစားချက်ပဲ။ သူ ပျော်ရွှင်နေတယ်။ ဟုတ်တာပေါ့။ သူ ကစားချင်နေပြီး မကစားရရင် စိတ်တိုနေမှာပေါ့”လို့ တန်ဟက်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ယနေ့နံနက် လေ့ကျင့်ရေးမှာ ကောင်းမွန်တဲ့ စိတ်အခြေအနေနဲ့ ရှိနေပုံပေါ်ပြီး လီဆန်ဒရို မာတီနက်ဇ်ကို ဘောလုံး ၂ ချက်ဆင့်တော့ပြီး ပေါင်ကြားထဲ ထည့်ပြခဲ့ပြီး အောင်မြင်သွားချိန်မှာ အလွန်ကောင်းမွန်တဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုလို တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆီကနေ ဒီလို အပြုံးတွေ ပြန်မြင်ရတာ ပရိသတ်တွေအတွက်တော့ စိတ်ချမ်းသာစရာဖြစ်ခဲ့ပြီး ဒီလိုအသက်အရွယ်မှာ ဘာမှ သက်သေပြစရာမလိုတော့ဘဲ ပျော်ရွှင်နေဖို့သာလိုတယ်လို့ ပရိသတ်တွေကတော့ မှတ်ချက်ချခဲ့ကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ယေန႔နံနက္ပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ေရးအစီအစဥ္မွာ အသင္းေဖာ္ လီဆန္ဒ႐ို မာတီနက္ဇ္ကို လွလွပပ စေကးျပခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ တနဂၤေႏြေန႔က အစ္တီဟတ္မွာ မန္စီးတီးကို ၆-၃ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း လူစားဝင္ကစားသမားအျဖစ္ ကစားခြင့္မရခဲ့ဘဲ အရန္ခုံမွာသာ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ကင္မရာေတြကလည္း ေပၚတူဂီၾကယ္ပြင့္ရဲ႕ သုန္မႈန္ေနတဲ့ မ်က္ႏွာကို အနီးကပ္ ႐ိုက္ျပခဲ့ၿပီး ေရာ္နယ္လ္ဒိုအေနနဲ႔ ၾကာသပေတးေန႔ ဆိုက္ပရပ္စ္ကို သြားေရာက္ၿပီး အိုမိုးနီးယား နီကိုးရွားနဲ႔ ကစားရမယ့္ပြဲမွာ ပြဲထြက္ခြင့္ရေကာင္း ရရွိႏိုင္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႔ လက္ရွိ အသင္းမွာ ရင္ဆိုင္ေနရတဲ့ အခန္းက႑ေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို နည္းျပ တန္ဟက္က ျငင္းပယ္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ေပ်ာ္႐ႊင္ေနတယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ မေပ်ာ္မ႐ႊင္ျဖစ္ေနတာ ကြၽန္ေတာ္ မေတြ႕မိပါဘူး။ သူက ေပ်ာ္ေနပါတယ္။ သူက ေကာင္းေကာင္း ေလ့က်င့္ေနၿပီး သူ ေပ်ာ္႐ႊင္ေနပါတယ္။ အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာမွ ေျပာစရာမရွိပါဘူး။ ဇန္နဝါရီ ဒါမွမဟုတ္ လာမယ့္ႏွစ္မွာ ဘာျဖစ္မလဲ မသိဘူး”

“သူက တနဂၤေႏြေန႔မွာ မကစားခဲ့ရလို႔ မေပ်ာ္႐ႊင္ဘူး။ ဒါေပမယ့္ ေမးစရာရွိတာက သူ႔ရဲ႕ ေလ့က်င့္ေရးက စိတ္ခံစားခ်က္ပဲ။ သူ ေပ်ာ္႐ႊင္ေနတယ္။ ဟုတ္တာေပါ့။ သူ ကစားခ်င္ေနၿပီး မကစားရရင္ စိတ္တိုေနမွာေပါ့”လို႔ တန္ဟက္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ယေန႔နံနက္ ေလ့က်င့္ေရးမွာ ေကာင္းမြန္တဲ့ စိတ္အေျခအေနနဲ႔ ရွိေနပုံေပၚၿပီး လီဆန္ဒ႐ို မာတီနက္ဇ္ကို ေဘာလုံး ၂ ခ်က္ဆင့္ေတာ့ၿပီး ေပါင္ၾကားထဲ ထည့္ျပခဲ့ၿပီး ေအာင္ျမင္သြားခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုလို တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆီကေန ဒီလို အၿပဳံးေတြ ျပန္ျမင္ရတာ ပရိသတ္ေတြအတြက္ေတာ့ စိတ္ခ်မ္းသာစရာျဖစ္ခဲ့ၿပီး ဒီလိုအသက္အ႐ြယ္မွာ ဘာမွ သက္ေသျပစရာမလိုေတာ့ဘဲ ေပ်ာ္႐ႊင္ေနဖို႔သာလိုတယ္လို႔ ပရိသတ္ေတြကေတာ့ မွတ္ခ်က္ခ်ခဲ့ၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.