Premier League Transfer News

5 Oct နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– ဘရာဇီးလ်ရဲ့ အန်ဂိုလို ကွန်တေလို့ နာမည်ထွက်နေခဲ့တဲ့ ပါးလ်မီးရပ်စ်ကွင်းလယ်လူ ဒါနီလိုကို ဘရာဇီးလ် စီးရီအေရဲ့ တစ်နှစ်တာ ရာသီ ကုန်ဆုံးချိန် ၂၀၂၃ ဇန်နဝါရီမှာ ရောင်းချသွားနိုင်တာကြောင့် အာဆင်နယ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ လက်ဦးမှု ရယူပြီး ကမ်းလှမ်းဖို့နဲ့ သောမတ်စ် ပါတေးနေရာ အစားထိုးနိုင်ဖို့ ပြင်ဆင်နေ။

– အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူဖို့ မအောင်မြင်လိုက်တဲ့ အက်စ်တန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ဆောင်းရာသီ ဈေးကွက်မှာ အာဆင်နယ်တို့ ထပ်မံကမ်းလှမ်းဖို့ ရှိနေပြီး ပေါင် ၁၅ သန်းနဲ့ ရည်ရွယ်ထားသလို မရခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နွေမှာ ခေါ်ယူနိုင်ဖို့ အကြိုစာချုပ်ကို ဆွေးနွေးဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ဂန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက သူ့အသင်းဟောင်းရဲ့ ချန်ပီယံဆုကို ပြန်လည် စိန်ခေါ်နိုင်တဲ့အထိ တိုးတက်လာမှုမှာ အရေးအပါဆုံး ကစားသမားတွေအဖြစ် ဂါဘရီယယ်လ်‌ ဂျေဆူးစ်၊ ဝီလီယမ် ဆာလီဘာနဲ့ ဂရာနစ် ချာကာတို့ကို နာမည်တပ်ပြီး တခုတ်တရ ထုတ်ဖော်ချီးကျူး။

– အသင်းရဲ့ နောက်ထပ် ဂန္ထဝင်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က အာဆင်နယ်တို့အနေနဲ့ ဒီရာသီမှာ ထိပ်ဆုံးလေးသင်းကို ဝင်ရောက်ဖို့ ဆန္ဒပြင်းပြတာ အမှန်ဖြစ်တယ်ဆိုရင် တနင်္ဂနွေနေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ အိမ်ကွင်းပွဲစဉ်ကို မဖြစ်မနေ အနိုင်ရယူရလိမ့်မယ်လို့ သတိပေး။

– လစာငွေကို ၇ ဆလောက်အထိ တိုးမြှင့်ပြီး အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေတဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာအနေနဲ့ အသင်းက ထွက်ခွာမယ်ဆိုတဲ့ ကောလဟာလတွေကို အဆုံးသတ်ပစ်ဖို့ရှိနေပြီး အသင်းရဲ့ VIP ပွဲကြည့်စင်တစ်ခန်းကို မိသားစုအတွက် ဝယ်ယူလိုက်တာကြေင့် အမ်းမရိတ်မှာ ဆက်နေဖို့ သေချာသလောက်ရှိလာ။

– ချဲလ်ဆီး၊ စပါးစ်နဲ့ အာဆင်နယ်နောက်ခံလူဟောင်း ဝီလီယမ် ဂါးလတ်စ်က အသင်းရဲ့ ဗဟိုခံစစ်မှာ ခြေစွမ်းပြနေတဲ့ ဆာလီဘာအနေနဲ့ တိုးတက်သင့်သလောက် တိုးတက်မှာ မဟုတ်ဘူးလို့ ဝေဖန်လိုက်ပြီး သူ့ရဲ့ တွဲဖက်ကစားသမား ဂါဘရီယယ်လ် မာဂါလိုင်စ်ဆီက သင်ယူနိုင်တဲ့ အရာမျိုး ဘာမှ မရှိတာကြောင့်ဖြစ်တယ်လို့ဆို။

– အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်သစ် အီသန် နွမ်နာရီအနေနဲ့ ယူ-၁၈ အသင်းမှာ ကွင်းလယ်လူဟောင်း ဂျက်ခ် ဝီလ်ရှီးယားနဲ့ လက်တွဲရမှာက သူ့အတွက် တိုးတက်ဖို့ ကြီးမားတဲ့ အခွင့်အရေးဖြစ်ကြောင်း အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်က ညွှန်ပြလိုက်ပြီး သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့စဉ်က အသက်အရွယ်ချင်းနဲ့ တူညီပေမယ့် နွမ်နာရီက အခွင့်အရေး ပိုကောင်းတယ်လို့ ပြောကြား။

– လူငယ်တောင်ပံတိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီက သူ့အနေနဲ့ အသင်းဖော်ဟောင်း ဒေးဗစ် လူးဝစ်ဇ်ကို လွမ်းနေဆဲဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခုလို အသင်းရဲ့ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားချိန်မှာ ဘရာဇီးလ်သားကြီးကို အားလုံးက သတိရနေကြတယ်လို့ ထုတ်ဖော်သွား။

– ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်က မြောက်လန်ဒန်ဒါဘီမှာ စပါးစ်အသင်းအနေနဲ့ စတုတ်စီးတီးရဲ့ ခံစစ်ကစားကွက်နဲ့ ကစားသွားတယ်လို့ ဝေဖန်လိုက်ပြီး အသင်းကြီးအဆင့်အတန်းမှာ ဒီထက်ပိုပြီး တိုက်စစ်နဲ့ ခံစစ်ကို မျှမျှတတ ကစားတတ်ဖို့လိုတယ်လို့ ကွန်တီကို သတိပေးခဲ့အပြီးမှာ ဖရန့်ဖတ်နဲ့ ဂိုးမရှိသရေထပ်ကျတာက လှောင်ပြောင်စရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ဘရာဇီးလ္ရဲ႕ အန္ဂိုလို ကြန္ေတလို႔ နာမည္ထြက္ေနခဲ့တဲ့ ပါးလ္မီးရပ္စ္ကြင္းလယ္လူ ဒါနီလိုကို ဘရာဇီးလ္ စီးရီေအရဲ႕ တစ္ႏွစ္တာ ရာသီ ကုန္ဆုံးခ်ိန္ ၂၀၂၃ ဇန္နဝါရီမွာ ေရာင္းခ်သြားႏိုင္တာေၾကာင့္ အာဆင္နယ္အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ လက္ဦးမႈ ရယူၿပီး ကမ္းလွမ္းဖို႔နဲ႔ ေသာမတ္စ္ ပါေတးေနရာ အစားထိုးႏိုင္ဖို႔ ျပင္ဆင္ေန။

– အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ေခၚယူဖို႔ မေအာင္ျမင္လိုက္တဲ့ အက္စ္တန္ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ေဆာင္းရာသီ ေဈးကြက္မွာ အာဆင္နယ္တို႔ ထပ္မံကမ္းလွမ္းဖို႔ ရွိေနၿပီး ေပါင္ ၁၅ သန္းနဲ႔ ရည္႐ြယ္ထားသလို မရခဲ့ရင္ေတာ့ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေႏြမွာ ေခၚယူႏိုင္ဖို႔ အႀကိဳစာခ်ဳပ္ကို ေဆြးေႏြးဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ထာဝရ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက သူ႔အသင္းေဟာင္းရဲ႕ ခ်န္ပီယံဆုကို ျပန္လည္ စိန္ေခၚႏိုင္တဲ့အထိ တိုးတက္လာမႈမွာ အေရးအပါဆုံး ကစားသမားေတြအျဖစ္ ဂါဘရီယယ္လ္‌ ေဂ်ဆူးစ္၊ ဝီလီယမ္ ဆာလီဘာနဲ႔ ဂရာနစ္ ခ်ာကာတို႔ကို နာမည္တပ္ၿပီး တခုတ္တရ ထုတ္ေဖာ္ခ်ီးက်ဴး။

– အသင္းရဲ႕ ေနာက္ထပ္ ဂႏၴဝင္တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ အီယန္႐ိုက္က အာဆင္နယ္တို႔အေနနဲ႔ ဒီရာသီမွာ ထိပ္ဆုံးေလးသင္းကို ဝင္ေရာက္ဖို႔ ဆႏၵျပင္းျပတာ အမွန္ျဖစ္တယ္ဆိုရင္ တနဂၤေႏြေန႔မွာ ကစားရမယ့္ လီဗာပူးလ္နဲ႔ အိမ္ကြင္းပြဲစဥ္ကို မျဖစ္မေန အႏိုင္ရယူရလိမ့္မယ္လို႔ သတိေပး။

– လစာေငြကို ၇ ဆေလာက္အထိ တိုးျမႇင့္ၿပီး အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ေနတဲ့ ေတာင္ပံကစားသမား ဘူကာယို ဆာကာအေနနဲ႔ အသင္းက ထြက္ခြာမယ္ဆိုတဲ့ ေကာလဟာလေတြကို အဆုံးသတ္ပစ္ဖို႔ရွိေနၿပီး အသင္းရဲ႕ VIP ပြဲၾကည့္စင္တစ္ခန္းကို မိသားစုအတြက္ ဝယ္ယူလိုက္တာေၾကင့္ အမ္းမရိတ္မွာ ဆက္ေနဖို႔ ေသခ်ာသေလာက္ရွိလာ။

– ခ်ဲလ္ဆီး၊ စပါးစ္နဲ႔ အာဆင္နယ္ေနာက္ခံလူေဟာင္း ဝီလီယမ္ ဂါးလတ္စ္က အသင္းရဲ႕ ဗဟိုခံစစ္မွာ ေျခစြမ္းျပေနတဲ့ ဆာလီဘာအေနနဲ႔ တိုးတက္သင့္သေလာက္ တိုးတက္မွာ မဟုတ္ဘူးလို႔ ေဝဖန္လိုက္ၿပီး သူ႔ရဲ႕ တြဲဖက္ကစားသမား ဂါဘရီယယ္လ္ မာဂါလိုင္စ္ဆီက သင္ယူႏိုင္တဲ့ အရာမ်ိဳး ဘာမွ မရွိတာေၾကာင့္ျဖစ္တယ္လို႔ဆို။

– အာဆင္နယ္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္သစ္ အီသန္ ႏြမ္နာရီအေနနဲ႔ ယူ-၁၈ အသင္းမွာ ကြင္းလယ္လူေဟာင္း ဂ်က္ခ္ ဝီလ္ရွီးယားနဲ႔ လက္တြဲရမွာက သူ႔အတြက္ တိုးတက္ဖို႔ ႀကီးမားတဲ့ အခြင့္အေရးျဖစ္ေၾကာင္း အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္က ၫႊန္ျပလိုက္ၿပီး သူ႔ရဲ႕ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕စဥ္က အသက္အ႐ြယ္ခ်င္းနဲ႔ တူညီေပမယ့္ ႏြမ္နာရီက အခြင့္အေရး ပိုေကာင္းတယ္လို႔ ေျပာၾကား။

– လူငယ္ေတာင္ပံတိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီက သူ႔အေနနဲ႔ အသင္းေဖာ္ေဟာင္း ေဒးဗစ္ လူးဝစ္ဇ္ကို လြမ္းေနဆဲျဖစ္ေၾကာင္း ေျပာၾကားလိုက္ၿပီး အခုလို အသင္းရဲ႕ ပရီးမီးယားလိဂ္ကို စိန္ေခၚႏိုင္တဲ့ အခြင့္အေရးေကာင္းကို ပိုင္ဆိုင္ထားခ်ိန္မွာ ဘရာဇီးလ္သားႀကီးကို အားလုံးက သတိရေနၾကတယ္လို႔ ထုတ္ေဖာ္သြား။

– ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္က ေျမာက္လန္ဒန္ဒါဘီမွာ စပါးစ္အသင္းအေနနဲ႔ စတုတ္စီးတီးရဲ႕ ခံစစ္ကစားကြက္နဲ႔ ကစားသြားတယ္လို႔ ေဝဖန္လိုက္ၿပီး အသင္းႀကီးအဆင့္အတန္းမွာ ဒီထက္ပိုၿပီး တိုက္စစ္နဲ႔ ခံစစ္ကို မွ်မွ်တတ ကစားတတ္ဖို႔လိုတယ္လို႔ ကြန္တီကို သတိေပးခဲ့အၿပီးမွာ ဖရန႔္ဖတ္နဲ႔ ဂိုးမရွိသေရထပ္က်တာက ေလွာင္ေျပာင္စရာျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.