Premier League

အာနိုးက ချဲလ်ဆီးကြယ်ပွင့်နဲ့အတူ မြင်ဖူးသမျှထဲက အကောင်းဆုံးဖြစ်လာမယ်ဆိုတဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ရိန်းဂျားစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးဟာ စံချိန်တွေ အားလုံးကို ချိုးဖျက်ပြီး မြင်တွေ့ခဲ့ဖူးသမျှ အကောင်းဆုံး ညာနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အင်္ဂါနေ့ညက အလက်ဇန်းဒါး-အာနိုး၊ မိုဟာမက် ဆာလားတို့ရဲ့ သွင်းဂိုးတွေကြောင့် အိမ်ကွင်း အန်းဖီးမှာ ယုံကြည်မှု ခိုင်မာစေမယ့် နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခုရာသီမှာ ဝေဖန်ပြစ်တင်မှုတွေ ခံနေခဲ့ရတဲ့ အလက်ဇန်းဒါး-အာနိုးဟာ အလန် မက်ဂရီဂေါ်ကို ၂၅ ကိုက်ကနေ အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောနဲ့ အလဲထိုးပြီးနောက် လီဗာပူးလ်အတွက် အစောပိုင်း ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလားဟာ ပထမပိုင်းအပြီးမှာ ပင်နယ်တီဧရိယာထဲမှာ လူးဝစ္စ ဒီယက်ဇ် ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီးနောက် ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေတဆင့် လီဗာပူးလ်အသင်း အနိုင်သေချာစေမယ့် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးသွားးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာတော့ ယခုရာသီ ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲကနေ ၆ မှတ်အထိ ရရှိခဲ့ပြီဖြစ်ပေမယ့်လည်း နာပိုလီအသင်းက အင်္ဂါနေ့ညနေမှာ အိုင်းယက်စ်ကို ၆-၁ နဲ့ အပြတ်အသတ် အနိုင်ယူပြီးနောက် အုပ်စု A မှာ ရမှတ် ၉ မှတ်နဲ့ ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ရိန်းဂျားစ်နဲ့ပွဲမှာ လီဗာပူးလ်အသင်း မဖြစ်မနေ လိုအပ်နေတဲ့ နိုင်ပွဲကို ရယူပေးနိုင်ခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးကို သီးသန့် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ဒီမှာ နားထောင်။ သူက ကျွန်တော်တို့ အင်္ဂလန်မှာ မြင်တွေ့ခဲ့ဖူးသမျှထဲက အကောင်းဆုံးညာနောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာလိမ့်မယ်။ သူက ဂိုးဖန်တီးမှုနဲ့ သွင်းဂိုးတွေနဲ့ပတ်သက်ရင် စံချိန်တွေ အားလုံးကို ချိုးဖျက်သွားပါလိမ့်မယ်။ သူနဲ့ ရီးစ် ဂျိမ်းစ်က သူတို့ ကစားသမားဘဝတလျှောက်လုံး အတူတူ သူမသာကိုယ်မသာ ဆက်သွားကြလိမ့်မယ်”

“ကျွန်တော် ထရင့်နဲ့ အချိန်အချို့အတူရှိခဲ့ပြီး သူ့ဆီမှာ ကင်းမဲ့နေတာမျိုးမရှိတဲ့အရာတစ်ခုက စရိုက်လက္ခဏာနဲ့ ကိုယ်ရည်ကိုယ်သွေးပါ။ ဒီကလေးက အကောင်းဆုံးဖြစ်လာချင်ပါတယ်။ သူက အနိုင်ရရှိဖို့နဲ့ ထိပ်တန်းအဆင့်မှာ စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ဖို့အတွက် သင့်တော်တဲ့မေးခွန်းတွေအားလုံးကို မေးပါတယ်။ သူကလီဗာပူးလ်နဲ့အတူ ဆုဖလားတွေ အနိုင်ရရှိတဲ့ အရသာကို မြည်းစမ်းခဲ့ရပြီး အဲဒါကို သူ လက်လွှတ်ခံမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယခုရာသီမှာ ပုံမှန်စွမ်းဆောင်ရည် ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ရိန္းဂ်ားစ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးဟာ စံခ်ိန္ေတြ အားလုံးကို ခ်ိဳးဖ်က္ၿပီး ျမင္ေတြ႕ခဲ့ဖူးသမွ် အေကာင္းဆုံး ညာေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္လာလိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ အဂၤါေန႔ညက အလက္ဇန္းဒါး-အာႏိုး၊ မိုဟာမက္ ဆာလားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အိမ္ကြင္း အန္းဖီးမွာ ယုံၾကည္မႈ ခိုင္မာေစမယ့္ ႏိုင္ပြဲကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ယခုရာသီမွာ ေဝဖန္ျပစ္တင္မႈေတြ ခံေနခဲ့ရတဲ့ အလက္ဇန္းဒါး-အာႏိုးဟာ အလန္ မက္ဂရီေဂၚကို ၂၅ ကိုက္ကေန အလြန္ေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာနဲ႔ အလဲထိုးၿပီးေနာက္ လီဗာပူးလ္အတြက္ အေစာပိုင္း ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆာလားဟာ ပထမပိုင္းအၿပီးမွာ ပင္နယ္တီဧရိယာထဲမွာ လူးဝစၥ ဒီယက္ဇ္ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရၿပီးေနာက္ ရရွိခဲ့တဲ့ ပင္နယ္တီ ျပစ္ဒဏ္ေဘာကေနတဆင့္ လီဗာပူးလ္အသင္း အႏိုင္ေသခ်ာေစမယ့္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားးခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ လက္ရွိမွာေတာ့ ယခုရာသီ ခ်န္ပီယံလိဂ္ ပြဲစဥ္ ၃ ပြဲကေန ၆ မွတ္အထိ ရရွိခဲ့ၿပီျဖစ္ေပမယ့္လည္း နာပိုလီအသင္းက အဂၤါေန႔ညေနမွာ အိုင္းယက္စ္ကို ၆-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီးေနာက္ အုပ္စု A မွာ ရမွတ္ ၉ မွတ္နဲ႔ ဆက္လက္ဦးေဆာင္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က ရိန္းဂ်ားစ္နဲ႔ပြဲမွာ လီဗာပူးလ္အသင္း မျဖစ္မေန လိုအပ္ေနတဲ့ ႏိုင္ပြဲကို ရယူေပးႏိုင္ခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးကို သီးသန႔္ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

“ဒီမွာ နားေထာင္။ သူက ကြၽန္ေတာ္တို႔ အဂၤလန္မွာ ျမင္ေတြ႕ခဲ့ဖူးသမွ်ထဲက အေကာင္းဆုံးညာေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္လာလိမ့္မယ္။ သူက ဂိုးဖန္တီးမႈနဲ႔ သြင္းဂိုးေတြနဲ႔ပတ္သက္ရင္ စံခ်ိန္ေတြ အားလုံးကို ခ်ိဳးဖ်က္သြားပါလိမ့္မယ္။ သူနဲ႔ ရီးစ္ ဂ်ိမ္းစ္က သူတို႔ ကစားသမားဘဝတေလွ်ာက္လုံး အတူတူ သူမသာကိုယ္မသာ ဆက္သြားၾကလိမ့္မယ္”

“ကြၽန္ေတာ္ ထရင့္နဲ႔ အခ်ိန္အခ်ိဳ႕အတူရွိခဲ့ၿပီး သူ႔ဆီမွာ ကင္းမဲ့ေနတာမ်ိဳးမရွိတဲ့အရာတစ္ခုက စ႐ိုက္လကၡဏာနဲ႔ ကိုယ္ရည္ကိုယ္ေသြးပါ။ ဒီကေလးက အေကာင္းဆုံးျဖစ္လာခ်င္ပါတယ္။ သူက အႏိုင္ရရွိဖို႔နဲ႔ ထိပ္တန္းအဆင့္မွာ စြမ္းေဆာင္ရည္ကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ သင့္ေတာ္တဲ့ေမးခြန္းေတြအားလုံးကို ေမးပါတယ္။ သူကလီဗာပူးလ္နဲ႔အတူ ဆုဖလားေတြ အႏိုင္ရရွိတဲ့ အရသာကို ျမည္းစမ္းခဲ့ရၿပီး အဲဒါကို သူ လက္လႊတ္ခံမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယခုရာသီမွာ ပုံမွန္စြမ္းေဆာင္ရည္ ျပသႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္ ၇ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.