Match Report Premier League UCL&UEL

နှစ်ပွဲဆက်တိုက်နိုင်ပြီး အုပ်စုတက်ဖို့ အခြေအနေ ပြန်ကောင်းလာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ မာတစ်ပ်၊ ဆီမီကတ်စ်နဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကို ပွဲထွက်စေခဲ့သလို ကွင်းလယ်မှာတော့ အားနည်းတဲ့ ပြိုင်ဘက်ကြောင့် သီယာဂိုနဲ့ ဟန်ဒါဆန်နှစ်ယောက်တည်းကိုပဲ သုံးစွဲခဲ့ပြီး တိုက်စစ်မှာတော့ ဂျိုတာ၊ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်ဇ်တို့ကို လေးဦးအထိ ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ရိန်းဂျားစ်တို့ကတော့ ဂိုးသမား မက်ဂရီဂါ၊ ခံစစ်မှာ ကင်း၊ ဒေးဗီးစ်၊ ဂိုးလ်ဒ်ဆန်၊ ဘာရီရှစ်ချ်နဲ့ တာဗားနီးယာတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လန်းစ်ထရမ်၊ ဒေးဗစ္စ၊ ရိုင်ယန်ကင့်၊ တီးလ်မန်းတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မိုရီလို့စ်တစ်ဦးတည်းကို ထားခဲ့တာပါ။

လီဗာပူးလ်ရဲ့ ၄-၂-၄ နဲ့ ရိန်းဂျားစ်တို့ရဲ့ ၄-၅-၁ ကစားကွက်တွေကတော့ တိုက်စစ်နဲ့ ခံစစ် ဆန့်ကျင်ဘက်တွေဖြစ်ခဲ့ပြီး အန်းဖီးလ်မှာ ဧည့်သည်တွေ ပိတ်ကစားနေခဲ့ပေမယ့် ဂျိုတာတို့ အုပ်စုရဲ့ ထိုးဖောက်ကန်သွင်းမှုတွေက တော်တော်လေး ခြိမ်းခြောက်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ အားတက်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ခံစစ်မှာ ညံ့ဖျင်းတယ်ဆိုပြီး ဝေဖန်ခံနေခဲ့ရတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က သူ့ရဲ့ တိုက်စစ်တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ ရိန်းဂျားစ် ဧရိယာထိပ်မှာ ရခဲ့တဲ့ ဖရီးကစ်ကို ဂိုးသမား မမီအောင် ထောင့်ထဲ ကွက်တိကန်ထည့်ပြီး သွင်းယူသွားခဲ့တာပါ။

ဖာမီနို မပါတဲ့ တိုက်စစ်က ချိတ်ဆက်မှုတွေမှာ မချောမွေ့ဘဲ ဖြစ်နေခဲ့ပြီး ဘယ်တောင်ပံက ဒီယက်ဇ်ကတော့ နည်းစနစ်ပိုင်းကို ဦးစားမပေးဘဲ တောသားကြိုက် ပြေးလိုက်ကန်လိုက် လုပ်နေတာတွေက အသင်းရဲ့ ဂိုးသွင်းဘုရင် ဆာလားအတွက် အထောက်အကူပေးနိုင်မှု နည်းသလို လီဗာပူးလ် ပရိသတ်တွေအတွက်တော့ မာနေးကို လွမ်းစရာပဲဖြစ်နေခဲ့ပါတယ်။

လီဗာပူးလ်တို့ အဖွင့်ဂိုး ရအပြီးမှာ အခွင့်အရေး တော်တော်များများကို အသုံးမချနိုင်ဘဲ ဖြုန်းတီးခဲ့သလို ဒါဝင် နူးညက်ဇ်ကလည်း ယုံကြည်မှု မတည်ဆောက်နိုင်သေးဘဲရှိနေပြီး ဆာလားတို့တွေ တောင်ပံနဲ့ ကွင်းလယ်က ဖန်တီးပေးသမျှကို ဂိုးသမား မက်ဂရီဂါဆီ သုံးလုံးတိတိ အတည့်ပဲ ကန်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးနဲ့ပဲ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၃ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ အတွင်းကို ဆွဲဝင်လာတဲ့ ဒီယက်ဇ်ကို ဘောလုံးမထိဘဲ ခြေထောက်ကိုသာ ဖျက်နိုင်ခဲ့တဲ့ ရိန်းဂျားစ်နောက်ခံလူ ကင်းကြောင့် ရတဲ့ ပင်နယ်တီကို ဆာလားက ဂိုးအလယ်တည့်တည့်ကို လှည့်စားကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လီဗာပူးလ်တို့ဘက်က ဂျိုတာအစား ဖာမီနို၊ ဟန်ဒါဆန်အစား ဖာဘင်ညိုတို့ကို လဲကစားသွားခဲ့ပြီး အလုပ်မဖြစ်တဲ့ နူးညက်ဇ်အစား အဲလီးယော့နဲ့ သီယာဂိုအစား မီလ်နာတို့ကို ထည့်သွင်းခဲ့ပေမယ့် Open Play ကနေ လုံးဝ ဂိုးမသွင်းနိုင်သလို ထောင့်ကန်ဘောကတောင် အလုပ်မဖြစ်ခဲ့တဲ့ တိုက်စစ်ဆင်မှုတွေကတော့ ပင်နယ်တီနဲ့ ဖရီးကစ်ကပဲ ဂိုးသွင်းတတ်တာလားလို့ မေးစရာဖြစ်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့‌ အောင်ပွဲခံနိုင်ခဲ့ကြပေမယ့် တိုက်စစ်နဲ့ ဖန်တီးမှုပိုင်းတွေကို ဒီထက် တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေသေးတာကို တွေ့မြင်ခဲ့ရချိန်မှာ နိုင်ပွဲရယူတတ်တဲ့ ပုံစံနဲ့ အားထုတ်မှုတွေကတော့ နှစ်ပွဲဆက်တိုက် ခြောက်မှတ် စုဆောင်းနိုင်ခဲ့ပြီး နာပိုလီကလွဲရင် ကျန်တဲ့ အိုင်းယက်စ်နဲ့ ရိန်းဂျားစ်တို့က နိမ့်ပါးလွန်းနေတာကြောင့် အုပ်စုက တက်နိုင်ခြေ များလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ မာတစ္ပ္၊ ဆီမီကတ္စ္နဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ကို ပြဲထြက္ေစခဲ့သလို ကြင္းလယ္မွာေတာ့ အားနည္းတဲ့ ၿပိဳင္ဘက္ေၾကာင့္ သီယာဂိုနဲ႔ ဟန္ဒါဆန္ႏွစ္ေယာက္တည္းကိုပဲ သုံးစြဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂ်ိဳတာ၊ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ေလးဦးအထိ ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ရိန္းဂ်ားစ္တို႔ကေတာ့ ဂိုးသမား မက္ဂရီဂါ၊ ခံစစ္မွာ ကင္း၊ ေဒးဗီးစ္၊ ဂိုးလ္ဒ္ဆန္၊ ဘာရီရွစ္ခ်္နဲ႔ တာဗားနီးယာတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ လန္းစ္ထရမ္၊ ေဒးဗစၥ၊ ႐ိုင္ယန္ကင့္၊ တီးလ္မန္းတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ မိုရီလို႔စ္တစ္ဦးတည္းကို ထားခဲ့တာပါ။

လီဗာပူးလ္ရဲ႕ ၄-၂-၄ နဲ႔ ရိန္းဂ်ားစ္တို႔ရဲ႕ ၄-၅-၁ ကစားကြက္ေတြကေတာ့ တိုက္စစ္နဲ႔ ခံစစ္ ဆန႔္က်င္ဘက္ေတြျဖစ္ခဲ့ၿပီး အန္းဖီးလ္မွာ ဧည့္သည္ေတြ ပိတ္ကစားေနခဲ့ေပမယ့္ ဂ်ိဳတာတို႔ အုပ္စုရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြက ေတာ္ေတာ္ေလး ၿခိမ္းေျခာက္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ အားတက္စရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ခံစစ္မွာ ညံ့ဖ်င္းတယ္ဆိုၿပီး ေဝဖန္ခံေနခဲ့ရတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က သူ႔ရဲ႕ တိုက္စစ္တန္ဖိုး ဘယ္ေလာက္ရွိတယ္ဆိုတာ သက္ေသျပတဲ့ အေနနဲ႔ ရိန္းဂ်ားစ္ ဧရိယာထိပ္မွာ ရခဲ့တဲ့ ဖရီးကစ္ကို ဂိုးသမား မမီေအာင္ ေထာင့္ထဲ ကြက္တိကန္ထည့္ၿပီး သြင္းယူသြားခဲ့တာပါ။

ဖာမီႏို မပါတဲ့ တိုက္စစ္က ခ်ိတ္ဆက္မႈေတြမွာ မေခ်ာေမြ႕ဘဲ ျဖစ္ေနခဲ့ၿပီး ဘယ္ေတာင္ပံက ဒီယက္ဇ္ကေတာ့ နည္းစနစ္ပိုင္းကို ဦးစားမေပးဘဲ ေတာသားႀကိဳက္ ေျပးလိုက္ကန္လိုက္ လုပ္ေနတာေတြက အသင္းရဲ႕ ဂိုးသြင္းဘုရင္ ဆာလားအတြက္ အေထာက္အကူေပးႏိုင္မႈ နည္းသလို လီဗာပူးလ္ ပရိသတ္ေတြအတြက္ေတာ့ မာေနးကို လြမ္းစရာပဲျဖစ္ေနခဲ့ပါတယ္။

လီဗာပူးလ္တို႔ အဖြင့္ဂိုး ရအၿပီးမွာ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ားကို အသုံးမခ်ႏိုင္ဘဲ ျဖဳန္းတီးခဲ့သလို ဒါဝင္ ႏူးညက္ဇ္ကလည္း ယုံၾကည္မႈ မတည္ေဆာက္ႏိုင္ေသးဘဲရွိေနၿပီး ဆာလားတို႔ေတြ ေတာင္ပံနဲ႔ ကြင္းလယ္က ဖန္တီးေပးသမွ်ကို ဂိုးသမား မက္ဂရီဂါဆီ သုံးလုံးတိတိ အတည့္ပဲ ကန္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးနဲ႔ပဲ အိမ္ရွင္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန အတြင္းကို ဆြဲဝင္လာတဲ့ ဒီယက္ဇ္ကို ေဘာလုံးမထိဘဲ ေျခေထာက္ကိုသာ ဖ်က္ႏိုင္ခဲ့တဲ့ ရိန္းဂ်ားစ္ေနာက္ခံလူ ကင္းေၾကာင့္ ရတဲ့ ပင္နယ္တီကို ဆာလားက ဂိုးအလယ္တည့္တည့္ကို လွည့္စားကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လီဗာပူးလ္တို႔ဘက္က ဂ်ိဳတာအစား ဖာမီႏို၊ ဟန္ဒါဆန္အစား ဖာဘင္ညိဳတို႔ကို လဲကစားသြားခဲ့ၿပီး အလုပ္မျဖစ္တဲ့ ႏူးညက္ဇ္အစား အဲလီးေယာ့နဲ႔ သီယာဂိုအစား မီလ္နာတို႔ကို ထည့္သြင္းခဲ့ေပမယ့္ Open Play ကေန လုံးဝ ဂိုးမသြင္းႏိုင္သလို ေထာင့္ကန္ေဘာကေတာင္ အလုပ္မျဖစ္ခဲ့တဲ့ တိုက္စစ္ဆင္မႈေတြကေတာ့ ပင္နယ္တီနဲ႔ ဖရီးကစ္ကပဲ ဂိုးသြင္းတတ္တာလားလို႔ ေမးစရာျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔‌ ေအာင္ပြဲခံႏိုင္ခဲ့ၾကေပမယ့္ တိုက္စစ္နဲ႔ ဖန္တီးမႈပိုင္းေတြကို ဒီထက္ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ လိုအပ္ေနေသးတာကို ေတြ႕ျမင္ခဲ့ရခ်ိန္မွာ ႏိုင္ပြဲရယူတတ္တဲ့ ပုံစံနဲ႔ အားထုတ္မႈေတြကေတာ့ ႏွစ္ပြဲဆက္တိုက္ ေျခာက္မွတ္ စုေဆာင္းႏိုင္ခဲ့ၿပီး နာပိုလီကလြဲရင္ က်န္တဲ့ အိုင္းယက္စ္နဲ႔ ရိန္းဂ်ားစ္တို႔က နိမ့္ပါးလြန္းေနတာေၾကာင့္ အုပ္စုက တက္ႏိုင္ေျခ မ်ားလာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.