Bundesliga Match Report UCL&UEL

အာဖရိကသားတွေချည်း ဂိုးသွင်းပြီး ပယ်လ်ဇန်ကို အနိုင်နဲ့ အုပ်စုဗိုလ်လုပ်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နွိုင်ယာ၊ ခံစစ်မှာ ဒီလစ်ချ်၊ အူပါမီကာနို၊ မာဇရာဝီနဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်တို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂေါ်ရက်ဇ်ကာ၊ ဂရာဗင်ဘာ့ချ်နဲ့ မူစီယာလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာနေး၊ ဆာနေးနဲ့ ဂနာဘရီတို့ကို တင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ပယ်လ်ဇန်တို့ကတော့ ဂိုးသမား တဗရာဒွန်၊ ခံစစ်မှာ ဟိုင်ဒါ၊ ပါနီဆာ၊ ဟိုလစ်ခ်နဲ့ ဟာဗယ်လ်တို့ ပွဲထွက်ခဲ့ကြပြီး ကွင်းလယ်မှာတော့ အန်ဒီယေး၊ ကယ်လ်ဗက်ချ်၊ ဗယ်လ်ကာနိုဗာ၊ မော့စ်ကေရာနဲ့ ကိုပစ်ခ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ချိုရီတစ်ဦးတည်းကို ထားခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက ဘိုင်ယန်တို့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မာဇရာဝီ ပေးတဲ့ ဘောလုံးကို ရလာခဲ့တဲ့ ဆာနေးက မူစီယာလာနဲ့ ဝမ်းတူးရိုက်ထွက်ပြီးမှ ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးဘယ်ဘက် အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ မကန်လောက်ဘူးထင်တဲ့ ဂိုးသမား ခံလိုက်ရပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာတော့ အိမ်ရှင် ဘာဗေးရီးယားသားတွေပဲ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြသလို ဂိုးသမား နွိုင်ယာရဲ့ လက်ပစ်ဘောကနေ အလျင်အမြန် စတင်ခဲ့တဲ့ ဒေးဗီးစ်ရဲ့ ပေးပို့မှုကနေ မူစီယာလာ၊ သူ့ဆီကနေ ဂေါ်ရက်ဇ်ကာက ရသွားခဲ့ပြီး ခင်းပေးတာကို ဘီးကုတ်ထိပ်မှာ ရသွားခဲ့တဲ့ ဂနာဘရီက ပယ်လ်ဇန်ဂိုးသမား တဗရာဒွန်ရဲ့ ညာဘက်ကို အနိမ့်ဘော Slotting ကန်သွင်းပြီး ရယူခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်မှာ ဂျာမန်သားတွေပဲ မြူးနစ်မှာ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဒေးဗီးစ် မြှောက်ပေးတဲ့ လက်ပစ်ဘောကနေ တစ်ကိုယ်တော် ထိုးဖောက်ဖို့ ကြိုးစားတဲ့ မာနေးရဲ့ အလိမ်အခေါက်က မအောင်မြင်ခဲ့ပေမယ့် ကံကောင်းချင်တော့ ပယ်လ်ဇန်ခံစစ်က ဖျက်တာက ဂိုးဧရိယာဘက် ဦးတည်သွားခဲ့တာကို သူကပဲ နောက်က ပြေးလိုက်ပြီး ဘယ်ဘက်ထောင့်ကျဉ်းထဲကို ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ ဘိုင်ယန်မြူးနစ်တို့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ မူစီယာလာအစား ချူပို-မိုတင်း ဝင်ကစားခဲ့သလို ခံစစ်က ကြံ့ခိုင်မှု သိပ်မပြည့်သေးတဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်နေရာမှာတော့ လူငယ်ကစားသမား စတန်နီရှစ်ချ်ကို နည်းပြ နာဂဲလ်စ်မန်းက ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဘိုင်ယန်တို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံ ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပယ်လ်ဇန်ကွင်းလယ်က ဆရာလိုလို ဘာလိုလိုနဲ့ ဟိုမကြည့် ဒီမကြည့် လူပေးမှားတာကို ဂနာဘရီက ဖြတ်ယူခဲ့ပြီး ပြန်ရသွားခဲ့တဲ့ မာနေးက တစ်ဖက်ခံစစ်ကို ကျော်တင်ပေးလိုက်တာကို ဆာနေးက လိုက်ပါရယူပြီး အလျင်အမြန် ကန်သွင်းနိုင်ခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ ဆာနေးအစား မက်သီစ် တဲလ်ကို လဲကစားခဲ့ပြီး တစ်မိနစ်အကြာမှာတော့ အိမ်ရှင်တွေပဲ ပဉ္စမမြောက်ဂိုးနဲ့ ဧည့်သည်တွေကို ထိုးနှက်သွားနိုင်ခဲ့ပြီး ဘယ်ခြမ်းက မာနေး ချိုးပေးတာကို ရသွားတဲ့ ဂေါ်ရက်ဇ်ကာက ဂိုးရှေ့ကို ခင်းပေးခဲ့ရာမှာ ချူပို-မိုတင်းက ထွက်လာတဲ့ ဂိုးသမား မဖမ်းနိုင်အောင် ညာဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းယူသွားခဲ့တာပါ။

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဒီနေ့မှာ ဘိုင်ယန်တို့အတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေက အာဖရိကနွယ်ဖွားတွေချည်း ဖြစ်နေခဲ့သလို ဆီနီဂေါသားတွေ ဖြစ်ကြတဲ့ ဆာနေးနဲ့ မာနေး၊ အိုင်ဗရီကို့စ်သား ဂနာဘရီနဲ့ ကင်းမရွန်းသား ချူပို-မိုတင်းတို့က သွင်းယူခဲ့ကြသလို မာနေးကလွဲလို့ ကျန်တဲ့ သူတွေကတော့ ဂျာမနီမှာ မွေးဖွားခဲ့သူတွေ ဖြစ်နေခဲ့ပါတယ်။

သောမတ်စ် မူလာနဲ့ ဂျိုရှူအာ ကင်းမစ်ချ်တို့ ကိုဗစ် ပေါ့စတစ်ဖြစ်နေတာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ဒီနေ့ပွဲရဲ့ လက်ကျန်ပွဲချိန်တွေမှာတော့ ခံစစ်မှာ အူပါမီကာနိုအစား ပါဗတ်နဲ့ ကွင်းလယ်က ဂေါ်ရက်ဇ်ကာအစား ဆာဘစ်ဇာတို့ကို လူစားထိုးခဲ့ပြီး အနားပေးသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဘိုင်ယန်မြူးနစ်တို့ ငါးဂိုး-ဂိုးမရှိနဲ့ ပွဲသိမ်းနိုင်ခဲ့တာပါ။

ပယ်လ်ဇန်ကို အိမ်ကွင်းမှာ ဝုန်းသွားခဲ့တဲ့ ပွဲမှာတော့ ဘိုင်ယန်တို့အနေနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာ ၃၁ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်သစ်ကိုလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပွဲ ၃၀ ချင်း တူညီနေရာကနေ ချိုးဖျက်တင်ရှိနိုင်ခဲ့ကြပြီး အုပ်စု(C)မှာ ၃ ပွဲကစား ၃ ပွဲနိုင်၊ ရဂိုး ၉ ဂိုး၊ ပေးဂိုးမရှိနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ႏြိဳင္ယာ၊ ခံစစ္မွာ ဒီလစ္ခ်္၊ အူပါမီကာႏို၊ မာဇရာဝီနဲ႔ အယ္လ္ဖြန္ဆို ေဒးဗီးစ္တို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂၚရက္ဇ္ကာ၊ ဂရာဗင္ဘာ့ခ်္နဲ႔ မူစီယာလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာေနး၊ ဆာေနးနဲ႔ ဂနာဘရီတို႔ကို တင္ကစားခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ပယ္လ္ဇန္တို႔ကေတာ့ ဂိုးသမား တဗရာဒြန္၊ ခံစစ္မွာ ဟိုင္ဒါ၊ ပါနီဆာ၊ ဟိုလစ္ခ္နဲ႔ ဟာဗယ္လ္တို႔ ပြဲထြက္ခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ အန္ဒီေယး၊ ကယ္လ္ဗက္ခ်္၊ ဗယ္လ္ကာႏိုဗာ၊ ေမာ့စ္ေကရာနဲ႔ ကိုပစ္ခ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ခ်ိဳရီတစ္ဦးတည္းကို ထားခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ဘိုင္ယန္တို႔ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မာဇရာဝီ ေပးတဲ့ ေဘာလုံးကို ရလာခဲ့တဲ့ ဆာေနးက မူစီယာလာနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ ဂိုးဘယ္ဘက္ အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ မကန္ေလာက္ဘူးထင္တဲ့ ဂိုးသမား ခံလိုက္ရၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ အိမ္ရွင္ ဘာေဗးရီးယားသားေတြပဲ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကသလို ဂိုးသမား ႏြိဳင္ယာရဲ႕ လက္ပစ္ေဘာကေန အလ်င္အျမန္ စတင္ခဲ့တဲ့ ေဒးဗီးစ္ရဲ႕ ေပးပို႔မႈကေန မူစီယာလာ၊ သူ႔ဆီကေန ေဂၚရက္ဇ္ကာက ရသြားခဲ့ၿပီး ခင္းေပးတာကို ဘီးကုတ္ထိပ္မွာ ရသြားခဲ့တဲ့ ဂနာဘရီက ပယ္လ္ဇန္ဂိုးသမား တဗရာဒြန္ရဲ႕ ညာဘက္ကို အနိမ့္ေဘာ Slotting ကန္သြင္းၿပီး ရယူခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဂ်ာမန္သားေတြပဲ ျမဴးနစ္မွာ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဒးဗီးစ္ ေျမႇာက္ေပးတဲ့ လက္ပစ္ေဘာကေန တစ္ကိုယ္ေတာ္ ထိုးေဖာက္ဖို႔ ႀကိဳးစားတဲ့ မာေနးရဲ႕ အလိမ္အေခါက္က မေအာင္ျမင္ခဲ့ေပမယ့္ ကံေကာင္းခ်င္ေတာ့ ပယ္လ္ဇန္ခံစစ္က ဖ်က္တာက ဂိုးဧရိယာဘက္ ဦးတည္သြားခဲ့တာကို သူကပဲ ေနာက္က ေျပးလိုက္ၿပီး ဘယ္ဘက္ေထာင့္က်ဥ္းထဲကို ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ဦးေဆာင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ မူစီယာလာအစား ခ်ဴပို-မိုတင္း ဝင္ကစားခဲ့သလို ခံစစ္က ႀကံ့ခိုင္မႈ သိပ္မျပည့္ေသးတဲ့ ဘယ္ေနာက္ခံလူ အယ္လ္ဖြန္ဆို ေဒးဗီးစ္ေနရာမွာေတာ့ လူငယ္ကစားသမား စတန္နီရွစ္ခ်္ကို နည္းျပ နာဂဲလ္စ္မန္းက ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဘိုင္ယန္တို႔ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံ ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပယ္လ္ဇန္ကြင္းလယ္က ဆရာလိုလို ဘာလိုလိုနဲ႔ ဟိုမၾကည့္ ဒီမၾကည့္ လူေပးမွားတာကို ဂနာဘရီက ျဖတ္ယူခဲ့ၿပီး ျပန္ရသြားခဲ့တဲ့ မာေနးက တစ္ဖက္ခံစစ္ကို ေက်ာ္တင္ေပးလိုက္တာကို ဆာေနးက လိုက္ပါရယူၿပီး အလ်င္အျမန္ ကန္သြင္းႏိုင္ခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဆာေနးအစား မက္သီစ္ တဲလ္ကို လဲကစားခဲ့ၿပီး တစ္မိနစ္အၾကာမွာေတာ့ အိမ္ရွင္ေတြပဲ ပၪၥမေျမာက္ဂိုးနဲ႔ ဧည့္သည္ေတြကို ထိုးႏွက္သြားႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက မာေနး ခ်ိဳးေပးတာကို ရသြားတဲ့ ေဂၚရက္ဇ္ကာက ဂိုးေရွ႕ကို ခင္းေပးခဲ့ရာမွာ ခ်ဴပို-မိုတင္းက ထြက္လာတဲ့ ဂိုးသမား မဖမ္းႏိုင္ေအာင္ ညာဘက္အေပၚေထာင့္ထဲ အျပင္းကန္သြင္းယူသြားခဲ့တာပါ။

တိုက္တိုက္ဆိုင္ဆိုင္ ဆိုသလိုပဲ ဒီေန႔မွာ ဘိုင္ယန္တို႔အတြက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားေတြက အာဖရိကႏြယ္ဖြားေတြခ်ည္း ျဖစ္ေနခဲ့သလို ဆီနီေဂါသားေတြ ျဖစ္ၾကတဲ့ ဆာေနးနဲ႔ မာေနး၊ အိုင္ဗရီကို႔စ္သား ဂနာဘရီနဲ႔ ကင္းမ႐ြန္းသား ခ်ဴပို-မိုတင္းတို႔က သြင္းယူခဲ့ၾကသလို မာေနးကလြဲလို႔ က်န္တဲ့ သူေတြကေတာ့ ဂ်ာမနီမွာ ေမြးဖြားခဲ့သူေတြ ျဖစ္ေနခဲ့ပါတယ္။

ေသာမတ္စ္ မူလာနဲ႔ ဂ်ိဳရႉအာ ကင္းမစ္ခ်္တို႔ ကိုဗစ္ ေပါ့စတစ္ျဖစ္ေနတာေၾကာင့္ မပါဝင္ႏိုင္ခဲ့တဲ့ ဒီေန႔ပြဲရဲ႕ လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခံစစ္မွာ အူပါမီကာႏိုအစား ပါဗတ္နဲ႔ ကြင္းလယ္က ေဂၚရက္ဇ္ကာအစား ဆာဘစ္ဇာတို႔ကို လူစားထိုးခဲ့ၿပီး အနားေပးသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ဘိုင္ယန္ျမဴးနစ္တို႔ ငါးဂိုး-ဂိုးမရွိနဲ႔ ပြဲသိမ္းႏိုင္ခဲ့တာပါ။

ပယ္လ္ဇန္ကို အိမ္ကြင္းမွာ ဝုန္းသြားခဲ့တဲ့ ပြဲမွာေတာ့ ဘိုင္ယန္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ပြဲစဥ္ေတြမွာ ၃၁ ပြဲဆက္တိုက္ ရႈံးပြဲမရွိတဲ့ စံခ်ိန္သစ္ကိုလည္း ရီးရဲလ္မက္ဒရစ္နဲ႔ ပြဲ ၃၀ ခ်င္း တူညီေနရာကေန ခ်ိဳးဖ်က္တင္ရွိႏိုင္ခဲ့ၾကၿပီး အုပ္စု(C)မွာ ၃ ပြဲကစား ၃ ပြဲႏိုင္၊ ရဂိုး ၉ ဂိုး၊ ေပးဂိုးမရွိနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.