Match Report Serie A UCL&UEL

ကြံကြိတ်ဖတ်လို အိုင်းယက်စ်ကို အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်သွင်းတဲ့ နာပိုလီ

စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ ခြေစွမ်းထက်နေတဲ့ နာပိုလီအသင်းအနေနဲ့ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ ဒီလော်ရင်ဇိုနဲ့ အိုလီဗီယေးရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လိုဇာနို၊ ကဗာရတ်စခီလီယာနဲ့ ရက်စ်ပါဒိုရီတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

အိမ်ရှင် အိုင်းယက်စ်တို့ကတော့ ဂိုးသမား ပတ်စ်ဗီးယား၊ ခံစစ်မှာ ဘက်ဆီ၊ တင်မ်ဘာ၊ ရန့်ချ်နဲ့ ဘလင်းဒ်တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ တေလာနဲ့ ဘာ့ဂ်ဟာ့စ်တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ တာဒစ်ချ်၊ ဘာ့ဂ်ဗိုင်းနဲ့ ကူဒူးစ်တို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာ အဖွင့်ဂိုးကို အိမ်ရှင် အိုင်းယက်စ်တို့ဘက်က ရယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ဘလင်းဒ် ခေါင်းတိုက်ချပေးတာကို ရသွားတဲ့ ဘာ့ဂ်ဗိုင်းက ဘယ်ခြမ်းကနေ ဧရိယာထဲ ပြန်ချိုးပေးတာကို တေလာရဲ့ ပိတ်သွင်းမှုက ဂိုးကံ အရမ်းကောင်းနေခဲ့တဲ့ ကူဒူးစ်ကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ဂါနာသားက အလကားနေရင်း မတ်တပ်ရပ်နေရင်း ဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ နာပိုလီတို့ ပြန်လည်ချေပနိုင်ခဲ့ကြပြီး အိုးနင်းခွက်နင်း ကစားနေခဲ့တဲ့ အိုင်းယက်စ်တို့ရဲ့ ကွင်းလယ်ကို ဘယ်ခြမ်းကနေ တွဲလုံးတွေနဲ့ ဖောက်ထွက်သွားခဲ့တဲ့ အိုလီဗီယေးရားရဲ့ ဖြတ်တင်ဘောကို လိုဇာနို ခေါင်းတိုက်ရာမှာ မထိဘဲ လွဲချော်သွားခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ရက်စ်ပါဒိုရီက ဒိုက်ဗင်ထိုးတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ နာပိုလီတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ထောင့်ကန်ဘောကနေ ဇီလင်စကီက အတိုပေးတာကို ကဗာရတ်စခီလီယာက ကန်တင်ပေးရာမှာ အိုင်းယက်စ်တို့ရဲ့ ခပ်ပုပု ကစားသမားနှစ်ယောက်ကြားကနေ အမြင့်ခုန်နိုင်ခဲ့တဲ့ ကပ္ပတိန် ဒီလော်ရင်ဇိုက အနီးကပ် ခေါင်းတိုက်သွင်းပြီး နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့ပါတယ်။

လူရောင်းတာလွန်သွားခဲ့သလို ဂိုးသမား အိုနာနာကိုလည်း မထိန်းနိုင်ခဲ့တဲ့ အိုင်းယက်စ်တို့အနေနဲ့ ပြည်တွင်းမှာ မသိသာသေမယ့် ဥရောပ အဆင့်မှာတော့ လောက်လောက်လားလား မဏ္ဍိုင်ကစားသမားတွေ နည်းနေခဲ့ပြီး ကြံရည်ကြိတ်ဖတ်လို ဖြစ်နေခဲ့ချိန်မှာ မာရာဒိုနာ ကောင်းကင်ဘုံကနေ ဆုတောင်းပေးနေသလား မသိတဲ့ နာပိုလီတို့ကတော့ ဒီနေ့ပွဲကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ နာပိုလီတို့ တတိယဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်က ဘောလုံးရသွားတဲ့ ဇွမ်ဘွန်ဂီးဆာက အိုင်းယက်စ်ခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ ဇီလင်စကီးက လိုက်လံရယူနိုင်ခဲ့ပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ နေရာယူပုံ လွဲပြီး ဘေးဘက်ကို ရောက်နေခဲ့တဲ့ ၃၈ နှစ်အရွယ် ဂိုးသမား ပတ်စ်ဗီးယား မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အမ်စတာဒမ်မြေက ပထမပိုင်းမှာ နာပိုလီတို့ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ဇီလင်စကီးအစား အန်ဒွမ်ဘီလီကို နည်းပြ လူစီယာနို စပါလက်တီက ထည့်သွင်းခဲ့သလို အိုင်းယက်စ်တို့ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ပြီး ပွဲကို ဆက်လက်စိုးမိုးကစားသွားခဲ့ကြတာပါ။

ပွဲချိန် ၄၇ မိနစ်မှာ နာပိုလီတို့ စတုတ္ထ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်မှာ လူပေးကစားရင်း ကျဉ်းထဲကျပ်ထဲမှာ မတည်ငြိမ်နိုင်ခဲ့တဲ့ ဂိုးသမား ပတ်စ်ဗီးယား လူပေးမှားရာကနေ ဇွမ်ဘွန်ဂီးဆာက ဖြတ်တောက်ရယူနိုင်ခဲ့ပြီး ဧရိယာထဲကို ထိုးပေးတဲ့ ဘောလုံးကို ရက်စ်ပါဒိုရီက ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ နာပိုလီတို့ပဲ ပဉ္စမမြောက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးမှာလည်း ထုံးစံအတိုင်းပဲ အိုင်းယက်စ်ကွင်းလယ်က တေလာ လူပေးမှားပြန်တာကနေ ရက်စ်ပါဒိုရီက ရယူသွားခဲ့သလို ဘယ်ခြမ်းမှာ ကဗာရတ်စခီလီယာနဲ့ အပေးအယူလုပ်ရင်း ဝမ်းတူးရိုက်ပြီး ခင်းပေးလိုက်တာကို ကဗာရတ်စခီလီယာကပဲ ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာ အနီးကပ်ကန်သွင်းသွားခဲ့တာပါ။

ဒီဂိုးရအပြီးမှာတော့ ရက်စ်ပါဒိုရီနဲ့ ကဗာရတ်စခီလီယာတို့ကို အနားပေးပြီး ဆီမီယွန်နီနဲ့ အဲလ်မတ်စ်တို့ကို နာပိုလီတို့ ထည့်သွင်းသွားခဲ့သလို ကွင်းလယ်က ကစားအားက မလျော့ဘဲ အိုင်းယက်စ်တို့ကို ဖိအားပေးနိုင်ခဲ့ပြီး အိမ်ရှင်တွေကတော့ လူပေးဘယ်လိုမှားရမလဲဆိုတာကို အထူးကျွမ်းကျင်တဲ့ အသင်းဖြစ်နေခဲ့ချိန်မှာ အသင်းခေါင်းဆောင် တာဒစ်ချ်ပါ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ ဂိုးဒါဇင်ဝက်ပြည့်အောင် နာပိုလီတို့ လုပ်ဆောင်နိုင်ခဲ့ကြပြီး အိုင်းယက်စ်တို့ ကန်တင်လိုက်တဲ့ ဘောလုံးကို ကွင်းလယ်က ခေါင်းတိုက်ချရမှာ ရယူနိုင်ခဲ့တဲ့ အန်ဒွမ်ဘီလီက ခံစစ်ကြားကနေ ကြုံသလိုပဲ အမြန်ခင်းပေးလိုက်တာကို လူစားဝင်တိုက်စစ်မှူး ဆီမီယွန်နီက ခြေဦးနဲ့ လှမ်းထောက်ပြီး ဂိုးသမားပေါ်ကနေ ကျော်ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ စိတ်ပျက်စရာပုံစံနဲ့ အိုင်းယက်စ်တို့ကို နာပိုလီတို့က ခြောက်ဂိုး-တစ်နဲ့ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြပြီး အုပ်စု(A)မှာ သုံးပွဲကစား သုံးပွဲနိုင်၊ ကိုးမှတ်နဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး လာမယ့် ဒုတိယအကျော့ နေပယ်လ်မှာ ကစားမယ့် ပွဲစဉ်(၄) အိမ်ကွင်းမှာ အနိုင်ရရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်တော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စီးရီးေအမွာေရာ ခ်န္ပီယံလိဂ္မွာပါ ေျခစြမ္းထက္ေနတဲ့ နာပိုလီအသင္းအေနနဲ႔ ဂိုးသမား မီရက္၊ ခံစစ္မွာ ရာမာနီ၊ ဂင္မင္းဂ်ယ္၊ ဒီေလာ္ရင္ဇိုနဲ႔ အိုလီဗီေယးရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏို၊ ကဗာရတ္စခီလီယာနဲ႔ ရက္စ္ပါဒိုရီတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

အိမ္ရွင္ အိုင္းယက္စ္တို႔ကေတာ့ ဂိုးသမား ပတ္စ္ဗီးယား၊ ခံစစ္မွာ ဘက္ဆီ၊ တင္မ္ဘာ၊ ရန႔္ခ်္နဲ႔ ဘလင္းဒ္တို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ေတလာနဲ႔ ဘာ့ဂ္ဟာ့စ္တို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ တာဒစ္ခ်္၊ ဘာ့ဂ္ဗိုင္းနဲ႔ ကူဒူးစ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာ အဖြင့္ဂိုးကို အိမ္ရွင္ အိုင္းယက္စ္တို႔ဘက္က ရယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ဘလင္းဒ္ ေခါင္းတိုက္ခ်ေပးတာကို ရသြားတဲ့ ဘာ့ဂ္ဗိုင္းက ဘယ္ျခမ္းကေန ဧရိယာထဲ ျပန္ခ်ိဳးေပးတာကို ေတလာရဲ႕ ပိတ္သြင္းမႈက ဂိုးကံ အရမ္းေကာင္းေနခဲ့တဲ့ ကူဒူးစ္ကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ဂါနာသားက အလကားေနရင္း မတ္တပ္ရပ္ေနရင္း ဂိုးရသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ နာပိုလီတို႔ ျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး အိုးနင္းခြက္နင္း ကစားေနခဲ့တဲ့ အိုင္းယက္စ္တို႔ရဲ႕ ကြင္းလယ္ကို ဘယ္ျခမ္းကေန တြဲလုံးေတြနဲ႔ ေဖာက္ထြက္သြားခဲ့တဲ့ အိုလီဗီေယးရားရဲ႕ ျဖတ္တင္ေဘာကို လိုဇာႏို ေခါင္းတိုက္ရာမွာ မထိဘဲ လြဲေခ်ာ္သြားခဲ့ေပမယ့္ ေနာက္က လိုက္လာတဲ့ ရက္စ္ပါဒိုရီက ဒိုက္ဗင္ထိုးတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ နာပိုလီတို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ေထာင့္ကန္ေဘာကေန ဇီလင္စကီက အတိုေပးတာကို ကဗာရတ္စခီလီယာက ကန္တင္ေပးရာမွာ အိုင္းယက္စ္တို႔ရဲ႕ ခပ္ပုပု ကစားသမားႏွစ္ေယာက္ၾကားကေန အျမင့္ခုန္ႏိုင္ခဲ့တဲ့ ကပၸတိန္ ဒီေလာ္ရင္ဇိုက အနီးကပ္ ေခါင္းတိုက္သြင္းၿပီး ႏွစ္ဂိုး-တစ္ဂိုး ျပန္ျဖစ္ေနခဲ့ပါတယ္။

လူေရာင္းတာလြန္သြားခဲ့သလို ဂိုးသမား အိုနာနာကိုလည္း မထိန္းႏိုင္ခဲ့တဲ့ အိုင္းယက္စ္တို႔အေနနဲ႔ ျပည္တြင္းမွာ မသိသာေသမယ့္ ဥေရာပ အဆင့္မွာေတာ့ ေလာက္ေလာက္လားလား မ႑ိဳင္ကစားသမားေတြ နည္းေနခဲ့ၿပီး ႀကံရည္ႀကိတ္ဖတ္လို ျဖစ္ေနခဲ့ခ်ိန္မွာ မာရာဒိုနာ ေကာင္းကင္ဘုံကေန ဆုေတာင္းေပးေနသလား မသိတဲ့ နာပိုလီတို႔ကေတာ့ ဒီေန႔ပြဲကို အေကာင္းဆုံး ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ နာပိုလီတို႔ တတိယဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ကြင္းလယ္က ေဘာလုံးရသြားတဲ့ ဇြမ္ဘြန္ဂီးဆာက အိုင္းယက္စ္ခံစစ္ၾကားကေန ခင္းေပးခဲ့ရာမွာ ဇီလင္စကီးက လိုက္လံရယူႏိုင္ခဲ့ၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ေနရာယူပုံ လြဲၿပီး ေဘးဘက္ကို ေရာက္ေနခဲ့တဲ့ ၃၈ ႏွစ္အ႐ြယ္ ဂိုးသမား ပတ္စ္ဗီးယား မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

အမ္စတာဒမ္ေျမက ပထမပိုင္းမွာ နာပိုလီတို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ဇီလင္စကီးအစား အန္ဒြမ္ဘီလီကို နည္းျပ လူစီယာႏို စပါလက္တီက ထည့္သြင္းခဲ့သလို အိုင္းယက္စ္တို႔ကို ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ထိန္းခ်ဳပ္ၿပီး ပြဲကို ဆက္လက္စိုးမိုးကစားသြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၄၇ မိနစ္မွာ နာပိုလီတို႔ စတုတၳ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္မွာ လူေပးကစားရင္း က်ဥ္းထဲက်ပ္ထဲမွာ မတည္ၿငိမ္ႏိုင္ခဲ့တဲ့ ဂိုးသမား ပတ္စ္ဗီးယား လူေပးမွားရာကေန ဇြမ္ဘြန္ဂီးဆာက ျဖတ္ေတာက္ရယူႏိုင္ခဲ့ၿပီး ဧရိယာထဲကို ထိုးေပးတဲ့ ေဘာလုံးကို ရက္စ္ပါဒိုရီက ညာဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ ပၪၥမေျမာက္ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးမွာလည္း ထုံးစံအတိုင္းပဲ အိုင္းယက္စ္ကြင္းလယ္က ေတလာ လူေပးမွားျပန္တာကေန ရက္စ္ပါဒိုရီက ရယူသြားခဲ့သလို ဘယ္ျခမ္းမွာ ကဗာရတ္စခီလီယာနဲ႔ အေပးအယူလုပ္ရင္း ဝမ္းတူး႐ိုက္ၿပီး ခင္းေပးလိုက္တာကို ကဗာရတ္စခီလီယာကပဲ ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕မွာ အနီးကပ္ကန္သြင္းသြားခဲ့တာပါ။

ဒီဂိုးရအၿပီးမွာေတာ့ ရက္စ္ပါဒိုရီနဲ႔ ကဗာရတ္စခီလီယာတို႔ကို အနားေပးၿပီး ဆီမီယြန္နီနဲ႔ အဲလ္မတ္စ္တို႔ကို နာပိုလီတို႔ ထည့္သြင္းသြားခဲ့သလို ကြင္းလယ္က ကစားအားက မေလ်ာ့ဘဲ အိုင္းယက္စ္တို႔ကို ဖိအားေပးႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြကေတာ့ လူေပးဘယ္လိုမွားရမလဲဆိုတာကို အထူးကြၽမ္းက်င္တဲ့ အသင္းျဖစ္ေနခဲ့ခ်ိန္မွာ အသင္းေခါင္းေဆာင္ တာဒစ္ခ်္ပါ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ဂိုးဒါဇင္ဝက္ျပည့္ေအာင္ နာပိုလီတို႔ လုပ္ေဆာင္ႏိုင္ခဲ့ၾကၿပီး အိုင္းယက္စ္တို႔ ကန္တင္လိုက္တဲ့ ေဘာလုံးကို ကြင္းလယ္က ေခါင္းတိုက္ခ်ရမွာ ရယူႏိုင္ခဲ့တဲ့ အန္ဒြမ္ဘီလီက ခံစစ္ၾကားကေန ႀကဳံသလိုပဲ အျမန္ခင္းေပးလိုက္တာကို လူစားဝင္တိုက္စစ္မႉး ဆီမီယြန္နီက ေျခဦးနဲ႔ လွမ္းေထာက္ၿပီး ဂိုးသမားေပၚကေန ေက်ာ္ကန္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စိတ္ပ်က္စရာပုံစံနဲ႔ အိုင္းယက္စ္တို႔ကို နာပိုလီတို႔က ေျခာက္ဂိုး-တစ္နဲ႔ အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကၿပီး အုပ္စု(A)မွာ သုံးပြဲကစား သုံးပြဲႏိုင္၊ ကိုးမွတ္နဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ၿပီး လာမယ့္ ဒုတိယအေက်ာ့ ေနပယ္လ္မွာ ကစားမယ့္ ပြဲစဥ္(၄) အိမ္ကြင္းမွာ အႏိုင္ရရင္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.