Premier League

ဒီရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုက ဘယ်သူ့အတွက် ဖြစ်မလဲ

ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်ပါရမီရှင်တွေကို ပိုင်ဆိုင်ထားတာကြောင့် ယခုရာသီ ရွှေဖိနပ်ဆုပြိုင်ပွဲဟာ တော်တော်လေးပြင်းထန်မယ်ဆိုရင် အံ့အားသင့်စရာတော့မဟုတ်တာဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ မကြာခဏ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးနားမှာ မြင်တွေ့ရလေ့ရှိသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ၃ ကြိမ်အထိ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီမှာတော့ ကြောက်မက်ဖွယ်ဂိုးသွင်းနှုန်းနဲ့ ပရီးမီးယားလိဂ်ကို ကိုင်လှုပ်နေတဲ့ နော်ဝေတိုက်စစ်မှူး အာလင်း ဟာလန်းဆီကနေ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးအများဆုံး ဘယ်သူ သွင်းထားလဲ

မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက ယခုရာသီ ပရီးမီးယားလိဂ်ရဲ့လက်ရှိ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ၈ ပွဲသာ ကစားရသေးချိန်မှာ ၁၄ ဂိုးအထိ သွင်းယူထားခဲ့ပြီးဖြစ်တာကြောင့် ဟာရီ ကိန်းထက် ၂ ဆ ပိုများနေတာ ဖြစ်ပါတယ်။ အလက်ဆန်းဒါး မီထရိုဗစ်က ဖူလ်ဟမ်နဲ့အတူ ပရီးမီးယားလိဂ်ကို အားကောင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်အောင် ၆ ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။

ဖာမီနိုကတော့ လီဗာပူးလ်အသင်း ရုန်းကန်နေရပေမယ့်လည်း ၅ ဂိုး သွင်းယူပေးထားပြီး အာဆင်နယ်ကြယ်ပွင့် ဂျေဆူးစ်ကလည်း ၅ ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်း

၁။ အာလင်း ဟာလန်း(မန်စီးတီး)-၁၄ ဂိုး

၂။ ဟာရီ ကိန်း(စပါးစ်)- ၇ ဂိုး

၃။ မီထရိုဗစ်(ဖူလ်ဟမ်)- ၆ ဂိုး

၄။ ရောဘတ်တို ဖာမီနို(လီဗာပူးလ်)- ၅ ဂိုး

၅။ ဂါဘရီယဲလ် ဂျေဆူးစ်(အာဆင်နယ်)- ၅ ဂိုး

၆။ ဖီးလ် ဖိုဒန်(မန်စီးတီး)- ၅ ဂိုး

၇။ အိုင်ဗန် တိုနီ(ဘရန့်တ်ဖို့ဒ်)- ၅ ဂိုး

၈။ လီအန်ဒရို ထရော့ဆက်(ဘရိုက်တန်)- ၅ ဂိုး

၉။ အဲလက်စ် မက် အယ်လစ္စတာ(ဘရိုက်တန်)- ၄ ဂိုး

၁၀။ ရိုဒရီဂို(လိဒ်စ်)- ၄ ဂိုး

ပရီးမီးယားလိဂ်ရာသီမှာ ဂိုးအများဆုံးသွင်းယူခဲ့တဲ့ စံချိန်က ဘယ်လောက်လဲ

မိုဟာမက် ဆာလားဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၂ ဂိုးအထိ အများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် စံချိန်တင်ထားပြီး ၂၀၁၇-၂၀၁၈ ရာသီ လီဗာပူးလ်အတွက် ပွဲဦးထွက်ရာသီမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အန်ဒီ ကိုးနဲ့ အလန် ရှီးယားရားတို့ကလည်း ပရီးမီးယားလိဂ်တစ်ရာသီအတွင်း ၃၄ ဂိုးအထိ အများဆုံး သွင်းယူထားတဲ့ စံချိန်ရေးထိုးထားကြတာဖြစ်ပေမယ့်လည်း အဲဒီတုန်းက ၃၈ ပွဲအစား ၄၂ ပွဲ ကစားခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ဟာ ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံးတိုက္စစ္ပါရမီရွင္ေတြကို ပိုင္ဆိုင္ထားတာေၾကာင့္ ယခုရာသီ ေ႐ႊဖိနပ္ဆုၿပိဳင္ပြဲဟာ ေတာ္ေတာ္ေလးျပင္းထန္မယ္ဆိုရင္ အံ့အားသင့္စရာေတာ့မဟုတ္တာျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ မၾကာခဏ ေ႐ႊဖိနပ္ဆုအတြက္ ထိပ္ဆုံးနားမွာ ျမင္ေတြ႕ရေလ့ရွိသူျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ၃ ႀကိမ္အထိ ေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဂၤလန္တိုက္စစ္မႉးဟာ ယခုရာသီမွာေတာ့ ေၾကာက္မက္ဖြယ္ဂိုးသြင္းႏႈန္းနဲ႔ ပရီးမီးယားလိဂ္ကို ကိုင္လႈပ္ေနတဲ့ ေနာ္ေဝတိုက္စစ္မႉး အာလင္း ဟာလန္းဆီကေန ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးအမ်ားဆုံး ဘယ္သူ သြင္းထားလဲ

မန္စီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းက ယခုရာသီ ပရီးမီးယားလိဂ္ရဲ႕လက္ရွိ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ၿပီး ၈ ပြဲသာ ကစားရေသးခ်ိန္မွာ ၁၄ ဂိုးအထိ သြင္းယူထားခဲ့ၿပီးျဖစ္တာေၾကာင့္ ဟာရီ ကိန္းထက္ ၂ ဆ ပိုမ်ားေနတာ ျဖစ္ပါတယ္။ အလက္ဆန္းဒါး မီထ႐ိုဗစ္က ဖူလ္ဟမ္နဲ႔အတူ ပရီးမီးယားလိဂ္ကို အားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာႏိုင္ခဲ့ၿပီး အဆင့္ ၁၁ ေနရာမွာ ရပ္တည္ႏိုင္ေအာင္ ၆ ဂိုးအထိ သြင္းယူေပးထားတာျဖစ္ပါတယ္။

ဖာမီႏိုကေတာ့ လီဗာပူးလ္အသင္း ႐ုန္းကန္ေနရေပမယ့္လည္း ၅ ဂိုး သြင္းယူေပးထားၿပီး အာဆင္နယ္ၾကယ္ပြင့္ ေဂ်ဆူးစ္ကလည္း ၅ ဂိုးအထိ သြင္းယူထားၿပီး ျဖစ္ပါတယ္။

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္း

၁။ အာလင္း ဟာလန္း(မန္စီးတီး)-၁၄ ဂိုး

၂။ ဟာရီ ကိန္း(စပါးစ္)- ၇ ဂိုး

၃။ မီထ႐ိုဗစ္(ဖူလ္ဟမ္)- ၆ ဂိုး

၄။ ေရာဘတ္တို ဖာမီႏို(လီဗာပူးလ္)- ၅ ဂိုး

၅။ ဂါဘရီယဲလ္ ေဂ်ဆူးစ္(အာဆင္နယ္)- ၅ ဂိုး

၆။ ဖီးလ္ ဖိုဒန္(မန္စီးတီး)- ၅ ဂိုး

၇။ အိုင္ဗန္ တိုနီ(ဘရန႔္တ္ဖို႔ဒ္)- ၅ ဂိုး

၈။ လီအန္ဒ႐ို ထေရာ့ဆက္(ဘ႐ိုက္တန္)- ၅ ဂိုး

၉။ အဲလက္စ္ မက္ အယ္လစၥတာ(ဘ႐ိုက္တန္)- ၄ ဂိုး

၁၀။ ႐ိုဒရီဂို(လိဒ္စ္)- ၄ ဂိုး

ပရီးမီးယားလိဂ္ရာသီမွာ ဂိုးအမ်ားဆုံးသြင္းယူခဲ့တဲ့ စံခ်ိန္က ဘယ္ေလာက္လဲ

မိုဟာမက္ ဆာလားဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ ၃၈ ပြဲမွာ ၃၂ ဂိုးအထိ အမ်ားဆုံးသြင္းယူထားတဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္ထားၿပီး ၂၀၁၇-၂၀၁၈ ရာသီ လီဗာပူးလ္အတြက္ ပြဲဦးထြက္ရာသီမွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အန္ဒီ ကိုးနဲ႔ အလန္ ရွီးယားရားတို႔ကလည္း ပရီးမီးယားလိဂ္တစ္ရာသီအတြင္း ၃၄ ဂိုးအထိ အမ်ားဆုံး သြင္းယူထားတဲ့ စံခ်ိန္ေရးထိုးထားၾကတာျဖစ္ေပမယ့္လည္း အဲဒီတုန္းက ၃၈ ပြဲအစား ၄၂ ပြဲ ကစားခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.