Premier League

အေစီမီလန်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးပြန်ရောက်လာတဲ့ ချဲလ်ဆီးအဓိကကစားသမား ၃ ဦး

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ကစားရမယ့် အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အားတက်စရာသတင်းကြားခဲ့ရပြီး အဓိကကစားသမား ၃ ဦးဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီးနောက် လေ့ကျင့်ရေးပြန်ဆင်းနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အေဒူယာ မန်ဒီ၊ မာ့စ် ကူကူရယ်လာ၊ အန်ဂိုလို ကွန်တေတို့ ၃ ဦးစလုံးဟာ ယနေ့နံနက်မှာ လေ့ကျင့်ရေး ပြန်လည်ပြုလုပ်နေပြီလို့ Football.london က ဖော်ပြခဲ့ပြီး ဒီကစားသမား ၃ ဦးထဲမှာ ဘယ်နောက်ခံလူဟာ တစ်ပွဲတည်းသာ လွဲချော်ခဲ့တာကြောင့် အနားယူခဲ့ရတဲ့အချိန်အနည်းဆုံးဖြစ်ပါတယ်။

ဘရိုက်တန်ကြယ်ပွင့်ဟောင်း ပြီးခဲ့တဲ့အပတ်က ခရစ္စတယ် ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး လည်မျိုပြဿနာကြောင့် လွဲချော်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာပြဿနာဟာ တော်တော်လေး ပြေလည်လာပုံပေါ်ပြီး ဘယ်နောက်ခံကစားသမားဟာ ဗုဒ္ဓဟူးနေ့ည အေစီမီလန်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ပါဝင်ကစားပေးသွားနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံနေရပြီဖြစ်ပါတယ်။ အေဒူယာ မန်ဒီနဲ့ အန်ဂိုလို ကွန်တေဟာ ကူကူရယ်လာထက်စာရင် အချိန်ကြာကြာ အနားယူခဲ့ရတာဖြစ်ပြီး ချဲလ်ဆီးနည်းပြ ပေါ့တားက ယခုအပတ်မှာ ဒီကစားသမားတွေရဲ့ ကြံ့ခိုင်မှုအခြေအနေကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“သူတို့တွေက သူတို့ရဲ့ ပြန်လည်ထူထောင်ရေး အဆင့်တွေကနေ တဆင့်ချင်း လုံးဝကို ကောင်းမွန်လာနေပါတယ်။ အန်ဂိုလိုက မြက်ခင်းပေါ်မှာ ရှိနေခဲ့ပေမယ့်လည်း လေ့ကျင့်ရေးအပြည့်မဆင်းခဲ့ပါဘူး။ အက်ဒီကတော့ နည်းနည်းပိုပြီး ပါဝင်ပတ်သက်ခဲ့ပေမယ့်လည်း ဒီအပတ်မှာ ပါဝင်ဖို့အတွက်တော့ မလုံလောက်ခဲ့ပါဘူး။ သူ့အတွက်တော့ နောက်အပတ်ဆိုရင် လုံလောက်ကောင်း လုံလောက်နိုင်ပါတယ်”လို့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမတိုင်ခင်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အန်ဂိုလို ကွန်တေဟာ ပွဲစဉ် ၂ မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်ပြီးကတည်းက ချဲလ်ဆီးအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့သူဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့် နောက်ဆုံး ၉ ပွဲစလုံး လွဲချော်ခဲ့တာဖြစ်ပါတယ်။

မန်ဒီကတော့ ကွန်တေလောက်တော့ ဒဏ်ရာကြောင့် များများစားစား အနားမယူခဲ့ရဘဲ ၃ ပွဲသာ လွဲချော်ခဲ့တာဖြစ်ပြီး ဒူးအရွတ်ဒဏ်ရာကြောင့် ဆီနီဂေါလက်ရွေးစင်ဂိုးသမားဟာ အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ပေမယ့် ဒီနေ့မှာတော့ လေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညမွာ ကစားရမယ့္ ေအစီမီလန္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ အားတက္စရာသတင္းၾကားခဲ့ရၿပီး အဓိကကစားသမား ၃ ဦးဟာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရၿပီးေနာက္ ေလ့က်င့္ေရးျပန္ဆင္းႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေအဒူယာ မန္ဒီ၊ မာ့စ္ ကူကူရယ္လာ၊ အန္ဂိုလို ကြန္ေတတို႔ ၃ ဦးစလုံးဟာ ယေန႔နံနက္မွာ ေလ့က်င့္ေရး ျပန္လည္ျပဳလုပ္ေနၿပီလို႔ Football.london က ေဖာ္ျပခဲ့ၿပီး ဒီကစားသမား ၃ ဦးထဲမွာ ဘယ္ေနာက္ခံလူဟာ တစ္ပြဲတည္းသာ လြဲေခ်ာ္ခဲ့တာေၾကာင့္ အနားယူခဲ့ရတဲ့အခ်ိန္အနည္းဆုံးျဖစ္ပါတယ္။

ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္း ၿပီးခဲ့တဲ့အပတ္က ခရစၥတယ္ ပဲေလ့စ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး လည္မ်ိဳျပႆနာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းရဲ႕ ဒဏ္ရာျပႆနာဟာ ေတာ္ေတာ္ေလး ေျပလည္လာပုံေပၚၿပီး ဘယ္ေနာက္ခံကစားသမားဟာ ဗုဒၶဟူးေန႔ည ေအစီမီလန္နဲ႔ပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ ျပန္လည္ ပါဝင္ကစားေပးသြားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရၿပီျဖစ္ပါတယ္။ ေအဒူယာ မန္ဒီနဲ႔ အန္ဂိုလို ကြန္ေတဟာ ကူကူရယ္လာထက္စာရင္ အခ်ိန္ၾကာၾကာ အနားယူခဲ့ရတာျဖစ္ၿပီး ခ်ဲလ္ဆီးနည္းျပ ေပါ့တားက ယခုအပတ္မွာ ဒီကစားသမားေတြရဲ႕ ႀကံ့ခိုင္မႈအေျခအေနကို ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြက သူတို႔ရဲ႕ ျပန္လည္ထူေထာင္ေရး အဆင့္ေတြကေန တဆင့္ခ်င္း လုံးဝကို ေကာင္းမြန္လာေနပါတယ္။ အန္ဂိုလိုက ျမက္ခင္းေပၚမွာ ရွိေနခဲ့ေပမယ့္လည္း ေလ့က်င့္ေရးအျပည့္မဆင္းခဲ့ပါဘူး။ အက္ဒီကေတာ့ နည္းနည္းပိုၿပီး ပါဝင္ပတ္သက္ခဲ့ေပမယ့္လည္း ဒီအပတ္မွာ ပါဝင္ဖို႔အတြက္ေတာ့ မလုံေလာက္ခဲ့ပါဘူး။ သူ႔အတြက္ေတာ့ ေနာက္အပတ္ဆိုရင္ လုံေလာက္ေကာင္း လုံေလာက္ႏိုင္ပါတယ္”လို႔ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမတိုင္ခင္မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အန္ဂိုလို ကြန္ေတဟာ ပြဲစဥ္ ၂ မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ၿပီးကတည္းက ခ်ဲလ္ဆီးအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့သူျဖစ္ၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ေနာက္ဆုံး ၉ ပြဲစလုံး လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

မန္ဒီကေတာ့ ကြန္ေတေလာက္ေတာ့ ဒဏ္ရာေၾကာင့္ မ်ားမ်ားစားစား အနားမယူခဲ့ရဘဲ ၃ ပြဲသာ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ ဆီနီေဂါလက္ေ႐ြးစင္ဂိုးသမားဟာ အသင္းရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ ေလ့က်င့္ေရးျပန္ဆင္းေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.